Wednesday, December 23, 2015

စာသင္ခန္းထဲမွာ တစ္ေန႔ အိုင္စတိုင္းက ေက်ာင္းသားေတြကိုေမးတယ္



စာသင္ခန္းထဲမွာ တစ္ေန႔ အိုင္စတိုင္းက ေက်ာင္းသားေတြကိုေမးတယ္ “ မီးခိုးေခါင္းတိုင္ေဟာင္းတက္ ျပင္တဲ့သူႏွစ္ေယာက္ရွိတယ္ သူတို႔ႏွစ္ေယာက္ေခါင္းတိုင္ထဲကေနထြက္လာၾကတဲ့အခါ ျဖစ္ခ်င္ေတာ့ တစ္ေယာက္က တစ္ကိုယ္လံုးသန္႔ရွင္းေနတယ္ ေနာက္တစ္ေယာက္က်ေတာ့ေပတူးလံေနတယ္ တစ္ကိုယ္မဲတူးေနတယ္ ေမးခ်င္တာက ဘယ္တစ္ေယာက္အရင္ေရသြားခ်ိဳး လိမ့္မယ္ထင္သလဲ ?
.....................
ေက်ာင္းသားတစ္ေယာက္ကေျဖတာ “ ေပတူးေနတဲ့သူက အရင္သြားခ်ိဳးမွာပါခင္ဗ်ာ ”
အိုင္စတိုင္းကေျပာတာ “ ဟုတ္လား...ေသေသခ်ာခ်ာစဥ္းစားၾကည့္လိုက္ေပါ့ သန္႔ရွင္းေနတဲ့သူက ေပးတူးေနတဲ့လူကိုျမင္ေတာ့ သူလဲမီးခိုးးေခါင္းတိုင္ထဲကထြက္လာတာခ်င္းအတူတူ မို႔ သူ႔ကိုယ္သူလဲေပတူးေနလိမ့္မယ္လို႔ ထင္မယ္ က်န္တဲ့တစ္ဖက္ကလည္း ဆန္က်င္ဖက္တစ္ေယာက္သန္႔ရွင္းေနတာေတြ႔ေတာ့သူ႔ကိုသူသန္႔ေနတယ္ ထင္မိမွာပဲ ကဲဒီေတာ့ ေနာက္တစ္ခါထပ္ေမးၾကည့္ခ်င္တယ္ ဘယ္တစ္ေယာက္အရင္ေရသြားခ်ိဳးမယ္ထင္သလဲ ?...
................................


ေက်ာင္းသားတစ္ေယာက္က စိတ္လွုပ္ရွားစြာနဲ႔ ထေျဖတယ္ “ကၽြန္ေတာ္သိၿပီ..သန္႔ရွင္းေနတဲ့သူက တစ္ျခားတစ္ဖက္ကလူးေပတူးေနတာျမင္ေတာ့ သူ႔ကိုတူးေပတူးေနတယ္ထင္မယ္ က်န္တစ္ေယာက္က ဟိုတစ္ေယာက္သန္႔ေနတာေတြ႔ေတာ့သူ႔ကိုသူလဲသန္႔ေန လိမ့္မယ္ထင္ေနေတာ့ သန္႔ရွင္းေနတဲ့သူက အရင္ေရသြားေျပးခ်ိဳးလိမ့္မယ္ ကၽြန္ေတာ္ေျဖတာမွန္သလားခင္ဗ်ာ ...”
......................
အိုင္စတိုင္းက ေက်ာင္းသားေတြ အားလံုးကို ၿခံဳ ၿပီးၾကည့္လိုက္တယ္ ေက်ာင္းသားအားလံုးက ဒီအေျဖကိုသေဘာတူတယ္
အိုင္စတိုင္းကေျဖးေျဖးခ်င္း အက်ိဳးနဲ႔ အေၾကာင္းဆီေလ်ာ္ေအာင္ေျပာျပတယ္ “ ဒီအေျဖ လဲမွားတယ္ .... ႏွစ္ေယာက္စလံုးက ေခါင္းတိုင္အေဟာင္းထဲက အတူတူထြက္လာၾကတာ ဘယ္လိုလုပ္ၿပီးတစ္ေယာက္ကေပၿပီးတစ္ေယာက္က သန္႔ရွင္းေနတာျဖစ္နိုင္ပါ့မလဲ .. ဒါပဲ လူေတြေျပာတဲ့ ယုတၱိ “ အက်ိဳးအေၾကာင္း ” ဆိုတာ
..............................
ငါတို႔လူေတြရဲ႕အေတြးေတြ တုန္႔ေႏွးသြားေအာင္ တိုက္စားခံရတဲ့အခါ အက်ိဳးအေၾကာင္းမွန္ကန္ဆီေလ်ာ္ေအာင္ မဆန္းစစ္မပိုင္းျခားမခြဲ ျခားနိုင္ၾကေတာ့ဘူး ဒါဟာ “ယုတိၱေဗဒ ”ပဲ
ယုတိၱ တစ္ခုခုကို ရွာေတာ့မယ္ ဆိုရင္ “ ကိုယ့္ရဲ႕ အက်င့္ပါျခင္း အေတြး ေတြကေန ခုန္ထြက္လာနိုင္ရမယ္ ” အေတြးအေခၚစဥ္းစားျခင္းေထာင္ေခ်ာက္ကေန လြတ္ေအာင္ေရွာင္တတ္ရမယ္ စစ္မွန္ျခင္းဆိုတဲ့အရာကေန လမ္းမွားေစတဲ့အရာကေတာ့ ကိုယ့္ရဲ႕ အမူအက်င့္နဲ႔ အစြဲအလမ္းေတြေၾကာင့္ပဲ ..
အက်ိဳးအေၾကာင္းယုတၱိတစ္ခုခုကိုရွာ နိုင္ဖို႔ဆိုတာ လူေတြ ခ်ထားတဲ့ အကြက္ေတြမာယာက်ားကြက္ေတြ ကိုေရွာင္နိုင္မွျဖစ္နိုင္မယ္ ....
....................................
လြပ္လပ္မွဳ႔ဆိုတာလူတိုင္းအတြက္ျဖစ္နိုင္ပါတယ္
ကိုယ္ကသာေရြးခ်ယ္မလား ဆိုတာမူတည္သြားတာပါ (သင္သိရင္ သင္ခ်မ္းသာလိမ့္မယ္)
Credit Ko Pauk Sa
[Unicode]
စာသင်ခန်းထဲမှာ တစ်နေ့ အိုင်စတိုင်းက ကျောင်းသားတွေကိုမေးတယ် “ မီးခိုးခေါင်းတိုင်ဟောင်းတက် ပြင်တဲ့သူနှစ်ယောက်ရှိတယ် သူတို့နှစ်ယောက်ခေါင်းတိုင်ထဲကနေထွက်လာကြတဲ့အခါ ဖြစ်ချင်တော့ တစ်ယောက်က တစ်ကိုယ်လုံးသန့်ရှင်းနေတယ် နောက်တစ်ယောက်ကျတော့ပေတူးလံနေတယ် တစ်ကိုယ်မဲတူးနေတယ် မေးချင်တာက ဘယ်တစ်ယောက်အရင်ရေသွားချိုး လိမ့်မယ်ထင်သလဲ ?
.....................
ကျောင်းသားတစ်ယောက်ကဖြေတာ “ ပေတူးနေတဲ့သူက အရင်သွားချိုးမှာပါခင်ဗျာ ”
အိုင်စတိုင်းကပြောတာ “ ဟုတ်လား...သေသေချာချာစဉ်းစားကြည့်လိုက်ပေါ့ သန့်ရှင်းနေတဲ့သူက ပေးတူးနေတဲ့လူကိုမြင်တော့ သူလဲမီးခိုးးခေါင်းတိုင်ထဲကထွက်လာတာချင်းအတူတူ မို့ သူ့ကိုယ်သူလဲပေတူးနေလိမ့်မယ်လို့ ထင်မယ် ကျန်တဲ့တစ်ဖက်ကလည်း ဆန်ကျင်ဖက်တစ်ယောက်သန့်ရှင်းနေတာတွေ့တော့သူ့ကိုသူသန့်နေတယ် ထင်မိမှာပဲ ကဲဒီတော့ နောက်တစ်ခါထပ်မေးကြည့်ချင်တယ် ဘယ်တစ်ယောက်အရင်ရေသွားချိုးမယ်ထင်သလဲ ?...
................................
ကျောင်းသားတစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ ထဖြေတယ် “ကျွန်တော်သိပြီ..သန့်ရှင်းနေတဲ့သူက တစ်ခြားတစ်ဖက်ကလူးပေတူးနေတာမြင်တော့ သူ့ကိုတူးပေတူးနေတယ်ထင်မယ် ကျန်တစ်ယောက်က ဟိုတစ်ယောက်သန့်နေတာတွေ့တော့သူ့ကိုသူလဲသန့်နေ လိမ့်မယ်ထင်နေတော့ သန့်ရှင်းနေတဲ့သူက အရင်ရေသွားပြေးချိုးလိမ့်မယ် ကျွန်တော်ဖြေတာမှန်သလားခင်ဗျာ ...”
......................
အိုင်စတိုင်းက ကျောင်းသားတွေ အားလုံးကို ခြုံ ပြီးကြည့်လိုက်တယ် ကျောင်းသားအားလုံးက ဒီအဖြေကိုသဘောတူတယ်
အိုင်စတိုင်းကဖြေးဖြေးချင်း အကျိုးနဲ့ အကြောင်းဆီလျော်အောင်ပြောပြတယ် “ ဒီအဖြေ လဲမှားတယ် .... နှစ်ယောက်စလုံးက ခေါင်းတိုင်အဟောင်းထဲက အတူတူထွက်လာကြတာ ဘယ်လိုလုပ်ပြီးတစ်ယောက်ကပေပြီးတစ်ယောက်က သန့်ရှင်းနေတာဖြစ်နိုင်ပါ့မလဲ .. ဒါပဲ လူတွေပြောတဲ့ ယုတ္တိ “ အကျိုးအကြောင်း ” ဆိုတာ
..............................
ငါတို့လူတွေရဲ့အတွေးတွေ တုန့်နှေးသွားအောင် တိုက်စားခံရတဲ့အခါ အကျိုးအကြောင်းမှန်ကန်ဆီလျော်အောင် မဆန်းစစ်မပိုင်းခြားမခွဲ ခြားနိုင်ကြတော့ဘူး ဒါဟာ “ယုတိ္တဗေဒ ”ပဲ
ယုတိ္တ တစ်ခုခုကို ရှာတော့မယ် ဆိုရင် “ ကိုယ့်ရဲ့ အကျင့်ပါခြင်း အတွေး တွေကနေ ခုန်ထွက်လာနိုင်ရမယ် ” အတွေးအခေါ်စဉ်းစားခြင်းထောင်ချောက်ကနေ လွတ်အောင်ရှောင်တတ်ရမယ် စစ်မှန်ခြင်းဆိုတဲ့အရာကနေ လမ်းမှားစေတဲ့အရာကတော့ ကိုယ့်ရဲ့ အမူအကျင့်နဲ့ အစွဲအလမ်းတွေကြောင့်ပဲ ..
အကျိုးအကြောင်းယုတ္တိတစ်ခုခုကိုရှာ နိုင်ဖို့ဆိုတာ လူတွေ ချထားတဲ့ အကွက်တွေမာယာကျားကွက်တွေ ကိုရှောင်နိုင်မှဖြစ်နိုင်မယ် ....
....................................
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ
(သင်သိရင် သင်ချမ်းသာလိမ့်မယ်)
Credit Ko Pauk Sa


No comments:

Post a Comment

လူၾကိဳက္အမ်ားဆံုး