Tuesday, April 21, 2015

သူ့အတွက် နားထောင်ကောင်းသူ တစ်ယောက်ဖြစ်လာစေဖို့


အမျိုးသားတိုင်းက အဖော်ကောင်းတစ်ယောက် အမြဲတမ်းလိုချင်တတ်ကြပါတယ်။ ချစ်သူနှစ်ဦးကြား အကောင်းဆုံး ဆက်သွယ်ရေးဟာ စကားပြောတာပါ။ ဒီအခါမှာ အမျိုးသားတွေက ပိုပြီးစကားပြောကြဖို့ လိုသလို အမျိုးသမီးများက နားထောင်သူကောင်းတစ်ယောက် ဖြစ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆို အမျိုးသမီးတွေရဲ့ စိတ်ဓါတ်နဲ့ဘ၀ဟာ ရိုးစင်းသလောက် အမျိုးသားတွေရဲ့သဘောထားနဲ့ အယူအဆတွေဟာ အနည်းငယ်ရှုပ်ထွေးတတ်တာကြောင့် သူတို့ခံစားချက်ကို သေချာ နားထောင်တတ်ဖို့ လိုပါတယ်။ ဒါမှာသာ သူတို့ကို နားလည်ပေးနိုင်မှာ ဖြစ်ပြီး အမျိုးသားတွေအလိုချင်ဆုံးကလည်း နားလည်ပေးနိုင်တဲ့ အဖော်မွန်ကောင်းတစ်ယောက်ပါပဲ။
ဒီတော့ အဖော်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နားထောင်သူကောင်းတစ်ယောက် ဖြစ်အောင် အရင်ကြိုးစားရပါမယ်။
(၁) စကားပြောဆိုရာမှာ ပါဝင်ပါ။ သူပြောဆိုတဲ့ အကြောင်းအရာကို ကျွမ်းကျင်သည်ဖြစ်စေ ၊ မကျွမ်းကျင်သည်ဖြစ်စေ ပါဝင်ဆွေးနွေးပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ သင်ဘယ်လိုခံစားရတယ် ၊ ဘယ်အရာကိုတော့ဖြင့် နားမလည်လိုက်ဘူး စသည်ဖြင့် အားတက်သရော ပါဝင်ဆွေးနွေးပါ။
(၂) ယခင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မှတ်မိကြောင်းပြန်လည် ရည်ညွှန်းချက်ပေးပါ။ ဥပမာ - သူက မင်းသား လီယိုနာဒိုကိုတော့ဖြင့် ဘယ်လောက်နှစ်သက်ကြောင်း ပြောတဲ့အခါ “သြော် - ဟုတ်တယ် ။ ဟိုတစ်ခါတုန်းကလည်း သူရဲ့ .......... ဇာတ်ကားလေးကို မင်းကြိုက်တယ်ပြောဖူးတယ်” စသဖြင့် သူ့စကားတွေကို အလေးထားမှတ်မိနေကြောင်း ကြုံရင် ကြုံသလို ပြသပေးပါ။
(၃) ဘယ်တော့မှ ကြားဖြတ်မပြောပါနဲ့။သူပြောတဲ့စကားကို အကြောင်းအရာ အဆုံးအထိ နားထောင်ပေးပါ။ တကယ်လို့သူက မှားနေတယ်ဆိုရင်တောင် ပြီးဆုံးတဲ့အထိ နားထောင်ပြီးမှ ဘယ်နေရာမှာတော့ ဘယ်လိုမှားနေတယ်။ ဘယ်အကြောင်းအရာကတော့ နားလည်မှုလွဲနေတယ် စသဖြင့် ထောက်ပြပေးပါ။ ကြားဖြတ်ပြောလိုက်ခြင်းအားဖြင့်သူ့ရဲ့ အားတက်သရော စကားပြောနေမှုကိုအနှောင့်အယှက် ဖြစ်စေပြီး စိတ်ကသိကအောက် ခံစားရနိုင်ပါတယ်။
(၄) လက်ဟန်ခြေဟန်များကို လိုအပ်သည့်နေရာများတွင် ထည့်သုံးပါ။ ဘာလှုပ်ရှားမှုမှ မရှိဘဲ စကားပြောနေခြင်းက အေးစက်စက်အမူအရာကို ဖြစ်စေပြီး စိတ်ပါဝင်စားမှု မရှိရာရောက်ပါတယ်။ သူမစကား အသွားအလာ အကြောင်းအရာကို ကြည့်ပြီး လိုအပ်တဲ့ ကိုယ်ဟန်အမူအရာတွေ အသုံးပြုရပါမယ်။ ဥပမာ- သူ ၀မ်းနည်းကြောင်းပြောတဲ့အခါ နှစ်သိမ့်တဲ့အနေနဲ့ ဖက်ထားပေးတာမျိုး စတဲ့အပြုအမူတွေက အလွန်ပဲ အသုံးဝင်ပါတယ်။
(၅) ရိုင်းပြစေတဲ့ အမူအရာမျိုးကို ရှောင်ကျဉ်ပါ။ သူရဲ့စကားတွေကို သင့်ရဲ့ ဓါတုဗေဒ သင်ခန်းစာ နားထောင်နေသလိုမျိုး စကားဆုံးတာနဲ့ ထိုင်ခုံပေါ်က ရုတ်တရက် ထလိုက်တာမျိုး ၊ ဆတ်ခနဲ လှည့်ထွက် လိုက်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ စိတ်မပါပဲ နားထောင်နေတာမှန်း အလွန်သိသာပါတယ်။ အဲဒီအစား အခုလို သူ့သဘောထားတွေကို ပွင့်ပွင့်လင်းလင်း သိခွင့်ရတဲ့အတွက် အလွန်ဝမ်းသာကြောင်း ၊ သူ့စကားတွေကို သင်ဘယ်လောက်နှစ်သက်ပြီး တန်ဖိုးထားကြောင်း စတာတွေကို စကားဝိုင်း အပြီးသတ်မှာ ထည့်ပြောပေးပါ။
ဒါမှသာ သင်ဟာ နားထောင်သူကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်မှာဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှု ၊ အားထားမှု ၊ သဘောကျနှစ်သက်မှုတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုရယူနိုင်မှလည်း သင်ဟာ သူ့ရဲ့ အဖော်မွန်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပေါ့။
Ref:mensxp
toaybago

YomaLann

ဂန္ဒီသည် ငြိမ်းချမ်းသောနည်းဖြင့် အိန္ဒိယ နိုင်ငံ၏ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်သည်။ တစ်ကမ္ဘာလုံးက လေးစားရသော ခေါင်းဆောင်ကြီး တစ်ဦးလည်း ဖြစ်သည်။
ငယ်ရွယ်စဉ်က အင်္ဂလန် နိုင်ငံရှိ လန်ဒန် ယူနီဗာစီတီ ကောလိပ်တွင် ပညာ သင်ကြားနေစဉ်က ဖြစ်သည်။ ပါမောက္ခ ဝီ(လ)ဆင် ဆိုသူမှာ ဂန္ဒီက သူ့အား အရိုအသေပေး၍ မဆက်ဆံဟု ယူဆသဖြင့် အမြဲလိုပင် ပြဿနာ ရှာလေ့ရှိသည်။
တနေ့ နေ့လည်စာ စားရန် အတွက် ဂန္ဒီက သူ၏ ပန်းကန်ဖြင့် ထို ပါမောက္ခ၏ ဘေးတွင် ဝင်ထိုင်မိလိုက်ရာ ပါမောက္ခက သူ့အား
"ဒီမှာ ဂန္ဒီ၊ ဝက် တစ်ကောင်ဟာ ငှက် တစ်ကောင်နဲ့ အတူတူ မထိုင်သင့်ဘူး ဆိုတာ နားမလည်သေးဘူး ထင်တယ်" ဟု ပြောလိုက်ရာ
ဂန္ဒီက မိဘက မသိ နားမလည်သော ကလေးဆိုး တစ်ယောက်ကို အလိုလိုက် တုံ့ပြန်သော ပုံစံမျိုးဖြင့်
"စိတ်မပူပါနဲ့ ပါမောက္ခကြီးရယ်၊ ကျွန်ုတော်ဘဲ အဝေးကို ပျံသွားပေးပါ့မယ်" ဟု ဆိုလိုက်ပြီး အခြား တနေရာတွင် ပြောင်း ထိုင်ပေးလိုက်သည်။
ပါမောက္ခ မှာ မကျေမနပ် ဖြစ်သွားပြီး စာမေးပွဲ စစ်သောအခါ လက်စားချေရန် ကြံစည်ထားသည်။ သို့သော် သူမေးသမျှ မေးခွန်းများကို ဂန္ဒီက ထက်မြက်စွာ ပြန်ဖြေနိုင်ခဲ့သဖြင့် ကြံကြံဖန်ဖန် မေးခွန်း တစ်ခုကို မေးပြန်သည်။
"ကဲ၊ ဂန္ဒီ မင်း လမ်းလျောက်လာတုံး ငွေတွေပါတဲ့ အထုတ် တစ်ထုတ်နဲ့ ပညာ ဥာဏ်တွေ အပြည့်ပါတဲ့ အထုတ် တစ်ထုတ် တွေ့တယ် ဆိုပါတော့၊ တစ်ထုတ်ဘဲ ရွေးရမယ်ဆိုရင် ဘယ် အထုတ်ကို ယူမလဲ"
ဂန္ဒီက
"ငွေတွေပါတဲ့ အထုတ်ကို ရွေးမယ်"
ပါမောက္ခက
"မင်း တော်တော်ဆိုးတာဘဲ၊ ငါသာဆိုရင် ပညာဥာဏ်တွေ အပြည့်ပါတဲ့ အထုတ်ကို ရွေးမယ်"
ထိုအခါ ဂန္ဒီက
"မှန်ပါတယ်။ လူတွေက ကိုယ့်မှာ မရှိတာကို လိုချင်ကြတာဘဲ မဟုတ်လား" ဤ တချီတွင်လည်း ပါမောက္ခ ဝီ(လ)ဆင် တစ်ယောက် ဂန္ဒီကို နှိမ်ပြောသည်မှာ မအောင်မြင်၊ သူ့ရူး သူ့ပတ်သွားသည်။
သည်လိုနှင့် နောက်တကြိမ် စာမေးပွဲ တွင် ဂန္ဒီ၏ အဖြေလွှာပေါ်တွင် နိုင်ထက်စီးနင်း "ငတုံး" ဟုရေးပြီး ဂန္ဒီကို ပြန်ပေးလိုက်သည်။ ဂန္ဒီက ရုတ်တရက် ဘာမှ မပြောသေး။ စိတ်အေး အေးထားလိုက်ပြီးမှ သတိထား တုံ့ပြန်လိုက်သည်။ "ပါမောက္ခ ဝီ(လ)ဆင် ကျွန်ုတော်ရဲ့ အဖြေလွှာပေါ်မှာ ခင်ဗျားရဲ့ လက်မှတ်ဘဲ ထိုးထားပြီး အမှတ်ပေးဘို့တော့ မေ့သွားတယ် ထင်တယ်၊" ဤ တကြိမ်မှာလည်း ဝီ(လ)ဆင်မှာ မအောင်မြင်နိုင်ခဲ့ပေ။
မိမိအား ချိုးနှိမ်ပြီး ဆက်ဆံခဲ့သူကို ပညာရှိ ပီသစွာ တုံ့ပြန် အနိုင်ယူနိုင်ခဲ့သော ကမ္ဘာ့ ခေါင်းဆောင်ကြီး ဂန္ဒီ၏ သတိ ဥာဏ်ပညာမှာ ချီးကျူး လေးစား အတုယူဖွယ် ဖြစ်သည်။ ။

Ref : wiki
Photo : biography
ရိုးရာလေး

Friday, April 10, 2015

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာရန်မှကင်းဝေးရန် ကာကွယ်နည်းများ

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။

ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။

2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။

3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။

နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။

1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။

2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။

3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။

ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။

ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို Share တစ်ချက် လုပ်ပေးပါ။

ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

Credit to ပျိုမေတို့သိစေဖို့

နွေရာသီ အုန်းစိမ်းရည် သောက်ခြင်းအကျိုး




ရှေးလူကြီး များသည် နွေရာသီ ရောက်လာသော အခါ ကျောက်၊ ဝက်သက် စသော အပူကန်၊ အပူငုပ် ရောဂါများ ကာကွယ်နိုင်ရန် အသားမရင့် သေးသော အုန်းစိမ်းရည်ကို တိုက်လေ့ ရှိသည်။ အသား တည်ခါစ ဇွန်းခြစ်ဟု ခေါ်ဆိုသော အုန်းစိမ်းရည်သ ည် အုန်းခြောက်ရည် နှင့်မတူ ဆန့်ကျင်ဘက် ဖြစ်သည်။ အကျိုးသွား မှာလည်းမတူ။ အုန်းခြောက်ရည် သောက်လျှင် အပူကန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ယားနာများ ထခြင်း စသော ဆိုးကျိုးများ ခံစားရလေ့ ရှိသည်။

အုန်းစိမ်းရည်နှင့် အုန်းခြောက်ရည် မတူညီသော ခြားနားချက်မှာ အုန်းရည်ပေါ်တွင် အဆီများ ဝေ့နေလျှင် အုန်းခြောက်ရည် ဖြစ်နိုင်သည်။ အရသာမှာ အချိုနှင့် အငန် ရောစပ်နေသည်။ လေသလပ် ထားလျှင် ခဏအတွင်း အချဉ်ဓာတ်ပေါက် သွားလေ့ ရှိသည်။ ထို့ကြောင့် ရှေးက ဆေးဆရာကြီး များက ကျောက်၊ ဝက်သက် ရောဂါများ ကုသရာတွင် အုန်းစိမ်းရည် ချက်ချင်းမရ နိုင်ပါက နတ်အုန်းသီး ကဲ့သို့ အုန်းခြောက်ရည် ကို ယူပြီး မီးဖြင့် ဆူပွက်အောင် ကျိုကာ ဆေးနှင့် ရောတိုက်လေ့ ရှိသည်။

စာရေးသူသည် အလွန် ပူပြင်းသော နွေရာသီ တစ်ခုတွင် ရန်ကုန်မြို့မှ မြစ်တစ်ဖက်ကမ်း သို့ကူးပြီး သန်လျင်မြို့ရှိ ကျောက်တန်း ရေလယ်ဘုရား သို့ သွားခဲ့ဖူးသည်။ ကျောက်တန်း ရေလယ်ဘုရား ၏ တစ်ဖက်ကမ်းတွင် ခိုလှုံစရာ အရိပ်မရှိ၊ နေကလည်း ပူပြင်း နေချိန်တွင် အရိပ်မိုး ပေးထား သော အုန်းစိမ်း အခိုင်လိုက်ကို ချက်ချင်း ဖောက်ပြီး သောက်ရန် ရောင်းချသော ဆိုင်လေးများကို တွေ့ရသည်။ ဆိုင်ရှင် အမျိုးသမီးက ''နေပူထဲက လာရင် ရေခဲရေ မသောက်နဲ့ အပူငုပ်ပြီး လည်ချောင်း နာလိမ့်မယ်။ အုန်းစိမ်းရည် သောက်၊ အပူငြိမ်းတယ် '' ဟု ပြောသဖြင့် အုန်းစိမ်းရည် တစ်လုံးကို ပိုက်တပ်ပြီး စုပ်သောက်လိုက် သောအခါ ရင်တွင်းမှ အေးသွားပြီး အားရှိသွား သကဲ့သို့ ခံစားရ ပါသည်။

ဂျပန်ခေတ် ဆေးဝါး ရှားပါးသော ကာလက အားပြတ်သော လူနာများ၊ ဝမ်းလျှော၊ ဝမ်းပျက်သော လူနာများကို ဂလူးကို့စ်  အချိုရည် မရှိသဖြင့် အုန်းစိမ်းကို ထိပ်မှ ကြွက်မြီးဖြုတ်ပြီး အပ်စိုက်ကာ အကြောဆေး အဖြစ် သွင်းပေး ရသည်ဟု ဖတ်ရဖူးသည်။ အုန်းစိမ်းရည် ၏ အစွမ်း သတ္တိမှာ အနောက်တိုင်း ဆရာဝန်များ ကပင် အသိအမှတ်ပြု သုံးစွဲကြ ရသည်။ အုန်းသီး၏ ထူးခြားချက် များမှာ အတွင်း၌ ရှိနေသော အုန်းရည်သည် မခွဲမဖောက် သမျှ ကာလပတ်လုံး ခန်းသွားသည်ဟု မရှိ၊ ချဉ်သွားသည် ဟူ၍လည်း မရှိပေ။

ယခုအခါ လူနေ ထူထပ်သော မြို့ကြီးများတွင် အပူရှိန် မြင့်တက်လာ သဖြင့် Heat Stroke ခေါ်အပူရှပ်၍ လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြော ပေါက်ခြင်းတို့ အဖြစ်များသော ရာသီဖြစ်သည်။ ဆီးပူ၊ ဆီးအောင့် ရောဂါများလည်း အဖြစ်များသည်။ အမျိုးသမီး များတွင် မီးယပ်ဖြူဆင်း ရောဂါ၊ သွေးဆင်းလွန် သောရောဂါများ ဖြစ်လေ့ ရှိသည်။ ထိုကဲ့သို့ အပူကန်၊ အပူငုပ် ရောဂါများအတွက် အုန်းစိမ်းရည်ကို သောက်ပေး ခြင်းဖြင့် သက်သာ စေနိုင်သည်။ အမျိုးသား လူကြီးများ ဖြစ်လေ့ရှိသော ဆီးကျိတ်ရောင် ရောဂါကိုလည်း သက်သာ စေနိုင်သည်။ အုန်းစိမ်း ရည်သည် အာဟာရဓာတ် ကြွယ်ဝပြီး အပူငြိမ်း ရုံသာမက အရိုးအဆစ်၊ အရွတ်၊ ကြွက်သားများပါ ကောင်းစေ နိုင်သော အာနိသင် အထူးရှိသည်။

ကြည်မြင့်လွင် (မုဒြာ)
Yadanarpondaily
http://themyawadydaily.blogspot.com

အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို မမေးသင့်တဲ့မေးခွန်း ၅ ခု


လူမှုအသိုင်းအဝိုင်းထဲမှာဝင့်ဆံ့နိုင်ဖို့ ဆိုရင် စကားများများပြောဆိုသင့်ပါတယ်။ စကားချည်းပဲပြောဆိုနေရုံနဲ့ လည်းလူအများရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်မှာမဟုတ်ပါဘူး။ စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းလေး တွေကိုစကားဝိုင်းတစ်ခုမှာ ထုတ်ဖော်မေးမြန်းနိုင်ရင်တော့ ကိုယ်ပြောနေတဲ့ စကားဝိုင်းကလူတွေအားလုံးရဲ့  အာရုံကိုဖမ်းစားနိုင်မှာပါ။ ဒါပေမယ့် အချိန်အခါ နေရာရွေးပြီးတော့ မေးသင့်ပါတယ်။ အထူးသဖြင့် စကားဝိုင်းမှာ အမျိုးသမီးတွေပါနေရင် သူ့ တို့ ကိုမမေးသင့်တဲ့ မေးခွန်းတွေရှိပါတယ်။ ဒါတွေကတော့-
၁) အရင်ရည်းစားက ဘယ်လိုပုံစံမျိုးလဲ၊
ဒီလိုမေးခွန်းတွေက အမျိုးသမီးတွေကိုအကြပ်ရိုက်မိစေတတ်ပါတယ်။ အရင်ရည်းစားလို့  ဆိုလိုက်ကတည်းက အတိတ်ကာလက စိတ်ပျက်စရာကိစ္စတစ်ခုလို ဖြစ်သွားပြီမို့ လို့  အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး နောက်ကြောင်းတွေ မပြန်ခိုင်းချင်ပါနဲ့ တော့။

၂)ကိုယ်ဝန်ရှိနေပြီလား။
မေးခွန်းတစ်ခုရဲ့ အဓိပ္ပာယ်ကိုထဲထဲဝင်ဝင် လေးလေးနက်နက် စဉ်းစားနိုင်စွမ်းက အမျိုးသမီးတွေမှာ ရှိတတ်ပါတယ်။ နည်းနည်းအဝလွန်နေတဲ့ အမျိုးသမီးတွေကို ဒီလိုမေးခွန်းမေးလိုက်တာကသူတို့ စိတ်ကိုတော်တော်လေးထိခိုက်စေပါတယ်။ဒီအမျိုးသမီးတွေမှာနဂိုကတည်းကကိုယ်အလေးချိန်နဲ့ ပက်သက်ရင် စိတ်ဖိစီးမှုတွေရှိနေတတ်ကြပါတယ်။ နောက်တစ်မျိုးကတော့ ကိုယ်ဝန်တကယ်ရှိနေပေမယ့် အသိမပေးချင်သေးတဲ့ အမျိုးသမီးတွေကိုလည်းကိုယ်ဝန်ရှိနေပြီလားလို့ အတင်းလိုက်မမေးပါနဲ့ ။ ရိုင်းရာကြပါတယ်။
၃) PMS အချိန်လား။
ဒီလိုမေးခွန်းကိုအငြင်းအခုံလုပ်နေချိန်မှာမမေးသင့်ဆုံးပါပဲ။ အကယ်လို့ များတကယ် ကိုယ်အငြင်အခုံလုပ်နေတဲ့ အမျိုးသမီးကပုံမှန်ထက် ပြောဆိုနေပုံကလွန်ကဲနေပြီး PMS ဖြစ်နေချိန်မှာဒီလိုမေးခွန်းမေးလိုက်ရင် သူ့ ကိုပိုပြီးဒေါသထွက်စေပါတယ်။ဒီလိုအခြေအနေတွေမှာဆိုရင် မသိမသာလွှတ်ထားလိုက်ပါ။
၎) စားသောက်ခဲ့တဲ့ အဖိုးအခတွေကိုရှင်းပေးဖို့ မတောင်းဆိုပါနဲ့ ။
ညစာစားဖို့ ကမ်းလှမ်းခြင်းခံလာရရင် သူပိုက်ဆံရှင်းပေးဖို့ ကိုမမျှော်လင့်ပါနဲ့ ။ အကယ်လို့ သူ့ ဘက်ကပိုက်ဆံရှင်းဖို့ စတင်ပြောလာခဲ့ရင် လက်ခံသင့်မသင့်ကိုကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပါ။ အကယ်လို့ သူကပိုက်ဆံရှင်းဖို့  စကားမစရင်လည်းသူ့ ကိုပိုက်ဆံရှင်းခိုင်းဖို့ မပြောပါနဲ့ ။ ကိုယ့်ကို ကပ်စေနည်းသူတစ်ယောက်လို့ ထင်သွားနိုင်ပါတယ်။
၅) Date အစီအစဉ်များကိုသူမကိုမစီစဉ်ခိုင်းပါနဲ့ ။
Date လုပ်ဖို့ ကိုအမျိုးသမီးတွေကစပြီး ပြောတာတွေရှိတတ်ပါတယ်။ ဒါပေမယ့် အမြဲအမျိုးသမီးတွေဘက်ကပြောနေရရင် ကြာရင် စိတ်ပျက်တာမျိုးတွေဖြစ်တတ်ပါတယ်။ Date လုပ်ရင် အမျိုးသမီးတွေက အမျိုးသားတွေကို Date အစီအစဉ် စီစဉ်ပေးစေလိုကြပါတယ်။ ဒီတော့ ကိုယ်တိုင် ဦးဆောင်ပြီး Date လုပ်ဖို့ အစီအစဉ်ချပါ။
Ref: Mensxp

Trend Myanmar


စိတ်ကို လေ့ကျင့်ပေးရတယ်

လူတစ်ယောက်အတွက် လေ့ကျင့်ယူစရာတွေထဲမှာ စိတ်ဟာ အဓိကကျပါတယ်။ တနည်းပြောရရင် ဦးနှောက်ကို လေ့ကျင့်
မှု လုပ်ရခြင်းပါ။ စိတ်ကို ဖွံ့ ဖြိုးတက်ဖို့ မဖြစ်မနေ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းပစ်ထားရင် ဦးနှောက်ဟာ တန်ဖိုးရှိ
အောင် တွေးဖို့ ၊ ပြောဖို့ အလေ့အကျင့် မဖြစ်နိုင်ပါဘူး။
ကောင်းတဲ့အလေ့အထ ကိုယ့်မှာ ပိုင်ဆိုင်အောင် စိတ်ကို နေ့ စဉ်လေ့ကျင့်ပေးနေရမှာ ဖြစ်တယ်။ ကျောင်းသားတစ်ယောက်ဆို
ရင် စာကျက်လေ့ကျက်ထရှိအောင် နေ့ စဉ်စာအုပ်ကိုင်သင့်တဲ့ အကျင့်မျိုး၊ အချိန်မှန်စာကျက်တတ်ဖို့ အတွက် နာရီကို တိကျ
စွာ နှိုးစက်ပေးထားပြီး ထတတ်တာမျိုးတွေပေါ့။ ကြာလာရင် ဒီကျောင်းသားက စာကိုပုံမှန်ကျက်၊ နှိုးစက်မလိုပဲ အချိန်မှန်ထ
တဲ့ ပုံစံဖြစ်သွားပါတယ်။
အလုပ်ခွင်ထဲဆိုလည်း နားပါများရင် အကျင့်ပါသွားမှာဆိုးပြီး တစ်ခုခုကို တစိုက်မတ်မတ် ပုံမှန်လုပ်တာမျိုးတွေလည်း စိတ်
ကို မလွတ်သွားအောင် ပြုစုနေခြင်းပါပဲ။ အလုပ်ချိန်မှာ မလုပ်ပဲ တစ်ခါနား၊ နှစ်ခါနားနဲ့ ဆိုရင် ကြာတော့ အပျင်းရောဂါ စွဲကပ်
သွားနိုင်တယ်။ ဒီအတွက် စိတ်ကျန်းမာရေးကောင်းဖို့ ၊ စိတ်ကို ကြံ့ခိုင်သန်မာဖို့ ၊ နိုးကြားတက်ကြွဖို့  ပုံမှန်လေ့ကျင့်ပေးနိုင်မှ
ဖြစ်မှာပေါ့။
ကိုယ်ခန္ဓာဖွံ့ ဖြိုးကြီးထွားလာသော်လည်း စိတ်က ဖွံ့ ဖြိုးတိုးတက်မှု မရှိတဲ့သူဟာ ဘယ်နေရာမှာ အသုံးချချ အသုံးမကျပဲ ဖြစ်
လိမ့်မယ်။ လူ့ ပတ်ဝန်းကျင်မှာလည်း လူရာသွင်းမှာ မဟုတ်ပေ။ ဒါကြောင့် အလေ့အထကောင်းလေးတွေ ဘ၀မှာ ကြည်မွေ့ 
နေအောင် မိမိရဲ့ စိတ်ကို လေ့ကျင့်ရေးကွင်းထဲကို နေ့ စဉ်ထည့်ထားဖို့ လိုအပ်ပါတယ်။
True Man


အသည်းကွဲနေသူတွေအတွက် သိမှတ်ထားရမယ့် အချက် (၁၀)ချက်


ချစ်သူနဲ့ပြတ်တာ၊ ရည်းစားနဲ့ လမ်းခွဲလိုက်တာမျိုးဟာ အဲ့ဒီလူအတွက် နာကျင်ခံစားရမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီလိုပြောင်းလဲခြင်းမျိုးဟာ သင့်ဘ၀ပိုကောင်းလာဖို့၊ ဒီ့ထက်ကောင်းတဲ့ချစ်သူမျိုး ပိုင်ဆိုင်စေဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ အသည်းကွဲတဲ့အခါ အရာအားလုံးကို စိတ်အေးအေးထားပြီး တွေးကြည့်ပါ။ အကောင်းမြင်ပေးဖို့လည်း လိုပါတယ်။ ဒီလိုအချက်လေးတွေက သင့်အသည်းကွဲရောဂါကို သက်သာသွားစေမှာမို့ ဖတ်ကြည့်လိုက်ပါဦး။

၁။ကိုယ်ပေးထားတဲ့အရာတွေက သူနဲ့တန်ပါသလား။ သူကရော ကိုယ်ပေးသလောက် ကိုယ့်အပေါ် ပြန်ကောင်းပါရဲ့လား။

အချစ်စစ်မှာ ညီမျှမှုရှိနေပါတယ်။ သူတကယ် ကိုယ့်ကိုချစ်သလားဆိုတာ စိတ်ကအလိုလိုကို သိနေတာပါ။ ဒီလိုမဟုတ်ပဲ သူကအယူချည်း၊ ကိုယ်ကတော့ ခံဘက်ကချည်း ဖြစ်နေရင်တော့ ပြတ်သွားတာ ကိုယ့်အတွက် ကောင်းပါတယ်။

၂။တစ်ဦးနဲ့တစ်ဦး လေးစားမှုမရှိရင် သင့်အချစ်ရေးဟာ ပျက်စီးသွားမှာပါပဲ။

ချစ်သူနှစ်ဦး သူကိုယ့်အပေါ်ကောင်းတာ၊ ကိုယ်ကရော သူ့အပေါ်ဘာတွေနားလည်ပေးတာဆိုတာမျိုး၊ တစ်ဦးနဲ့တစ်ဦး လေးစားတဲ့ ဆက်ဆံရေးကတော့ ရှိကိုရှိသင့်ပါတယ်။ ကိုယ့်အပေါ် ဘာလေးစားမှုမှ မရှိဘူး။ ပြောချင်ရာပြော ဆိုချင်ရာဆို ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဆက်ဆံရေးဟာ ဘယ်လောက်ထိ တည်မြဲမှာတဲ့လဲ။

၃။ဝေဖန်မှုဒဏ်က လွတ်မြောက်ခြင်းအတွက် ပျော်ရွှင်ပါ။

တစ်ရက်တစ်ရက် ပိန်လိုက်တာ၊ ၀လာပြန်ပြီ၊ ဆံပင်ဘာအရောင်ဆိုးထားတာလဲ စတဲ့ ဝေဖန်မှုတွေနဲ့ နေနေရတာ မွန်းကျပ်နေပြီလို့ ခံစားရတယ် မဟုတ်လား။ ပြတ်သွားတဲ့ သံယောဇဉ်ကြိုးအတွက် နည်းနည်းနာကျင်ပေမယ့် အချိန်နည်းနည်းရလာတာနဲ့ ကိုယ့်ရဲ့လွတ်လပ်မှုကို တန်ဖိုးထားတတ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ တစ်ခြားသူလက်ထဲရောက်မနေပါစေနဲ့။

၎။ဘယ်လောက်ရင်းနှီးခဲ့သူဖြစ်ပါစေ ဖိအားပေးတာမျိုး လုပ်လို့မရနိုင်ဘူးဆိုတာ သိထားပါ။

ကိုယ်ချစ်သလောက် သူကပြန်မချစ်လို့ ဆိုပြီး သူ့ကိုအပြစ်ဆို၊ ဖိအားပေးလို့မရပါဘူး။ တွက်ကပ်နေလို့လည်း မရပါဘူး။ ငါကတော့ သူ့ကိုဆို အားလုံးထက်ကို ချစ်ရတယ်၊ သူကကျတော့ ငါ့ကိုအဲ့ဒီလို မဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေ ရှိနေရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပါ။ နောက်ထပ် ကိုယ်နဲ့ပတ်သက်လာမယ့် လူတွေအပေါ်လည်း အရင်ကလို မဆက်ဆံပါနဲ့။ မမျှော်လင့်ပါနဲ့။

၅။ကိုယ့်ရဲ့တန်ဖိုးကို ချမပစ်လိုက်ပါနဲ့။

ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေ၊ အိပ်မက်တွေကို လူတစ်ယောက်အတွက် ပြောင်းမပစ်လိုက်ပါနဲ့။ ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မချပစ်ပါနဲ့။ ပိုကြိုးစားပါ။ ကိုယ်နေချင်တဲ့ပုံစံအတိုင်းနေသွားပါ။ အဲ့ဒီလိုမှ မဟုတ်ရင် နောက်ပိုင်းမှာ နောင်တရစရာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ သူ့တန်ဖိုးသူသိတဲ့ မိန်းမတစ်ယောက်လောက် ဆွဲဆောင်အားပြင်းတာ ဘာမှမရှိပါဘူး။

၆။ဘာပြောပြော ခေါင်းညိတ်ခဲ့တာတွေကို ပြင်လိုက်ပါ။

အရင်ကဆို သူ့ကိုချစ်လွန်းလို့ သူပြောသမျှကို ခေါင်းညိတ်နားထောင်ခဲ့တာပါပဲ။ ဒါပေမယ့် အဆုံးသတ်ကျတော့ရော နှစ်ဦးသားလမ်းခွဲသွားရတာပဲ မဟုတ်လား။ နောက်အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားရမှာက တစ်ဖက်လူပြောသမျှ အားလုံးကို မလိုက်လျောဖို့ပါပဲ။ စဉ်းစားပါ၊ တွေးပါ၊ ဖြစ်နိုင်မှ ခေါင်းညိမ့်ပါ။

၇။သူများကို မချစ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးချစ်တတ်ပါစေ။

သူများတကာကို ချစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့အခါ ကိုယ်ဘာလိုချင်လဲဆိုတာ သေသေချာချာ သိမှာမို့လို့ပါ။

၈။အချစ်ရေးတစ်ခုကို အဆုံးသတ်ဖို့ နောက်ထပ်အချစ်သစ် မရှာပါနဲ့။

ကိုယ့်ရဲ့လက်ရှိအချစ်ရေးကို အဆုံးသတ်ပစ်လိုက်ဖို့ လိုနေပြီလို့တွေးပြီး ဒီတစ်ခုမပြတ်သေးခင် နောက်တစ်ယောက်ထပ်ထားကာ ပထမအချစ်ရေးကို ဖြတ်တောက်ပစ်တာမျိုးတွေ မလုပ်ပါနဲ့။ အချိန်ပေးပါ။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်ပါနဲ့။

၉။အရမ်းမမျှော်လင့်မိပါစေနဲ့။

ကိုယ့်အတွက် သူကပြောင်းလဲသွားရမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ မထားပါနဲ့။ ဒါက ဖြစ်နိုင်ချေနည်းလွန်းအားကြီးလွန်းလို့ပါ။ အဲ့ဒီလိုမျှော်လင့်မယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ဘယ်လိုပြုမူနေထိုင်သင့်တယ်၊ ဘယ်လိုတစ်ဖက်လူကို ဆက်ဆံသင့်တယ်ဆိုတာမျိုး တွေးပါ။

၁၀။လူတိုင်းမှာ ဒုတိယအကြိမ်မြောက် ရရှိလာမယ့် အခွင့်အရေးရှိသေးတယ်ဆိုတာ သတိရပါ။

ငါ ဘာ့ကြောင့်များ အချစ်ရေးမှာ ကံခေရသလဲဆိုပြီး အဆုံးထိ မတွေးထားပါနဲ့။ လူတိုင်းဟာ နာကျင်စရာတွေ တွေ့ကြုံပြီးတဲ့အခါ ပျော်ရွှင်မှုကို ခံစားရမယ့် အခွင့်အရေးသစ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အကောင်းဆုံးပြင်ဆင်နေထိုင်ပါ။ စိတ်ဓာတ်မကျပါနဲ့။


ဖိုးသူတော် (www.phothutaw.com)
Credit : Aye Chan Moe 

အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ


အမြင့်ပျံတဲ့ ငှက်တွေကို တွေးဖူးမယ်ထင်ပါတယ်။ ငှက်တွေမှာ အမြင့်ကို ပျံသန်းနိုင်ဖို့  အရှိန်အနည်းငယ်ယူပြီး ပြန်ရတဲ့ ငှက်တွေနဲ့ 
အရှိန်တော်တော်ယူပြီးမှ ပြန်နိုင်တဲ့ ငှက်တွေဆိုပြီး ရှိကြတယ်။ တို့ ငယ်ငယ်က ပုံပြင်ထဲမှာ ကြားဖူးတဲ့ ငှက်ကြီးဝင်ဗိုလ်အမျိုးအစား
ထဲမှာပါတဲ့ ငှက်ကျားကြီးတွေဟာ မြေပြင်ကနေ ၃ ကြိမ်လောက်ခုန်သွားပြီးမှ အထက်ကို ပျံတက်လို့ ရတယ်။

ဒါတွေကို သာဓကယူပြီး လူတွေအပေါ်ကို ကြည့်လို့ ရနိုင်ပါတယ်။ အထက်အမြင့်ကို တက်ဖို့  လူတိုင်းကတော့ စွမ်းအားကိုယ်စီ
သုံးရတယ်လေ။ ဘ၀အခြေအနေပေါ်မှာ မူတည်ပြီး ရုံးကန်မှု အနည်း၊ အများ ကွာခြားသွားတာပေါ့။ ပင်ကိုယ်ပြီးပြည့်စုံတဲ့ မိသားစု
က ပေါက်ဖွားလာတဲ့သူတွေကတော့ အောက်ကတွန်းတင်ပေးမယ့်သူ၊ အထက်က ဆွဲတင်ပေးမယ့်သူတွေနဲ့ ဆိုတော့ စွမ်းအားသိပ်
မသုံးရဘူးပေါ့။

ဘ၀ပေးအခြေနေ မကောင်းလို့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ သူတွေများကြတော့ ဘာနဲ့ တူလည်း ဆိုတော့ ဟို ငှက်
ကျားကြီးတွေလိုပဲ။ တစ်ကြိမ်ပြီး၊ တစ်ကြိမ်ခုန်(တနည်း)တဆင့်ပြီး၊ တဆင့်နဲ့  အမြင့်ကို တက်ရတာပေါ့။ ရည်ရွယ်ထားတာလေးတွေ
ကို အဆင့်ဆင့် အောင်မြင်အောင်လုပ်ယူပြီး နောက်ဆုံး ရည်မှန်းချက်ကြီးကို အရောက်သွားရမှာ ဖြစ်ပါတယ်။


Credit : True Man

အနေဝေးတဲ့ ချစ်သူစုံတွဲတွေဟာ အချစ်ရေးမှာ ပိုမိုပျော်ရွှင်ဖွယ် ရှိနေနိုင်တယ်လို့ လေ့လာချက်တွေအရ သိရ


သိပ္ပံပညာရှင်တွေရဲ့ လေ့လောတွေ့ရှိချက်အရ အနေဝေးနေတဲ့ ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာနေထိုင်ရပေမယ့် စိတ်ချင်းနီးစပ်မှု ပိုရှိနိုင်ကြတယ်လို့ သိရပါတယ်။ ဒါ ဟုတ်မှဟုတ်ပါ့မလားလို့ ထင်ချင်စရာပါပဲ။ လူတွေက ထင်ကြပါလိမ့်မယ်။ ဝေးနေတဲ့အချစ်ရေးက အလုပ်ဖြစ်တယ်ဆိုရင်တောင် ဒီအချစ်ရေးကို ဖော်ဆောင်နေတဲ့ လူနှစ်ဦးအတွက်ကတော့ လွယ်မလိုနဲ့ ခက်ခဲ့တဲ့အဖြစ်ပါပဲလိုပေါ့။ ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရတော့ ဒီလိုအနေဝေးတဲ့ အချစ်ရေးဟာ တကယ်ကို အလုပ်ဖြစ်ပါတယ်တဲ့။ ဘယ်လိုများပါလဲ။
ဒီလေ့လာချက်ကို ကောလိပ်ကျောင်းသား ၆၃ယောက်ကို အခြေခံလေ့လာထားတာဖြစ်ပြီး ချစ်သူတွေအမြဲအတူရှိပေမယ့် တစ်ဦးနဲ့တစ်ဥိး စိတ်ကျေနပ်မှုမရှိနိုင်တဲ့ အတွဲတွေက နှစ်ဦးသားအဝေးကနေ စွဲမြဲချစ်နေကြတဲ့လူတွေထက်တောင် ပိုများနေတယ်လို့ သိလိုက်ရတာပါ။ ဒါ့အပြင် ဝေးကွာနေရတဲ့ ချစ်သူစုံတွဲတွေဟာ သူတို့အတွေးတွေ၊ ခံစားချက်တွေကို သာမာန်အတွဲတွေထက် ပိုတိတိကျကျ ပြောပြကြတာကြောင့် နီးစပ်မှုက ပိုနေပါတယ်တဲ့။
Queen တက္ကသိုလ်က စိတ်ပညာမေဂျာ PhD ကျောင်းသူ Emma Dargie ကတော့ ဝေးကွာနေသူတွေဟာ သူတို့ဘာအလိုရှိတယ်ဆိုတာ အချင်းချင်း ပြောပြလေ့ရှိကြသလို တစ်ယောက်ရဲ့နေ့စဉ်လုပ်ဆောင်မှုတွေကိုလည်း လွတ်မသွားအောင် ပိုအာရုံထားတတ်ကြတယ်လို့ ဆိုပါတယ်။ အတူရှိနေသူတွေက ကိုယ့်ချစ်သူအကြောင်း အသေးစိတ် နားလည်အောင် မကြိုးစားခင်မှာ ဝေးကွာနေတဲ့စုံတွဲတွေကတော့ ကိုယ့်ချစ်သူရဲ့ စိတ်နေစိတ်ထားတွေကိုတောင် အားလုံးအလွတ်ရတဲ့အထိ အာရုံစိုက်တတ်ကြပါတယ်။ ဂရုစိုက်တဲ့အပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့တတ်နိုင်တဲ့ဘက်က ဂရုစိုက်တာလေးတွေကို ပြသတတ်တာမို့ နှစ်ဦးစလုံး ပီတိနဲ့ နားလည်မှု ဆိုတာကို ခံစားကြရပါလိမ့်မယ် လို့ ထပ်မံဖြည့်စွက် ထားပါတယ်။Dargie ဟာ ဒီလိုအဖြေတွေကို ရရှိဖို့ အမျိုးသမီး ၄၇၄ယောက်နဲ့ အမျိုးသား ၂၄၃ယောက်တို့ကို လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မေးခွန်းတွေမေးကာ သူသိချင်တာတွေကို အားလုံးကို ရေးသားခဲ့တာပါ။
Ref:yourtango.com

ချစ်သူကောင်မလေး အပြတ်ကြွေသွားစေမယ့် စကား (၅) ခွန်း


၁။ “နင်ငါ့ဘဝထဲ ရောက်လာတာ ငါအရမ်းပျော်တယ်”
ဒီစကား မကြားချင်သူ ဘယ်သူရှိမလဲသိချင်မိတယ်။ သင့်ချစ်သူရည်းစားဘဝမှာ သံသယ ထားရှိမှုတွေ၊ အငြင်းအခုံတွေ ပျက်ပယ်သွားစေနိုင်တဲ့ တကယ်ပဲ နက်ရှိုင်းတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
၂။ “အရမ်းဝမ်းနည်းပါတယ်” (သို့) “တောင်းပန်ပါတယ်”
မိမိရဲ့မာန်မာနကို မျိုသိပ်ထားပြီး အားလုံး မိမိအပြစ်လို့သာ ဝန်ခံလိုက်ပါ။
၃။ “မင်း အရမ်းတော်တယ်”
သူမရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို အားပေးအားမြောက်ပြုခြင်း အမြဲလုပ်ပေးသင့်တယ်။ မိမိကြောင့် သူမ မြင့်မြတ်တဲ့ ခံစားချက် ရလာအောင်လုပ်ပေးပါ။
၎။ “ကျေးဇူးပြုအကုန်အစင် ပြောပြပါ”
မိနစ် ၃၀ ကြာအောင် စကားပြောဆိုနေရင်တောင် မိမိအနေနဲ့ လုပ်ပေးရမှာက ပြောသမျှ နားထောင်ပေးပါ။ သည်းခံတတ်သူ တစ်ယောက်အဖြစ် သင့်ကို သူမ အသိအမှတ် ပြုလာပါလိမ့်မယ်။
၅။ “မင်းအရမ်းလှတာပဲ”
ယောက်ျားလေး အများစုက ချစ်သူစုံတွဲဘဝ ကြာသည်နဲ့အမျှ ဒီစကားပြောဖို့ ပျင်းရိသွားတတ်ကြပါတယ်။ ဒါပေမယ့် ဒါကို အနည်းဆုံးတစ်ပတ် (၁) ကြိမ်ကြိုးစားပြီးပြောသင့်တယ်။
Ref:tipsmill

စာဖတ်ခြင်း နှင့် ဘ၀ပုံရိပ်(ကိုသုတ)


တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”

မေး - “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား “

ဖြေ - “ မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။

မေး - “ ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “

ဖြေ - “ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ “

မေး - “ ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ “

ဖြေ - “ အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။

စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “


သင်ခန်းစာ -
ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

စာဖတ်နည်း သုံးနည်း ၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ ၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ၊ ဟောပြောပွဲ များ နားထောင်ခြင်း ၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း ၊ လေ့လာခြင်း

မေတ္တာရှင်ဆရာတော်
ခရီးသွားခြင်းဟာလည်း စာဖတ်ခြင်း တစ်ခုပါပဲ။

သူရိယ

 

ပျိုမေတို့အတွက် ချစ်သူမောင်၏ အသွင်ပြင်လက္ခဏာများ ဥမ္မာရီ (မဟာဝိဇ္ဇာ လက္ခဏာပါရဂူ)




* မကာရ ရာသီ > CAPRICORN *
ပြာသိုလဖွား December 22nd to January 20th
-------------------------------------
ဒီဇင်ဘာ ၂၂ ရက်နေ့ က စပြီး ဇန်နဝါရီ ၂၀ နေ့ အတွင်း မွေးဖွားသူ ပျိုလေးတို့ ချစ်သူမောင်ကို မကာရ ရာသီဖွားလို့ ခေါ်ရ မယ်။ မကန်း ရုပ်ပုံကို အစွဲပြု ခေါ်တွင်တာဖြစ်ပြီး မြေဓာတ်ကြီးစိုးချိန် ဖြစ်တဲ့ အပြင်စနေဂြိုဟ် စိုးမိုးနေချိန် ဖြစ်တာမို့ အဲဒီလကို မကာရ ရာသီလို့ ခေါ်တွင်ကြတယ်။ မြန်မာအခေါ်က ပြာသို လ ဖြစ်တယ်။

-------------
၁. ရုပ်သွင်
-------------
အရပ်ပုသူ ဖြစ်တတ်တယ်။ ရင်အုပ်တွေ မကျယ်တဲ့အပြင် သာမန်ထက်ကျဉ်းမြောင်းဟန်ရှိ တယ်။ဒါကြောင့် ဝင့်ကြွားထည်ဝါတဲ့ ဟန်ကို မတွေ့ နိုင်ဘူး။ အထက်ပိုင်းကြီးသူဖြစ်လျှင် အောက်ပိုင်း အားနည်း ကြုံလှီကြ သူများ ဖြစ်တယ်။ အရပ်အမောင်း အဆင်ပြေ အချိုးကျသူ နည်းပါးတဲ့ သူတွေ ဖြစ်တယ်။ သူတို့ ရဲ့ သွားများ ကြီးတတ်တယ်။ သို့ မဟုတ် သွားမြင့်မောက်စွာ ဖွဲ့ စည်းတတ်တယ်။ မျက်ခုံး မွေး ထူထဲ နက်မှောင်သလို ဆံပင် လည်း နက်မှောင်တတ်တယ်။ အချို့ ထိပ်ပြောင်တတ်သူတွေ ဖြစ်မယ်။ လည်းပင်းကတော့ သေးသွယ်မယ်။ ရှည်လျားမယ်။

---------------
၂. အမူအရာ
---------------
လူငယ် ယောက်ျားတွေဖြစ်ပေမယ့် လောကကို ပေါ့ပေါ့ဆဆ မနေတတ်သူများဖြစ်ပြီး အလေး အနက် ရှုမြင်တတ် သူမို့ သူတို့ ဟန်ပန် အမူအရာဟာ အသက်ထက် ပိုကြီး နေတတ်တယ်။ တည်ကြည် ခန့် ညားစွာ နေတတ် ကြတယ်။ ရည်မွန်တဲ့ ဟန်ရှိပြီး ပြည့်ဝတဲ့ စိတ်ထားရှိသူရဲ့ အသွင်ကို ဆောင်နေ တတ်တယ်။ ပျင်းရိလေးတွဲ့ တဲ့ဟန်ကိုဘယ်တော့မှ မတွေ့ ရဘူး။ အလုပ်တွေကို လေးလေးစားစား လုပ်ကိုင်နေတာ တွေ့ ရမယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို နှစ်သက်စွာ လိုက်နာပြီး ပြုမူပြောဆိုလိမ့်မယ်။ လူကြီးများ၊ အသက် ဂုဏ်ကြီးသူတွေကို ကျိုးနွံစွာ ဆက်ဆံတတ်တယ်။

--------------
၃. စိတ်ထား
-------------
စိတ်ထားလူကြီးဆန်တာမို့ ကိုယ်နှင့်စိတ်ကို လွတ်လပ်စွာ တွေးခေါ်တယ်။ ဇွဲ၊ ဝီရိယ၊ သတ္တိရှိ သူ ဖြစ်တယ်။ လူတွေကို မယုံလွယ်တတ်ဘူး။ လူတစ်ဦးကို သံသယ ရှိလာလျှင် ယုံကြည်ဖို့ ခက်ခဲတတ် တယ်။ သူတစ်ပါး ကိစ္စတွေကိုလည်း ဝင်ရောက်မစွက်ဖက်တတ်ဘူး။ စည်းကမ်းရှိတယ်။ သူ့ ကိစ္စကို မဆိုင်သူ ဝင်စွက်ရင်လည်း သည်းမခံတတ်ဘူး။ သူ ဂရုစိုက်ပြီး ပြုမူနေထိုင်ရင် သူ့ ကိုလည်း ပြန်ဂရုစိုက် မှ ကြိုက်တယ်။ သူက ဥပဒေသမား။ ဥပဒေအတိုင်း လိုက်နာမှ ကြိုက်တယ်။ အသန့် အပြန့် နှင့် စနစ်တ ကျ နေထိုင်တတ်သူဖြစ်တယ်။ လောဘ မကြီးတတ်ဘူး။ ငွေရဲ့ သြဇာအာဏာ ရှိတာကိုတော့ သိနား လည်းသူ ဖြစ်တယ်။

----------------------
၎. ဆန္ဒသဘောထား
----------------------
သူ့ ဆန္ဒက သူ့ ရဲ့ နာမည်စန်း ရှိနေဖို့ လိုလားတယ်။ ဒုတိယ လိုလားချက်ကတော့ သြဇာအာ ဏာရှိနေဖို့ ပဲ။ သူက ဦးဆောင်ညွန်ပြ သင်ကြားပေးနေရရင် ကျေနပ်နေသူ ဖြစ်တယ်။ အလုပ်တစ်ခုကို စွဲမြဲ လုပ်ကိုင်လိုသူဖြစ်ပြီး၊ မြို့ ရွာနေရာထိုင်ခင်းကို စွဲမြဲခင်တွယ်တတ်သူ ဖြစ်နေတယ်။ ဒါကြောင့်ပြောင်းလဲ ရွှေ့ ပြောင်းနေရခြင်းကို မလိုလားဘူး။ အကြောင့် သူ ခင်မင်သူများက သူနှင့်လုပ်ငန်း သဘာဝတစ်ပေါင်းတည်းနေမှ နှစ်သက်တယ်။ မိတ်ဆွေဆို မိတ်ဆွေဝတ္တရား၊ အိမ်ရှင်ဆို အိမ်ရှင်ဝတ္တရား ကျေပွန်မှနှစ်သက်တယ်။ မိန်းမ ပီသသူတွေကို နှစ်သက်တတ်တယ်။

--------------
၅. အကြိုက်
-------------
သူကသာ ခပ်အေးအေး မှန်မှန်နေပေမယ့် သူ့ အကြိုက်ကတော့သွက်လက် ရွှင်လန်းနေတဲ့ မိန်းကလေးမျိုးကိုမှ မျက်စိ ကျတတ်တယ်။ လှပသပ်ရပ်စွာ တင့်တယ်စွာ ဝတ်ဆင်တတ်တာကို ကြိုက် တယ်။ အင်္ကျီကိုတောင် တိကျသပ်ရပ် အချိုးကျတဲ့ ဝတ်ဆင်မှုကို ကြိုက်တယ်။ ရေမွှေးနံ့ သင်းသင်းကိုနှစ်သက်တယ်။ အမူအရာ မယဉ်ကျေးတာနှင့် ပျံတံတံ နေတတ်တာတွေကို မကြိုက်ဘူး။ စာရေးရင် တောင် စာရွက်ကောင်းကောင်းမှာ ဖျက်ရာ မပါတဲ့ သပ်ရပ်မှုကို လိုလားတယ်။ ယဉ်ကျေး သိမ့်မွေ့ စွာ ပြောဆို ဆက်ဆံတာတွေကို ကြိုက်နှစ်သက်ပြီးရွှေအိုရောင်၊ ဇော်ဂျီရောင် တွေကို နှစ်သက်တယ်။
-------------
၆. အစား
-------------
နွားနို့ ပါသော အစာများ၊ နွားနို့ များကို နှစ်သက်စွာ စားတတ်တယ်။ မိတ်ဆွေများနှင့် စား သောက်ရင်း ညှိနှိုင်းပြောဆိုရတာကို လိုလားသူ ဖြစ်တယ်။ အေးအေးဆေးဆေး စကားပြောပွဲကို အစားအသောက်ပွဲကလေးနှင့် ကျင်းပတာကိုလိုလားတယ်။ ထမင်းဟင်း အချက်ကောင်းတဲ့ သူကလေးတွေ၊အိမ်မှု နိုင်နင်းသူတွေ၊ ဧည့်ဝတ်ပြုတတ်တာတွေကို တန်ဖိုးထားတတ်တယ်။ အရက်သေစာကို ရှောင်ကြဉ်တတ်ကြတယ်။ စိတ်ဖြေစရာ တစ်ခုအဖြစ်သာ ထင်မှတ်သူ ဖြစ်တယ်။ စွဲမြဲမသောက်တတ်ဘူး။

-------------
၇. ရင်းနှီးမှု
-------------
သူ့ ကို ဂရုစိုက်သူကို သူက ပြန် ဂရုစိုက်ပါလိမ့်မယ်။ ဒါပေမယ့် ပျာယာခတ် အပြုအမူတွေကိုမကြိုက်တတ်သူမို့ သူ အားနာလောက်အောင်၊ အနေကျပ်အောင် ပြုမူလို့ မရဘူး။ ဂီတ၊ ကဗျာလင်္ကာ တွေကို နှစ်သက်တာမို့ တီးပြ ဆိုပြနိုင်သူဆိုရင် သူက ရင်းနှီးကျွမ်းဝင်လိုတယ်။ သူ့ ကို ပရိယာယ်နှင့် မဆက်ဆံပါနှင့်။ သိပ်ပြီး အကဲခတ်တော်တယ်။ သူ သံသယရှိသွားရင် ပြန်ယုံဖို့ ခက်သွားပြီ။ ဘာကိုမဆိုသူနှင့် တစ်ပေါင်းတည်း ပူးပေါင်းလုပ်ကိုင်နိုင်သူကို ရင်းနှီး ခင်မင်တတ်တယ်။ သူ့ မှာ မနာလိုတာ၊ ဒေါသကြီးတာတွေ မရှိတတ်ဘူး။
-------------
၈. ဝါသနာ
-------------
စာဖတ်တာ ဝါသနာရှိတယ်။ စာဖတ်နေရင် လုံးဝ မနှောက်ယှက်သင့်ဘူး။ အလင်းရောင်ကောင်းကောင်းနှင့် စာဖတ်ချင်စဖွယ် နေရာလေးတွေကို နှစ်သက်ခုံမင်တယ်။ အလုပ်တစ်ခုကို စွဲမြဲစွာကျောက်ချပြုလုပ်တတ်သူ ဖြစ်တယ်။ သုတေသန လုပ်ငန်းတွေ၊ စီမံကိန်း မန်နေဂျာတွေ၊ ကျောင်းဆရာတွေလို ရေရှည်လုပ်ငန်းတွေကို ဝါသနာ ပါတတ်တယ်။ ပျင်းရိလေးတွဲ့ မနေတတ်ဘဲ လှုပ်ရှားရုန်းကန်ရတဲ့ အလုပ်တွေကိုလည်း ဝါသနာပါသေးတယ်။ ပိုက်ဆံရဖို့ တစ်ခုတည်းအတွက် အလုပ်မလုပ်တတ်သလိုပိုက်ဆံ များများရှဆိုတဲ့ စိတ်နှင့်လည်း အလုပ် မလုပ်တတ်ဘူး။ ဒါပေမယ့် ဦးဆောင်ရသူ၊ ညွှန်ကြားရသူအဖြစ်နှင့် တာဝန်ယူချင်သူဖြစ်တယ်။

-----------
၉. စရိုက်
-----------
သူတို့ ဟာ အများနှင့် ညှိနှိုင်းလုပ်ဆောင်ရတာတွေကို နှစ်သက်ကြတယ်။ ဆွေးနွေးရတာတွေ၊ စုပေါင်းလုပ်ရတာတွေကို လိုလားနှစ်သက်တယ်။ သူစိတ်ထင်တာတစ်ခုတည်း ဇွတ်မလုပ်တတ်ဘူး။ အများအကြိုက် ဓလေ့ကိုပဲ စွဲမြဲလိုက်တာတတ်တယ်။ အလုပ် လုပ်နေချိန်မှာ တည်တည်ခံ့ခံ့ နေတတ်သလောက် အားချိန် နားချိန်တွေမှာ ပေါ့ပါးရွှင်လန်းစွာနေတတ်ပြီး ရွှင်ရွှင်ပျပျ နေတတ်တာမို့ သူ့ စရိုက်ကိုမသိရင်အကဲခတ် မှားသွားလိမ့်မယ်။ ဒါပေမယ့် တွေ့ ပြီး ခင်ပြီးလို့ နောက်ပြန်တွေ့ ပြီး နာမည်မေ့တာတို့ ဘာတို့ ဖြစ်လာရင် မအံ့သြလေနှင့်။ သူက လူစွဲ မကြီးဘူး။ ပုဂ္ဂိုလ်စွဲမကြီးဘူးလို့ ဆိုလိုတာ။ သစ္စာတော့ရှိတယ်။ တည်တံ့တယ်။ ပေါ့ပေါ့ဆဆစကားတွေနှင့် မစ မနောက်လေနှင့်။ လုံးဝ မကြိုက်ဘူး။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
အချစ်ကို အိပ်မက်ကမ္ဘာတစ်ခုလို တည်ဆောက်ပြီး စိတ်ကူးယဉ်တတ်တဲ့ လူစားမျိုးဖြစ်တယ်။ဒါကြောင့် သူ့ ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကလို ချစ်သူက သူ့ ကိုဆက်ဆံစေလိုတယ်။ စိတ်ကူးထဲက အချစ်ကမ္ဘာကို ဖန်တီးဖို့ ကြိုးစားချင်သူလည်းဖြစ်တယ်။ ဒါကြောင့် သူ့ ချစ်သူဟာ သူ့ ကို ယုယကြင်နာပြီးနူးညံ့တဲ့ စကားတွေနှင့် တေးကဗျာတွေ ဖွဲ့ ဆိုတတ်သူကို သူ မျှော်လင့်တယ်။ သူ့ ရဲ့ စိတ်ကူးယဉ်ကမ္ဘာတည်ဆောက်ဖို့ ကို ပိုက်ဆံကုန်မှာကိုလည်း နှမြောတွန့် တိုမယ့်သူ မဟုတ်ဘူး။ အချစ်ရေး ကိစ္စကို စီးပွားရေး၊ ငွေရှာရတဲ့ လုပ်ငန်းတာဝန်နှင့် အတူတူ သဘောထား တတ်သူ ဖြစ်တယ်။


* ကုံ ရာသီ > AQUARIUS *
တပို့ တွဲလဖွား Jaunary 21st to February 19 th
--------------------------
ဇန်နဝါရီလ ၂၁ နေ့ ကစပြီး ဖေဖော်ဝါရီ ၁၉ ရက်အတွင်းမှာ မွေးဖွားတယ်ဆိုတဲ့ ပျိုလေးရဲ့ ချစ်သူမောင်ကို ကုံရာသီဖွားလို့ ခေါ်တယ်။ မြန်မာလခေါ် တပို့ တွဲလဖြစ်တယ်။ အဲဒီအချိန် ကောင်းကင်မှာ လေဓာတ်ကြီးစိုးနေပြီး ကောင်းကင်မှာ ရေထမ်းသမားပုံ နက္ခတ် ထွန်းလင်းနေတယ်။ စိုးမိုးတဲ့ ဂြိုဟ်က ယူရေးနပ်စ်ဖြစ်တယ်။ စနေဂြိုဟ်လို့ လည်း သတ်မှတ်နိုင်တယ်။
------------
၁. ရုပ်သွင်
------------
အရပ် ပိန်ပါးပါး ရှည်သွယ်သွယ်နှင့် အရပ်မြင့်မားသူ စာရင်းဝင်တွေ ဖြစ်ကြာမယ်။ ခိုင်ခံ့သန်မာတဲ့ ကိုယ်ခန္ဓာဖွဲ့ စည်းပုံနှင့် မျက်နှာရှည်သွယ်တာနှင့် လိုက်လျော ညီထွေ ရှိကြတယ်။ အရပ်မြင့်၍ ကြည့်ကောင်းသူများလို့ ဆိုနိုင်တယ်။ မျက်လုံးများရီဝေပြီး ဆွဲဆောင်မှုရှိတယ်။ နှုတ်ခမ်းအရောင် စိုပြည်နေတယ်။ အညိုရောင်ဘက်လုတဲ့ ဆံပင်တွေရှိတတ်ပြီး အသားက ပန်းရောင်သွေး ရှိတတ်တယ်။ အချို့ မှာခြေသလုံး ကြွက်သားတွေ ခိုင်ခံ့တောင့်တင်းတတ်ပြီး ပါးရဲ့ အကျယ်အဝန်းဟာ သူများထက် ပိုပြီး ကျယ်ဝန်းတတ်တယ်။

--------------
၂. အမူအရာ
--------------
သိမ်မွေ့ တဲ့ အမူအရာရှိပြီး ယောက်ျားတွေ တော်တော်များများ မရှိတတ်တဲ့ အမူအရာ ရှိတတ်သေးတယ်။ ပရဟိတလုပ်ငန်းတွေ နှစ်သက်တဲ့အတွက် လူတွေနှင့် ရောနှောပြောဆိုနေတာကိုတွေ့ ရမယ်။ သူ့ တစ်ယောက်တည်း ရှိတဲ့အခါမှာတော့ အတွေးနှင့် ငေးငိုင်နေ တတ်တယ်။ ရေမြေ တော တောင်အလှကို ငေးမောတွေဝေစွာ ကြည့်နေတတ်တယ်။ စကားပြောရင် လေသံပျော့ပျော့နှင့် ဖြည်းဖြည်း ပြောတတ်တယ်။ ခေတ်သစ် အယူအဆတွေကို နှစ်သက်စွာ တီထွင်လှုပ်ရှားနေထိုင်တတ်တယ်။

--------------
၃. စိတ်ထား
--------------
ရှေးဟောင်း အယူအဆတွေကို စွန့် ပယ်ပြီး အတွေးသစ် အယူအဆ အသစ်တွေနှင့် နေထိုင်သူမို့ သူဟာ စကားပြောရင် တဲ့တိုး မပြောဘဲ သွယ်ဝိုက်တင်ပြတတ်တယ်။ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ ပရဟိတလုပ်ငန်းတွေမှာ သူ့ ကို အမြဲတွေ့ နိုင်တယ်။ အစုအဖွဲ့ ကို တွယ်တာတတ်တယ်။ နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လိမ့်မယ်။ လူတစ်ဦးတည်းအတွက်ဆိုရင်တော့ သိပ် အချိန်ကုန်ခံမှာ မဟုတ်ဘူး။ မွမ်းမံခြယ်သ၊ ပကာသနကိစ္စတွေကို မလုပ်ဘူး။ စိတ်မဝင်စားဘူး။ လူကြီးလူကောင်းဆန်ဆန်စိတ်ထားလိမ့်မယ်။

----------------------
၎. ဆန္ဒသဘောထား
----------------------
လူအများကို ကူညီဖို့ ၊ ကယ်တင်ဖို့ ဆန္ဒရှိတဲ့ ကရုဏာရှင်ဖြစ်တယ်။ သတ္တဝါအားလုံး တိုးတက်ကောင်းမွန်စွာ နေထိုင်ဖို့ ဆန္ဒရှိတယ်။ လူတွေကို ပျော်ရွှင်စေလိုတယ်။ အချို့ လူရွှင်တော်၊ ဟာသ မင်းသား နာမည်းကြီတွေဟာ တပို့ တွဲလဖွားတွေဖြစ်ကြတယ်။ သူတို့ ဟာ တီထွင်မှုရှိကြပြီး သူတစ်ပါးကို မမှီခိုလိုသူတွေ ဖြစ်ကြတယ်။ ဗေဒင် လက္ခဏာနှင့် အကြားအမြင်ဆရာတွေကိုတော့ ဆည်းကပ် ကိုးကွယ်ကြတယ်။
အမှန်တရားထဲက စိတ်ဝင်စားစရာတွေကို ရှာဖွေ စူးစမ်းတတ်တဲ့ သဘောထားကြောင့်ဖြစ်တယ်။ လူများတဲ့ နေရာတိုင်းမှာ မရှိတတ်ဘူး။ ကျော်ကြားသော နေရာတွေမှာ ထင်ပေါ်မှုအတွက်မနေတတ်ဘူး။ စူးစမ်းလိုမှုအတွက်ပဲ ရှိတယ်။ ဒါကြောင့် ကစားကွင်းတွေထဲမှာ မတွေ့ နိုင်ဘူး။ ထင်ပေါ် တဲ့ လူတွေကိုလည်း စိတ်မဝင်စားတတ်ဘူး။ လူထဲက လူတွေအဖြစ်သာ လူတွေကို သူ သိကျွမ်းလိုတယ်။
-------------
၅. အကြိုက်
-------------
ရေမွှေး ထုံမွှမ်းပြီး ဆေးဆိုးပန်ရိုက် မျက်နှာတွေကို မကြိုက်ဘူး။ အရောင်ဆိုးတဲ့ လက်သည်းတွေကိုလည်း မနှစ်သက်တတ်ဘူး။ သဘာဝနှင့် သန့် စင်လန်းဆန်းတဲ့ အသားအရေတွေကို နှစ်သက်တယ်။ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ စရိုက်ကို လုံးဝလက်မခံဘူး။
နားမခံသာတဲ့ စကားလုံးတွေကအစ ပျံတံတံအမူအရာမျိုး မျက်ရည်စစနျင့် စကားပြောတတ်တာမျိုး၊ ရွရွကလေး နေထိုင်တတ်တဲ့ မိန်းမမျိုးတွေကိုဝေးဝေးက ရှောင်လိမ့်မယ်။ အရောင်အသွေးမှာ အပြာရောင်၊ လျှပ်စစ်ပြာရောင်တွေ၊ မီးခိုးရောင်မျိုး၊ နီဝါရောင်၊ ရွှေအိုရောင်မျိုးတွေကို နှစ်သက်တယ်။ ရှေးဆန်တာတွေကို မကြိုက်သလို သဘာဝ မကျတာတွေကိုလည်း မကြိုက်ဘူး။
-----------
၆. အစား
-----------
အသားထက် အသီးကို ပိုနှစ်သက်တတ်တယ်။ သက်သက်လွတ် စားတတ်တဲ့ အကျင့်ကလေးအနည်းနှင့်အများ ရှိလိမ့်မယ်။ သူက သူ စိတ်ဝင်စားတာကိုပြောနေရရင် အစားအသောက်ကို မစားဘဲကို ပြောတော့တာမို့ အစားထက် စကားလက်ဆုံကျတာကို နှစ်သက်သူဖြစ်တယ်။ သူ့ အတွက် အစားအသောက်ဆို အထူးတလည် စဉ်းစားရမယ့်ကိစ္စ မဟုတ်သလိုပါပဲ။
အစားကြိုက်တတ်ရင်တော့ ကိုယ်ကသာ ဝအောင် စားပြီးမှ သူ ပြောမှာကို နားထောင်းဖို့ သွားတွေ့ ပါ။ တွေ့ စရာ၊ သွားစရာ၊ လုပ်စရာတွေက များနေတာမို့ အေးအေးဆေးဆေး စားသောက်ဖို့ ၊ ချိန်းဖို့ ကို တော်တော် စဉ်းစားပြီးမှ စီစဉ်သင့်တယ်။ ပျက်ဖို့ က များတယ်။
------------
၇. ရင်းနှီးမှု
------------
သူ့ ရဲ့ အစီအစဉ် မကျတတ်မှု၊ ရောက်တတ်ရာရာ သွားလာနေမှု၊ စကား အေးအေးဆေးဆေးပြောမနေတတ်မှုတွေကို နားလည် လက်ခံနိုင်ရင်တော့ သူနှင့် ခင်မင်တဲ့ မိတ်ဆွေအဖြစ် နေနိုင်လိမ့်မယ်။ တယ်လီဖုန်းပြောရင်လည်း သူ ပြောချင်တာတွေကို ကတိုက်ကရိုက်ပြောပြီး ဖုန်းချသွားတာတို့ ၊ ချိန်ဆိုထားရင်လည်း သူ့ မှာ တခြားသူနှင့် သွားစရာ၊ လုပ်စရာတွေ အရေးတကြီး ပေါ်လာတတ်တာတို့ ကိုနားလည်းစွာ လက်ခံနိုင်ရင်တော့ သဟာ အချိန်တန် အိမ်ပြန်လာတတ်တဲ့သူလို မေ့သွားတာ မဟုတ်တဲ့ ညီမငယ်ဆီကို ပြန်ရောက်လာမှာ သေချာတယ်။ လူတစ်ဦးကို ခင်ပြီး လွယ်လွယ်နှင့် မမေ့တာကတော့ သူ့ ရဲ့ အလုပ်များတဲ့ အထဲကကောင်းတဲ့ စရိုက်ကလေး တစ်ခုပါပဲ။ ခင်မင်စရာတော့ ကောင်းပါတယ်။
------------
၈. ဝါသနာ
------------
သူများကိစ္စ ထမင်းမစား၊ ဟင်းမစား လုပ်ပေးချင်တဲ့ ဝါသနာကြောင့် ပြဇာတ် ကပြရင်တောင်မင်းသားနေရာမှာ မရှိဘဲ ဇာတ်ဆရာ၊ ညွှန်ကြားသူနေရာမှာသာ သူ့ ကို တွေ့ ရလိမ့်မယ်။ လူစုလူဝေးတွေကို နှစ်သက်တယ်။ အားကစားပွဲတွေက လွဲလို့ တခြား လူစုလူဝေးနေရာတွေမှာ သွားလာလှုပ်ရှားနေတာ တွေ့ ရမယ်။
ကျော်ကြားမှုအတွက် မဟုတ်ဘဲ ဝါသနာအရ လှုပ်ရှားကူညီနေလိမ့်မယ်။ ပါတီတွေ၊လူမှုဝန်ထမ်းလုပ်ငန်းတွေ၊ လုပ်အားပေး နေရာတွေမှာ သူ အမြဲရှိ လိမ့်မယ်။ နံနက်ဦးကိုတော့ အလုပ်လုပ်ဖို့ ဝါသနာနည်းတယ်။ ညပိုင်းမှာ လုပ်ရတဲ့ ကိစ္စတွေကို နှစ်သက်တယ်။ ထူးဆန်းတဲ့ သိပ္ပံပညာ၊ ဗေဒင် လက္ခဏာ၊ အကြားအမြင်တွေနောက်ကိုလည်း ဝါသနာပါစွာ လိုက်စားလိမ့်ဦးမယ်။
-----------
၉. စရိုက်
-----------
ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ စရိုက်ရှိပြီး လူအားလုံးနှင့် အဆင်ပြေအောင်ပြောဆိုတတ်တယ်။ တချို့ ကျွမ်းကျင်တဲ့ ဟာသစကားတွေကို အသုံးချပြီး ရယ်မောစရာတွေနှင့် လူချစ်လူခင်ပေါသူ ဖြစ်နေသေးတယ်။ သူ့ တစ်ကိုယ်တည်းမှာ ငြိမ်ငြိမ်ကလေး တွေးနေ ငေးနေတတ်ပေမယ့် ကိစ္စကြုံလာရင် ချက် ချင်း နိုးကြားတက်ကြွသူအဖြစ် ပြောင်းလဲပစ်နိုင်သူ ဖြစ်တယ်။ သူက ပြင်ဆင်ထားတဲ့အလှအပတွေကိုမမြင်တတ်ဘူး။
ဒါကြောင့်လည်း လှအောင်၊ ထူးခြားအောင် ပြင်ဆင်သွားပေမယ့် သူ့ အတွက်တော့ ဘာမှ ထူးခြားတယ်လို့ ထင်မှာ မဟုတ်ဘူး။ ဒီစရိုက်ကို သိထားသင့်တယ်။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
သူက သူ့ ရဲ့ မိန်းကလေးဟာ ရှေးရေစက်ကြောင့်သာ ယခုတွေ့ ဆုံရတယ်လို့ ယုံကြည်တဲ့ သူလိုပဲ ချစ်မိရင် ဘာတွေ လုပ်နေနေ၊ ဘယ်ကိုရောက်နေနေ အလုပ်ပြီးတာနှင့် ချစ်သူကို သတိရတဲ့သူပါပဲ။ ဒါကြောင့် နောက်ကျရင် ကျမယ်။ ဒါပေမယ့် ရောက်အောင်ပြန်လာမယ့် လူစားမျိုးမို့ သူ့ ကို နားလည်သူ စိတ်ရှည်တဲ့ မိန်းကလေးအတွက် သူဟာ စိတ်ချရတဲ့ ချစ်သူမျိုးပါပဲ။ အလုပ်မှာလည်း အလုပ်က လွဲ လို့ အာရုံမများတတ်တာမို့ တစ်ခုတည်း၊ တစ်အာရုံတည်း စွဲမြဲသူအဖြစ် သူ့ ရဲ့ ချစ်ကမ္ဘာလေးဟာ တည် တံ့ခိုင်မြဲတတ်ပါတယ်။ သူက လေ့လာစုံစမ်းပြီး အတွင်းသိပြီးမှ ချစ်ခင်တတ်သူမို့ သူဖွင့်ပြောလာတဲ့ အဟာ အားလုံးစုံစမ်းပြီးနေပြီမို့ စိတ်ချရသူပါပဲ။

* မိန် ရာသီ > PISCES *
တပေါင်းလဖွား February 20th to March 20th
-------------------------------------------
ဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၂၀ အတွင်း မွေးဖွားတဲ့ ပျိုလေးတို့ ချစ်သူမောင်ကို မြန်မာကာလအခေါ် အရ တပေါင်းလဖွားလို့ ခေါ်ရမယ်။ အဲဒီ အချိန်မှာ ကောင်းကင်ရာသီရုပ်ပုံက ငါးနှစ်ကောင် နက္ခတ် ထွန်းလင်းနေပြီး စိုးမိုးတဲ့ ဂြိုဟ်က ကြာသပတေး ဂြိုဟ်ဖြစ်တာမို့ မိန်ရာသီလို ခေါ်တွင်နိုင်သေးတယ်။
------------
၁. ရုပ်သွင်
------------
အလယ်အလတ်တန်စား အရပ်အမောင်းရှိကြသူတွေ ဖြစ်တယ်။
ကိုယ်ခန္ဓာကြီးမား တုတ်ခိုင်ကြတယ်။ သို့ သော် အချိုးအစား ကျနသော ကိုယ်ဟန်ရှိကြတယ်။ ပခုံး လုံးဝန်းကြတယ်။ ခြေဖဝါး သန်စွမ်းတုတ်ခိုင်တယ်။ မျက်နှာကြီး၍ မျက်လုံးထင်ရှားပြီး နက်ပြာရောင် မျက်လုံးအိမ်များ ရှိတတ်တယ်။မျက်နှာ၊ မျက်လုံး ဖွဲ့ စည်းမှု တင့်တယ်လှပကြသူများ ဖြစ်တယ်။
--------------
၂. အမူအရာ
--------------
ပြေပြစ်စွာ လှုပ်ရှားသော အမူအရာများ ရှိကြပြီး စကားပြောဆိုရာမှာ အမူအရာနှင့် လေသံပါနူးညံ့ပျောပျောင်းသူများ ဖြစ်ကြတယ်။ လူအများ သူ့ ထံချဉ်းကပ်ရန် လွယ်သော ခင်မင်ရင်းနှီးဖွယ် အမူအရာ ရှိတတ်ကြတယ်။
သူဟာ လူများနှင့် ရောနှောနေထိုင်တတ်သလို ထီးတည်းဘာသာ အေးဆေးစွာနေထိုင်တတ်တယ်။ နက်နဲတဲ့ ပညာတွေ၊ တွေးခေါ်မှုကို ဝါသနာပါတဲ့အတွက် ငြိမ်သက်စွာနေထိုင်တာကို နှစ်သက်တတ်သေးတယ်။ လူတွေနည်းတဲ့ ပင်လယ်ကမ်းခြေ၊ ရေနား နီးနီးမှာ အနာယူ အပန်းဖြေတတ်တယ်။
-------------
၃. စိတ်ထား
-------------
ချစ်တတ်၊ ခင်တတ်၊ ပေးတတ်၊ ကျွေးတတ်သူဖြစ်တယ်။ သူ ချစ်ခင်သူကို ဘယ်သူနှင့်မှ မယှဉ်နိုင်အောင် ချစ်ခင်တတ်တယ်။ ဒါပေမယ့် အဓမ္မလိုက်တွန်းတာတွေ၊ အကျပ်ကိုင်တာတွေကိုတော့ခွင့်လွှတ်သည်းခံလေ့ မရှိဘူး။ ပြတ်ပြတ်သားသား ဖြေရှင်းတတ်တယ်။
ကိုယ်တိုင်က အေးအေးစွာ နေတတ်တဲ့ စိတ်ထားရှိပြီး ကြမ်းတမ်းဆူပူတာကို လုံးဝလက်မခံသူ ဖြစ်တယ်။ အေးအေးဆေးဆေး ဖြည်းဖြည်းသာသာပြောရင် ဘာမဆို လုပ်ကိုင်ပေးချင်တယ်။ ဇွတ်ခိုင်းတာတို့ ၊ ငြင်းခုံတာတို့ ကိုလက်မခံဘူး။
----------------------
၎. ဆန္ဒသဘောထား
----------------------
ကိုယ့်ဖို့ မဟုတ်တဲ့ ချစ်ခြင်းနှင့် သူတစ်ပါးကို ချစ်တတ်တဲ့ အတ္တမပါတဲ့ အချစ်သမား ဖြစ်တယ်။ အေးဆေးငြိမ်သက်မှုကို နှစ်သက်သူတွေမို့ မြည်တွန်တောက်တီးတတ်သူတွေ၊ အငြင်းသန်သူတွေ၊ စရိုက် အမူကြမ်းတမ်းသူတွေကို သူရှောင်လိမ့်မယ်။ သူဟာ အမှားမဖြစ်အောင် ကြိုးစားနေထိုင်တတ်ပြီး ဟန်ကလေးနှင့် နေတတ်တယ်။ သူ အမှားလုပ်မိရင်လည်း လူသိ မခံဘူး။
ဝန်ခံမှာလည်းမဟုတ်ဘူး။ အဲဒီနေရာမှာ ဟန်ဆောင်ကောင်းတယ်။ သူတစ်ပါး ဆွဲဆောင်ရာကို ပါလွယ်တတ်တဲ့ သဘောထားပျော့ပျောင်းမှုကြောင့် အကျင့်စရိုက်တွေ မကြာခဏ ပြောင်းတတ်သေးတယ်။ သူဟာ အပေါင်းအသင်းရဲ့ အရောင်အတိုင်း လိုက်ပြောင်းတတ်သူမို့ အပေါင်းအသင်း ကောင်းကောင်းလိုတယ်။ ကိုယ်တိုင် စိတ်ဓာတ်ကတော့ ရိုင်းစိုင်းကောက်ကျစ်မှု မရှိဘူး။
-------------
၅. အကြိုက်
-------------
ဝတ်တာ စားတာ၊ သွားတာ လာတာ သိမ်မွေ့ သူတွေကို နှစ်သက်တယ်။ ရေညှိရောင်၊ အစိမ်းဖျော့တွေကို နှစ်သက်တယ်။ အဖြူဖျော့ဖျော့နှင့် နူးညံ့တဲ့ အရောင်ဖျော့တွေကို ကြိုက်နှစ်သက်သူ ဖြစ်တယ်။ အလွန်အကျွံခြယ်သမှုနှင့် သိသာတဲ့ပြင်ဆင်မှုကို မကြိုက်ဘဲ သဘာဝဆန်တဲ့ မွမ်းမံမှုကို နှစ်သက်တယ်။
ဆံပင်ကို ဖြောင့်ဖြူး ရှည်လျားစွာ ကျဆင်းနေတာတွေကို နှစ်သက်တတ်တယ်။ ရှေးရိုးဆန်တဲ့ ယဉ်ကျေးမှုတွေကို နှစ်သက်လက်ခံသူ ဖြစ်တယ်။ အနုစိတ်လေ့လာတတ်သူဖြစ်တာမို ပန်းချီးကား အလှ အနုပညာများကို နှစ်ခြိုက်စွာ လေ့လာတတ်တယ်။ သာယာအေးနွဲ့ တဲ့ သီချင်းသံတွေကို နားထောင်လိုတယ်။ -----------
၆. အစား
-----------
အရက်ကို ရှောင်တတ်တယ်။ အေးဆေး ငြိမ်သက်စွာ အစား စားတတ်တယ်။ ကောင်းစွာပြင်ဆင်ပြီး ဧည့်ခံကျွေးမွေးတာတွေ၊ အနားမှာ စကားတွေ ဖောင်မဖွဲ့ ဘဲ ငြိမ်ငြိမ်အေးအေး ပြုမူပြောဆိုတာ တွေနှင့် အစာ စားရတာကို နှစ်သက်တယ်။ အချိန်ယူပြီး အစား စားတတ်တယ်။
နံနက်စာနှင့် နေ့ လယ်စာကိုတောင် သီးခြား သန့် သန့် အချိန်လေးပေးပြီး စားချင်သူဖြစ်တယ်။ အလုပ်ဇောနှင့် တက်သုတ်ရိုက်စားရ၊ သွားရတာကို မနှစ်သက်ဘူး။ စားသောက်ပြီး နားနားနေနေ စကား အေးအေးဆေးဆေး ပြောဆို နေချင်သူဖြစ်တယ်။ ရိုးရာ အစားအစာများကိုသာ မက်မောသူ ဖြစ်တယ်။
------------
၇. ရင်းနှီးမှု
------------
သူဟာ လျှို့ ဝှက်တတ်သူ၊ စပ်စုတာ မကြိုက်သူဖြစ်တာမို့ မပွင့်လင်းဘူး။ ဘယ်လောက် လျှို့ ဝှက်တတ်သလဲဆိုတော့ ဟိုနား ဒီနားသွားတာတောင် ပြောမသွားတတ်ဘူး။ မေးရင်လည်းမကြိုက်ဘူး။ ဒါကြောင့် နားလည်ရခက်လိမ့်မယ်။ ခက်ခဲနက်နဲတဲ့ ဗေဒင်လက္ခဏာတို့ ၊ အင်းအိုင်၊ လက်ဖွဲ့ တို့ အကြောင်း ဝါသနာပါတာမို့ သွားရအောင်လို့ ခေါ်ရင် လိုက်မှာ သေချာတယ်။
ဒီကိစ္စတွေနှင့် ပြောဆို ရင်းနှီးမှုယူနိုင်တယ်။ ယောဂီကျင့်စဉ်တွေကိုလည်း လိုက်စားတတ်သေးတယ်။ သူဟာ ချစ်ခင်သူများကို မပြောင်းမလဲ စွဲမြဲစွာ ချစ်တတ်တာမို့ သူ့ ရဲ့ ရင်းနှီးမှု ရပြီးရင်တော့ မပြောင်းလဲတော့ဘူး။ စိတ်ချရတဲ့ မိတ်ဆွေကောင်း တစ်ဦးပါပဲ။
------------
၈. ဝါသနာ
------------
နေရာအသစ်၊ ပတ်ဝန်းကျင် အသစ်တွေကို လိုက်လံရှာဖွေတတ်သူ၊ ဆန်းကြယ်တဲ့ ဂန္ဓရီပညာတွေကို ဝါသနာပါတဲ့သူ ဖြစ်တယ်။ အဲဒါတွေကို ယုံကြည်အားထားတတ်တယ်။ ကိုယ်တိုင်လည်း လေ့လာလိုက်စားလိမ့်မယ်။ သုတေသနလုပ်ငန်းတွေကို ပြုလုပ်ဖို့ ဝါသနာပါတယ်။
အလုပ်တစ်ခုကို အသေးစိတ် ပြုလုပ်တတ်သူမို့ သေလျှင်ပင် နာမည်ကျန်ခဲ့မယ့် သူမျိုးဖြစ်တယ်။ ရေလုပ်ငန်းတွေကို အထူးဝါသနာကြီးတတ်တယ်။ မြစ်နားကမ်းနား၊ ပင်လယ်နားမှာရှိတဲ့ အလုပ်တွေ နေရာတွေကို နှစ်သက်စွာ ရွေးချယ်လိမ့်မယ်။
-----------
၉. စရိုက်
-----------
ငွေဆင်းရဲမှာကို စိုးရိမ်ကြောက်ရွံ့ တတ်တဲ့အတွက် စေးနှဲသူလို့ အထင်ခံရတတ်တယ်။ သူဟာစည်းစိမ်နှင့် ငြိမ်းအေးစွာ နေထိုင်ရခြင်းကို နှစ်သက်တတ်သူဖြစ်တာမို့ ငွေကို စနစ်တကျ သုံးခြင်းဖြစ်တယ်။ မိတ်ဆွေများကို စွဲလမ်းတတ်တယ်။ ဒါကြောင့် မိတ်ဆွေက ဖျက်ရင်လည်း ပျက်လွယ်တတ်တယ်။
ဒုစရိုက်လုပ်ငန်းများထိ ဆွဲဆောင်ရာ ပါသွားတတ်တယ်။ စည်းကမ်းကြီးခြင်း၊ တာဝန်ကျေခြင်းနှင့် အလုပ် ကို လေးစားတတ်ခြင်းတို့ ကြောင့် စိတ်ညစ်စရာလေးတွေ ဖြစ်ရတတ်တယ်။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
ချစ်သူကို အထူးချစ်မြတ်နိုးတတ်သူတွေ ဖြစ်တယ်။ ချစ်သူ၏ အလိုကို ချိုချိုခါးခါး လိုက်လျောတတ်သူဖြစ်တယ်။ ဒါကြောင့် လိမ္မာရေးခြားရှိတဲ့ မိန်းမကောင်းတွေနှင့် တွေ့ မိဖို့ လိုတယ်။ ချစ်သူကို အရေးတယူရှိပြီး ငွေကို အချစ်ရေးမှာရက်ရောစွာ သုံးတတ်သူဖြစ်တယ်။ ငွေကို ကောင်းစွာ ရှောဖွေတတ်ပြီး ဘဝကို အချစ်နှင့် ငွေနှင့် တည်ဆောက်ဖို့ အမြဲစိတ်ကူးနေသူမို့ သူ ချစ်မိခြင်းကို ခံယူရတဲ့ ချစ်သူဟာ ကံကောင်းသူအမှန် ဖြစ်မှာပါ။

* မိဿ ရာသီ > ARIES *
တန်ခူးလဖွား March 21st to April 20th
----------------------------------
မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း မွေးဖွားသူ ပျိုလေးရဲ့ ချစ်သူမောင်ကို မိဿ ရာသီဖွားလို့ ခေါ်ဆိုရမယ်။ မြန်မာလ အခေါ်က တန်ခူးလဖြစ်တယ်။
မြန်မာနှစ်ကူး လတန်ခူးမို့ ကောင်းကင်မှာ မြန်မာအယူအ ဆအရ တောင်ဆိတ်ရုပ်ပုံ နက္ခတ်ထွန်းလင်းနေတယ်။ အင်္ဂလိပ် အယူအဆက သိုးရုပ်ပုံ နက္ခတ် ထွန်း လင်းနေတယ်လို့ သတ်မှတ်ကြတယ်။ မီးဓာတ်ကြီးစိုးချိန်၊ အင်္ဂါဂြိုဟ် စိုးမိုးနေချိန်ဖြစ်တယ်။
------------
၁. ရုပ်သွင်
------------
အရိုးဖွဲ့ စည်းမှု ကြီးမားတဲ့သူတွေ ဖြစ်တာမို့ သူတို့ ဦးခေါင်းဟာ ကြီးမားတတ်တယ်။ ဒါကြောင့် မျက်နှာလည်း ကြီးတယ်။ "မျက်နှာကြီးမျိုး" လို့ ပြောစမှတ်ပြုရမယ့် လူစားတွေပဲ။
လက်မောင်း၊ ခြေတံ တွေ သန်မာကြီးမားကြပေမယ့် ကိုယ်ခန္ဓာဟာ မကြီးမားကြဘူး။ ပိန်သွယ်တဲ့ဟန် ရှိတယ်။ အရပ် မနိမ့်မ မြင့်နှင် ကြည့်ကောင်းရုံအသွင်ရှိတယ်။ သူ့ မျက်လုံးတွေဟာ ဝိုင်းနေပြီး အညိုရောင်ရှိတတ်တယ်။ ဆံပင် ကလည်း နီညိုရောင် တောက်ပပြီး နည်းနည်းလိမ်တွန့် တွန့် ရှိတယ်။ ပခုံးကျယ်ဝန်းဟန်ရှိသမို့ ဒူးမှာ အားနည်းသွားသလို ရှိနေမယ်။ မျက်နှာသွင်ပြင် လှပကြတယ်။
--------------
၂. အမူအရာ
--------------
လျင်မြန် ဖျက်လတ်တဲ့ အမူအရာနှင့် ပေါ့ပါးပျော့ပျောင်းစွာ သွားလာတတ်သူဖြစ်တယ်။ လူအများကြီးနှင့် ဟေးလား ဝါးလား မနေတတ်ဘူး။ အချိုးကျကျဝတ်စားပြီး စမတ်ကျကျ ကိုယ်ဟန်နှင့် နေ တတ်တယ်။ ဦးဆောင်လုပ်ရတဲ့ အလုပ်တွေကို လုပ်ပြီး နောက်လိုက်အဖြစ် မနေတတ်ဘူး။
လှုပ်ရှား တတ်ကြွသူအနေနှင့်တွေ့ ရမယ်။ သူ့ ကိုယ်သူ ယုံကြည်ဟန်အပြည့်နှင့် နေထိုင်တတ်ပြီး သူ့ ကို ဂရုတ စိုက်ရှိတာကို ကျေနပ်နေတတ်တယ်။ ပြောဆိုရာမှာ၊ အလုပ် လုပ်ရာမှာ လွန်စွာတိကျပြတ်သားသူ ဖြစ် မယ်။ စည်းကမ်းရှိသူတစ်ယောက်ရဲ့ အမူအရာတွေကို တွေ့ ရမယ်။
--------------
၃. စိတ်ထား
--------------
လူတိုင်းတွေးတဲ့ အတွေးခေါ်တွေကို မကြိုက်ဘူး။ အဆန်းအသစ်တီထွင်နေချင်သူ ဖြစ်တယ်။ သမားရိုးကျ ကိစ္စတွေကို ဒီလိုပြင်လို့ မရဘူးလား၊ လုပ်ကြည့်ရင် ပိုကောင်းမယ်ဆိုတဲ့ စိတ်ထားကြောင့် သူ့ အယူအဆ အတွေးတွေကိုသိပ် ရှေးဆန်သူတွေက ကြိုက်မှာ မဟုတ်ဘူး။
သူက ပြိုင်ဆိုင်ရတာကို ကြိုက်ပြန်တဲ့အတွက် စိတ်အင်အား၊ လူအင်အား ပြိုင်ဆိုင်လိုတယ်။ အပေါင်းအသင်းတွေထဲမှာ ရှေ့ ပြေး ဖြစ်ပြီး သူသာ ဦးဆောင်ရမှ ကြိုက်တယ်။ တစ်ခေတ်သာအောင် ခေတ်မီပစ်လိုက်ချင်သူ ဖြစ်တယ်။ ပျော့ ပျောင်းခြင်းနှင့် တင်းမာခြင်း အရည်အချင်းနှစ်ခုကို တစ်ပြိုင်တည်းထားရှိတတ်သူ ဖြစ်တယ်။
----------------------
၎. ဆန္ဒသဘောထား
----------------------
ဟောင်းသွားတာကို မနှစ်သက်သူဖြစ်တာမို့ အမြဲတမ်း ဆန်းသစ်တာတွေကို၊ စိတ်လှုပ်ရှားစရာတွေကို ရှာဖွေ စူးစမ်းနေသူဖြစ်တယ်။ တုံးဆိုတိုက်၊ ကျားဆိုကိုက် ဆိုသလို ဘာမဆို အစွမ်းကုန်စိတ် နှင့် လှုပ်ရှားတတ်၊ ကြိုးစားတတ်တယ်။ သူ့ ကို အပြစ်ပြောလာသည်ကို လုံးဝမကြိုက်တတ်ဘူး။ သူ ကိုယ် တိုင် မမှန်ဘူးဆိုတာ သိပေမယ့် အပြစ်ပြောလာရင် ဆက်ပြီး လုပ်လိမ့်မယ်။ နောက် မဆုတ်တတ်ဘူး။ ဒါ ကြောင့် နောက်ဆုတ်စေချင်ရင် ပျော့ပျော့ပျောင်းပျောင်း ပြောမှ ရမယ်။ ခေါင်းမာတယ်လို့ ဆိုတဲ့ စကား လုံးကို သုံးသင့်တဲ့သူ ဖြစ်တယ်။ ဇွဲကြီးပြီး အတိုက်အခိုက်စိတ်ကြီးမားသူ ဖြစ်တယ်။ စိတ်ထား မကောက် ကျစ်ဘဲ တိုက်ရိုက်ရင်ဆိုင်ဖြေရှင်းတတ်တယ်။
-------------
၅. အကြိုက်
-------------
အနီရောင်၊ လိမ္မော်ရောင်၊ နီညိုရောင်ရင့်ရင့်တွေဟာ သူ့ ရဲ့ စိတ်အာရုံကို နိုးကြားစေတာမို့ နှစ်သက်တယ်။ ပန်းရာင်နုနု၊ ပြာလဲ့လဲ့၊ ခရမ်းပြာရောင်တွေကိုလည်း နူးညံ့မှုအတွက် နှစ်သက်ပြန်တယ်။ သဘာဝကျတဲ့ အပြင်အဆင်၊ ဖက်ရှင်တွေကို နှစ်သက်ပြီး ခေတ်နှင့်လျော်ညီစွာ ဝတ်စားပြင်ဆင်တာကို ကြိုက်တယ်။
သူ့ စိတ်ကို တစ်ခုခုနှင့် လှုပ်ရှားအောင် ပြုလုပ်နိုင်ရင် သူနှင့် အဆင်ပြေမယ်။ သူ့ ကို အေး အေးငြိမ်ငြိမ်၊ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူ တစ်ဦးအဖြစ် ဘယ်တော့မှ တွေ့ ရမှာ မဟုတ်ဘူး။ အဲဒီ လိုနေတတ်တဲ့ သူကိုလည်း သူ မကြိုက်ဘူး။
-----------
၆. အစား
-----------
အစား မမက်ဘူး။ နည်းနည်းပဲ စားတတ်သလို စွဲစွဲမြဲမြဲ မစားတတ်ဘူး။ ရသာစုံလေးမှ ကြိုက် တတ်တယ်။ သူ့ ကို ဘာစားမလဲလို့ မေးတာ အဆင်ပြေတယ်။ ဒါစားပါလို့ ပြောတာကို မနှစ်သက်ဘူး။ သူက အစားကိုတောင် ကိုယ့်ဘာသာ စဉ်းစားပြီး စားချင်တဲ့သူ။
သူများ စားတိုင်း စားတဲ့သူ မဟုတ်ဘူး။မကြိုက်ရင် တို့ တောင် မကြည့်ဘူး။ ဒါပေမယ့် စားစားသွားသွား အဖော်လေးနှင့်တော့ နေထိုင်စား သောက်ချင်သူဖြစ်တယ်။ တူတူသွားပြီး မှာချင်ရာ မှာစားဆိုတဲ့ လူတန်းစားပေါ့။ -------------
၇. ရင်းနှီးမှု
-------------
ကိုယ်ပိုင် လွတ်လပ်ခွင့်ကို သိပ်တန်ဖိုးထားပြီး လွတ်လပ်ပျော်ရွှင်ခြင်းကိုဖန်တီးနေသူဖြစ်တာမို့ သူ့ ကို သိပ်မစပ်စုဘဲ ခင်မင်ရင် ကောင်းတယ်။ သူ့ ဘာသာ သူ ပြောလာရင် နားထောင်ပြီး အေးအေး ဆေးဆေးနေရင် သူနှစ်သက်တယ်။
အကြံအစည် အလုပ်အကိုင်တွေကို မေးတာမြန်းတာ မကြိုက်ဘူး။ သူ့ ဘာသာ သူလည်း တရားသေအလုပ်တစ်ခုကို စိတ်ကူး မထားသူမို့ ဘယ်နေရာမှာ ဘာတွေလုပ်နေ သလဲဆိုတဲ့ မေးခွန်းတွေ မေးတတ်သူဟာ သူ့ ရဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်မလာနိုင်ဘူး။ ကြုံရင် ဆုံကြတာ ပေါ့ဆိုတဲ့ စိတ်နှင့် သူ့ ကို ကျွမ်းဝင် ရင်းနှီးလို့ ရတယ်။
------------
၈. ဝါသနာ
------------
သူတကာထက် သာမှ သူများနှင့် ပြိုင်ရင် နိုင်မှဆိုတဲ့ စိတ်ထား အခြေခံ ရှိသူမို့ သူ့ ဝါသနာ ဟာ ယှဉ်ပြိုင်မှုတွေ ဖြစ်တယ်။ အရေးပေး ကြင်နာယုယတာကို ခံယူလိုတဲ့အတွက် သူ့ ကို ဂရုတစိုက်ရှိ တဲ့ နေရာကို ရောက်အောင်သွားပြီး ကျက်စားနေထိုင်တတ်တယ်။
သူ့ ရဲ့ လှုပ်ရှားမှုမှာ လွတ်လပ်မှုတွေ ပါဝင်နေတာမို့ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကို ပြောမှာ မဟုတ်ဘူး။ မေးတာလည်း မကြိုက် ဘူး။ ငယ်ရွယ်စဉ်မှာ အချစ်ရေးရာတွေကို စိတ်ပါဝင်စား ဝါသနာတစ်ခုလို ခံယူတတ်ပေမယ့် အသက် ၄၀ ကျော်သွားရင် စိတ်ကုန်သွားတတ်တယ်။
-----------
၉. စရိုက်
-----------
တိုက်ရိုက်သမား၊ တည့်တည့် ရင်ဆိုင်တတ်သူမို့ လူတွေက သူ့ ကို မုန်းကြလိမ့်မယ်။ မာယာပရိယာယ် မရှိဘူး။ ဗြောင်ကျကျ ရှင်းတတ်တယ်။ သူ့ ကို ယှဉ်ပြိုင်စိန်မခေါ်လေနှင့်။ ဘယ်တော့မှ ရှောင် ထွက်မယ့်သူ မဟုတ်ဘူး။ သူ စိတ်ထွက်လာရင် မုန်တိုင်းလို အရှိန်ကြီးတယ်။
သူ့ အရည်အသွေးကို သူ့  ဘာသာ ယုံကြည်သူဖြစ်လေတော့ သူ့ အရည်အချင်းနှင့် အားနည်းချက်တွေကို ဝေဖန် မခံနိုင်ဘူး။ အိမ်ပြင်ထွက်ပြီး ခရီးသွားလာ လှည့်ပတ်နေတတ်သူမို့ ငြိမ်ငြိမ်အေးအေးနေဖို့ မဖြစ်နိုင်ဘူး။ စွန့် စွန့် စားစား လှုပ်လှုပ်ရှားရှားတွေနှင့် နေလိမ့်မယ်။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
ချစ်သူကို အစွမ်းကုန် ကြင်နာယုယတတ်ပြီး သူမတူအောင် ဂရုစိုက်ပြီးရင် တစ်ခါတည်းလှည့်မကြည့်တော့ဘဲ နောက်တစ်ယောက်ဆီ ရောက်သွားတတ်တယ်။ သူ့ ရဲ့ အတွေးကမ္ဘာထဲမှာ အချစ်ရေးကို စစ်ပွဲတစ်ခုလို သဘောထားတယ်။
တိုက်နေတဲ့ အချိန်မှာ အသက်ကို လုရတာမို့ စွမ်းစွမ်းတမံ ရှိသလောက် နိုင်ပြီးရင်ပဲ ဖြစ်ဖြစ်၊ ရှုံးပြီးရင်ပဲ ဖြစ်ဖြစ် ပွဲပြီးသွားတော့တာပဲ။ သူ့ စိတ်ကူးအတွေးထဲမှာ စွဲလမ်းခြင်း၊ အောက်မေ့ လွမ်းဆွတ်ခြင်းမျိုး မရှိတတ်သော လူတစ်မျိုး ဖြစ်တယ်။


* ပြိဿ ရာသီ > TAURUS *
ကဆုန်လဖွား April 21st to May 21st
****************************
နှစ်ဦးမှာ မွေးဖွားတဲ့ ပျိုလေးချစ်ဦးမောင်က ကဆုန်လဖွား ဖြစ်နေသလား။ သူက ဧပြီ ၂၁ ရက်မှ မေ ၂၁ရက်အတွင်း မွေးဖွားသူဖြစ်ရမယ်။ အဲဒီလက ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ရာသီရုပ်က နွားထီးရုပ်ပုံဖြစ်တာမို့ ပြိဿရာသီဖွားလို့ ခေါ်ဆိုနိုင်တယ်။
အဲဒီလမှာ မြေဓာတ်ကြီးစိုးပြီး သောကြာဂြိုဟ် ကောင်းကင်မှာ စိုးမိုးနေတယ်။
------------
၁. ရုပ်သွင်
------------
သူတို့ ဟာ မျက်နှာနှင့်ကိုယ်လုံး ပြည့်တင်းခြင်း၊ ခြေ၊ လက်၊ ပေါင် ပြည့်တတ်သူမို့ အမှတ်တမဲ့ကြည့်ရင် အရပ်ပုသယောင် ရှိနေတတ်တယ်။ လည်ပင်းသားများက အစ ပြည့်ပြီး လည်ပင်း တုတ်ခိုင်တတ်ကြတယ်။ ဝဖြိုးတဲ့ ဟန်ပန်ရုပ်သွင် ရှိပြီး သူ့ နှုတ်ခမ်းအသားအရေဟာ ထူနေတတ်တယ်။
ပါးစပ်ကျယ်ဝန်းတတ်ပြီး ထင်ရှားပေါ်လွင်တဲ့ ရုပ်သွင်ရှိတတ်တယ်။ မကျလုံး မကျယ်ဝန်းတတ်ဘူး။ သူ့ ဆံပင်တွေဟာ နက်မှောင် သန်စွမ်းကြတယ်။ တစ်ခါတစ်ရံ လှိုင်းတွန့် ကလေးတွေ ဖြစ်နေသူတွေ ပါဝင်ကြတယ်။
---------------
၂. အမူအရာ
---------------
အဝတ်အစားကို ကောင်းကောင်း၊ သပ်သပ်ရပ်ရပ် ဝတ်ပြီး လူအများနှင့် ရောနှောပျော်ရွှင်နေတတ်တယ်။ ငယ်ရွယ်နုပျိုသူများနှင့် အများဆုံး ရောနှောနေထိုင်တတ်တယ်။ ရယ်စရာတွေကိုပြောပြီးရယ်မောပျော် ရွှင်နေတတ်သူ ဖြစ်တယ်။ သူ့ ဂုဏ်ကိုဖော်တဲ့စကားတွေ ရယ်မောစရာအဖြစ် ပြောနေလိမ့် မယ်။
အဖော်ကောင်းတစ်ယောက်နှင့်ဆိုရင်တော့ အပြင်ကျကျ စားပွဲတွေမှာ စိတ်ဝင်တစား ဝိုင်းဖွဲ့ နေတာတွေ့ ရလိမ့်မယ်။ အဲဒီအဖော်ဟာ ငယ်ရွယ်လှပတဲ့ မိန်းကလေးတွေဖြစ်ဖို့ များတယ်။ အဝတ်အစားအပြင်အဆင်၊ အရောင်အသွေး ရွေးချယ်မှုတွေဟာ အဆင်ပြေစွာ ရွေးတတ်ပြီး အမူအရာကလည်း တည်တံ့၊ တည်ကြည်ဟန်ရှိနေတယ်။ လေးစားစရာကောင်းတဲ့သူ ဖြစ်နေမယ်။
-------------
၃. စိတ်ထား
-------------
မိမိကိုယ်ကို သိပ်ယုံကြည်ခြင်း၊ ကိုယ်စွမ်းကိုယ်စကို ယုံကြည်စိတ်ချခြင်း အပြည့်ရှိသူမို့ ကမ္ဘာပေါ်မှာ အရေးပါသူတစ်ဦးအဖြစ် နေပြလိမ့်မယ်။ သူ့ နားကလူတွေကို သူက ဖေးမရမယ်။ ကူညီရ မယ်။ တွဲခေါ်ရမယ့် လူစားတွေကို စောင့်ရှောက်လိုတဲ့သူ ဖြစ်တယ်။
အဲဒီလူတွေက သူ့ ကို လုံးဝမှီခို အား ထားတဲ့စိတ်မွေးပြီး သူ့ နားမှာနေရင် အလွန်အဆင်ပြေလိမ့်မယ်။ အဲဒီလိုလူမျိုးကို အထူး ဂရုစိုက်ပြီး သူ့ ကိုယ် သူ ဂုဏ်ယူနေလိမ့်မယ်။ လူဝင်ဆံ့တဲ့ အပေါင်းအသင်း ဆက်ဆံရေးရှိသူတွေကို နှစ်သက်တယ်။ထိုင်းမိုင်း တွေဝေတာတွေကို မကြိုက်ဘူး။ အဲဒီ စိတ်ထားကို သူလည်း မလုပ်ဘူး။ တော်နေတဲ့သူ၊ ကြိုးစားနေတဲ့ သူကိုသိရင် အင်မတန် နှစ်သက်ပြီး ကူညီ ဖေးမလိမ့်မယ်။
-----------------------
၎. ဆန္ဒသဘောထား
-----------------------
သူ့ ကို ရိုးသာစွာ မှီခိုတာကို နှစ်သက်တယ်။ သူတစ်ပါး စိတ်ခံစားမှုကို သူ သိပ်နားမလည် တတ်ဘူး။ ကူးယူ မခံစားတတ်ဘူး။ သူ့ ကိစ္စ၊ သူ့ ဆန္ဒတစ်ခုကိုပဲ ဖော်ထုတ်ဖို့ ကြိုးစားနေသူဖြစ်တယ်။ သူတွယ်တာသူကိုတော့ စွဲစွဲမြဲမြဲတွယ်တာ ခင်မင် ဂုဏ်ယူနေတတ်တယ်။
သူတွယ်တာတဲ့ သူတွေက လည်း အများအလယ်မှာ လှပခြင်း၊ ထူးခြားခြင်း စတဲ့ ဝိသေသတစ်ခုခုတော့ ပိုင်ဆိုင်နေသူ ဖြစ်ရမယ်။ သူ့ ရဲ့ တစ်ဦးတည်းပိုင် လူသားဖြစ်ရမယ်။ သူ့ မျက်စိအောက်မှာ ရှိနေရမယ်။ အလုပ်တွေ ဘာတွေ ထွက် မလုပ်ရဘူး။ သူ့ ကိုပဲ ဂရုစိုက် ပြုစုရမယ်။ ဒါဆိုရင် သူကလည်း ဘဝတစ်ခုလုံးအတွက် တာဝန်ယူလိမ့်မယ်။
-------------
၅. အကြိုက်
-------------
အပြာလွင်လွင်၊ အစိမ်း၊ ပန်းရောင်၊ လျှမ်စစ်ပြာ စတဲ့ တောက်ပတဲ့ အရောင်တွေကို နှစ်သက်တယ်။ ပိုးဖဲကတ္တီပါ၊ သိုးမွေးနုတွေကိုကြိုက်တယ်။
နူးညံ့ပျော့ပျောင်းမှုတွေကို နှစ်သက်သူဖြစ်တယ်။ယလှလှပပ မွှေးမွှေးပျံ့ ပျံ့ ရှင်းကြော့နေတာတွေကို နှစ်သက်သူမို့ သူ့ ရဲ့ မိတ်ဆွေတွေဟာ အပျံစားလေးတွေပဲ ဖြစ်နေတတ်တယ်။ နိုင်ငံရေးတွေ၊ နျူးကလီးယား ဗုံးအကြောင်းတွေကို လုံးဝ စိတ်မဝင်စားဘူး။ အစားကောင်းကောင်း၊ ဂီတသံအေးအေးနှင့် စည်းစိမ်ကလေးနှင့် နေချင်သူပါပဲ။
-----------
၆. အစား
-----------
အစားအသောက်ကောင်းတဲ့ နေရာမှာ သူကြိုက်တဲ့ အစားကို မပြောင်းမလဲ စားနေချင်သူဖြစ်တယ်။ သူက မိတ်ဆွေတွေကို အေးအေးဆေးဆေး စကားပြောဖို့ စားသောက်ဆိုင်ကိုပဲ ခေါ်သွားမှာ မို့ တခြားနေရာသွားဖို့ စိတ်မကူးလေနှင့်။
အေးအေးဆေးဆေး သူနှင့်သာ သွားစားပြီး စကားဆွေးနွေးပေတော့။ အသီးအရွက်တွေကိုလည်း မက်မက်မောမော စားတတ်တယ်။ နံရံက ပန်းချီကားတွေ၊ အနုပညာလက်ရာတွေအကြောင်း ပြောပြလိမ့်မယ်၊ နားထောင်ပေတော့။ သူ ကမ္ဘာပေါ်မှာ ဘာတွေလုပ်နေသလဲဆိုတာကိုလည်း အချိုရည်လေးသောက်ရင်း ပြောပြလိမ့်မယ်။ နားထောင်ဖို့ သာ ပြင်ပေတော့။ မင်းရဲ့ အ ချိုရည်ကို အမျှင်ဆွဲသောက်မှ မဟုတ်ရင် ဗိုက်ထဲမှာ အရည်တွေချည်း ပြည့်နေမယ်။
-------------
၇. ရင်းနှီးမှု
-------------
သူဟာ သူ့ အတွက် အတ္တကြီးတာကလွဲလို့ သူတစ်ပါးအပေါ်မှာ ရိုးသားမှု၊ ချစ်စရာကောင်းတဲ့ ဂရုစိုက်မှုတွေကို ရှိတတ်တယ်။ သူ့ ကို မှီခိုအားထားနေသရွေ့ မင်းအပေါ်မှာ သူ ကျေနပ်နေမှာပဲ။ သူ့ ရဲ့ ကိုယ်ရေးကိုယ်တာ အတွင်းအပြင်ရေးရာ တွေကို သိတတ်စွာ တာဝန်ထမ်းဆောင်နေသရွေ့ သူ့ ရဲ့  ဂုဏ်ပြု ဂရုစိုက်ခြင်းကိုခံရမှာပါပဲ။
အစားကောင်းကောင်းနှင့် ပြုစုချက်ပြုတ်တတ်တဲ့ အိမ်ထဲပျော်မိန်းမနှင့်သူနှင့်ဆို အလွန်ရင်းနှီးလွယ်လိမ့်မယ်။ စကားနုနုလေးတွေနှင့် ချိုချိုသာသာပြောရင် ဘာမဆို တာဝန်ယူ လိမ့်မယ်။ အရောင်းအဝယ်ကိစ္စ၊ ကုန်သည်လုပ်ငန်း၊ အနုပညာ၊ ပန်းချီပန်းပုတွေဟာ သူ့ ရဲ့ အိမ်မက်တွေပါပဲ။ ဒါတွေကိုလည်း ပြောပြ နားထောင်ပေးရလိမ့်မယ်။
------------
၈. ဝါသနာ
------------
ဉာဏ် သုံးရတဲ့ကိစ္စတွေ၊ အနုပညာစိတ်ကူး ကွန့် မြူးရတာတွေကို ဝါသနာကြီးတယ်။ အား ကစားကို လုံးဝ ဝါသနာ မပါဘူး။ မုန်းတယ်။ ရေကူး တာလောက်၊ လမ်းလျှောက် တာလောက်တောင် ဖြည်းဖြည်းလျှောက်ရတာ လောက်ပဲ ဝါသနာပါတယ်။ အစားဝါသနာကြီးတာမို့ သူ ပျော်မွေ့ ရာနေရာက စားသောက်ဆိုင်တွေ၊ မြို့ ထဲ ဈေးထဲတွေဖြစ်တယ်။
ပါတီပွဲတွေဖိတ်ရင် ပျော်ရွှင်စွာ ဆင်နွဲပါဝင်လိမ့်မယ်။ အလှအပ၊ အရောင်ခြယ်သမှု၊ အပြင်အဆင် ဒီဇိုင်းတွေမှာ ဗဟုသုတ စုံလင်သူဖြစ်တယ်။ မြို့ ထဲမှာ ကား တစ်စီးနှင့် လျှောက်စီးနေရခြင်းလည်း ဝါသနာရှိသေးတယ်။ သူ သွားလေရာ၊ နားလေရာမှာ သူ ပြောသ မျှကို နားထောင်မယ့် သူကိုပဲ သူ မျှော်လင့်တယ်။
-----------
၉. စရိုက်
-----------
သူ နှစ်သက်လက်ခံတဲ့သူ တစ်ဦးဦးနှင့် တွေ့ ရင် အေးအေးဆေးဆေး စကားပြောတတ်တယ်။ သူတစ်ပါးရဲ့ ခံစားမှုကို သိပ်ပြီး နားမလည်တတ်ဘူး။ သူရဲ့ စိတ်သဘောအရ ကိစ္စတွေကို သူတစ်ပါးစွက် ဖက်လို့ မရဘူး။ ဆွဲဆောင်စည်းရုံးလို့ လည်း မရဘူး။ စိတ် မပြောင်းလဲတတ်ဘူး။ ခေါင်းမာတယ်။
သူတစ်ထူးကို စည်းရုံးရာမှာ အလွန်ဇွဲကြီးတယ်။ တိကျစွာ ဆုံးဖြတ်ခြင်းနှင့် သိမ်မွေ့ ခြင်း ရောနှေနေတဲ့ စရိုက်ရှိတယ်။ သူ နှစ်သက်သူကို ဘဝတစ်ခုလုံးနှင့် ယှဉ်တွဲပေါင်းသင်းနေတတ်တယ်။ စွဲမြဲ ခိုင်ခံ့တယ်။ စိတ်အခန့် မသင့်ရင် မုန်တိုင်းလို စိတ်ဆိုးတတ်တယ်။ တစ်ခုခုကို လွင့်ပစ်ပြီးရင်၊ ပေါက်ကွဲပြီးရင် ငြိမ်သွားရော၊ ဖြေဖျောက်လွယ်တယ်။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
သူ့ ရဲ့ အတွေးထဲမှာ သူဟာ ဖန်တီးသူ၊ ပိုင်ဆိုင်သူဖြစ်တယ်။ ဒါကြောင့်သူ နှစ်သက်တဲ့ပတ်သက်သမျှကို အလှမပျက် ဖန်တီးပြုစုထားချင်သူ ဖြစ်တယ်။ အိမ်ထောင်သည် ဘဝမှာလည်း ဇနီးမယား ဟာ သူ့ အတွက်သာ ဖြစ်ရမယ်။
အပြင်ထွက်ပြီး ငွေရှာတာ၊ သူတစ်ပါးကို ဂရုစိုက်နေတာတွေကို ခွင့်မလွတ်တတ်ဘူး။ သူ့ ကမ္ဘာထဲမှာ အမြဲတမ်းရှိနေရမယ်။ ဒီအတွက် ပြည့်စုံအောင် ဖန်တီးပေးလိမ့်မယ်။ သူသွားတဲ့ ပျော်ပွဲရွှင်ပွဲတွေကို ဇနီးမယားနှင့် လှလှပပ ဝတ်စားပြီး တတွဲတွဲ သွားလာ နေချင်သူဖြစ်တယ်။ အားနွဲ့ မှီခိုတတ်တဲ့ မိန်းမသားတွေနှင့် အလွန်လိုက်ဖက်လိမ့်မယ်။

* မေထုန် ရာသီ > GEMINI *
နယုန်လဖွား May 22nd to June 21st
***************************
ပျိုလေးရဲ့ မောင်ဟာ မြန်မာပြက္ခဒိန်မှာ (နယုန်လ) မွေးဖွားသူဖြစ်နေရင် သူ မွေးတဲ့အချိန်မှာ ကောင်းကင်က ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးနေပြီး လေဓာတ်ကြီးစိုးနေချိန်ဖြစ်တယ်။ ကောင်းကင်မှာ ထွန်းလင်းနေတဲ့ ရာသီရုပ်က ဖိုမမောင်နှံစုံတွဲပုံ ရှိနေတာမို့ (မေထုန်ရာသီ)လို့ ခေါ်တယ်။ အင်္ဂလိပ်ရက် အတိအကျဆိုရင် မေ ၂၂ ရက်နေ့ က ဇွန် ၂၁ ရက်နေ့ အတွင်း မွေးဖွားကြတဲ့သူတွေ ဖြစ်ကြတယ်။ ပျိုလေးရဲ့ ရည်းစား မောင့်ကို မေထုန်ဖွားလို့ သတ်မှတ်ရမယ်။
-------------
၁. ရုပ်သွင်
-------------
သူတို့ တွေရဲ့ ကိုယ်ခန္ဓာအနေအထားဟာ သွယ်လျကျစ်လျစ်နေကြမယ်။ သူတို့ ရဲ့ ကြွက်သားတွေဟာ သန်စွမ်းလှပကြတယ်။ ဒါကြောင့် အရပ်ရှည်သည်ဖြစ်စေ၊ ပုသည်ဖြစ်စေ ကြည့်ကောင်းတဲ့ အသွင်ရှိမယ်။ သူတို့ မှာ ထူးခြားထင်ရှားတာက နက်ပြောင်နေတဲ့ မျက်လုံးတွေပဲ။
မျက်လုံးအရည်ရွှမ်းစို တောက်ပြောင်နေတဲ့အတွက် သူ့ ရဲ့ သွက်လက်ထက်မြက်မှုကို မြင်ရုံနှင့် သိနိုင်တယ်။ နှာခေါင်းနည်း နည်းကြီးတဲ့ဟန် ရှိမယ်။ သူ့ ဆံပင်တွေဟာ နည်းနည်းဖြစ်ဖြစ်ကောက်ပြီး လှိုင်းထနေတတ်တယ်။
---------------
၂. အမူအရာ
---------------
အသွားအလာ လျင်မြန်တယ်။ တစ်နေရာမှာလည်း ကြာကြာငြိမ်ငြိမ်နေလေ့မရှိဘူး။ တစ်နေရာမှာ ရပ်နေရင်းမှာတောင် အခြားတစ်နေရာကို လှမ်းမျှော်ကြည့်ချင်တဲ့ အမူအရာတွေ ရှိနေလိမ့် မယ်။ တစ်ခုခုကို အမြဲရှာဖွေနေတဲ့ဟန်နှင့် လှုပ်ရှားနေတတ်သူဖြစ်တယ်။ လူများများရှိတဲ့နေရာတွေထဲ ကို အမြဲဝင်ရောက်ရောနှောနေမယ်။
သူဟာ ဘယ်လိုနေရာမျိုးကို ရောက်နေ ရောက်နေ၊ ရောက်တဲ့နေ ရာရဲ့ စရိုက်နှင့် ကိုက်ညီတဲ့အမူအရာကို လိုက်လျောပြေပြစ်စွာ နေနိုင်တဲ့သူဖြစ်တယ်။ အင်မတန် အတု ခိုးမြန်တယ်။ အသံကိုလည်း လိုအပ်သလို တိုးတိုးကျယ်ကျယ် အမျိုးမျိုး ဖလှယ်ပြီး ပြောနိုင်တယ်။ သူ့ ကို ဘယ်တော့မှ သူ့ ပတ်ဝန်းကျင်နှင့် အဆင်မပြေတဲ့ အမူအရာနှင့် တွေ့ ရမှာ မဟုတ်ဘူး။ ပြေပြစ်အောင် ကို နေတတ်တယ်။
--------------
၃. စိတ်ထား
--------------
တိမ်လို ပြေးလွှာ မောင့်စိတ်ထားလို့ ပြောရမယ့် ပျို့ ရည်းစားပါပဲ။ ဘယ်တော့မှ တစ်ခု တည်း၊ တစ်မျိုးတည်းစိတ်ကို တွေ့ ရမှာ မဟုတ်ဘူး။ အမျိုးမျိုးနှင့် အမြဲတမ်း ပြောင်းလဲနေမယ့် သူပါ။
တစ်ခုတည်းကို စွဲလမ်းမှတ်သားတဲ့စိတ် မရှိတာကြောင့် လူကို မမှတ်မိတာတို့ ၊ နာမည်ကိုမေ့သွားတတ် တာတို့ ကတော့ ကြိုသိထားရင် စိတ်ဖြေသာပါလိမ့်မယ်။ အသစ်အဆန်းတွေကို ရှာဖွေနေသူဖြစ်တာမို့  ပျင်းအောင်မနေတတ်သူ ဖြစ်လိမ့်မယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ ထင်ထင်ရှားရှား ပေါ်ပေါ်လွင် လွင်ဖြစ်ချင်တဲ့ စိတ်ထားတွေ ရှိလိမ့်မယ်။
----------------------
၎. ဆန္ဒသဘောထား
----------------------
နေရာအသစ်တွေမှာ ပျော်မွေ့ ချင်သူဖြစ်တဲ့အတွက် အပြောင်းအလဲတွေ ခဏခဏ လုပ်လိမ့်မယ်။ တစ်နေရာတည်း စွဲစွဲမြဲမြဲ မနေချင်ဘူး။ ပျော်ပွဲ ရွှင်ပွဲတွေကို ရှာဖွေသားရောက်လိမ့်မယ်။ သူနှင့် လက်ငင်း တွေ့ နေသူရဲ့ စိတ်သဘောကိုတော့ အလွယ်နှင့် သိတတ်ပြီး လိုက်လျောတတ်တယ်။
ချိန်းထား တာတွေကိုလာချင်မှာ လာမယ်။ အချိန်မှန်လည်း ရောက်ချင်မှ ရောက်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ လက်ငင်း ကိစ္စတွေကို ဦးစားပေးနေရလို့ ဖြစ်တယ်။
--------------
၅. အကြိုက်
--------------
သူ ကြိုက်တဲ့အရာင်က မြစိမ်းရောင်နှင် အဝါရောင် အမျိုးမျိုးဖြစ်တယ်။ အဝါနု၊ အဝါရင့်၊လိမ္မော်ရောင်၊ ရွှေအိုင်ရောင်၊ ကြေးနီရောင်တွေအပြင် ခရမ်းပြေပြေ၊ အပြာရောင်နုနုကို ဒုတိယတန်းစား အဆင့်အနေနှင့် နှစ်သက်တယ်။ ဒီအရောင်တွေကိုလည်း ပြောင်းလဲဝတ်ဆင်သွားမှသာ နှစ်သက်တယ်။
အပြင်အဆင်လည်း ပြောင်းလဲ၊ ဒီဇိုင်းလည်း ပြောင်းလဲမှသာ သူ့ အကြိုက်ဖြစ်လိမ့်မယ်။ သူ့ အမြင်မှာ ရိုး လွန်း၊ အေးလွန်းနေရင် သူ ငြီးငွေ့ လာလိမ့်မယ်။ ညီမလေးရဲ့ အပြင်အဆင်ဟာ ဆံပင် အထုံးအဖွဲ့ က အ စ၊ မိတ်ကပ် အခြယ်အသ အထိ၊ အဝတ်အစား အဆုံး ပြောင်းလဲဝတ်စားဆင်ယင်မှသာ သူ့ စိတ်မှာမရိုး ဘဲ ရှိလိမ့်မယ်။
-----------
၆. အစား
-----------
ပျော်ပျော်ပါးပါး၊ လူစုံများများနှင့် စားသောက်နေချင်တဲ့ သူဖြစ်သလို ဟန်ကျ လှလှပပဝတ်ပြီး စားသောက်ချင်တယ်။ ချစ်သူတစ်ယောက်ယောက်ကလည်း သူ့ နားမှာရှိပြီး အကြင်နာစကားတွေ နှင့် ဖလှယ်ပြီး စားသောက်ချင်တဲ့ သူဖြစ်တယ်။
ဒါကြောင့် အစားအတွက် ငွေသုံးများလိမ့်မယ်။ ညီမလေး က ကိုယ်တိုင်ချက်ပြုတ်နေမယ်ဆိုရင် သူက ဝင်ကူပြီး ချက်ပြုတ်ပေးမယ့်အပြင် ပျော်စရာစားပွဲကလေး တစ်ခုဖြစ်အောင် စိတ်ရောကိုယ်ပါ ပါဝင်ကူညီလိမ့်မယ်။
-------------
၇. ရင်းနှီးမှု
-------------
လူမှုရေးလုပ်ငန်းတွေမှာ သူ့ ကို တွေ့ နိုင်ပြီး ဓာတ်ပုံကိစ္စ၊ ပန်းချီရေးဆွဲတဲ့ကိစ္စ၊ တီဗွီ၊ ရေဒီယို ဌာနဆိုင်ရာ ကိစ္စမျိုးတွေကို သူ့ ကို အကူအညီတောင်းပါ။ အလွန်စိတ်ဝင်တစားနှင့် ကူညီလိမ့်မယ်။ ဒါပေမယ့် နေရာတကာမှာ လျှပ်စီးလက်သလို ခဏကလေး အစွမ်းပြပြီး ပျောက်သွားတတ်တာကို သိနားလည်ရင်တော့ သူ့ ကို ရင်းနှီးမှု ခိုင်မြဲနိုင်တယ်။
သူ့ ရဲ့ ပျော်ရွှင်မှုတွေကို မသိဘာသာ လွှတ်ထားပြီးကိုယ်က အခြား သူငယ်ချင်းတွေနှင့် ပျော်အောင် နေပစ်လိုက်ရင် သူ သတိရတဲ့အခါ ညီမလေးဆီ ပြန်ရောက်လာမှာပါ။ ဒီလိုလည်း မျှော်လင့်ထားရမယ်။ သူ့ ကို ဘာမှပြိုင်မလုပ်ဘူးဆိုရင် အားလုံး အဆင်ပြေမှာပါပဲ။အသစ်နှင့်အဆန်းကို မက်မောသူရဲ့ ရင်းနှီးမှု လိုချင်ရင်တော့ ကိုယ်က အမြဲဆန်းသစ်နေရမယ်။
-------------
၈. ဝါသနာ
-------------
အကြံ ကြီးကြီးကျယ်ကျယ်တွေ ပြောပြလိမ့်မယ်။ နောက်တော့ ဘာမှ မလုပ်ပြဘူး။ ဒါကသူ့ ရဲ့ ဝါသနာတစ်ခု။ နောက်တစ်ခုက တစ်ပြိုင်တည်း နှစ်မျိုး၊ နှစ်ခု၊ နှစ်နေရာကို စိတ်ဝင်စားနေတာပဲ။ သူက နှစ်ခုစလုံး လုပ်နေနိုင်တဲ့ အစွမ်းကိုဖော်ကျူး ချင်တဲ့ ဝါသနာရှိတယ်။
အပျော်အပါး၊ အဆိုအတီး၊သဘင်ရုပ်ရှင်တွေကို အထူး ခုံမင်ပေမယ့် မိန်းမတွေကို မပွေရှုပ်တတ်ဘူး။ လူရှေ့ သူရှေ့ လူအမျိုးမျိုးလဲ ပြီးတွဲနေရရင် ကျေနပ်နေတဲ့ ဝါသနာရှိနေတယ်။ တစ်ယောက်တည်းလည်း မနေတတ်ဘူး။ တစ်ပုံစံ၊ တစ်ဦးတည်းကို ဇောက်ကျ သတ်မှတ်တွဲတဲ့ အကျင့်လည်း မရှိဘူး။
-----------
၉. စရိုက်
-----------
စာအုပ်တွေဖတ်တဲ့ အကျင့်စရိုက်တော့ စွဲစွဲမြဲမြဲ ရှိတတ်တယ်။ သူတစ်ဦး ကို သိလွယ်၊ နားလည်လွယ်၊ အကင်းပါးလွယ်တဲ့အတွက် လိုက်လိုက်လျောလျောပြုမူမြဲ ဖြစ်တယ်။ မကြိုက်ရင် ခေါင်းမာတတ်တယ်။ သူ ဒေါပွပေမယ့် မကြာဘူး။ ပြန်လာပြီး ခေါ်ပြောလိမ့်မယ်။ အမှတ်အတေးတော့ မရှိဘူး။ကလဲ့စား ပြန်ချေတတ်တဲ့ စိတ်လည်း မရှိဘူး။
သူ ပျော်သလိုနှင့် လွတ်လပ်သလို နေတတ်တဲ့ စရိုက်ကိုပီပြင်စွာ ကျင့်သုံးလိမ့်မယ်။ သူ့ ကို သိပ်ဂရုစိုက်တာရော၊ သိပ်ဝေဖန်တာကိုရောမကြိုက်ဘူး။ ဘာသိ ဘာသာနေပြီး အဖော်အဖြစ်နှင့် အနားမှာရှိနေရုံပဲ လိုလားတယ်။ သြဇာပေးလို့ မရဘူး။ ကုသိုလ်ပြုလိုစိတ် နှင့် နှမြောတဲ့စိတ် နှစ်မျိုးစလုံးရှိတတ်ပြီး တစ်ခါတစ်ရံ ခေတ်အလွန်ဆန်ပြီး အချို့ နေရာမှာ ရှေးအလွန့် အလွန် ဆန်နေသောစရိုက် အထူအဆန်းကို တွေ့ ရမယ်။
---------------------
၁၀. အတွေးစိတ်ကူး
---------------------
အသွင်အမျိုးမျိုးနှင့် လှပနေတဲ့ ဘဝလေးကို စိတ်ကူးဖန်တီးချင်တဲ့သူ ဖြစ်တယ်။ သူ့ ကိုယ်တိုင်လည်း လှပသပ်ရပ် ကြော့ရှင်းအောင် နေသလို သူ့ ဘေးက ပါတဲ့သူကိုလည်း ဒီလိုပဲ လှပသပ်ရပ်နေ စေချင်တယ်။ သူ့ အတွေးအမြင်မှာ ရိုးသွား ရင် ပြောင်းပစ်လိုက်ဖို့ ၊ ထားပစ်ခဲ့ဖို့ နှေးမယ့်သူ မဟုတ်ဘူး။
ရုပ်ရှင်၊ ပြဇာတ်တွေထဲက ဘဝမျိုးကို အားကျစိတ်ကူးယဉ်နေတတ်သူ ဖြစ်တယ်။ ဇဝန ဉာဏ်ရှိပြီး တက် ကြွထက်မြက်သူဖြစ်လေတော့ သူ့ အတွေးတွေဟာ အမြဲ ပြောင်းလဲနေလိမ့်မယ်။ လုံခြုံ စိတ်ချရတဲ့ အိမ် ထောင်သည်ဘဝကို မျှော်လင့်ချက်တော့ထားသူ ဖြစ်တယ်။

* ကရကဋ် ရာသီ > CANCER *
ဝါဆိုလဖွား June 22nd to July 23nd
******************************
June - 22nd > ရက်နေ့ က July - 23nd > ရက်နေ့ အတွင်းမှာ ပျိုလေးရဲ့ ချစ်သူမောင်..ကို မွေးဖွားတယ်ဆိုရင် သူ့ ကို “ကရကဋ်” ရာသီဖွားလို့ သတ်မှတ်ရမယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ ကဏန်းရုပ်ပုံကို သရုပ်ဖော်တဲ့ ရာသီအရုပ်ဖြစ်နေတာကြောင့် ကဏန်းကောင်ကို အစွဲပြုပြီး ခေါ်ထားတာ ဖြစ်တယ်။ ရေဓာတ်စိုးမိုးပြီး တနင်္လာဂြိုဟ် ကြီးစိုးနေချိန်ဖြစ်တယ်။ မြန်မာပြက်ခဒိန် မှာတော့ ဝါဆိုလလို့ သတ်မှတ်တယ်...။
------------
၁. ရုပ်သွင်
------------
အရပ်အမောင်း အလယ်အလတ်ရှိတတ်တယ်။ တချို့  အရပ်ပုတဲ့သူတွေဖြစ်တယ်။ မျက်နှာပြည့်ဝပြီး လည်းပင်းသား ဖြည့်ဖြိုးတတ်သူတွေ ဖြစ်တယ်။ အသားရောင်ဖြူတဲ့သူ များတယ်။ နှာခေါင်းဟာ ရှည်ပြီး အနည်းငယ် ကောက်သယောင် ဖြစ်နေတတ်တယ်။ နှာခေါင်းပေါ်လွင် လှပကြတယ်။ ခြုံကြည့်ရင် အရုပ်ဆိုးအကျည်းတန်တဲ့ အသွင်ကို မတွေ့ ရတဲ့အတွက် လူရည်သန့် အသွင် ရှိနေမယ်...။
--------------
၂. အမူအရာ
--------------
သူတို့ လှုပ်ရှားမှုတွေဟာ လျင်မြန်တယ်။ သွားလာတဲ့အခါလည်း မြန်တယ်။ ဖြည်းဖြည်းသွားပါ လို့ ပြောရလောက်အောင် မြန်တယ်။
သူ့ မျက်နှာမှာ သူ့ ရဲ့ ခံစားမှုကိုအမြဲဖော်ပြနေတယ်။ ဟန် မဆောင်တတ်ဘူး။ တစ်ခုခုကို အာရုံပြုနေရင်လည်း တခြားလောကကို ဘာမှန်းမသိတော့ဘူး။ တစ်နေရာတည်းကိုပဲ အာရုံစူးစိုက် နေတတ်တယ်။ ပျော်ရွှင်တဲ့အခါ စကားတွေဆိုပြီး တက်ကြွနေတတ်ပေမယ့် စိတ်ထိခိုက်သွားရင် ငြိမ်သက်တိတ်ဆိတ်ပြီး ဘယ်သူ့ ကိုမှလည်းစကားမပြောတော့ဘဲ ဘာကြောင့်လဲ ဆိုတာတောင် မပြောတော့ဘဲ ငြိမ်သက်သွားရော...။
-------------
၃. စိတ်ထား
-------------
စိတ်ကူး နုနယ်ပြီး စတ်ကူးယဉ်တဲ့ အတွေးတွေကြောင့် သူ့ ရဲ့ စိတ်ထားဟာလည်း နူးညံ့နေတတ်တယ်။ အများနှင့် ညှိနှိုင်းပြေပြစ်အောင် ကြိုးစားတယ်။ သူဟာ သူ့ ရဲ့ အစွမ်းအစတွေကို ချီးမွမ်းပြောဆိုရင် နှစ်သက်တတ်ပေမယ့်သူ့ ကို နှိမ်ချိုးရင်တော့ အလွန် စိတ်နာတတ်တယ်။ စိတ်ပျက်ဝမ်း နည်းနေရင် ဘယ်သူ့ ကိုမှ ဖွင့်မပြောတတ်ဘူး။ တစ်ယောက်တည်း သည်းခံတယ်။
သူတစ်ပါးကိုတော့အမြဲကူညီလိုတယ်။ ထောက်ပံ့တတ်တယ်။ ကြင်နာယုယ ဂရုစိုက်တယ်။ အဲဒါ သူ့ ကိုလည်း ဂရုစိုက်စေချင်လို့ ပဲ။ ဒါပေမယ့် နှုတ်ကတော့ ဘယ်တော့မှ ထုတ်မပြောဘူး။ သူ့ ရဲ့ စတ်ထားက လဆန်းရက် တွေမှာ တက်ကြွလှုပ်ရှားနေသလောက်လကွယ်ရက်တွေမှာ နှေးကွေးငြိမ်သက်နေတယ်။ စိတ် အတက်အကျ အမြဲရှိနေတတ်တယ်။ သူ့ ကို တကယ်ချစ်တဲ့သူကို သူ သိတယ်။ အဲဒီအခါမှာ တခြား ဘယ်သူ့ ကိုမှဂရုစိုက်တော့ဘူး။ သူ့ စိတ်ဟာ တည်တံ့ ခိုင်ခံ့တယ်...။
------------------------
၎. ဆန်ဒသဘောထား
------------------------
မိမ်ကိုယ်ကို သိပ်အားကိုးတတ်ပြီးဝီရိယသိပ်ကြီးတယ်သူတစ်ပါးကိစ္စတွေကိုပါကူညီတတ် တဲ့အတွက် သူ့ မှာ မအားရမနားရဖြစ်နေတယ်။ သူလိုချင်တဲ့ ဘဝကို ဖန်တီးယူတတ်တယ်။ အဲဒီအတွက် အချိန်ကိုစောင့်ပြီး လုပ်တတ်တယ်...။ သူ့ ချစ်ချင်သူတွေအတွက် သူက ဖန်တီးပေးရမယ်လို့ သဘောထားရှိပြီးတာဝန်ယူတတ်တယ်။
သူ ချစ်တဲ့သူတွေအတွက် အားလုံး ပြည့်စုံစေချင်တယ်။ သူ၏တစ်ပါးက သူ့ ကို မကောင်းကြံရင် သူ ပြန်ပြီး မတုံ့ ပြန်တတ်ဘူး။ ရှောင်ထွက်တတ်တယ်။ အသိုက်အမြုံကို ခင်တွယ်တတ်တယ်။ ဓလေ့ထုံးစံတွေကို လေးစားတတ်တယ်...။
--------------
၅. အကြိုက်
--------------
သူ့ ကို ဂရုစိုက်တာကြိုက်တယ်။ ချိုချိုသာသာ ပြောတာကိုပဲ လိုလားတယ်။ စကားပြောတဲ့အခါ သူကိုယ်တိုင်က ချိုချိုသာသာ နူးညံ့စွာ ပြောတတ်တယ်။ ချစ်ခင်သူနှင့် စားသောက်ရတာကို ပျော်ရွှင်တယ်။ ဒါကြောင့် ပါတီပွဲတွေ၊ စားသောက်ပွဲလေးတွေကို ဖန်တီးပေးရင် သူ့ အကြိုက်ပဲ။ ပျော်ပျော်ရွှင်ရွှင်လာပြီးဆင်နွဲလိမ့်မယ်။ ချစ်သူရဲ့ အလှအပ ပြင်ဆင်မှုမှာတော့ “ရိုးရိုးလေးသာ ဝတ်ခဲ့ပါ” ဆိုတဲ့ သီချင်းလေးထဲကလို ခေတ်ရှေ့ ပြေးတဲ့ ဖက်ရှင်ကို မကြိုက်တဲ့ လူစားဆိုတာ သတိထားရလိမ့်မယ်...။
ဒါပေမယ့် ရွေးရမယ့် အရောင်လေးတွေက ကဗျာဆန်ဆန် ယဉ်ယဉ်နွဲ့ နွဲ့ အရောင်လေးတွေဖြစ်တဲ့ ငွေရောင်၊ နို့ နှစ်ရောင်၊ မဖြူ၊ အစိမ်းနုလေး၊ လိမ္မ်ာနုလေး၊ နံ့ သာရောင်၊ ပန်းဖျော့၊ ခရမ်းဖျော့လေးတွေ ဖြစ်တယ်။ အင်္ကျီအစတွေဟာ နူးညံ့တဲ့ပိတ်ချောနှင့် ပျော့ပျော့ အသားလေးတွေနှင့် အဆင်အသွေး မရှုပ်ထွေးတဲ့ အဆင်တွေဖြစ်ရမယ်...။
-----------
၆. အစား
-----------
ကိုယ်တိုင် ချက်ပြုတ်တတ်ရင် မိသားစု အိမ်တွင်ထမင်းစားဝိုင်းကို သူကပိုပြီး မျှော်လင့်တယ်။အရသာကောင်းတဲ့ စားဖွယ်ရာတွေကို လရောင်အောက်ကွပ်ပျစ်ကလေးမှာ ဖြစ်ဖြစ်၊ ရှင်းလင်းအေး ဆေးတဲ့ ကွင်ပြင်ကျယ်လေး၊ ပင်လယ်ကမ်းနား နေရာလေးလို အေးချမ်းငြိမ်သက်တဲ့ နေရာလေးမှာ ချစ်ခင်သူလေးနှင့်စားသောက်နေတတ်တယ်။ အစားကို အလွန်ဂရုစိုက်ပြီး ကောင်းတာမှ စားချင်တယ်။
မကြိုက်ရင် မစားဘူး။ ကိုယ်က မချက်တတ်ရင် ကောင်းကောင်းဝယ်ကျွေးဖို့ ကို သတိရှိရလိမ့်မယ်...။ သူကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်တာကို ဝါသနာရှိတယ်။ ဒါပေမယ့် ချစ်သူကပြင်ဆင်ပြီး စောင့်နေတာကို လိုလားတယ်...။
------------
၇. ရင်းနှီးမှု
------------
သူဟာ အလုပ်ကို လေးစားတတ်ပြီး နေ့ လည် နှစ်နာရီနောက်ပိုင်းမှာ ချစ်ခင်သူတွေကို မျှော်လင့်တယ်။ ညနေ ငါးနာရီနောက်ပိုင်းမှာ ဆွေးဆွေးနွေးနွေးအချိန်ပေးရင် သူ့ ရဲ့ နှစ်သက်တဲ့ အချိန် တွေမို့ ရင်းနှီးမှု ပိုရနိုင်တယ်။
အစားကောင်း ချက်တတ်ရင် သူ့ အတွက် မိသားစုဝင် အိမ်ကလေး တစ်အိမ်လို သဘောထားပြီး ဝင်ထွက်လိမ့်မယ်။ သူက အားကစား၊ စာပေရေးရာနှင့်ကူးသန်းရောင် ဝယ်ရေးကိစ္စတွေ စိတ်ဝင်စားတာမို့ အဲဒါတွေ ဆွေးနွေးနိုင်ရင် သူ့ ရဲ့ ရင်းနှီးမှုကို ရမှာပဲ...။
------------
၈. ဝါသနာ
------------
ရေလမ်းခရီး၊ ရေနှင့် နီးစပ်တာတွေ ဝါသနာပါတယ်။ အလုပ်တွေကို နေရာများစွာ ပြောင်းလဲ လုပ်ကိုင်လိုတယ်။ တစ်နေရာတည်းမှာ ကြာကြာ မလုပ်လိုဘူး။ စာပေရေးသားမှုမှာ ဝါသနာရှိတယ်။ အလုပ်နေရာ ပြောင်းရွှေ့ လွန်းသဖြင့် ဥစ္စာ ကုန်ခမ်းတတ်တယ်။
မစုမိတတ်ဘူး။ အလုပ်သစ်တိုင်းကို ဝါသနာသန်စွာ စမ်းသပ်ပြုလုပ်လိုတယ်။ အောင်မြင်နေလျှင်ပင် ဝါသနာအလျောက် အခြားတစ်ခုကို ပြောင်းပစ်တတ်တယ်။ ဤအချက်၏ အားနည်းချက်ကို ညီမငယ်လေးက သတိပေးဖို့ လိုလိမ့်မယ် ထင်တယ်။ အရက်သေစာ သောက်စားတာ ဝါသနာ မရှိဘူး။ လူကြီးများကို ရိုသေလေးမြတ် ပြုတတ်တယ်...။
----------
၉. စရိုက်
----------
ပညာ၊ သီလဂုဏ်ကို ထိန်းသိမ်းတယ်။ အမိကို လွန်စွာ ရိုသေတတ်တဲ့အတွက် ညီမလေးတို့ က ယောက္ခမကြီးနှင့် အဆင်ပြေဖို့ ကို ဦးစားပေး ကြိုးစားရလိမ့်မယ်။ သူဟာ မကြိုက်တာ ကြိုက်တာကို ဖွင့်မပြောဘဲ မြုံစိစိ လုပ်နေတတ်တဲ့အတွက် ချစ်ခင်သူတွေရဲ့ အထင်လွဲခြင်းကို မကြာခဏ ခံရတယ်။ အမိ၊ ဇနီးမယားနှင့်သမီးများကို ခင်တွယ်ပြီး အရေးပေးတတ်တယ်။ ချူစ်သူကို လွန်စွာ ဂရုစိုက်တတ်တယ်။ ချစ်သူက သူ့ ကို ပြန်ဂရုစိုက်တာကိုလည်း တုံ့ ပြန်လိုလားတယ်။ အာဏာပြပြီး ခိုင်းတယ်ထင်ရင်တော့ ဘယ်သူ့ ကိုမှ ဂရုမစိုက်တတ်ဘူး...။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
ပြည့်စုံနွေးထွေးတဲ့ သီရိဂေဟာကလေးကို သူမျှော်မှန်းတယ်။ အဲဒီအတွက်လည်း အမြဲကြိုးစားတယ်။ အိမ်ဟာ ပျော်စရာ ကမ္ဘာလေးလို့ ယူဆထားသူမို့ နွေးထွေးတဲ့ မိသားစု အတွေးတွေဟာအမြဲ လွှမ်းမိုးနေတယ်။ ချစ်သူအတွက် မိသားစု အိမ်ကလေးကို အလျင်ဖန်တီးပေးချင်တဲ့ စိတ်ကူးတွေ အမြဲရှိတယ်။ ကြိုးစားမှုလည်းပြုလိမ့်မယ်။ အချစ်ဟောင်းတွေ အဖြစ်ဟောင်းတွေကို ပြန်ပြော မပြတတ်ဘူး။ သစ္စာရှိတဲ့ အချစ်ကိုတော့ လိုက်ရှာတတ်တယ်။ စိတ်တိုင်းကျမှ ချစ်သူအဖြစ်ရွေးတယ်။

* သိဟ် ရာသီ > LEO *
ဝါခေါင်လဖွား > July 24th to August 23nd
**********************************
မြန်မာလအခေါ် ဝါခေါင်လမှ ကောင်းကင်မှာ သရုပ်ဖော်တဲ့ အရုပ်က “ သီဟ ”လို့ ခေါ်တဲ့ ခြင်္သေ့ရုပ်ပုံရှိတာ မို့ သိဟ်ရာသီလို့ သတ်မှတ်ကြတယ်။ အင်္ဂလိပ်ရက်ကတော့ July - 24th ရက်က August - 23nd ရက်နေ့ အတွင်းမွေးဖွားသူတွေ ဖြစ်တယ်။ တနင်္ဂနွေဂြိုဟ် ကြီးစိုးပြီး မီးဓာတ်အားကောင်းနေချိန်မှာ မွေးဖွားသူတွေလည်း ဖြစ်တယ်..။အဲဒီ အချိန်မှာမွေးတဲ့ ပျိုတို့ မောင်ကို သိဟ်ရာသီဖွားလို့ ခေါ်ဆိုရမယ်....။ ------------
၁. ရုပ်သွင်
------------
ဘယ်လို အရပ်အမောင်းပဲ ရှိပါစေ။ သူတို့ ရဲ့  ရင်အုပ်တွေဟာ စွင့်ကားဝင့်ကြွားနေဟန် ရှိကြတယ်။ဒါကြောင့်လည်း သူဟာ ခွန်အားကြီးမားတဲ့သူရဲ့ ဟန်ပန်ကို ဆောင်နေတယ်။ ကြွက်သားတွေ ကျစ်လျစ်သန်မာတတ်ကြတယ်..။
အထူးသဖြင့်မေးရိုးကြီးတဲ့အတွက် သူ့ မျက်နှာ ခံ့ညားတဲ့အသွင်ကို ဆောင်နေတတ်တယ်။ အချို့ ဝါခေါင်ဖွားတွေရဲ့ မျက်စိများဟာ နီကြန်ကြန် အဆင်းကို ဆောင်ထားတတ်ကြတယ်။ ရဲရင့်ဝင့်ကြွားတဲ့ အသွင်ကို ဆောင်နေတဲ့ ယောက်ျားပီသတဲ့ ရုပ်သွင်ရှိနေမယ်။ အထူးခြားဆုံးကတော့ သူ့ ရဲ့ ဆံပင်တွေပါပဲ။ သိပ် ကြည့်ကောင်းမယ်....။
--------------
၂. အမူအရာ
--------------
ကြောင်ကလေးတစ်ကောင်လို သိမ်မွေ့ စွာ ရွေ့ လျားသွားလာတတ်တယ်။ ရင်ကို မော့ချီးပြီး လျှောက်တတ်တယ်။ အရာရာကို ရဲဝံ့စွာ ရင်ဆိုင်မယ်ဆိုတဲ့ အသွင်ကိုဆောင်နေလိမ့်မယ်။ အရှိန်အဝါ အမူအရာကြောင့် သူ့ ပတ်ဝန်းကျင်မှာ သူ့ ဟန်ပန်ဟာ လွမ်းမိုးနေလိမ့်မယ်။
စကားပြောတဲ့အခါမှာ အမူအရာဟာ ညင်သာပြီး အသံဟာနူးညံ့ပျော့ ပျောင်းတဲ့ လေသံကလေးနှင့် စကားဆိုတတ်တယ်။ တည်ကြည်ငြိမ်သက်တဲ့ဟန်ရှိပေမယ့် ခံ့ညားစွာ နေတတ်တယ်။ --------------
၃. စိတ်ထား
--------------
အကောင်းမြင် ဝါဒသမားဖြစ်တဲ့အတွက် သူ့ စိတ်ထားဟာ အနုပညာဉာဏ်ရှိပြီး မြင့်မြတ်စိတ်ထားသူ ဖြစ် တယ်။ ချစ်ခင်တတ်၊ သံယောဇဉ်ကြီးတတ်တယ်။ သူ့ ကိုယ်သူ သူတစ်ပါးအတွက် ပါရမီဖြည့်ပေးနိုင်သူအဖြစ် အထင် ရောက်နေတတ်တဲ့ ပီတိရှိနေတယ်။
ဒါကြောင့် သူတွေးတဲ့ အကြောင်းအရာနှင့် လုပ်ကိုင်တဲ့နေရာမှာ လွတ်လပ်စွာတွေးတောကြံဆတယ်။ တစ်ခါတစ်ခါမှာတော့ သူတစ်ပါးကို သူတကာထက် ခေါင်းတစ်လုံး ပိုနေရာ ယူချင်တာက သူ့ စိတ်ထားပဲ....။
----------------------
၎. ဆန္ဒသဘောထား
----------------------
ပြင်ပလောကကို ကျယ်ကျယ်ပြန့် ပြန့်  လေ့လာစူးစမ်းလိုသူ ဖြစ်တယ်။ သူတစ်ပါးကို ကူညီတတ်တယ်...။သံယောဇဉ်ကြီးတဲ့အတွက် သူက တာဝန်ယူဖြေရှင်းပေးချင်တဲ့သူ ဖြစ်တယ်။ ဒါပေမယ့် သူ့ နားမှာ အဲဒီသူဟာ သိတတ်စွာ နေပေးဖို့ လိုတယ်။
သူဟာ သူ့ နားမှာနေရတဲ့ သူကို ဂရုစိုက် ကူညီပေးနေရတဲ့ သူ ဆိုတဲ့အသိနှင့် လောကကြီးကို ပီတိဖြစ်နေသူဖြစ်တယ်။ သူ့ ကို ဂရုစိုက်တာ ကောင်းချီးပေး ချီးမွမ်းတာတွေကို ခံယူလိုသူဖြစ်တယ်။ သူတကာကို လွှမ်းမိုးလိုသူလည်းဖြစ်တယ်....။
-------------
၅. အကြိုက်
-------------
ရွှေဝါရောင်၊ ရွှေအိုရောင်၊ ကြေးနီရောင်တွေဟာ သူနှစ်သက်တဲ့ အရောင်တွေပဲ။ ခပ်ငြိမ်ငြိမ်အရောင်တွေထဲက အညိုရောင်ကိုလည်း သူ ကြိုက်တယ်။ တောက်ပြောင်လွန်းတဲ့ အရောင်တွေကို မကြိုက်ဘူး။ အပြင်ကို သွားလာလည်ပတ်ဖို့ ကို နေ့ အချိန်ကို နှစ်သက်တယ်။ အစား ရွေးရာမှာ၊ နေရာ ရွေးရာမှာ ကောင်းတာမှ ကြိုက်တယ်။ရုပ်ရှင်ရုံဆိုရင် ပထမတန်းစား နေရာမှ၊ အစားအတွက်လည်း ဆိုင်ကောင်းကောင်း၊ အစား ကောင်းကောင်းမှ ရွေးချယ်လိမ့်မယ်။
သူ့ ကို ဘယ်သွားရအောင်လို့ ပြောတာထက် ဘယ်ကို သွားသင့်တယ်ဆိုတာ စီစဉ်ပါဦးလို့ သူ့ ကို နေရာပေးလိုက်တာမျိုးကို သူ ကြိုက်တယ်။ သူ မကြိုက်တာက ငြင်းခုံတာတို့ ၊ ချွဲချွဲပျစ်ပျစ် ပြောတာတို့ ။ စိတ်ကောက်တာတို့ ကို လုံးဝမကြိုက်ဘူး။ ဝတ်စားပြင်ဆင်ရင်လည်း ခံ့ခံ့ညားညား၊ သပ်သပ်ရပ်ရပ်၊ ယဉ်ယဉ်ကလေး ပြင်ဆင်တာကို သဘောကျတယ်။ ခေတ်ဆန်တာ၊ ရှုပ်ပွဆန်းသစ်တာတွေ မနှစ်သက်တတ်ဘူး။
-----------
၆. အစား
-----------
နေ့ ဘက်မှာ ဆိုင်ကောင်းကောင်းတွေနှင့် အစား ကောင်းကောင်းစားပြီးချစ်ခင်သူကို ဘေးမှာထားပြီး သူပြောတာတွေ နားထောင်ပြီး ဂရုတစိုက် အင်း...လိုက်ပေးမယ့် ချစ်သူမျိုးနှင့် အစာ စားပြီး နားနေချင်သူဖြစ်တယ်.....။
သူ့ ကို ဆန့် ကျင်ဘက်စကား မဟုတ်ပါဘူး...လို့ ပြောတာကို လက်မခံနိုင်ဘူး။ နည်းနည်းတော့ မာန ကြီးတယ်......။အစား စားနေချိန်မှာလည်း သူပြောတာကို စူးစူးစိုက်စိုက် နားထောင်နေမှကြိုက်တယ်။ အခြား အာရုံပြောင်းထားရင်၊သတင်းစာ ဖတ်နေရင် သိပ် စိတ်ဆိုးတယ်။ အစာ စားနေရင်း သူ့ စကား နားထောင်မယ့်သူကို မျှော်လင့်နေသေးတာ....။
------------
၇. ရင်းနှီးမှု
------------
ကူညီတတ်၊ ညှာတာတတ်၊ ဦးဆောင်တတ်သူမို့  သူ့ ကို အကူအညီတောင်းခြင်း၊ ဦးဆောင်ပေးဖို တာဝန်ပေးအပ်ခြင်းတွေနှင့်ရင်နှီးမှု ရစေမှာပါ။ သူက တာဝန်ယူနေတဲ့အခါလည်း လုံးဝဥဿုံ ယုံကြည်ထားလိုက်ပါ။
ကိုယ်ကဝင်ပြီး ဆရာလုပ်လို့ ရှိရင် ပြေလည်မှာ မဟုတ်ဘူး။ ဘာသာစာပေ လိုက်စားသူမို့ စာပေရေးရာ၊ ဘာသာရေးရာကို ဆွေးနွေးနိုင်ရင် သူနှင့် ရင်းနှီးမှု ရနိုင်ပါတယ်။ သူ့ ရဲ့  သိက္ခာ၊ ဂုဏ်၊ ပညာနှင့် ပတ်သက်ပြီး မယုံသင်္ကာရှိခြင်း၊ စော်ကား အထင်သေးမိခြင်းရှိရင် သူ့ ရဲ့  ဒေါသကို ပြင်းထန်စွာတွေ့ ရမယ်။ ဒါကြောင့် ဘယ်တော့မှ သူ့ ဂုဏ်သိက္ခာကို မထိခိုက်လေနှင့်...။
------------
၈. ဝါသနာ
------------
လယ်ယာ တောတောင်တွေကို လှည့်ပတ်သွားလာတာ ဝါသနာပါတယ်။ လွတ်လပ်စွာ လှုပ်ရှားသွားလာရကို ဝါသနာရှိတယ်။ သစ်တောဌာနတွေမှာ တာဝန်ယူတတ်တယ်။ ဇွဲ၊ လုံ့ လနှင့် သည်းခံမှုတရားရှိတဲ့အတွက် အားက စားလို လုပ်ငန်များမှာလည်း အချိန်ယူ ကစားရတဲ့ပွဲမျိုးကို နှစ်သက်တယ်။
ဒါပေမယ့် ဘယ်နေရာ သွားသွားအနားမှာ နေပါကွယ် ဆိုတဲ့ သီချင်းလေးလိုပဲ သူ ချစ်တဲ့သူ တစ်ဦးကို အနားမှာအဖော်အဖြစ် ပါဝင်ပြီးမှ သူ လုပ်ချင်တာတွေကိုလုပ်တတ်တယ်။ တစ်ယောက်တည်းအလုပ် မလုပ်ချင်ဘူး။ ဒါပေမယ့် သူက ဦးဆောင်ရတာကိုလည်း ဝါသနာရှိတယ်။
-----------
၉. စရိုက်
-----------
သူတစ်ပါးကို စူးစမ်းချင်တယ်။ မနာလို ဝန်တိုချင်တဲ့ စိတ်ရှိတယ်။ သူ မပါဘဲ၊ သူ မရှိဘဲနေတဲ့ အချိန်မှာ သူ့  ချစ်သူက ဘာတွေ လုပ်နေတယ်၊ ဘယ်သူနှင့် စကားပြောတယ်၊ ဘယ်သွားတယ်၊ အဲဒါတွေကအစ ပြောပြမှ ကြိုက်တယ်။ သူတစ်ပါးကို သူ မပါဘဲ ပျော်ရွှင်တာကို နည်းနည်းသဝန်တိုတတ်တယ်။
ငြူစူတတ်တယ်။ အဲဒါကတော့ ကလေးဆန်လှတယ်။ သူ့ ကို သူ မရှိတုန်း ဘာတွေလုပ်ကိုင်နေကြောင်း မမေးခင်က ပြောပြထားရင် သူ ကျင်နပ်တယ်။ သူတစ်ပါးကို (လွတ်လပ်ခွင့်ကို) ဝင် စပ်စုတတ်တာပေါ့။ အဲဒီ စရိုက်ကို နားမလည်ရင် သူ့ ကို ဆက်ဆံရတာစိတ်ညစ်စရာဖြစ်မယ်....။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
သူ့ ရဲ့ အချစ်နတ်သမီးဟာ ဘယ်လို လှပကြော့ရှင်းရမယ်၊ ဘယ်လိုပြုစုယုယလိုက်မယ် စသဖြင့် အတွေးစိတ်ကူးနှင့် မြူးနေတတ်တဲ့ သူ ဖြစ်တယ်။ ချစ်သူအတွက် ဘာနှင့် လဲရ လဲရ၊ ဘယ်လောက် ကုန်ကျကျ တာဝန်ယူချင်သူ ဖြစ်တယ်။ အချစ်ကို ကိုးကွယ်တတ်တယ်။ သူ့ ရဲ့ ယောက်ျားပီသတဲ့ဟန်နှင့် ဆန့် ကျင်စွာအချစ်ရေးရာကို နူးညံ့စွာမျှော်လင့်တတ်တယ်။ အလွန် လိုက်လျောတတ်တယ်။ ဒါကြောင့်လည်း သူ ရွေးတဲ့အခါ မှန်ကန်စွာ ရွေးမိတတ်မှု နည်းတယ်....။

* ကန် ရာသီ > VIRGO *
တော်သလင်းလဖွား August 24th to September 23rd
******************************************
အင်္ဂလိပ်ပြက္ခဒိန်တွေမှာ August- 24th ရက်နေ့ က September- 23rdရက်နေ့ အတွင်းမွေးဖွားတဲ့သူတွေ ကို ကန်ရာသီဖွားလို့ ခေါ်တယ်။ အဲဒီအချိန် ကောင်းကင်က ရာသီခွင်ရုပ်ပုံဟာ ပျိုကညာ ရဲ့ ရုပ်ပုံရှိတယ်။ ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးချိန်နှင့် မြေဓာတ်ကြီးစိုးချိန် ဖြစ်နေတယ်။ မြန်မာလ အခေါ် အဝ်ါက တော်သလင်းလလို့ သတ်မှတ်ကြတယ်။ ဒီအချိန်အတွင်း မွေးဖွားတဲ့ ပျိုလေးရဲ့ မောင်ကို ကန်ရာသီဖွား လို့ ခေါ်ကြရမယ်...။
------------
၁. ရုပ်သွင်
------------
အရပ်မြင့်လွန်းသူ၊ နိမ့်လွန်းသူစာရင်းထဲမှာ ဘယ်တော့မှမပါတဲ့ အလယ်အလတ် ရှိကြမယ်။ ရင်ကြွက်သားတွေမြင့်မောက်နေတတ်တယ်။ ပခုံး လက်မောင်းတွေ ပြေပြစ်စွာ ရှိနေတယ်။ ကြမ်းတမ်းတဲ့ သွင်ပြင်မရှိဘူး။ သူ့ ရုပ်သွင်မရှိဘူး။
သူ့ ရုပ်သွင်မှာ အေးဆေးတာနှင့် တက်ကြွတာ နှင့်ခု ပေါင်းဆုံးခြင်းရှိတဲ့ သူမျိုးဖြစ်တယ်။ တက်ကြွရွှင်ပြုံးနေတဲ့မျက်လုံးတွေကို အမြဲလိုလို တွေ့ ရမယ်။ ဒါကြောင့်သူနှင့် တွေ့ တဲ့သူဟာလည်း အဲဒီမိက်လုံးတွေကိုပဲယုံကြည်မျှော်လင့်ပြီး နေမိတတ်တယ်။ ရုပ်သွင်လှပတယ်ဆိုတာထက် အလွန်ဆွဲဆောင်စည်းရုံးထားတဲ့ ရုပ်သွင်ရှိနေတယ်ဆိုရင် ပိုမှန်လိမ့်မယ်....။
--------------
၂. အမူအရာ
--------------
သူ ဘာဖြစ်နေသလဲလို့ အကဲခတ်လို့ မရအောင် သူ့ ရဲ့ အမူအရာတွေဟာတည်ငြိမ်အေးဆေး နေတတ်တယ်။အမြင်နှင့်လည်း သိပ်ခင်သွားပြီလို့ မထင်နိုင်ဘူး။ သူက လူတစ်ဦးရဲ့  ပခုံးနားကို လက်ရောက်သွားလို့ ပခုံးဖက်လိုက်မှာလားလို့ ထင်နေတုန်းမှာပဲ ပခုံးပေါ်က အမှိုက်ကလေးကို ဖယ်ပေးတာမျိုး ဖြစ်နေတတ်တဲ့ လူစားပါ။
မှန်းဆရခက်ခဲတဲ့အမူအရာတွေ ရှိတယ်။ စိတ်ဝင်စားတာရှိရင်လည်း ဘယ်တော့မှ အဲဒီနေရာကို ကွက်ပြီး မသွားတတ်၊ မပြုမူတတ်တဲ့သမားရိုးကျ တခြားသူတွေနှင့် ရောနှော ဆက်ဆံရင်းက သူ လုပ်ချင်တာကို ရောနှောပြုလုပ်သွားတဲ့ လူစားဖြစ်တယ်။သူ့ ကို တုန်လှုပ်ချောက်ချား၊ အမူအရာ ပျက်တာမျိုးကို ဘယ်တော့မှ တွေ့ ရမှာ မဟုတ်ဘူး။ အမူအရာနှင့် အကဲခတ်လို့ မရနိုင်ဘူး....။
-------------
၃. စိတ်ထား
-------------
လူပေါင်းစုံနှင့် ရှုပ်ယှက်ခတ် ပေါင်းသင်းတတ်တယ်။ ဒါပေမယ့် ပါတီပွဲတွေ မကြိုက်ဘူး။ သူ တစ်ယောက်တည်းလည်း နေတတ်တယ်။ သူအမြဲတွဲတာကတော့ သူ ရွေးထားတဲ့ အုပ်စုသေးသေး တစ်စုလောက်ပဲ သူ တွဲတယ်။လူ ရွေးပေါင်းတယ်။
သူ့ အတွက် အလားအလာကောင်းရှိတဲ့ သူကိုပဲ ရွေးပေါင်းတယ်။ သူ တစ်ပါးကို ကူညီတဲ့အခါ မိသားစုလို သဘောထားဖြင့် ကူညီတယ်။ သူ့ အတွက်လည်း ပြန်ပြီး မျှော်လင့်တယ်။ သွေးအေးတဲ့ စိတ်ထားရှိတယ်။သူ့ ကိစ္စအတွက်သာ သူ တာဝန်ယူချင်သူ ဖြစ်တယ်...။ ---------------------- ၄. ဆန္ဒသဘောထား
----------------------
သူတစ်ထူးကို ယုံကြည်ဖို့ အတွက် သိပ်ခဲယဉ်းတဲ့သူဖြစ်တယ်။ အကောင်းဆုံးရဖို့ လည်း သိပ် စိတ်ရှည်းတယ်။သူနှင့် နီစပ်သူကို ချစ်ခင်စိတ်ရှိပေမယ့် တစ်ကြိမ်မှာ နောက်ပြန်ဆုတ်ပြီး ငြိမ်သက်သွားတတ်တယ်။ သူ့ ရဲ့ သဘောထားတွေကို သူ တစ်ပါး အကဲမခတ်မိအောင် နေတတ်တယ်။
ခိုးကြောင် ခိုးဝှက်သာပြုလုပ်တယ်။မိုက်ရူးရဲအပြုအမူတွေကိုလုပ်ဖို့ ဘယ်တော့မှ စိတ်မကူးဘူး။ အပေးအကမ်း ရက်ရောတယ်။ အသုံးအစွဲ များပြားတယ်။ ဒါကြောင့် လူတွေ သူ့ ကိုအကဲမခတ်နိုင်ဘူး။ နားလည်ဖို့ ခက်ခဲတဲ့သူ တစ်ယောက် ဖြစ်တယ်....။
--------------
၅. အကြိုက်
--------------
သန့် ရှင်းတာ ကြိုက်တယ်။ သပ်ရပ်နေတာ ကြိုက်တယ်။ အဲဒါတွေအတွက်နာရီမလပ် ဂရုတစိုက် သူ့ ကိုယ်သူ ပြုပြင်နေလိမ့်မယ်။ သင်းပျံ့ တဲ့ ရေမွှေးနံ့ တွေကို နှစ်သက်စွာ သုံးစွဲလိမ့်မယ်။ တစ်ခါတစ်ရံ စူးရှတဲ့ မွှေးရနံ့ တွေကို နှစ်သက်စွာသုံးတတ်တယ်။ စည်းကမ်း စနစ်ကျနတယ်။ ငွေရောင်၊ ဆင်စွယ်ရောင်၊ လွင်နုတဲ့ အရောင်လေးတွေကို နှစ်သက်တယ်။ တောက်ပြောင်တဲ့ အရောင်တွေကို မနှစ်သက်ဘူး။ ခေတ်မီဆန်းသစ်တဲ့ အပြင်အဆင်တွေကို မကြိုက်ပေမယ့်ကြည်လင် ရွှင်ပျတဲ့ မျက်နှာလေးကို နှစ်သက်တယ်....။
-----------
၆. အစား
-----------
ကြိုက်တဲ့ အစာတစ်ခုကို စွဲစွဲမြဲမြဲ စားတတ်တယ်။ မစားဖူးတဲ့ အစားတွေကို အထူးအဆန်းဆိုရင်မစားတတ်ဘူး။စားချိန်ကို ဂရုစိုက်တယ်။ စည်းကမ်းတကျစားတတ်တယ်။ တခြားဟာကို ခြိုးခြံချင် ခြိုးခြံမယ်၊ အစားနှင့် ပတ်သက်လို့ တော့သူကြိုက်တဲ့ စားနေကျ အစာကိုပဲ မျှော်လင့်တယ်။
စားချိန်မှာ ချစ်ခင်သူများနှင့် ပျော်ပျော်ရွှင်ရွှင် စားသောက်နေရရင် ကျေနပ်နေတာ။ ဒါပေမယ့် လူမှုရေးကျွမ်းသူပီပီ အပေါင်းအသင်းတိုင်းနှင့် အဆင်ပြေစွာ စားသောက်နေတာ တွေ့ ရလိမ့်မယ်....။
------------
၇. ရင်းနှီးမှု
------------
နားလည်ရ ခက်ခဲဆုံး သူတစ်ဦးအနေနှင့် ခင်မင်ရင်းနှီးမှုရဖို့ အတွက်ကြိုးစားရင်တောင် အဲဒီသူဟာ ငါ့ကို တကယ်ခင်ရဲ့ လားလို့  ထင်စရာလေးတွေ တစ်ခါတစ်ခါ ပေါ်လာနိုင်သလို ငါ့ကို သူ သိပ်ခင်တာပဲ၊ သိပ် အားကိုးတာပဲလို့ ထင်ရအောင် ဖော်ပြနေတဲ့ သူ့ မျက်နှာနှင့် သူ့ အပြုံးတွေကို တွေ့ ရမယ်။ ဒါပေမယ့် သူဟာဘယ်သူ့ ကိုမှ ယုံကြည်စွာ မရင်းနှီးတတ်ဘူး။
ချစ်တာ၊ သံယောဇဉ် တွယ်တာတွေဟာ သူ့ ဘဝမှာ ရှားပါးတဲ့ အလုပ်တွေ ဖြစ်နေတယ်။ ဒါကိုမှ ရင်းနှီးချင်ရင်တော့ သူနှင့် လုပ်ငန်းထဲမှာ နီးနီးကပ်ကပ် အလုပ်ခွင် ပူးပေါင်းပါဝင်ပြီး လုပ်ကိုင်နိုင်ရင်တော့ သူ ရင်းနှီးလာနိုင်တယ်။ ယုံကြည်လာလိမ့်မယ်လို့ တော့ မမျှော်လင့်သင့်ဘူး။ ဒါပေမယ့် သူ့ အပြုံးတွေဟာ သိပ်ရင်းနှီးတဲ့သူကို ကြည့်တဲ့အပြုံးတွေကိုတွေ့ ရလိမ့်မယ်....။ ------------
၈. ဝါသနာ
------------
သူဟာ အချိန်နှင့် ငွေကို အလွန်စနစ်တကျ အသုံးချချင်တဲ့ ဝါသနာရှိတာမို့ ကွန်ပျူတာလုပ်ငန်းတွေ၊ အကောက်ခွန် အရာရှိတွေ၊ သင်္ချာဆရာတွေ၊ ရုပ်ရှင်ထုတ်လုပ်သူနှင့် ပြတိုက်မှူးများအဖြစ် ဝါသနာထက်သန်စွာ လုပ်ဆောင် တာဝန်ယူနေတာတွေကို တွေ့ ရမယ်။
လူမျိုးစုံကို ပေါင်းသင်းနိုင်တဲ့သူအဖြစ် နာမည်ကောင်းရတဲ့သူ ဖြစ်မယ်။ သူ့ ဝါသနာက လူတွေအားလုံးကို အတွင်းကျကျ လေ့လာသိရှိဖို့ ဖြစ်တယ်။ စပ်စုလိုတဲ့ အသိတစ်မျိုးတည်း မဟုတ်ဘဲ သူလျှိုလို စုံစမ်းချင်တဲ့ ဝါသနာရှိနေလို့ ပဲ။ သူ သိချင်နေတာ သူပေါင်းတဲ့ လူတွေရဲ့ ဘဝ အစစ်အမှန်တွေပဲ။ သူဟာ နားလည်ရခက်တဲ့သူအဖြစ် သိုသိပ်စွာ နေတတ်တဲ့ ဝါသနာရှိနေတယ်....။
----------
၉. စရိုက်
----------
သူ့ မှာ အေးဆေးတက်ကြွတဲ့ အပြုံးကို ဆောင်ထားတတ်တာမို့ သူ့ ရင်ထဲဘာဖြစ်နေတယ်၊ သူကြိုက်တယ်၊ မကြိုက်တယ်ကို မသိနိုင်တဲ့ စရိုက်ကို ပိုင်ဆိုင်ထားတယ်။ အချိန်နှင့်အမျှ ငွေသည် အလွန်တန်ဖိုးရှိသည်လို့ သတ်မှတ်ထားတတ်တဲ့ သူ့ စရိုက်ကြောင့်ငွေရတဲ့ ကိစ္စတွေမှာ သူ့ ကို ဘယ်သူမှ လွှမ်းမိုးလို့ မရနိုင်ဘူး။ သူ့ ကိစ္စတစ်ခုတည်းကိုသာ ဇောက်ချလုပ်သွားနိုင်တဲ့သူ ဖြစ်တယ်။
သူ့ စိတ်ကို သူ သိပ်နိုင်နင်းတဲ့ စရိုက်အကျင့်ရှိတယ်။ သူ့ အကြိုက်နှင့် သူ့ ကိုစည်းရုံးဖို့ ကြိုးစားရင်လည်း ကြိုးစား သူသာ မောသွားမယ်။ သူကသာ မင်းကို စည်းရုံးသွားလိမ့်မယ်....။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
သူဟာ စိတ်တင်းမာသူ၊ ခံနိုင်ရည်ရှိသူ၊ ခေါင်းမာသူ ဖြစ်တယ်။ ဒါပေမယ့် မိန်းမသဘာဝကို ကောင်းစွာ နားလည်တဲ့သူဖြစ်တာမို့ သူ့ ရဲ့ ဖမ်းစားခြင်းကို ခံရလိမ့်မယ်။ သူဟာ သူတစ်ပါးကြိုက်နှင့် သူ့ အကြိုက်ဖြစ်အောင် ဖန်တီးချင်သူဖြစ်တယ်။ သူဟာ ရိုးသားသန့် စင်သူကိုတော့ စိတ်ကူးအိပ်မက်ထဲမှာ ရှိတယ်။ အိမ်ထောင်ကိုတော့ သူ့ပုံစံကျနေတတ်မှ ကြိုက်မယ့် သူပါပဲ....။

 
* တူ ရာသီ > LIBRA *
သီတင်းကျွတ်လဖွား September 24th to October 23rd
*****************************************
အင်္ဂလိပ်ပြက္ခဒိန်မှာ September 24th to October 23rd အတွင်း မွေးဖွားသူတွေကို တူ ရာတီဖွားလို့ ခေါ် တယ်။ အဲဒီအချိန်မှာ ကောင်းကင်က ရာသီရုပ်က ချိန်ခွင်ပုံရှိတာမို့ တူရာသီ လို့ ခေါ်တွင်တာ ဖြစ်တယ်။ သောကြာဂြိုဟ်စိုးမိုးပြီးလေဓာတ် ကြီးစိုးနေချိန် လည်း ဖြစ်နေတယ်။ မြန်မာလ ခေါ်အဝေါ်က သီတင်းကျွတ်လလို့ သတ်မှတ်ကြတယ်...။
-------------
၁. ရုပ်သွင်
-------------
အရပ်မြင့်သူ၊ တင့်တယ်သော အသွင်ရှိသူများဖြစ်ကြတယ်။ သူတို့ ရင်အုပ်တွေဟာ ကျယ်ပြန့်ဝင့်ကြွားနေတတ်ပြီး အရပ်အမောင်းက ပိန်သွယ်ကြတယ်။ ဒါကြောင့် ရှင်းကြော့တင့်တယ်တဲ့ ယောက်ျားတစ်ဦးရဲ့ အသွင်ကို ဆောင်နေကြတယ်။
သူတို့ ရဲ့ အသားအရေဟာ ညိုသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ စိုပြည်နေတဲ့အတွက် အသွင်ဟန်နှင့် အသားအရေနှင့် လိုက်ဖက်ပြီး ကြည့်ကောင်းကြတယ်။ သူတို့ ရဲ့ မျက်စိတွေဟာ လှပတတ်တဲ့အတွက်အသက်ဝင်ပြီးကြည့်ကောင်းကြတယ်။ သူတို့ ရဲ့ မျက်စိတွေဟာ လှပတတ်တဲ့အတွက် အသက်ဝင်ပြီး ဆွဲဆောင်မှုရှိတတ်ကြသူတွေ ဖြစ်တယ်။ မျက်နှာက ဝန်းဝိုင်းပြီး ချိုပြုံးနေတတ်ကြတယ်....။
---------------
၂. အမူအရာ
---------------
နူးညံ့ သိမ်မွှေ့ ကြသူတွေ ဖြစ်တယ်။ စိတ်ထားကြည်လင်ပြီး ဆန့် ကျင်ငြင်ခုံရတာတွေကို မကြိုက်တဲ့အတွက်အလျှော့ပေးတဲ့ အသွင်ကိုဆောင်နေတတ်တယ်။ ခင်မငစရာ ကောင်းတဲ့၊ ရည်မွန်တဲ့ အမူအရာရှိတယ်။ စကားကို ကျယ်ကျယ်လောင်လောင် မပြောတတ်ကြဘူး။ သူတစ်ပါးက သူ့ ကို စကားကျယ်ကျယ် ပြောရင်လည်းမကြိုက်ဘူး။
သူ့ အပြုအမူတွေမှာ စိတ်ကူးယဉ်တာတွေကို တွေ့ ရမယ်။ တယုတယ ဂရုစိုက်တတ်တာ၊ လက်ကလေးကို ကိုင်ပြီးစကားပြောတတ်တာကိုသူ့ ချစ်သူနှင့် ဆက်ဆံတဲ့အခါ တွေ့ ရလိမ့်မယ်။ စကားကိုလည်း ညင်ညင်သာသာပြောတဲ့အတွက် သူ့ ချစ်သူဖြစ်တဲ့ မိန်းကလေးကတော့ နွေးထွေးတဲ့ ကြင်နာယုယမှုတွေနောက်မှာ တွယ်ငြိနေမိတတ်တယ်....။
--------------
၃. စိတ်ထား
--------------
သူတို့ ဟာ ဘဝကို အချစ်နှင့်ဖန်တီးနေချင်သူများ ဖြစ်ကြတယ်။ အချစ်မရှိရင် မနေတတ်ဘူး။ လက်တွေ့ ဆန်တဲ့ ဘဝကို ဖန်တီးသူဖြစ်ပြီး အတွေးတွေကစိတ်ကူးယဉ် နူးညံ့နေတတ်တယ်။ ဒါကြောင့် ဘဝကို တစ်ကဏ္ဍစီခွဲခြားပြီးလှုပ်ရှားတတ်သလို စိတ်ထားကိုလည်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တယ်။
အမှန်တရားကို သိပေမယ့် ငြိမ်သက်စွာနေပြီး မငြင်းခုံတတ်တဲ့အတွက် လူအများက သူ့ စိတ်ထားကို နှစ်သက်ကြတယ်။ ညီညွတ်မျှတစွာတွေးပြီးတရားမျှတမှုကို ဂရုတစိုက်ချိန်ထိုး ကြည့်တတ်တယ်။ စိတ်ကူးနှင့်သာ ဆုံးဖြတ်ပြီးအပြင် အမူအရာမှာဆုံးဖြတ်မှုကို မဖော်ပြတတ်တဲ့အတွက် စိတ်ထား တည်ငြိမ် ထိန်းသိမ်းနိုင်သူလို့ ဆိုရမယ်....။
----------------------
၎. ဆန္ဒသဘောထား
----------------------
ဦးဆောင်တာဝန်ယူရခြင်းကိုပဲ နှစ်သက်တဲ့အတွက် အုပ်စုအများထဲမှာရောထွေးနေလေ့မရှိဘဲ သီးခြားနေတတ်တယ်။ လှုပ်ရှားမှု၊ စွန့် စားမှုတွေကို နှစ်သက်တယ်။ ဒီဇိုင်းပညာရှင် အလုပ်တွေကို စိတ်ဝင်စားတယ်။ အနုပညာခံစားမှုရှိပြီးစနစ်တကျလုပ်ငန်းကြီးတွေကို လုပ်ကိုင်လိုတယ်။
ဗိသုကာဆရာကြီးတွေအနေနှင့် တွေ့ ကြရမယ်။ ရေကူးတဲ့အလုပ်ကို၊ ဂေါဖ် ရိုက်တာမျိုးကိုပဲ စိတ်ဝင်စားတတ်သူမျိုးတွေ ဖြစ်တယ်။ သူက အေးအေးဆေးဆေး ငြိမ်ငြိမ်ကလေး နေထိုင်တတ်တယ်။ မြှောက်ပင့် ပြောတာတွေ မကြိုက်ပေမယ့် ချီးမွမ်းတာကို လိုလားတယ်။ ဒါပေမယ့် မလိုအပ်ဘဲ ချဲ့ ထွင်ပြောနေတာတွေကိုတော့ နည်းနည်း ပြဿနာလုပ်လိမ့်မယ်....။
-------------
၅. အကြိုက်
-------------
စနစ်တကျ နေထိုင်သွာလာတာကို ကြိုက်တယ်။ အလုပ်တစ်ခုကို အပူတပြင်း လုပ်တာတွေ မကြိုက်ဘူး....။အိမ်မှာ အေးအေးငြိမ်ငြိမ် နေပြီး သန့် ရှင်းသပ်ရပ်စွာ စာသောက်နေထိုင်တတ်တယ်။ ဂရုတစိုက် အဝတ်ကို သပ်ရပ်စွာဝတ်တတ်တယ်။ အဆင်ပြေတဲ့ အရောင်တွေရွေးဝတ်တယ်။ အသံဆူတာ မကြိုက်တာမို့ ပါတီပွဲ တက်ရရင်တောင် လူရှင်းတဲ့ထောင့် စားပွဲမှာ ရှိနေတယ်။
အလှအပကို နားလည် ခံစားတတ်တယ်။ အပြာရောင်၊ လိမ္မော်ရောင်၊ အဝါရောင်တွေကို အထူးကြိုက်ပြီး ဖျော့ဖျော့နုနု အရောင်တွေကို နှစ်သက်တယ်။ တောက်ပစိုလွင် မျက်စိဒုက္ခပေးတာတွေတော့လုံးဝမကြိုက်ဘူး။ စကား ကျယ်ကျယ်လောင်လောင် ပြောပြီးဟားတိုက် ရယ်တတ်တာတွေ မကြိုက်ဘူး....။
-----------
၆. အစား
-----------
စားသောက်ဆိုင် သေးသေး သပ်သပ်ရပ်ရပ်မှာ စကားတပြောပြောနှင့်စားသောက်တတ်တယ်။ စကားပြောဖော်ကလည်း အများကြီး မဟုတ်ဘူး။ တစ်ယေက်တည်း ဖြစ်တယ်။ ချစ်သူ ဒါမှမဟုတ် ရင်းနှီးကျွမ်းဝင်သူ ဖြစ်ရမယ်...။
တစ်နေရာတည်းမှာ ထပ်ခါ ထပ်ခါ စားသောက်နေထိုင်တာ မကြိုက်တဲ့အတွက် နေရာပြောင်းစားလိမ့်မယ်။ ဖျော်ရည်ယမကာဆိုင်၊ အချို အချဉ်စုံလင်တဲ့ ဆိုင်ကလေးတွေကို ပြောင်းလဲ စားသောက်လိမ့်မယ်။ စားသောက်တဲ့အခါ ပြဿနာတွေ တင်ပြတာမျိုး၊ ဆူဆူညံညံ အသံမျိုးတွေကို မကြိုက်တတ်ဘူး....။
------------
၇. ရင်းနှီးမှု
------------
အနုပညာ တစ်ခုခုကို စိတ်မဝင်စားတတ်ဘူး၊ စိတ်ကူး မယဉ်တတ်ဘူးဆို ရင် သူ့ နားကို ကပ်လို့ မရနိုင်ဘူး။ ဒါပေမယ့် သူ့ ရဲ့ ခင်မင်မှုကို ရရင်တော့ တစိမ့်စိမ့် ဝင်လာတဲ့ အချစ်မျိုး၊ ရင်းနှီးမှုမျိုးကို သူ့ ထံက မင်းရလိမ့်မယ်။
လိုက်လျောညီထွေနေတတ်သူ၊ သံယောဇဉ်ကြီးတတ်သူမို့ သူ့ ရဲ့ ခင်မင်မှုအောက်မှာ နားခိုချင်ကြမှာပါပဲ။ သူဟာ နူးညံ့စွာသိမ်းသွင်းတတ်သူမို့ သူနှင့် ခင်မင်ရတာ စိတ်ညစ်စရာနည်းမှာပါ။ သူက မကြိုက်တဲ့ ပုံစံဆိုရင်လည်း အနားကပ်ခံမှာမဟုတ်လို့  ရင်းနှီးဖို့ မလွယ်ပါဘူး။ အချစ်ဆိုတာ လောကမှာ အရေးပါလှပါသည်လို့ ခံယူချက်ချင်းတူကြရင် ရင်းနှီးခင်မင်မိကြမှာပါ.....။
------------
၈. ဝါသနာ
------------
သူ့ ဝါသနာက အနုပညာပစ္စည်းတွေနှင့် ပတ်သက်တတ်သလို စနစ်တကျ လုပ်ငန်းတွေနှင့် သက်ဆိုင်နေ တယ်။ အလှအပဆိုင်ရာ ပြုပြင်ပြုလုပ်သူများ၊ ဆံပင် ပုံသွင်းဆရာ၊ ဒီဇိုင်းဆရာ၊ ဗိသူကာ ပညာရှင်၊ အနုပညာဖန်တီးသူများအဖြစ် တွေ့ ရတတ်သလို အားကစားလုပ်ရင်တော့ တစ်ကိုယ်တော် အစွမ်းပြရတဲ့ ဂေါ့ဖ်ရိုက်တာ၊ရေကူးတာလောက်ကိုပဲ ဝါသနာရှိတယ်။
သူက ဘယ်သူ့ ကိုမှရောနှောပူးပေါင်း လွယ်သူ မဟုတ်ပေမယ့် သူ့ ကို ခင်မင်လိုသူတွေ ပေါများတတ်တယ်။ ဒါတွေကို အားလုံးလိုက်လျောညီထွေ နေပေးတတ်တယ်။ ဘာမှ မဆန့် ကျင်တတ်ဘူး။ ရတနာ ပစ္စည်းစုဆောင်းတာတွေ၊ စတိုးဆိုင် ပြင်ဆင်ဖန်တီးသူအဖြစ် ဝါသနာကြီးတယ်။ သူကတော့ ဘေးကထွက်ပြီး ကြည့်နေမယ်။လူအုပ်ထဲမှာရောပါမှာ မဟုတ်ဘူး....။
-----------
၉. စရိုက်
-----------
စာအုပ်ကောင်းတွေနှင့် ငြိမ်ငြိမ်လေး နေတတ်သလို လွတ်လပ်တာကို ကြိုက်တယ်။ မသေချာတာကိုလည်း မလုပ်ချင်ဘူး။ ဘာကိုမှ ပေါ့ပေါ့ဆဆသဘော မထားတတ်ဘူး။ စနစ်ကျတယ်။ စည်ကမ်းရှိတယ်။ သပ်ရပ်တယ်။ သူ့ ချစ်သူ(တစ်ဦးတည်း)ကို စတတ် နောက်တတ်ပေမယ့် စိတ်ဆိုးသွားရင်တော့ မကြိုက်ပြန်ဘူး။ သူတစ်ပါးရဲ့ကိစ္စသေးသေးလေးတွေကို ဝင်ရောက် ကူညီပေးရတာကိုသူ နှစ်သက်တယ်။
ပစ္စည်းလေးတွေ ကူသယ်ပေးတာတို့ ၊ ကုလားထိုင်လေးတွေဟိုရွှေ့ သည်ရွှေ့ ပေးတာတို့ ၊ ပန်းချီကားလေးတွေ ဟိုချိတ် သည်ချိတ်လုပ်တာတို့ တွေကို ပျော်ပျော်ရွှင်ရွှင် ဝင်ကူပေးလိမ့်မယ်။ တခြားတော့ ဝင်ရောက်စွက်ဖက်တာ၊ ရောနှောလွန်းတာတွေ မလုပ်တတ်ဘူး.....။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
ချစ်ခင် မြတ်နိုးတတ်ပြီး ဘဝကို အချစ်မရှိရင် မဖြစ်ဘူးလို့ ယူဆသူဖြစ်တာမို့ ချစ်သူကို စိတ်ကူးယဉ်စွာ ယု ယတတ်တယ်။ ဒါပေမယ့် စိတ်ကူးယဉ်သူမို့ သိပ် ကြာကြာ ယဉ်မှာတော့ မဟုတ်ဘူး။ သံယောဇဉ်ကြီးတတ်တာမို့ တွယ်တာမှုတော့ရှိပါတယ်။ သူ့ ကို နားလည်သူကိုတော့ တုံ့ ပြန်မှု ကောင်းကောင်းပေးတဲ့ တုံ့ ပြန်မေတ္တာကို ရမှာပါ။ ဘဝမှာအချစ်ကို ရှာဖွေနေသူ ဖြစ်တယ်....။

* ဗြိစ္ဆာ ရာသီ > SCORPIO *
တန်ဆောင်မုန်းလဖွား October 24th to Novermber 22nd
******************************************
အင်္ဂလိပ်ပြက္ခဒိန်ရက် အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ ရက်အတွင်း မွေးဖွားသူ ပျိုလေးရဲ့ မောင်ကို ဗြိစ္ဆာ ရောသီးဖွားလို့ ခေါ်တယ်။ အဲဒီအချိန်မှာ ကောင်းကင်ရာသီရုပ်ဟာ ကင်းမြီးကောက်ပုံရှိနေပြီး ရေဓာတ် ကြီးစိုးနေတယ်။ အင်္ဂါဂြိုဟ်စိုးမိုးပြီး မြန်မာလ အခေါ်အဝ်ါက တန်ဆောင်း မုန်းလဖွားတွေ ဖြစ်ကြတယ်။ -------------
၁. ရုပ်သွင်
------------- မျက်နှာကြီးသူမျိုးတွေ ဖြစ်တယ်။ သြဇာရှိတဲ့ ရုပ်ရည်မျိုးတွေ ဖြစ်မယ်။ လက်တံခြေတံ ရှည်လျားကြတယ်။ ဒါကြောင့် အရပ်လည်း မြင့်တယ်။ ဒါပေမယ့် ကိုယ်ခန္ဓာ အချိုးအစား ကျနမယ်။ ဆံပင်ကတော့ ခပ်တိုတိုနှင့် ကောက်နေတတ်တယ်။ သူ့ ကြွက်သားတွေကို ကိုယ်ပေါ်မှာ ထင်ရှားစွာ မြင်သာနေလိမ့်မယ်။
ကြံ့ခိုင်သန်စွမ်းဟန် အပြည့်ရှိနေမယ်။ သူ့ ရဲ့ မျက်လုံးတွေက အဝေးကြီးကို ထိုးဖောက်စူးရှနိုင်တဲ့ မျက်စိမျိုးတွေရှိပြီး ထက်မြက်တဲ့ အရောင်အသွေးကို မျက်လုံးထဲမှာ မြင်နိုင်တယ်။ မျက်နှာပေးက တည်တံ့ခိုင်ခံ့ကြသမို့ ရှုတည်တည်နေသော အချိန်အခါတွေ ပိုများလိမ့်မယ်။
---------------
၂. အမူအရာ
---------------
သူ့ ကိုယ်သူ ယုံကြည်မှုအပြည့်ရှိတဲ့ အသွင်နှင့် မျက်နှာကို ရှုတည်တည်နှင့် နေတတ်ပြီး ကိုယ်ကိုလည်း တောင့်တောင့် ရောင့်ရောင့်နေတတ်တယ်။ ဒါကြောင့် သူ့ အမူအရာ ထူးခြားငြိမ်သက်ပေါ်လွင်နေလိမ့်မယ်။ သူ့ နားမှာ နေရတာ အဆင်မပြေလှဘူး။ ပျော့ပျောင်းကြင်နာတတ်တဲ့ ဂရုတစိုက်ပြုမူတတ်တဲ့ အမူအရာတွေကို မတွေ့ နိုင်ဘူး။
သူဟာ မျက်လုံး စူးရှသူဖြစ်ပေမယ့် စိန်းစိန်းကြည့်တတ်သူ ဖြစ်တယ်။အမိန့် ပေးနေတဲ့ မျက်လုံးမျိုးတွေနှင့် ကြည့်လိမ့်မယ်။ ပြိုင်ကြည့်ရင် ကိုယ်ကသာမျက်လွှာ အရင်ချရမယ့်အကြည့်မျိုးရှိမယ်။ အေးစက်တဲ့ မျက်လုံး မဟုတ်ပေမယ့် ပြင်းထန်တဲ့ မျက်လုံးတွေဖြစ်တယ်။ --------------
၃. စိတ်ထား
--------------
သူတို့ ကို အပြည့်အဝ အကောင်းမြင်သမားမျိုးနှင့် အဆိုးမြင်သမားမျိုးဆိုပြီး လူ နှစ်စားတွေ့ ရလိမ့်မယ်။ အလယ်လူအဖြစ် မတွေ့ နိုင်ဘူး။ သူဟာ အချစ်ကြီးသူ၊ အမျက်ကြီးသူ ဖြစ်တယ်။ ဒါကြောင့်အံ့သြဖွယ် ချစ်စိတ်ပြင်းသူအဖြစ်၊ ဇွဲကြီးသူ တစ်ဦးဖြစ်ကြောင်း တွေ့ ရမယ်။ သူလိုချင်တဲ့ ဆန္ဒသဘောထားတွေကို စိတ်ထဲမှာအမြဲရှိပေမယ့် အဲဒီစိတ်လှုပ်ရှားမှုကို မျက်နှာမှာ နည်းနည်းပဲ မြင်ရမယ်။
သူက ကစားရင်တောင်မှ နိုင်မှ ကြိုက်တယ်။ ခေါင်းမာသူဖြစ်တာမို့ သူ မလုပ်ချင်ရင် ခိုင်း မရဘူး။ ခြိမ်းခြောက်လည်း မရဘူး။ သူ့ ကို တောင်းခံတာ အကောင်းဆုံးနည်းပါ။ စိတ် သိပ်ခိုင်လွန်းသူ ဖြစ်တယ်။
----------------------
၎. ဆန္ဒသဘောထား
----------------------
သူ့ စိတ်ဆန္ဒသဘောထားတွေက စိတ်ထဲမှာ အဲမြဲရှိတာမို့ အချိန်မရွေးပေါက်ကွဲနိုင်တယ်။စကားများများ မပြောပေမယ့် တိုက်ရိုက်ပြောသူ ဖြစ်တယ်။ ပတ်ဝန်းကျင်ကို စိတ်ရှုပ်အောင် မဖုံးကွယ်ဘူး။ ဘွင်းဘွင်းသမားပဲ။ သူက လောကမှာ သူ လုပ်ချင်တာကို ဖြစ်မှ၊ မဖြစ်သေးရင် ဖြစ်တဲ့ အချိန်ထိ ဇွဲရှိရှိ စောင့်တယ်။ စကားကို တည့်တည့်ပြောတတ်ပေမယ့် အကုန် မပြောဘူး။
ချန်ထားလိမ့်မယ်။ သူကဘယ်သူ့ ကိုမှ မယုံတတ်ဘူး။ လျှို့ ဝှက်သိပ်သည်းကြတယ်။ ဒါကြောင့် သူ့ ဆန္ဒသဘောထားတွေကို နားလည်ဖို့ ခက်ခဲလိမ့်မယ်။ လွယ်လွယ်စိတ်မဆိုးပေမယ့် တောင်းပန်မှုလည်း မပြုတတ်ဘူး။ အမြဲတမ်း ကလဲ့စားချေရမှ ကျေနပ်တယ်။ တစ်ဝက်တစ်ပျက်နှင့် ရပ်ထားတာ မရှိဘူး။
--------------
၅. အကြိုက်
--------------
ရေကို ကြိုက်နှစ်သက်တယ်။ အပြာရင့်ရင့်၊ အနီရင့်ရင့်၊ အစိမ်းရင့်ရင့်တို ကိုကြိုက်နှစ်သက်တယ်။ ကျောက်နီဟာ သူနှစ်သက်တဲ့ ရတနာပဲ။ ထူးဆန်းအံ့သြဖွယ်ရာများကို နှစ်သက်တဲ့အတွက် မျက်လှည့်တွေ၊ မြွေလမ္မာယ်ပြပွဲတွေလို အထူးအဆန်းတွေကို ကြည့်ရှုလိမ့်မယ်။
ကိစ္စတစ်ခုကြောင့်လုပ်တဲ့ ပါတီတွေမှာ တွေ့ ရခဲတယ်။ တစ်ယေက်တည်း ငြိမ်ငြိမ်တိတ်တိတ် နေရတာ ကြိုက်တယ်။ သုတေသနကိစ္စ၊ စမ်းသပ်ရှာဖွေတာတွေကို နှစ်နှစ်ခြိုက်ခြိုက် လုပ်လိမ့်မယ်။ လျှို့ ဝှက် လုပ်ငန်းတွေကို ကြိုက်တယ်။
-----------
၆. အစား
-----------
ဘာမဆို အဖိုးတန်တာကို ကြိုက်တယ်။ အစားကိုလည်း ကောင်းတာမှ စားတယ်။ အစားနှင့်အရက်ကို ခုံမင်သူဖြစ်တယ်။ မနက်ပိုင်း အစားကို နှစ်သက်စွာစားတတ်ပြီး နေ့ လယ်စာကို သင့်ရုံပဲ စားတယ်။
ညစာကို အများဆုံး စားလိမ့်မယ်။ ပေါ့ရွှတ်ရွှတ် အစာတွေထက် စူးရှလေးတဲ့ အစာ၊ အရသာ ပြင်းပြင်းကို နှစ်သက်တယ်။ သူ အစာစားရင် အလိုက်သိတာပဲ လိုချင်တယ်။ သူတစ်ပါးက သူ့ ကို ဂရုစိုက်မှကြိုက်တယ်။ သူကတော့ ဂရုစိုက်ကြင်နာပြမှာ မဟုတ်ဘူး။
-------------
၇. ရင်းနှီးမှု
-------------
သူ့ ကို ဘာမှ မယှဉ်ပြိုင်ရင် သူ့ ရဲ့ ခင်မင်မှုကို ရမယ်။ ပြိုင်မကြည့်နှင့်၊ ပြိုင်မပြောနှင့်၊ ပြိုင် မလုနှင့်၊ ဘာမှ ပြိုင်မလုပ်ရင် သူ ခင်မင်နိုင်တယ်။ ရင်းနှီးဖို့ က သိပ်မလွယ်ဘူး။ သူက ဘယ်သူ့ ကိုမှ မယုံတတ်ဘူး။ သံသယလည်း ရှိတယ်။ သူက မိန်းမတွေကို စိတ်မရှည်ဘူး။ ငိုရင်လည်းမကြိုက်ဘူး။ သူက မချော့တဲ့အပြင် ထွက်သွားလိမ့်မယ်။ သူ့ ကို ဘာမှ မမျှော်လင့်ဘဲ ခင်မှ ရမယ်။
အမြဲတမ်း ထွက်ခွါသွားတဲ့ဝိညာဉ်တစ်ခုလို သဘောထားရလိမ့်မယ်။ သူ လုပ်ချင်တာတွေ လုပ်ပါစေလို့ ခွင့်ပြုစိတ် မွေးရမယ်။ ဘာလုပ်ရမယ်လို့ ဘယ်တော့မှ သွားမပြောဘဲ ပျော့ပျော့ပျောင်းပျောင်း၊ နူးညံ့သိမ်မွေ့ ၊ငြိမ်သက်စွာ နေတာ ဟာ အကောင်းဆုံးပဲ။ သူ့ ကို ညင်ညင်သာသာ ကိုင်တွယ်တတ်ရမယ်။ ဇွတ်လုပ်လို့ မရဘူး။
-------------
၈. ဝါသနာ
-------------
ဆန်းတာ၊ စွန့် စားတာ ကြိုက်သူပီပီ ရေကူးတာ၊ တောင်တက်တာတွေ ဝါသနာရှိမယ်။ ထူးခြားတဲ့ စည်းရုံးရေးမှူးတွေ ဖြစ်မယ်။ ပြုပြင်ချင်သူ၊ တီထွင်ချင်သူ ဖြစ်တယ်။ ကမ္ဘာကြီးတစ်ခုလုံးကို စိတ်ဝင်စားနေသူဖြစ်တာမို့ ဥပဒေ ပညာရှင်၊ သုတေသန ပညာရှင်၊ ခွဲစိတ် ဆရာဝန်တွေနှင့် အထူးထောက် လှမ်းရေးအရာရှိတွေ၊ လျှို့ ဝှက်လုပ်ငန်းရှင်တွေ ဖြစ်ကြမယ်။
လူတွေက သူ့ အလိုကိုသာသိတတ်ပြီး နေတာနှစ်သက်ပေမယ့် သူများကို ဂရုစိုက်ဖို့ ၊ ကြင်နာယုယဖို့ ဝါသနာမရှိဘူး။ နှစ်ကိုယ်ကြားစကားတွေကို ပြောဖို့ စိတ်မရှည်သူ ဖြစ်တယ်။ သိမ်ဖျင်းတဲ့စကားတွေကိုလည်း မပြောတတ်၊ နားမထောင်တတ်ဘူး။ စစ်ဆေးမေးမြန်းတာတော့ စစ်စစ် ပေါက်ပေါက် ဝါသနာပါလိမ့်မယ်။ လုပ်ချင်တာ လုပ်ပြီး ရချင်တာကို ရအောင်ယူ တတ်တယ်။
-----------
၉. စရိုက်
-----------
သူတစ်ပါးကို မယုံကြည်တတ်သူမို့ သူဟာ လုပ်ချင်တဲ့ ကိစ္စက တခြား၊ လုပ်ပြနေတာက တခြားနှင် သူတစ်ပါးကို စည်းရုံးလိမ့်မယ်။ သူ အနားကိုရောက်လာရင် သတိသာ ထားနေပါ။ သူဟာ လူတစ်ဦးကို သိပ်ချစ်ခင်လို့ အနားမှာ နေရင်တောင် ချစ်လို့ ချည်းသက်သက် မဟုတ်ဘဲ မယုံတာလည်းပါတာမို့ ကပ်နေတာ ဖြစ်တယ်။
လွယ်လွယ် စိတ်မဆိုးပေမယ့် စိတ်မပျက်လွယ်ဘူး။ အချစ်ကို ပေါ့ပေါ့လေးပဲ သဘောထားတယ်။ ဘယ်သူ့ စကားမှ မလိုက်လျောတတ်ဘူး။ စိတ်ခိုင်တယ်။ အချစ်နှင့် အမုန်းဟာ သူ့ အတွက် နီးနီးလေပါပဲ။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
တေးမှတ်သားထားမှု၊ ကလဲ့စားချေမှုတွေနှင့် ပြည့်နေတဲ့ သူ့ စိတ်ကူးအတွေးတွေကြောင့် သူဟာ နူးညံ့စွာ တွေးမှာ စိတ်ကူးမှာ မဟုတ်ဘူး။ ဘာမဆို သူပိုင်ပစ္စည်းလို သဘောထားလိမ့်မယ်။ သူ့ အချစ်စိတ်ကူးတွေဟာ ပြင်းထန်ပေါက်ကွဲတတ်တယ်ဆိုတာ သတိထားရမယ်။ သူ့ ဘေးမှာ သူ့ ကို သတိပေးမယ့်သူ အမြဲရှိဖို့ တော့ မျှော်လင့်တယ်။
သူတစ်ပါးကို မယုံတဲ့ စိတ်နှင့် စပ်စုတာမို့ သူ့ စိတ်ထဲမှာ သူများအကြောင်းတွေ၊ သံသယတွေ များတယ်။ အိမ်ထောင်ရေးမှာ အာဏာရှင်ဆန်တာတွေကြောင့် အငြင်းပွားနိုင်တယ်။ သူ့ စိတ်ထားကို မပြုပြင်နိုင်ရင် နူးညံ့လှပတဲ့ အချစ်မရှိတတ်သူတွေနှင့်ပဲ ဖူးစာဆုံလိမ့်မယ်။အတွေးမှားပြီး ရွေးမိတတ်တယ်။

* ဓနု ရာသီ > SAGITTARIUS *
နတ်တော်လဖွား November 23rd to December 21st
***************************************
အင်္ဂလိပ်ပြက္ခဒိန် နိုဝင်ဘာ ၂၃ ရက်နေ့ ကစပြီး ဒီဇင်ဘာ ၂၁ ရက်နေ့ အတွင်းမှာ မွေးဖွားတဲ့ ပျိုတို့ ရဲ့ မောင်ကို ဓနု ရာသီဖွားလို့ ခေါ်တယ်။ လေးသည်တော် ရုပ်ပုံရှိတာကို အစွဲပြုပြီး ခေါ်တွင်ခဲ့တာ ဖြစ်တယ်။ မီးဓာတ်ကြီးစိုးပြီး ကြာသာမတေးဂြိုဟ် စိုးမိုးနေတယ်။ မြန်မာလအခေါ်က နတ်တော်လဖြစ်တယ်။
-------------
၁. ရုပ်သွင်
-------------
အရပ်ရှည်သူတွေ ဖြစ်ကြတယ်။ သူ့ အရပ်ဖွဲ့ စည်းပုံနှင့် လိုက်လျောအောင် သူတို မျက်နှာတွေဟာ ရှည်သွယ်ကြတယ်။ နဖူးကျယ်ပြန့် ပြီး နှာခေါင်း မြင့်မားထင်ရှားလှတယ်။ သူတို့ ရဲ့ မျက်လုံးတွေဟာ လုံးဝန်းကြတဲ့အတွက် ပြူးကျယ်သယောင်ရှိတယ်။
ခြုံကြည့်လျှင် အရပ်မြင့်ပြီး ကြည့်ကောင်းသူတွေဖြစ်တယ်။ မျက်နှာဖွဲ့ စည်းမှုပေါ်လွင်သလို အသားအရေ ကြည်လင်ပြီး ညိုတိုတိုရှိတယ်။ ခံ့ညားတင်တယ်ပြီး အားခွန်ပြည့်စုံဟန်ရှိနေတဲ့ ယောက်ျားပီသသူများ ဖြစ်ကြတယ်။
---------------
၂. အမူအရာ
---------------
ပွင့်လင်းတဲ့ အပြုံးပိုင်ရှင်ဖြစ်တယ်။ လူတွေနှင့် ရောနှောနေရတာကို နှစ်သက်တဲ့ အမူအရာရှိတယ်။ သူတစ်ထူးကို ချစ်ခင်တဲ့ အမူအရာတွေ ပြနိုင်သူမို့ လူချစ် လူခင်ပေါတယ်။ သူ့ မျက်လုံးတွေမှာလေးနက်မှုအမြဲဆောင်တဲ့ အကြည့်တွေရှိတယ်။
သူ့ မိတ်ဆွေတွေကို အမြဲ တန်းတူဆက်ဆံတယ်။ တစ်သားတည်း နေတယ်။ ထီးတည်းကြီး ငြိမ်ငြိမ်ကြီး မနေတတ်ဘူး။ လှုပ်လှုပ်ရှားရှား အမူအရာတွေ အမြဲရှိပြီး ကိစ္စတွေလည်း အမြဲများနေမယ်။ သူ့ မှာ တွေ့ စရာမိတ်ဆွေက ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်တဲ့အတွက် ပျာယာခက် အမူအရာတော့ မကြာခဏတွေ့ ရလိမ့်မယ်။
--------------
၃. စိတ်ထား
--------------
သူဟာ ပွင့်လင်းရိုးသားသူ ဖြစ်တယ်။ လူတွေကို သံသယမရှိ ချစ်ခင်တတ်တယ်။ သူ့ မှာအကြံဉာဏ်ကောင်းတွေရှိရင် သူတစ်ပါးအကျိုးအတွက် အမြဲ ကူညီပံ့ပိုးတယ်။ ငွေကို မနှမြောတတ်ဘူး။ ငွေဆိုတာ အခု သုံးဖို့ ပဲ သတ်မှတ်တယ်။ မသိမ်းလိုဘူး။
လိုရင် ရမယ်လို့ ယုံကြည်ထားတယ်။ သူတစ်ပါး အောင်မြင်တာကို မနာလိုတာတွေ လုံးဝမရှိဘူး။ လွတ်လပ်စွာ တွေးခေါ်နေထိုင်လိုတယ်။ သူက ပျင်းရိလေးတွဲ့ နေတာကိုတော့ လုံးဝမကြိုက်ဘူး။ အဲဒီလူမျိုးကို စွန့် ပစ်ခဲ့လိမ့်မယ်။ သူက သူ့ ကိုယ်တိုင်ရဲ့ အကောင်းအဆိုးတွေကို သူ့ ဘာသာ သိတယ်။ သူ့ ယုံကြည်မှုတွေအတွက် ဘယ်တော့မှ ခေါင်းမညွတ်ဘူး။
----------------------
၎. ဆန္ဒသဘောထား
----------------------
လိမ်တာ ညာတာ မကြိုက်သလို ကွေ့ ကောက်လှည့်ပတ်တာတွေကိုလည်း မုန်းတယ်။ သူတို့ ကိုယ်တိုင် ပျံတန်တန် မနေတတ်သလို အဲဒီလိုနေထိုင်တတ်တဲ့ မိန်းကလေးဆိုရင်လည်း မနှစ်သက်ဘူး။ ပြုံးနေတဲ့ အချစ်ကိုသာ လိုတယ်။ မငိုလိုဘူး။ အချိန်၊ ငွေ၊ မိတ်ဆွေ၊ လိုအင်နှင့် စွမ်းအားတွေဟာ ဘဝအတွက် လိုအပ်ချက်တွေလို့ သဘောထားတယ်။
ဘဝတိုတို ရသာချိုချို ခံစားမယ်ဆိုတဲ့ လွတ်လပ်တဲ့ အတွေးခေါ်ပိုင်ရှင် ဖြစ်တယ်။ တစ်ဦးတည်းမနေလိုဘဲ လူထုနှင့် ဆက်သွယ်နေလိုတယ်။ သူတစ်ပါးနှင့်ညီတူမျှတူ ခံစားလိုသူ ဖြစ်တယ်။ ကမ္ဘာလောကကြီး ရှုပ်ထွေးပြီး ဟန်ဆောင်နေတာတွေ သူမသိဘူး။ ဒါကြောင့် အချစ်ကံ ခေတတ်တယ်။
--------------
၅. အကြိုက်
--------------
မဖြစ်မနေ လှုပ်လှုပ်ရှားရှားနေပြီး လူဝင်ဆံ့တယ်။ အပေါင်းအသင်းနှင့် စားတယ်၊ သောက်တယ်။ တစ်ခါတစ်ရံ သူတို့ ကို ဝဖြိုးတဲ့ ကိုယ်ခန္ဓာတွေနှင့် တွေ့ ရတယ်။ အစားကောင်းကို ခုံမင်တယ်။ သူက စွန့် စားတာကြိုက်တယ်။
ဒါကြောင့် ခရီးသွားခြင်း၊ ရွက်လွှင့်ခြင်း၊ စကိတ်စီးခြင်း၊ ရေကူးခြင်းတွေကို နှစ်သက်စွာ ပြုလုပ်တတ်တယ်။ သဘာဝ အလှအပကို ကြိုက်တယ်။ မိန်းကလေးတွေ အခြယ်အသများရင် မကြိုက်ဘူး။ အမွှေးနံ့ သာနှင့် မျက်ခွံခြယ်သစရာ မလိုတဲ့ ချစ်သူမျိုးပါပဲ။ ဒါပေမယ့် သွက်လက်ထက်မြက်တဲ့မရမ်းရောင်၊ အနီရဲရဲရောင်တွေကိုတော့ နှစ်သက်တယ်။
-----------
၆. အစား
-----------
အဖော်နှင် အစာ စားရတာကို မျှော်လင့်နေသူဖြစ်တယ်။ သွားလေရာ စားလေရာ သူ့ ဘေးမှာ လိုက်ပါနေမှ ကြိုက်တယ်။ ဒါပေမယ့် သူကောင်းတယ်ထင်တဲ့နေရာတွေ၊ သူပြောတဲ့ အစားအစာတွေကိုငြိမ်ငြိမ်လေးသာ လိုက်သွားပြီး အေးအေးဆေးဆေးသာ စားပါ။
သူက နိုင်ငံရေး၊ ဘာသာရေးတွေ ဆွေးနွေးတာ လက်ခံပေမယ့် ငွေစာရင်းရှင်းတမ်းတွေ၊ ကုန်ကျစရိတ်တွေကိုတော့ ဆွေးနွေးတာ လက်မခံဘူး။သူများကိစ္စတွေ ပြောတာလည်း လက်မခံတတ်ဘူး။ ပျော်ပွဲစားရုံတွေမှာ သွားလာစားသောက်ပြီး ငွေကိုဂရုမစိုက်ဘဲ သုံးပြ စားပြပါလိမ့်မယ်။ ခရီးသွားတာလည်း ဝါသနာပါတယ်။ ကြုံတဲ့နေရာ ကြုံတဲ့အစားကိုစားပြီး ခရီးသွားနေရရင် ပျော်နေတာပါပဲ။
-------------
၇. ရင်းနှီးမှု
-------------
ဘယ်သူတွေ ဘာပြောပြော ဂရုစိုက်တဲ့သူ မဟုတ်သလို သူ ကောင်းတယ်ထင်ရင် ပြီးတာပဲဆိုတဲ့ လူ ဖြစ်လေတော့ သူ့ ကို ရင်းနှီးလိုတဲ့ သူက သူ့ ကို အကြိုက်သာ ဆောင်ပေးလိုက်။ သူ လှုပ်ရှားသလို လှုပ်ရှား၊ မပျင်နှင့်၊ မလေးတွဲ့ နှင့်။ ဒါဆိုရင် မင်းကို အနားမှာ အမြဲခေါ်ထားလိမ့်မယ်။
ဒါပေမယ့် စွဲစွဲလမ်းလမ်းမရှိဘူး။ မကြိုက်တာတွေ့ ရင် သံယောဇဉ်ဖြတ်ပြီး ခပ်ရှင်းရှင် နေတတ်တာကိုသိရင် သူနှင့် ရင်းနှီးအောင် ဘယ်လိုနေရမလဲလို့ သိလောက်ပါတယ်။ နိုင်ငံရေးနှင့် ဘာသာရေးတွေကို များများ ဆွေးနွေး ပေးနိုင်ရင်လည်း မင်းကို ခင်မင်ရင်းနှီးလိမ့်မယ်။ သူနှင့် ရင်းနှီးဖို့ က အနားမှာ ပူညံပူညံလုပ်လို့ မရဘူး။ငြိမ်ငြိမ်အေးအေးနှင့် ဘေးကသာ နေပေးပါ။
-------------
၈. ဝါသနာ
-------------
တစ်နေရာတည်းမှာ ကြာကြာ မနေလိုသူဖြစ်လေတော့ အိမ်ပြင်ပလောကကို မကြာမကြာထွက်နေလိမ့်မယ်။ ခရီးတွေလည်း လျှောက်သွားချင်နေတဲ့သူ ဖြစ်လေတော့ အထုပ်ကလေး ပိုက်လို့ အစဉ်တစိုက် လိုက်မယ်ကို ဆိုတဲ့ တေးသွားလေးလိုပဲ သူ့ နောက်က လျှောက်လိုက်နေနိုင်ဖို့ လိုလိမ့်မယ်။
စွန့် စားတဲ့ လုပ်ငန်းတွေ၊ ဆိုင်ကယ်ပြိုင်စီးတာ၊ ကားပြိုင်တာ၊ ရွက်လွှင့်တာ၊ စကိတ်စီးတာတွေ အားလုံးစိတ်ဝင်စားတယ်။ မိန်းမ၊ ယောက်ျား မိတ်ဆွေများများလည်းထားပြီး တွဲတွဲသွားသွား များလိမ့်မယ်။ ဒါပေမယ့် မဖောက်ပြန်တတ်ဘူး။ သူတစ်ပါးကိုလည်း ဒီ အတွက် သံသယမရှိ ချစ်တတ်တယ်။ သူက မချစ်တော့ရင်လည်း တည့်တည့် ရင်ဆိုင်တယ်။ ဟန်ဆောင်တာတွေ ဘာတွေ လုပ်မနေဘူး။ မင်းကို ငါ ဖြတ်ပြီလို့ တဲ့တိုး ပြောပြီး တကယ်ပဲ ပြတ်သွားလိမ့်မယ်။
-----------
၉. စရိုက်
-----------
သူ့ စရိုက်က အနာဂတ်ကိုပဲ မျှော်တွေးတဲ့သူဖြစ်တယ်။ ပိုင်ဆိုင်လိုမှု၊ စိတ်အားထက်သန်မှုတွေ ရှိနေတယ်။ ဒါပေမယ့် အချစ်ကိစ္စတွေကို အိပ်မက်ကလေးလိုပဲ ပေးချင်သူဖြစ်တယ်။ အချစ်အတွက်အချိန်သိပ် မပေးတတ်ဘူး။ ချိန်းထားတာတွေ၊ အချိန်နောက်ကျသူအဖြစ် မကြာမကြာ ရင်ဆိုင်ရမယ်။
သူ့ ပတ်လည်မှာ လုပ်စရာတွေ ဝိုင်းနေတတ်တယ်။ ဒါပေမယ့် အဲဒါတွေကိုထားခဲ့ပြီး တခြားကိုထွက်ရင် ထွက်သွားတတ်သေးတယ်။ ဒီလူ့ စရိုက်ကို သိထားရင်တော့ လိုက်လျောနားလည်မယ်။ မသိထားရင်တော့ ပျော်စရာကိစ္စတွေ ဆုံးရှုံးတာကို မကြာခဏဆုံကြရလိမ့်မယ်။ သူဟာ ရှေ့ တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်း ပြန်ဆုတ်တတ်သေးတယ်။
----------------------
၁၀. အတွေးစိတ်ကူး
----------------------
အချစ်မှာ လွတ်လပ်မှုရှိသည်၊ အချစ်သည် မိတ်ဆွေပဲလို့ ယုံကြည်ထားသူ တို့ ရဲ့ အတွေးစိတ်ကူးတွေဟာ နွေးထွေးတဲ့ ကြင်နာမှုကို မျှော်လင့်နေသူ ဖြစ်တယ်။ လွတ်လပ်စွာ တွေးခေါ်နေထိုင် တတ်သူမို့ ချစ်သူရှိပြီးရင် ကြာရှည်တည်တံ့ ခိုင်ခံ့သွားပြီဆိုပြီး ယုံကြည်စိတ်ချနေတတ်တယ်။ ဒီအတွက် သူရဲ့ ချစ်သူကို ဂရုစိုက်ဖို့ ၊ လုံခြုံမှုပေးဖို့ ကိုလည်း သူ့ ရဲ့ မဟာတာဝန်ကြီးအဖြစ် သတ်မှတ်တယ်။
သူ့ ကိုတော့ နားလည်ပေးမှသာ သူထင်တဲ့ အတွေးကမ္ဘာထဲက ချစ်သူအဖြစ် နေတတ်မယ်။ အလုပ်တွေ သိပ်လုပ်နေလို့ မင်းကို အတွေးထဲမှာ မရှိဘူးလို့ မထင်လေနှင့်။ သူက စွဲမြဲသူဖြစ်တယ်။

ဥမ္မာရီ (မဟာဝိဇ္ဇာ လက္ခဏာပါရဂူ)
http://mhuthaw.blogspot.no/2012/09/blog-post_21.html
 

လူကြိုက်အများဆုံး