တစ်ရက်မှာ အလုပ်သမားတွေ အလုပ်ကိုရောက်တဲ့အချိန် တံခါးပေါ်မှာ စာလုံးကြီးကြီးတွေနဲ့ ရေးထား
တဲ့
အသိပေးစာတခုကပ်ထားတာကို တွေ့လိုက်တယ်။ ရေးထားတာက “သင်တို့ရဲ့တက်လမ်းတွေကို
အနှောက်အယှက်အတားအဆီး လုပ်နေတဲ့ သူတစ်ဦးမနေ့ကပဲဆုံးပါးသွားပါတယ်။
သူ့ရဲ့ဈာပနကို အားကစားခန်းမမှာ ပြင်ဆင်ထားတဲ့အတွက်
လာရောက်ကြည့်ရှုနိုင်ပါတယ်” တဲ့။ အစပိုင်းမှာတော့ အလုပ်သမားတွေအားလုံးက
သေဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် စိတ်မကောင်းဖြစ်ကြတယ်။ ခဏနေတော့
ကုမ္ပဏီနဲ့ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို နှောင့်ယှက်နေတဲ့
သူကဘယ်သူလဲဆိုတာ အရမ်းသိချင်လာကြတယ်။
အားကစားခန်းမထဲမှာစိတ်လှုပ်ရှားခြင်းတွေနဲ့လူတွေပြည့်ကျပ်နေပြီးလုံခြုံရေးဝန်ထမ်းတွေက သေ
ချာစောင့်ကြည့်နေကြတယ်။
အခေါင်းပြင်ဆင်ထားတဲ့အနားကို နီးကပ်လာလေ သိချင်စိတ်ပြင်းပြလာလေ ဖြစ်တဲ့
လူတွေရဲ့အတွေးထဲမှာက “ငါတို့အကျိုးကိုပျက်စေချင်နေတာ ဘယ်
သူလဲ ၊
သူသေသွားတာလည်း ကောင်းပါတယ်” ။ အခေါင်းနားကို တယောက်ချင်းတိုးကပ်လာကြတယ်။
သူတို့အခေါင်းထဲကို ကြည့်လိုက်တဲ့အချိန်မှာ
ရုတ်တရက်ဘာမှမပြောနိုင်အောင်ဖြစ်သွားကြတယ်။ တစုံတယောက်က
သူတို့ရဲ့အသည်းနှလုံးကို ကိုင်လှုပ်လိုက်သလိုမျိုး ထိတ်လန့်ငြိမ်သက်စွာနဲ့
အခေါင်းနားမှာ ရပ်နေကြတယ်။ အခေါင်းထဲမှာ မှန်တချပ်ရှိပြီး အခေါင်းထဲကို
ကြည့်လိုက်တဲ့သူတိုင်း
က ကိုယ့်ကိုယ်ကိုပြန်မြင်နေရတယ်။
မှန်နားမှာရေးထားတဲ့စာတခုက “သင့်ရဲ့တိုးတက်မှုကိုကန့်သတ်နိုင်စွမ်းရှိတဲ့သူက တယောက်ပဲရှိပါတယ်။ အဲဒါသင်ကိုယ်တိုင်ပါပဲ” တဲ့ ။
သင့်ဘဝကိုလုံးဝတိုးတက်ပြောင်းလဲပစ်လိုက်နိုင်တာက သင်တစ်ဦးပဲရှိပါတယ်။
သင့်ကိုကူညီနိုင်တာလည်း သင်ပဲရှိပါတယ်။
သင့်ရဲ့ပျော်ရွှင်မှုတွေ ၊ သင့်ရဲ့အောင်မြင်မှုတွေ ကို လွှမ်းမိုးထားနိုင်တာလည်း သင်ကိုယ်တိုင်ပါပဲ။
သင့်ရဲ့သူဌေးပြောင်းသွားပေမယ့်လည်း သင့်ဘဝကမပြောင်းလဲပါဘူး။
သင့်ရဲ့သူငယ်ချင်းတွေ ၊ သင့်ရဲ့အဖော်တွေ ပြောင်းသွားပေမယ့်လည်း သင့်ဘဝကမပြောင်းပါဘူး။
သင်ပြောင်းလဲမှသာ သင့်ဘဝကပြောင်းလဲမှာပါ။
သင့်ဘဝအတွက် သင်တစ်ဦးထဲမှာပဲတာဝန်ရှိပါတယ်။
Credit: Myanmar Latest News
၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။
၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
.နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။
၎။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။
၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။