Tuesday, October 20, 2015

ဝန်ထမ်းဘဝကနေ CEO ဖြစ်လာသူရဲ့ အလုပ်လျှောက်နည်း


သူမရဲ့ နာမည်ကတော့ Liz Wessel ဖြစ်ပါတယ်။ အရင်တုန်းကတော့ Google ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ Compus Job ဆိုတဲ့ ဝက်ဘ်ဆိုဒ်ရဲ့ ပူးတွဲတည်ထောင်သူ တဖြစ်လဲ CEO တစ်ယောက်ဖြစ်နေပါပြီ။ အလုပ်လျှောက်တဲ့ အချိန်မှာ အဓိက အရေးအပါဆုံးဖြစ်တဲ့ အချက် ၄ ချက်ကို မျှဝေပေးခဲ့ပါတယ်။

၁။ အတွေ့အကြုံအတွေ ၁ နှစ်၊ ၃ နှစ် စသဖြင့် လိုအပ်တဲ့ အလုပ်တွေကိုလျှောက်ရမှာ မကြောက်ပါနဲ့။ လျှောက်ချင်တယ် ကိုယ်နဲ့ ကိုက်ညီတယ် ဆိုရင် လျှောက်ဖြစ်အောင် လျှောက်လိုက်ပါ။

၂။ အလုပ်ရှာ အေဂျင်စီတွေ၊ Job Fair တွေကိုပဲ မမှီခိုပါနဲ့။ အမြဲတမ်းဒီလိုသာ ကိုယ်တိုင်ကိုကျ လေ့လာမှုမရှိဘူးဆိုရင် တဖြည်းဖြည်းနဲ့ အမြင်ကျဉျးလာပါလိမ့်မယ်။



၃။ ကိုယ်လုပ်ချင်တဲ့ နယ်ပယ်မှာ အလုပ်လုပ်နေတဲ့ တစ်ယောက်ယောက် ကို တွေ့ဆုံနိုင်ဖို့ကြိုးစားပါ။ မိတ်ဖွဲ့ပါ။ အကြံဥာဏ်တောင်းပါ။

၎။ အလုပ်ရှာမတွေ့တာပဲ ဖြစ်ဖြစ်၊ အင်တာဗျူး မခေါ်တာပဲ ဖြစ်ဖြစ် စိတ်မပျက်ပါနဲ့။ ဒါဟာ ကိုယ့်ဘက်က လိုအပ်ချက် တစ်ခုခုရှိနေတာ ပဲဆိုတာကို နားလည်ထားရပါမယ်။

Credit: Aye Say

No comments:

Post a Comment

လူကြိုက်အများဆုံး