အဲဒီစကားကိုပြောခဲ့သူကတော့ စီမံခန့်ခွဲမှုတွေအကြောင်းရေးနေတဲ့ အမေရိကန်စာရေးဆရာကြီး Kenneth H. Blanchard ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ အနာဂတ်မှာ အလုပ်အကိုင်အခွင့်အလမ်းများမယ့် အလုပ်အကိုင်၁၀ခုထဲက တစ်ခုအပါ အဝင်ဖြစ်နေတဲ့ Human Resource အလုပ်အကိုင်နဲ့ပတ်သက်ပြီး ဖော်ပြချင်ပါ တယ်။ HRမန်နေဂျာတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘာတွေပြင်ဆင် ထားသင့်သလဲဆိုတာကို ဖော်ပြပေးသွား မှာဖြစ်ပါတယ်။
HR ဌာနရှိတဲ့ အလုပ်ခွင်တော်တော် များများရှိပါတယ်။ ကိုယ်က ဘယ်နေရာ မှာ လုပ်ချင်သလဲဆိုတာကိုတော့ ဆုံးဖြတ် ရပါမယ်။ ဥပမာ ကိုယ်လုပ်ချင်တာက ဟိုတယ် HRလား၊ ဆောက်လုပ်ရေးလုပ် ငန်းခွင်မှာလား၊ ကွန်ပျူတာနဲ့ အိုင်တီပိုင်း မှာလား၊ ကျန်းမာရေးစောင့်ရှောက်မှုပေး တဲ့ အလုပ်ခွင်မျိုးမှာလား၊ အစားအ သောက်ဝန်ဆောင်မှုပေးတဲ့ အလုပ်နေရာ မျိုးမှာလား စတဲ့ အလုပ်ခွင်တွေမှာ ကိုယ်က ဘယ်နေရာမှာ လုပ်ချင်သလဲဆို တာကိုတော့ စဉ်းစားရပါမယ်။
ဝန်ထမ်းတော်တော်များများက HR Department ကိုတစ်ခါတည်း တန်းပြီး မဝင်ကြပါဘူး။ အများစုက နောက်မှ ဌာန တစ်ခုကနေကူးပြောင်း ဝင်ရောက်လာသူ တွေများပါတယ်။HR မန်နေဂျာတစ် ယောက်ဖြစ်လိုသူတွေကတော့ ကိုယ်ရည် ကိုယ်သွေးဖွံ့ဖြိုးတိုးတက်သူတစ်ယောက် ဖြစ်ရပါမယ်။ HRမန်နေဂျာတွေက နေ့စဉ် နဲ့အမျှ စီးပွားရေး ခေါင်းဆောင်တွေ၊ မန်နေဂျာတွေနဲ့ ဝန်ထမ်းတွေကြား ညှိနှိုင်း ဆွေးနွေးပေးနေရတဲ့ အလုပ်ဖြစ်ပါတယ်။ အခုဖော်ပြမယ့် အချက်တွေက သင့်ကို HR မန်နေဂျာတစ်ယောက်ဖြစ်ဖို့ အကူ အညီပေးနိုင်ပါလိမ့်မယ်။
HR ပညာနဲ့ပတ်သက်ပြီး စေ့ငုအောင် လေ့လာပါ
ဒီအချက်ကတော့ ပထမဆုံးအရေး ကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပထမဆုံး ကိုယ်က Human Resources နဲ့ ဘွဲ့ ရရှိခဲ့သူ၊ စီးပွားရေးပညာရပ်နဲ့ ဘွဲ့ရရှိခဲ့သူ မဟုတ်ခဲ့ရင်တောင် HR ဌာနတစ်ခုမှာ Entry Level ကနေစပြီး အလုပ်စဝင်လို့ ရပါတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံတကာ အသိအမှတ်ပြု HR Management ဒီပလိုမာတွေ၊ ဘွဲ့ဒီဂရီတွေ၊ မာစတာဘွဲ့ တွေကို ရယူနိုင်တဲ့ အခွင့်အလမ်းတွေပေါ များနေပြီဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ သင် ယူနိုင်၊ လေ့လာနိုင်တဲ့ အခွင့်အရေးတွေ ရှိလာနေပြီဖြစ်ပါတယ်။
ထက်မြတ်တဲ့ ထိုးထွင်းဥာဏ်ရှိရမယ်
အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ်၊ ကုမ္ပဏီ တစ်ခုလုံးမှာပဲဖြစ်ဖြစ် အရည်အချင်းတွေ၊ အရည်အသွေးတွေကို ဘယ်လိုမြှင့်တင် မလဲဆိုတာ HRမန်နေဂျာတွေ နားလည် ထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေ အရည်အချင်းမြှင့်ဖို့၊ စွမ်းရည်မြှင့်ဖို့၊ Customer တွေနဲ့ ဆက် ဆံနဲ့အခါ ဆက်ဆံရေးကောင်းမွန်ပြေပြစ် စေဖို့စတဲ့အချက်တွေကို စစ်ဆေးရမှာက HR မန်နေဂျာတွေရဲ့ အကြီးမားဆုံးဦးစား ပေးတစ်ခုဖြစ်ပါတယ်။ ထက်မြတ်တွဲျံ့ မန်နေဂျာတွေက အလုပ်အင်တာဗျူးခေါ် တဲ့အခါမှာ ကျွမ်းကျင်သူနဲ့ မကျွမ်းကျင် သူကို သူတို့ရဲ့ အပြောအဆို၊ လုပ်ဆောင် ချက်တွေကို ကြည့်ပြီး ခွဲခြားတတ်ရပါမယ်။
Communication Skills ကောင်းရမယ်
HR မန်နေဂျာတွေက ဝန်ထမ်းတွေ ကို အမြဲမပြတ် သူတို့ရဲ့ အိုင်ဒီယာတွေ၊ အတွေးအမြင်တွေ၊ မဟာဗျူဟာတွေကို မျှဝေပေးရပါလိမ့်မယ်။ ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ ရည်မှန်းချက်တွေ၊ အမြင်တွေ၊ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်းသိ ဖို့က အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ အဲဒီအခါမှာ HR မန်နေဂျာတစ်ယောက် က သူတို့ကို ရှင်းလင်းပြတ်သားပြီး ကျစ် လျစ်တဲ့ စကားလုံးတွေနဲ့ သတင်းပေးနိုင်ရ ပါမယ်။ အဲဒါက HR မန်နေဂျာတစ် ယောက်ရဲ့ မရှိမဖြစ်လိုအပ်တဲ့ အရည် အချင်းတစ်ခုဖြစ်ရပါမယ်။
ဝန်ထမ်းတွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိရမယ်
HR မန်နေဂျာတစ်ယောက်ရဲ့ တာဝန်ထဲမှာ ကိုယ့်ရဲ့ဝန်ထမ်းတွေကို အမြဲ တမ်း တက်ကြွနေအောင်၊ တစ်ခုခုကိုလုပ်ချင်လာအောင် ထောက်ပံ့ပေးရမယ့် တာဝန်ရှိပါတယ်။ ဝန်ထမ်းတွေရဲ့ ရည်မှန်း ချက်တွေ၊ ရည်ရွယ်ချက်တွေ၊ စွမ်းရည်တွေ ကို အောင်မြင်အောင်လှုံ့ဆော်ပေးရတာက HR မန်နေဂျာတွေရဲ့ တာဝန်တစ်ခုပါ။ အဲဒီလိုကိုယ့်ဝန်ထမ်းတွေကို အလုပ်နဲ့ပတ် သက်ပြီး စိတ်ဓာတ်တက်ြွကနေအောင် လှုံ့ဆော်နိုင်တဲ့အရည်အချင်းက ရိုးသားမှု နဲ့ ခေါင်းဆောင်မှုကို အနီးကပ်ဆုံးချည်ထားတဲ့ ကြိုးတစ်မျှင်ပါ။
ဗဟုသုတ၊ အသိဥာဏ်ပညာပြည့်စုံရမယ်
HR မန်နေဂျာတစ်ယောက်က အ လုပ်သမားဥပဒေနဲ့ပတ်သက်တဲ့ နောက်ဆုံး ထွက်ရှိတဲ့ ဥပဒေပြဌာန်းချက်တွေကို မျက် ခြည်မပြတ်ရှိရပါမယ်။ ဒါ့အပြင် အလုပ်ခွင် တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေ ကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိရပါမယ်။ တစ်ခါတရံမှာ HR မန်နေဂျာတွေက ကိုယ့် ရဲ့အဖွဲ့အစည်းအတွင်းက ပဋိပက္ခတွေ ဖြေရှင်းတဲ့ နေရာမှာ တခြားကုမ္ပဏီအမှု ထမ်းတွေနဲ့ သဘောထားကွဲလွဲကောင်း ကွဲလွဲနေတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ HR မန်နေဂျာတွေက လူအများကြား လူမှု ဆက်ဆံရေး စွမ်းရည်ကောင်းမွန်ဖို့ လိုအပ် ပါတယ်။
ထူးချွန်ထက်မြတ်တဲ့ HR မန်နေဂျာ တွေက စည်းမျဉ်းဥပဒေသတွေ၊ အယူ အဆတွေနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့ ဗဟုသုတရှိရပါမယ်။
အဆက်အပြတ်လေ့လာပါ
ဘယ်ပညာရပ်မဆို အစရှိပြီး အဆုံး မရှိပါဘူး။ သင်ကြားမှုက ဆုံးခန်းတိုင်သွား တယ်ဆိုတာ မရှိပါဘူး။ သင်ကြားမှုရပ်တန့် လိုက်တာက ကိုယ့်ရဲ့တိုးတက်မှုကို ရပ်တန့် လိုက်တာနဲ့ အတူတူပါပဲ။ အလုပ်ခွင်ထဲက နေလည်း ရတဲ့အချိန်လေးမှာ အွန်လိုင်း ကတစ်ဆင့် အဆင့်မြင့်ပညာတွေ သင် ကြားလို့ရနေပါပြီ။ ဒါ့ကြောင့် သင်ကြားမှု၊ လေ့လာမှုတွေကို ဘယ်တော့မှ မရပ်တန့် လိုက်ပါနဲ့။ ကိုယ့်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အောင်မြင်မှု၊ ကျရှုံးမှုတွေက ကိုယ့်ရဲ့ ကြိုး စားမှုရလဒ်ပေါ်မှာပဲ ရှိနေပါတယ်။
No comments:
Post a Comment