ေငြ၊ ပိုက္ဆံဆုိတာကေတာ့ အသက္အရြယ္တုိင္းအတြက္ လိုအပ္တာပါပဲ။ ဒါေပမယ့္ သက္လတ္ပိုင္းလို႕ ဆိုႏိုင္တဲ့ အသက္ (၃၀)နီးပါး ေရာက္လာတဲ့အခါမွာေတာ့ သင္ဟာ ဆယ္ေက်ာ္သက္ဘ၀တုန္းကလို အသံုးခ်ည္းပဲ ၊ ၀င္ေငြမရွိ ထြက္ေငြသာမ်ားေနုလို႕ မျဖစ္ေတာ့ပါဘူး။ သင့္ဘ၀အတြက္ စုေဆာင္းသင့္တာစုေဆာင္းရေတာ့မယ့္ အရြယ္ေရာက္လာျပီလို႕ ေျပာရမွာပါ။ ဒါ့ေၾကာင့္ အသက္ (၃၀)ျပည့္ေတာ့မယ့္သူေတြဟာ ပိုက္ဆံနဲ႕ပတ္သက္ျပီး ဘာေတြ လုပ္ေဆာင္သင့္တယ္ဆုိတဲ့အေၾကာင္ေလး ေျပာျပေပးခ်င္ပါတယ္။ ၁။တစ္ေန႕တာ အသံုးစရိတ္မွာ မလုိတာေတြေလ်ွာ့ပါ။ ႏွစ္နဲ႕ခ်ီျပီး တြက္ခ်က္ၾကည့္ပါ။ ဥပမာ ေန႕တုိင္းေကာ္ဖီႏွစ္ခြက္ေသာက္တယ္ တစ္ႏွစ္စာဆုိ ဘယ္ေလာက္က်မလဲ ဆုိတာမ်ိဳး စဥ္းစားဖုိ႕လိုပါတယ္။ ၂။ပိုက္ဆံကိုနည္းနည္း မ်ားမ်ား ရသေလာက္စုပါ။
သင့္လက္ထဲမွာရွိတဲ့ေငြဟာ နည္းေနရင္ေတာ့ ရသမ်ွနည္းနည္းေလးကိုလည္း ဘဏ္ထဲစုျဖစ္ေအာင္ စုပါ။ အေလ့အက်င့္ေကာင္းကို ျပဳစုပ်ိဳးေထာင္ပါ။ ၃။သင့္ ATM ကတ္ထဲရွိသမ်ွ သံုးခ်င္ေနတာမ်ိဳး မလုပ္ပါနဲ႕။ ငါဒီလဘယ္ေလာက္ သံုးထားျပီးသြားျပီ။ ထပ္သံုးလို႕၊ ထပ္ထုတ္လုိ႕ မျဖစ္ေတာ့ဘူးဆုိျပီး စိတ္ခုိင္ခိုင္ထားျပီး အသံုးေလ်ွာ့ပါ။ ၄။ငါေငြေတြရွာႏိုင္ေနတာပဲ လုိ႕ မေတြးပါနဲ႕။ ဘ၀ကိုတစ္ဆင့္ထပ္ျမွင့္ေနတာလုိ႕ေတြးပါ။ ခု သင္ရေနတဲ့ လစာက သူမ်ားေတြထက္လည္း မ်ားတယ္။ သင္လည္း စားႏိုင္ေသာက္ႏိုင္ ေျပေျပလည္လည္ေခ်ာင္ေခ်ာင္ခ်ိခ်ိမုိ႕ ေအးေဆးပဲလုိ႕ မေတြးပါနဲ႕။ ဒါဟာ သင့္ဘ၀တစ္ဆစ္ခ်ိဳးအတြက္ လုပ္ကိုလုပ္ရမယ့္အရာလုိ႕ ေတြးျပီး အသံုးစရိတ္ကို ေသခ်ာစီစစ္ပါ။ ၅။အစားအေသာက္အတြက္ သင္သံုးေနတာေတြကို ေသခ်ာတြက္ပါ။ တစ္ခါတစ္ေလ သင္ဟာ လိုတာထက္ ပိုသံုးမိေနလုိ႕ပါ။ သင္အစားအေသာက္အတြက္ ေစ်း၀ယ္ထြက္တဲ့အခါ သင္ အဲ့ဒီအတြက္ ေငြဘယ္ေလာက္သံုးမိသလဲဆုိတာ ေသခ်ာစာရင္းမွတ္ပါ။ ၀ယ္ျဖစ္တဲ့အရာေတြကိုေရာ တကယ္စားျဖစ္ရဲ႕လားဆုိတာ ျပန္စီစစ္ဖုိ႕လိုပါတယ္။ ၆။အာမခံထားသင့္တဲ့အရာေတြကို ထားထားလုိက္ပါ။ က်န္းမာေရးနဲ႕ပတ္သက္ျပီးျဖစ္ျဖစ္ အျခား အာမခံထားႏိုင္တဲ့အရာေတြကို အာမခံထားထားဖုိ႕ကလည္း အေရးၾကီးပါေသးတယ္။ ၇။ကိုယ္စုထားတဲ့ ပိုက္ဆံက ဘာလုပ္ဖုိ႕ဆုိတာ ေသခ်ာသိပါေစ။ သင္ခုစုေနတဲ့ ေငြဟာ ဘယ္ေနရာမွာသံုးဖုိ႕လဲ၊ ဒါမွမဟုတ္ ဘာအတြက္ေၾကာင့္ စုေဆာင္းျဖစ္ေနတာလဲဆုိတာ ေသခ်ာသိထားရင္ ပိုေကာင္းပါတယ္။ ရည္မွန္းခ်က္တစ္ခုနဲ႕ ေငြစုေဆာင္းတာဟာ ေကာင္းမြန္တဲ့အရာပါ။
Credit to - Mr.Man
[Unicode]
ငွေ၊ ပိုက်ဆံဆိုတာကတော့ အသက်အရွယ်တိုင်းအတွက် လိုအပ်တာပါပဲ။ ဒါပေမယ့် သက်လတ်ပိုင်းလို့ ဆိုနိုင်တဲ့ အသက် (၃၀)နီးပါး ရောက်လာတဲ့အခါမှာတော့ သင်ဟာ ဆယ်ကျော်သက်ဘ၀တုန်းကလို အသုံးချည်းပဲ ၊ ၀င်ငွေမရှိ ထွက်ငွေသာများနေုလို့ မဖြစ်တော့ပါဘူး။ သင့်ဘ၀အတွက် စုဆောင်းသင့်တာစုဆောင်းရတော့မယ့် အရွယ်ရောက်လာပြီလို့ ပြောရမှာပါ။ ဒါ့ကြောင့် အသက် (၃၀)ပြည့်တော့မယ့်သူတွေဟာ ပိုက်ဆံနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့အကြောင်လေး ပြောပြပေးချင်ပါတယ်။ ၁။တစ်နေ့တာ အသုံးစရိတ်မှာ မလိုတာတွေလျှော့ပါ။ နှစ်နဲ့ချီပြီး တွက်ချက်ကြည့်ပါ။ ဥပမာ နေ့တိုင်းကော်ဖီနှစ်ခွက်သောက်တယ် တစ်နှစ်စာဆို ဘယ်လောက်ကျမလဲ ဆိုတာမျိုး စဉ်းစားဖို့လိုပါတယ်။ ၂။ပိုက်ဆံကိုနည်းနည်း များများ ရသလောက်စုပါ။ သင့်လက်ထဲမှာရှိတဲ့ငွေဟာ နည်းနေရင်တော့ ရသမျှနည်းနည်းလေးကိုလည်း ဘဏ်ထဲစုဖြစ်အောင် စုပါ။ အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ပါ။ ၃။သင့် ATM ကတ်ထဲရှိသမျှ သုံးချင်နေတာမျိုး မလုပ်ပါနဲ့။ ငါဒီလဘယ်လောက် သုံးထားပြီးသွားပြီ။ ထပ်သုံးလို့၊ ထပ်ထုတ်လို့ မဖြစ်တော့ဘူးဆိုပြီး စိတ်ခိုင်ခိုင်ထားပြီး အသုံးလျှော့ပါ။ ၄။ငါငွေတွေရှာနိုင်နေတာပဲ လို့ မတွေးပါနဲ့။ ဘ၀ကိုတစ်ဆင့်ထပ်မြှင့်နေတာလို့တွေးပါ။ ခု သင်ရနေတဲ့ လစာက သူများတွေထက်လည်း များတယ်။ သင်လည်း စားနိုင်သောက်နိုင် ပြေပြေလည်လည်ချောင်ချောင်ချိချိမို့ အေးဆေးပဲလို့ မတွေးပါနဲ့။ ဒါဟာ သင့်ဘ၀တစ်ဆစ်ချိုးအတွက် လုပ်ကိုလုပ်ရမယ့်အရာလို့ တွေးပြီး အသုံးစရိတ်ကို သေချာစီစစ်ပါ။ ၅။အစားအသောက်အတွက် သင်သုံးနေတာတွေကို သေချာတွက်ပါ။ တစ်ခါတစ်လေ သင်ဟာ လိုတာထက် ပိုသုံးမိနေလို့ပါ။ သင်အစားအသောက်အတွက် ဈေး၀ယ်ထွက်တဲ့အခါ သင် အဲ့ဒီအတွက် ငွေဘယ်လောက်သုံးမိသလဲဆိုတာ သေချာစာရင်းမှတ်ပါ။ ၀ယ်ဖြစ်တဲ့အရာတွေကိုရော တကယ်စားဖြစ်ရဲ့လားဆိုတာ ပြန်စီစစ်ဖို့လိုပါတယ်။ ၆။အာမခံထားသင့်တဲ့အရာတွေကို ထားထားလိုက်ပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးဖြစ်ဖြစ် အခြား အာမခံထားနိုင်တဲ့အရာတွေကို အာမခံထားထားဖို့ကလည်း အရေးကြီးပါသေးတယ်။ ၇။ကိုယ်စုထားတဲ့ ပိုက်ဆံက ဘာလုပ်ဖို့ဆိုတာ သေချာသိပါစေ။ သင်ခုစုနေတဲ့ ငွေဟာ ဘယ်နေရာမှာသုံးဖို့လဲ၊ ဒါမှမဟုတ် ဘာအတွက်ကြောင့် စုဆောင်းဖြစ်နေတာလဲဆိုတာ သေချာသိထားရင် ပိုကောင်းပါတယ်။ ရည်မှန်းချက်တစ်ခုနဲ့ ငွေစုဆောင်းတာဟာ ကောင်းမွန်တဲ့အရာပါ။ Credit to - Mr.Man
No comments:
Post a Comment