Wednesday, December 23, 2015

သောမက်စ်အက်ဒီဆင်ရဲ့ အမှန်တကယ် အဖြစ်အပျက် ဇာတ်လမ်း


တစ်နေ့မှာတော့ သောမက်စ်အက်ဒီဆင်ဟာ အိမ်ပြန်ရောက်လာပြီး သူ၏ မိခင်ကို စာစာတစ်စောင်
ပေးလိုက်တယ်။
" အမေ ဆရာမက အမေ့ကို စာတစ်စောင်ပေးလိုက် ပါဆိုလို့ ကျွန်တော် ပေးတာပါ "
အမကေလည်း ဆရာမပေးလိုက်တဲ့ စာကို ဖတ်ပြီးတော့ မျက်ရည်ကျနေတယ်။ မင်းရဲ့သားက အရမ်းကို ဥာဏ်ထက်မြက်တယ်။ ဒီကျောင်းမှာက
သူ့ကို သင်ပေးနိုင်မယ့် ဆရာ မရှိသေးပါဘူး။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ မင်းရဲ့သားကို သင်ပေးပါ။
နှစ်တွေ အတော်ကြာတော့ သောမက်စ်အက်ဒီဆင်၏ မိခင်ဟာလည်း သေသွားပြီး သူဟာလည်း ရာစုနှစ်အတွင်း အတော်ဆုံးသော တီထွင်သူ တစ်ယောက်ဖြစ်လို့နေပါပြီ။ တစ်နေ့တော့ သူရဲ့ မိသားစုနှင့် သက်ဆိုင်သော အချက်အလက်အဟောင်းတွေကို သူတွေ့ခဲ့တယ်။ ရုတ်တရက် သူ၏ စားပွဲ အံ့ဆွဲအောက်မှာ စာရွက်ခေါက်လေး တစ်ရွက်ကို တွေ့လို့ ဖွင့်ကြည့်ပါတယ်။
စာရွက်မှာ ရေးထားတာက " မင်းရဲ့ သားဟာ စိတ်ရောဂါ ဖြစ်နေတဲ့ သူပါ။ ဒါကြောင့် ဘယ်တော့မှ ကျောင်းကို မလွှတ်ပါနဲ့တော့ "
သောမက်စ်အက်ဒီဆင် နာရီများစွာ ကြာအောင် ငိုခဲ့ပြီး ဒီ ဒိုင်ယာရီကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။ သောမက်စ်အက်ဒီဆင်ဟာ စိတ်ရောဂါသည် တစ်ယောက်လို့ အထင်ခံခဲ့ရတယ်၊ သူရဲကောင်း မိခင်က ရာစုနှစ်အတွင်း အတော်ဆုံးသော တီထွင်သူ တစ်ယောက်ဖြစ်အောင် ဖန်တီးပေးခဲ့တယ်။
Credit >>> Yoyarlay
 







"www.zarni.info"

ငွေ၊ ပိုက်ဆံဆိုတာကတော့ အသက်အရွယ်တိုင်းအတွက် လိုအပ်တာပါပဲ



[Zawgyi]
 ငွေ၊ ပိုက်ဆံဆိုတာကတော့ အသက်အရွယ်တိုင်းအတွက် လိုအပ်တာပါပဲ။ ဒါပေမယ့် သက်လတ်ပိုင်းလို့ ဆိုနိုင်တဲ့ အသက် (၃၀)နီးပါး ရောက်လာတဲ့အခါမှာတော့ သင်ဟာ ဆယ်ကျော်သက်ဘ၀တုန်းကလို အသုံးချည်းပဲ ၊ ၀င်ငွေမရှိ ထွက်ငွေသာများနေုလို့ မဖြစ်တော့ပါဘူး။ သင့်ဘ၀အတွက် စုဆောင်းသင့်တာစုဆောင်းရတော့မယ့် အရွယ်ရောက်လာပြီလို့ ပြောရမှာပါ။ ဒါ့ကြောင့် အသက် (၃၀)ပြည့်တော့မယ့်သူတွေဟာ ပိုက်ဆံနဲ့ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့အကြောင်လေး ပြောပြပေးချင်ပါတယ်။  ၁။တစ်နေ့တာ အသုံးစရိတ်မှာ မလိုတာတွေလျှော့ပါ။  နှစ်နဲ့ချီပြီး တွက်ချက်ကြည့်ပါ။ ဥပမာ နေ့တိုင်းကော်ဖီနှစ်ခွက်သောက်တယ် တစ်နှစ်စာဆို ဘယ်လောက်ကျမလဲ ဆိုတာမျိုး စဉ်းစားဖို့လိုပါတယ်။  ၂။ပိုက်ဆံကိုနည်းနည်း များများ ရသလောက်စုပါ။ 

လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး



[Zawgyi]
သူ့ကို နယူးဂျာစီနေ အမေရိကန်အိုင်းရစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သာမန်မိသားစုတစ်စုက မွေးဖွားခဲ့တာဖြစ်တယ်။ ၂ဝ၁၁ခုနှစ်မှာ သူ့အသက်(၈ဝ)ပြည့်ခဲ့ပြီး အမေရိကန် ဆန်ဖရန်စစ္စကိုမှာ အိမ်ခန်းနှစ်ခန်းပါတဲ့အိမ်လေးမှာ ဇနီးနဲ့အတူ ငှားရမ်းနေထိုင်ခဲ့ပါတယ်။ နာမည်ကြီးတံဆိပ် အဝတ်အစားတွေ သူ မဝတ်ဆင်ခဲ့ဖူးသလို သူ့မျက်မှန်ကတည်း ဟောင်းနွမ်းနေခဲ့ပါတယ်။ သူ့လက်မှာပတ်ထားတဲ့ နာရီကလည်း မြေအောက်ဘူတာတစ်နေရာမှာ ဝယ်ခဲ့တဲ့နာရီဖြစ်တယ်။ အစားအသောက်ကောင်းတွေကို သူ မမက်မောခဲ့ပါဘူး။ သူနှစ်သက်တဲ့အစားအစာက ဈေးချိုတဲ့ ခရမ်းချဉ်သီးချိစ်ဆန်းဝှစ်ဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်ကားမရှိဘူး။ ဘတ်စကားကိုပဲ သူအသုံးပြုတယ်။ သူ့ရဲ့လက်ကိုင်အိတ်ဟာလည်း အဝတ်စနဲ့ချုပ်ထားတဲ့အိတ်ပဲဖြစ်တယ်။ တကယ်လို့ သူနဲ့အတူ စားသောက်ဆိုင်သွားရင် ကုန်ကျစာရင်းကို စနစ်တကျ သူစစ်ဆေးမှာကို သင်တွေ့ရပါလိမ့်မယ်။ တကယ်လို့ သူ့အိမ်မှာ ညအိပ်ညနေ သင်အိပ်ခဲ့ရင် မအိပ်ခင် မီးပိတ်ပါလို့ သူသတိပေးပါလိမ့်မယ်။

Steve Jobs ပြောသည့် ဘ၀သင်ခန်းစာ (၁၅)ခု


Steve Jobs ပြောသည့် ဘ၀သင်ခန်းစာ (၁၅)ခု
အိမ်သုံးကွန်ပျူတာ ခေတ်ပြောင်းတော်လှန်ရေးမှာ ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်၊ Apple နည်းပညာကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ၊ ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်ခဲ့တဲ့ Steve Jobs ဟာလေးစားထိုက်တဲ့ စီးပွားရေးစွမ်းဆောင်ရှင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ Steve Jobs ဟာ Apple ကုမ္ပဏီကို နည်းပညာလောကမှာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်အောင် ဆန်းသစ်တဲ့စိတ်ကူးတွေ၊ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုတွေနဲ့ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ Steve Jobs ဟာ (၂၀၁၁)ခုနှစ်အတွင်းမှာ ပန်ခရိယကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ခေါင်းဆောင်မှု၊ ဆန်းသစ်တီထွင်မှုတွေနဲ့ ပတ်သက်ပြီး လူသာသေပေမယ့် နာမည်မသေတဲ့ပုဂ္ဂိုဟ်တစ်ဦးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Steve Jobs ပြောကြားခဲ့တဲ့ ဘ၀အတွက်သင်ခန်းစာတွေကို လေ့လာကြည့်ကြရအောင်ပါ။
၁။ ဇွဲသတ္တိရှိပါ။ အခြားလူတွေရဲ့ထင်မြင်ယူဆချက်တွေကြောင့် နောက်ကောက်ကျမကျန်ခဲ့ပါစေနဲ့။ သင့်ရဲ့အချိန်က အကန့်အသတ်ရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့အကြိုက်ကိုလိုက်ပြီး အချိန်မဖြုန်းပါနဲ့။ လူတွေ ဘယ်လိုထင်မယ်ဆိုတာကိုတွေပြီး ပူပင်ကြောင့်ကျမနေပါနဲ့။ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်ပါ။ အရေးအကြီးဆုံးက သင့်နှလုံးသားနဲ့ ပင်ကိုသိစိတ်ရဲ့လမ်းညွှန်မှုနောက်ကို ယုံယုံကြည်ကြည်လိုက်ဖို့ သတ္တိရှိပါ။

စာသင်ခန်းထဲမှာ တစ်နေ့ အိုင်စတိုင်းက ကျောင်းသားတွေကိုမေးတယ်



စာသင်ခန်းထဲမှာ တစ်နေ့ အိုင်စတိုင်းက ကျောင်းသားတွေကိုမေးတယ် “ မီးခိုးခေါင်းတိုင်ဟောင်းတက် ပြင်တဲ့သူနှစ်ယောက်ရှိတယ် သူတို့နှစ်ယောက်ခေါင်းတိုင်ထဲကနေထွက်လာကြတဲ့အခါ ဖြစ်ချင်တော့ တစ်ယောက်က တစ်ကိုယ်လုံးသန့်ရှင်းနေတယ် နောက်တစ်ယောက်ကျတော့ပေတူးလံနေတယ် တစ်ကိုယ်မဲတူးနေတယ် မေးချင်တာက ဘယ်တစ်ယောက်အရင်ရေသွားချိုး လိမ့်မယ်ထင်သလဲ ?
.....................
ကျောင်းသားတစ်ယောက်ကဖြေတာ “ ပေတူးနေတဲ့သူက အရင်သွားချိုးမှာပါခင်ဗျာ ”
အိုင်စတိုင်းကပြောတာ “ ဟုတ်လား...သေသေချာချာစဉ်းစားကြည့်လိုက်ပေါ့ သန့်ရှင်းနေတဲ့သူက ပေးတူးနေတဲ့လူကိုမြင်တော့ သူလဲမီးခိုးးခေါင်းတိုင်ထဲကထွက်လာတာချင်းအတူတူ မို့ သူ့ကိုယ်သူလဲပေတူးနေလိမ့်မယ်လို့ ထင်မယ် ကျန်တဲ့တစ်ဖက်ကလည်း ဆန်ကျင်ဖက်တစ်ယောက်သန့်ရှင်းနေတာတွေ့တော့သူ့ကိုသူသန့်နေတယ် ထင်မိမှာပဲ ကဲဒီတော့ နောက်တစ်ခါထပ်မေးကြည့်ချင်တယ် ဘယ်တစ်ယောက်အရင်ရေသွားချိုးမယ်ထင်သလဲ ?...
................................

Sunday, November 8, 2015

အောင်မြင်ကျော်ကြားလိုသူတို့အတွက် အဆိုအမိန့် ၅၀


စီးပွားရေးလုပ်ငန်းရှင်တိုင်းဟာ သူတို့ လုပ်ငန်းအောင်မြင်ဖို့အလုပ်ကို ပခုံးပေါ် ထမ်းထားရတာပါ။ သင်ထုတ်တဲ့ ထုတ်ကုန်နဲ့ သင့်ဝန်ထမ်းတွေကလဲ အရေးကြီးပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးဆုံးကတော့ သင့်ရဲ့ ဦးဆောင်နိုင်မှု စွမ်းအားပါ။
လူဆိုတာ ဖိအားလေးတစ်ခု သက်ရောက်တာနဲ့ စိတ်ဖိစီးသွားနိုင်ပါတယ်။ အထီးကျန်ပြီး အားကိုးရှာလာပါတယ်။ အောင်မြင်တဲ့ ခေါင်းဆောင်တိုင်းဟာ သူတို့အောင်မြင်ဖို့ အခက်အခဲတစ်ခုကို ရင်ဆိုင်တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ အောင်မြင်ချင်ရင် သူတို့ရဲ့ စကားတွေကို နားထောင်ကြည့်ဖို့ လိုပါတယ်။
သင်က စီးပွားရေးလုပ်ငန်းရှင်၊ မန်နေဂျာတစ်ယောက် ဆိုရင်တောင် စိတ်ဓာတ်ကျနေချိန်မှာ ဖတ်ကြည့်ဖို့ စိတ်ခွန်အားမြင့်စေမယ့် အဆိုအမိန့် ငါးဆယ်ကို ဖော်ပြပေးလိုက်ပါတယ်။
၁. ခေါင်းဆောင်တစ်ယောက်ဟာ နောက်လိုက်တွေကို သူတို့သွားချင်တဲ့နေရာ ပို့ပေးတယ်။ ခေါင်းဆောင်ကောင်းတွေကတော့ ရောက်သင့်တဲ့ နေရာတွေကို ပို့ပေးတယ်။
၂. ခေါင်းဆောင်တစ်ယောက်ဟာ လူသိမခံရင် အကောင်းဆုံးပါ။ အဲဒါမှ အောင်မြင်သွားတဲ့အခါ လူတွေက အဲဒါ ငါတို့လုပ်တာလို့ ဂုဏ်ယူနိုင်မှာလေ။
၃. သင့်ကိုယ်သင် မြင်းပေါ်မှာ ရယ်စရာကောင်းတယ်ထင်နေရင် စစ်တပ်တစ်တပ်ကို ဦးမဆောင်နိုင်ပါဘူး။
၎. အအောင်မြင်ဆုံးခေါင်းဆောင်တွေဟာ အရှင်းလင်းဆုံးလူတွေပါ။ ရှုပ်ထွေးတဲ့ ပြသနာကို လူအားလုံးနားလည်လောက်အောင် ရှင်းပေးနိုင်ပါတယ်။
၅. ခေါင်းဆောင်တစ်ယောက်ရဲ့ ပထမတာဝန်က ဖြစ်နိုင်တာကို သိထားဖို့ပါ။ နောက်ဆုံးတာဝန်က ကျေးဇူးတင်စကားပါ။ ကြားထဲမှာ ခေါင်းဆောင်က ကျွန်ပါပဲ။
၆. သင့်အပြုအမူတွေက တခြားသူတွေကို ရည်မှန်းချက်ကြီးမားအောင် လုပ်နိုင်ရင် သင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။
၇. ခေါင်းဆောင်ဆိုတာ မျှော်လင့်ချက်ရောင်းသူပါ။
၈. ခေါင်းဆောင်ဆိုတာ သိုးထိန်းခွေးလိုပါ။ နောက်ဆုံးမှာနေပြီး သိုးတစ်အုပ်လုံးကို ထိန်းကျောင်းနေမှန်းမသိရပဲ ထိန်းကျောင်းနိုင်ပါတယ်။
၉. နာခံဖို့မသင်ယူဖူးသူဟာ အမိန့်ကောင်းကောင်းမပေးနိုင်ပါဘူး။
၁၀. ခေါင်းဆောင်မှုဆိုတာ သင်ပြီးစေချင်တဲ့အရာကို လိုလိုချင်ချင် လုပ်ချင်သူတစ်ယောက် လွှတ်ပေးတတ်ခြင်းပါ။
၁၁. နောက်ရာစုနှစ်မှာ ခေါင်းဆောင်ဆိုတာ အင်အားကြီးသူတွေ ဖြစ်လာနိုင်ပါတယ်။
၁၂. ခေါင်းဆောင်ကောင်းဆိုတာ အပြစ်ကို များများခံယူပြီး အကျိုးအမြတ်ကို နည်းနည်းသာ ယူတတ်သူပါ။
၁၃. ရာထူးမရှိရင်တောင် လူတွေက လိုလိုချင်ချင် တင်မြှေက်တဲ့ ခေါင်းဆောင် ဖြစ်အောင် ကြိုးစားပါ။
၁၄. နောက်လိုက်တွေကို သွေး ချွေးတို့နဲ့ စတေးတာက ငြိမ်ငြိမ်သက်သက်နေရအောင်လုပ်တာထက် ပိုရစေပါတယ်။ ဒါပေမယ့် အစွန်းရောက်လာရင်တော့ လူတွေက သူရဲကောင်းဆန်ပါတယ်။
၁၅. နေ့တိုင်းကို ကိုယ်ဘယ်လောက် လောကကြီးအပေါ် ကောင်းကြောင်းနဲ့ စတင်ပါ။
၁၆. နေ့တိုင်းခေါင်းဆောင်နိုင်အောင် ကြိုးစားပါ။
၁၇. ခေါင်းဆောင်မဖြစ်ခင်က အောင်မြင်မှုဟာ သင့်အတွက်ပါ။ ဖြစ်ပြီးတော့ သူများတွေအတွက်ပါ။

အမေရိကန် သမ္မတ ၏ အိမ်ဖြူတော်

အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင်မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်ပေသည်။

ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ခ်ျ ဝါရှင်တန် လက်ထက်တွင် စတင်အုပ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင်မှာ အကြမ်းထည် ပြီးစီးသည်။ ၁၊ နိုင်ဝင်ဘာ၊ ၁၈၀၀ပြည့်နှစ်တွင်မှ သမ္မတဂျွန် အဒမ်စ်က စတင်ပြောင်းရွှေ့နေထိုင်ရာမှာ အိမ်ဖြူတော်သည် တရားဝင် သမ္မတစံအိမ်၊ အုပ်ချုပ်ရေးရုံးဖြစ်လာသည်။ အဒမ်စ် အနေဖြင့်လည်း ပထမဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မှတ်တမ်းဝင်သည်။ (ပထမမြို့တော်မှာ နယူးယောက်မြို့၊ ထိုနောက် ဖီလာဒဲဖီးယားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှ ဝါရှင်တန်ဒီစီ ရှိ အိမ်ဖြူတော်သို့ ရောက်လာခြင်းဖြစ်သည်။)
အမည်ရင်းမြစ်

Ford ကားကုမ္မဏီ ပိုင်ရှင် Henry Ford


ကမ္ဘာနာမည်ကြီး ford ကားကုမ္မဏီ ပိုင်ရှင် henry ford ဟာ သူ့ ပုံစံ ကိုကြည့်ရတာ အူတူတူ အတတ နဲ့ မို့သူ့ကို စာနယ်ဇင်းသမားကမေးပါတယ်
“ ဒီလိုဥာဏ်ရည်ဥာက်သွေးနဲ့ များဘယ်လိုလုပ်ပြီး ကမ္ဘာ့ အကြီးဆုံးကားကုမ္မဏီ ကားဈေးကွက်ကို စီမံခန့်ခွဲ ပါသလဲ ”တဲ့
ဒါနဲ့ henry ford က ပြောတာ
“ ကျွန်တော်ရဲ့ အရည်အသွေးကိုသိချင်ရင် မေးချင်သမျမေးခွန်းတွေ ပြသနာတွေ သွားစု ထားပြီး လာခဲ့ ပါ အားလုံးကို တစ်ခွန်းမကျန် ဖြေပေးပါမယ်” တဲ့
ဒီအကြောင်းဟာပျံ့နှံသွားခဲ့ တယ် သတ်မှတ်ထားတဲ့ ရက်လည်း ရောက်ရော သတင်းထောက်တွေ စာနယ် ဇင်းသမားတွေ henry ford ရဲ့ အရည်အချင်းကို သိချင်တဲ့လူတွေ အားလုံးစုဝေးပြီး လာကြတယ် ။
.................
henry ford ဟာသူတို့ အားလုံးရှေ့က စင်ပေါ်ကနေ အယောက်တိုင်းစီက မေးခွန်းတွေ အားလုံး ပြသနာတွေ အားလုံး ကို တစ်ယောက်ချင်းစီ လိုက်မှတ်ထားပြီး သူ့ရှေကဖုန်းတွေ

တစ်လုံးချင်းစီမှာ တစ်ခုချင်းစီ မေးပြီးတစ်ယောက်မကျန်အကုန်ပြန်ဖြေပေးခဲ့ တော့တယ် ဖုန်းလိုင်းတွေ ထဲ မှာ သူက ရှေနေတွေ တရားသူကြီးတွေ ရဲမှုးတွေ အင်ဂျင်နီရာ တွေ
ဆရာဝန်တွေ အစရှိတဲ့ မေးခွန်းတွေ နဲ့ ဆိုင်ရာဆိုင်ရာပညာရှင်အသီးသီးကို ဖုန်းနဲ့ ချိတ်ဆက်ထားပြီး မေးလာသမျှကို ဆိုင်ရာဆိုင် ရာ မှာသူငှားထားတဲ့ ကျွမ်းကျင်သူတွေ ဆီမှာ တစ်ဆင့်စီ ပြန်မေး ပေးခဲ့တော့ တယ်.
...................

Wednesday, October 21, 2015

Nick Vujicic ၏ စိတ်ခွန်အားပေးသည့် စကားစုများ



ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး..ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပူပါနဲ့ ..

ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြောကျွမ်းကျင်သူတစ်ဦးဖြစ်သူNick Vujicic ကပြောခဲ့ခြင်း
ဖြစ်ပါတယ်..သူ၏စကားကိုကြည့်ခြင်းဖြင့်မသန်ပေမဲ့စွမ်းတဲ့သူ့စိတ်ဓာတ်ကိုအားကျဖွယ် မြင်တွေ့ရပါတယ်..

သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။

အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး
စကားများစွာ ထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်....

၁၊ မျက်ရည်ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့...အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။

၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့...ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့...သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။

၃။ မှားမှာကို မကြောက်ပါနဲ့...တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်..
.နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ...ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။

။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။

။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ...မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော ... ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။

Tuesday, October 20, 2015

လူတစ်ယောက်၏ တန်ဖိုး



(အလွန်းကောင်းတဲ့ အသိပညာပေး ပို့စ်ကောင်းတစ်ခုမို့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်)
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး""ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး... ဒါလဲ ကျွန်တော်မတတ်ပါဘူး" ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပျူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"..
"ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ...."

သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။
တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။

လက်သမား ပုံပြင်


အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး … အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး …

သစ်ခုတ်သမားပုံပြင်


ဟိုးရှေးရှေးတုန်းကပေါ့။ အင်မတန် ခွန်အားဗလနဲ့ ပြည့်စုံတဲ့ သစ်ခုတ်သမား တစ်ယောက်ရှိတယ်တဲ့။ သူက သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်တောင်းတဲ့အခါ သစ်ကုန်သည်က သူ့ကို လိုလိုလားလားနဲ့ လက်ခံပြီး လုပ်အားခလည်း ကောင်းကောင်းပေးတယ်တဲ့။ အဲဒါနဲ့ သစ်ခုတ်သမားကလည်း အရမ်းကျေနပ်ပြီး ငါအကောင်းဆုံး လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်သတဲ့။

အလုပ်ရှင် သစ်ကုန်သည် သူဌေးက သစ်ခုတ်သမားကို ပုဆိန်တစ်ခု ပေးပြီး သစ်ခုတ်ရမဲ့ နေရာကိုလည်း ပြတယ်တဲ့။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ပင် ခုတ်နိုင်တယ်တဲ့။

သူဌေးက "ဂုဏ်ယူပါတယ်ကွာ။ ဒီအတိုင်း ဆက်ကြိုးစား။" လို့ ပြောတယ်တဲ့။

သူ့အလုပ်ကို ချီးကျူးတာခံရတော့ သစ်ခုတ်သမားလည်း ပျော်တာပေါ့နော်။ အဲဒါနဲ့ နောက်နေ့ကျတော့ အလုပ်ကို ပိုပြီး ကြိုးစားလုပ်တယ်။ ဒါပေမဲ့ အဲဒီ ဒုတိယနေ့မှာ သစ်ပင် ၁၅ပင်ပဲ ခုတ်နိုင်တယ်တဲ့။

တတိယနေ့မှ အရင်ထက်တောင် ပိုပြီး ကြိုးကြိုးစားစားနဲ့ ခုတ်ပြန်တယ်။ ဒါပေမဲ့လည်း ၁၀ပင်ပဲ ခုတ်နိုင်သတဲ့လေ။

သူငယ်ချင်းတို့အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်စေချင်ပါတယ်။အရမ်းကောင်းတဲ့ပုံပြင်လေးပါ။


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။

၂ဝ၁၅ ခုနှစ် စာပေနိုဘယ်ဆုရှင် Svetlana Alexievich


၂ဝ၁၅ ခုနှစ် စာပေနိုဘယ်ဆုရှင်
ဘီလာရုဇ်နိုင်ငံသား ( Belarusian)
အမျိုးသမီးသတင်းထောက်စာရေးဆရာ Svetlana Alexievich

သူမ ကိုယ်ပိုင် Website >>> www.alexievich.info/



 

အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း


ရဲလိုးစတုန်း အမျိုးသားဥယျာဉ်ရှိ အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးသော ရေပူစမ်း Grand Prismatic Spring


 

သီတင်းကျွတ်လအကြောင်း သိကောင်းစရာ


သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။
ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ 
စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု
အဖြစ် မြင်နိုင်ကြပါသည်။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´
ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့
စုဝေးသော မိုးကာလဟု လည်းကောင်း၊ တောင်သူလယ်
သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာ
ထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြသည်။
မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့် တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ် ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော် များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
[www.facebook.com/youngbuddhistassociation.mm]
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။

ကောင်းလွန်းလို့ ပြန်လည်မျှဝေပါတယ်



"ဖေဖေ... သားဘာဖြစ်လို့ ကျောင်းတက်ရတာလဲ"
ကျောင်းအပ်ပြီး သိပ်မကြာသေးတဲ့သားက ဖခင်ကို ဒီလိုမေးခွန်းထုတ်တယ်။
"သား သိရဲ့လား... ၁နှစ်သက်တမ်းပဲရှိတဲ့ သစ်ပင်လေးဟာ ခြံစည်းရိုးကာ၊ ထင်းစိုက်ဖို့ပဲအသုံးဝင်တယ်။ ၁ဝနှစ်သက်တမ်းရှိတဲ့သစ်ပင်ကိုတော့ တန်းလုပ်လို့ရတယ်။ အနှစ် ၂ဝသက်တမ်းရှိတဲ့သစ်ပင်ကိုတော့ ထုပ်လုပ်လို့ရတယ်၊ တိုင်လုပ်လို့ရတယ်၊ အိမ်ထောင်ပရိဘောဂလုပ်လို့ရတယ်...."
"တကယ်လို့ ကလေးတစ်ယောက်ဟာ ကျောင်းမတက်ခဲ့ရင် အသက်၇နှစ်လောက်ရောက်တာနဲ့ သူဟာ နွားကျောင်းနိုင်တယ်။ အဲဒီထက် နည်းနည်းကြီးလာပြီဆိုရင် နွားတစ်အုပ်ကိုကျောင်းနိုင်တယ်။ ဒါပေမယ့် နွားကျောင်းတာကလွဲပြီး သူတခြားဘာမှ မလုပ်တတ်ဘူး"
"တကယ်လို့ မူလတန်းအထိ သူတက်ခဲ့ဖူးရင် စိုက်ပျိုးနည်းအသစ်နဲ့ လယ်ထဲမှာ သူလုပ်ကိုင်စားသောက်လို့ရတယ်။ မြို့ပေါ်မှာ ပန်းရံလုပ်လို့ရတယ်။ ခြံစောင့်လုပ်လို့ရတယ်။ လမ်းဘေးဈေးသည်လုပ်လို့ရတယ်။ ဒါတွေက မူလတန်းပညာနဲ့ လုံလောက်တယ်"
"တကယ်လို့ အလယ်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းအသုံးပြုပုံတွေကို သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ အထက်တန်းအထိ သူတက်ခဲ့ဖူးရင် စက်ပစ္စည်းပြုပြင်တာတွေကို သူလေ့လာသင်ယူလို့ရတယ်"
"တကယ်လို့ တက္ကသိုလ်အထိ သူတက်ခဲ့ဖူးရင် တိုက်တာကြီးတွေကို သူဆောက်လုပ်နိုင်တယ်၊ လမ်း၊ တံတား၊ သံလမ်းတွေကို သူရေးဆွဲဆောက်လုပ်နိုင်တယ်"
"တကယ်လို့ ဒီထက်ပိုပြီး ဘွဲ့လွန်တွေ သူတက်ခဲ့ဖူးရင် ဖေဖေတို့မှာ နဂိုမရှိတဲ့အရာတွေကို သူတီထွင်နိုင်မယ်.. သား သဘောပေါက်တယ်နော်"
"သဘောပေါက်ပါပြီ ဖေဖေ"
"နွားကျောင်းသား၊ လယ်သမား၊ ခြံစောင့်လုပ်ရတာ မျက်နှာငယ်သလား မငယ်ဘူးလား"
"ငယ်ပါတယ် ဖေဖေ"
"မျက်နှာမငယ်ဘူး သား.... သူတို့က မခိုးမဝှက်ဘူး၊ ရိုးရိုးသားသား ပိုက်ဆံရှာပြီး ကိုယ့်သားသမီး၊ ကိုယ့်မိဘတွေကို ကျွေးမွေးနေသူတွေပါ။ ဒါကြောင့် လုံးဝ မျက်နှာမငယ်ပါဘူး။ ကျောင်းတက်ဖူး၊ ကျောင်းခဏပဲနေဖူးတိုင်း အသုံးမကျတာ မဟုတ်ဘူး။ သစ်ပင်လေးလိုပေါ့.. တစ်နှစ်သားမှာလည်း အသုံးဝင်တယ်။ ဒါပေမယ့် သိပ်များများစားစား အသုံးမဝင်ဘူး။ စာဖတ်နည်းတာနဲ့ စာလုံးဝမဖတ်တဲ့လူတွေကလည်း အသုံးဝင်ပါတယ်။ ဒါပေမယ့် လူထုကိုအကျိုးပြုပုံခြင်း၊ ကုညီထောက်ပံ့ပုံခြင်း အနည်းအများကွာသွားတယ်၊ သူတို့ရှာဖွေတဲ့ ငွေကြေးအနည်းအများကွာသွားတယ်ပေါ့။ ကျောင်းများများတက်ရင် ငွေများများကုန်တယ်၊ အချိန်များများကုန်တယ်.. ဒါပေမယ့် အကျိုးပြုကူညီထောက်ပံ့မှု ကြီးမားတယ်ပေါ့"
ကလေးတွေနဲ့ စကားပြောဆိုချိန်မှာ အတင်းအဓမ္မရိုက်သွင်းတာမျိုး၊ ချော့မော့ဖြားယောင်းတာမျိုး မလိုအပ်ပါဘူး။ သူသဘောပေါက်နားလည်အောင် ရှင်းပြနိုင်ဖို့ပဲလိုပါတယ်။ အဲဒီနောက် သူ့ဘာသာသူ ရွေးချယ်တတ်သွားပါလိမ့်မယ်။

ရေးသားသူ :Nine Nine Sanay @ နိုင်းနိုင်းစနေ


 

၅မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါ


၅မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါလား ခင်ဗျာ..အကျိုးကျေးဇူးလေးတစ်ခုခုတော့ရသွားမှာပါ :)

တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။

စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး


ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။
ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့

၁။ အီလက်ထရောနစ် ပစ္စည်းများ
ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။

၂။ အိမ်အလှဆင် ပစ္စည်းများ
လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။

၃။ Fancy လက်ဝတ်ရတနာများ
လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

၎။ အသစ်အသစ်သော fashion ပစ္စည်းများ
အရာအရာတိုင်းအသစ်အသစ်တွေထွက်နေသလိုဒီ fashion အသုံးအဆောင်တွေဟာလည်းပိုလို့တောင်ထွက်ရှိနေပါသေးတယ်။သဘောကျတိုင်း၊အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။

မှန်ထဲကိုပြန်ကြည့်ပါ ...


တစ်ရက်မှာ အလုပ်သမားတွေ အလုပ်ကိုရောက်တဲ့အချိန် တံခါးပေါ်မှာ စာလုံးကြီးကြီးတွေနဲ့ ရေးထား
တဲ့ အသိပေးစာတခုကပ်ထားတာကို တွေ့လိုက်တယ်။ ရေးထားတာက “သင်တို့ရဲ့တက်လမ်းတွေကို အနှောက်အယှက်အတားအဆီး လုပ်နေတဲ့ သူတစ်ဦးမနေ့ကပဲဆုံးပါးသွားပါတယ်။ သူ့ရဲ့ဈာပနကို အားကစားခန်းမမှာ ပြင်ဆင်ထားတဲ့အတွက် လာရောက်ကြည့်ရှုနိုင်ပါတယ်” တဲ့။ အစပိုင်းမှာတော့ အလုပ်သမားတွေအားလုံးက သေဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်အတွက် စိတ်မကောင်းဖြစ်ကြတယ်။ ခဏနေတော့ ကုမ္ပဏီနဲ့ သူတို့ရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို နှောင့်ယှက်နေတဲ့ သူကဘယ်သူလဲဆိုတာ အရမ်းသိချင်လာကြတယ်။

အားကစားခန်းမထဲမှာစိတ်လှုပ်ရှားခြင်းတွေနဲ့လူတွေပြည့်ကျပ်နေပြီးလုံခြုံရေးဝန်ထမ်းတွေက သေ
ချာစောင့်ကြည့်နေကြတယ်။ အခေါင်းပြင်ဆင်ထားတဲ့အနားကို နီးကပ်လာလေ သိချင်စိတ်ပြင်းပြလာလေ ဖြစ်တဲ့ လူတွေရဲ့အတွေးထဲမှာက “ငါတို့အကျိုးကိုပျက်စေချင်နေတာ ဘယ်
သူလဲ ၊ သူသေသွားတာလည်း ကောင်းပါတယ်” ။ အခေါင်းနားကို တယောက်ချင်းတိုးကပ်လာကြတယ်။ သူတို့အခေါင်းထဲကို ကြည့်လိုက်တဲ့အချိန်မှာ ရုတ်တရက်ဘာမှမပြောနိုင်အောင်ဖြစ်သွားကြတယ်။ တစုံတယောက်က သူတို့ရဲ့အသည်းနှလုံးကို ကိုင်လှုပ်လိုက်သလိုမျိုး ထိတ်လန့်ငြိမ်သက်စွာနဲ့ အခေါင်းနားမှာ ရပ်နေကြတယ်။ အခေါင်းထဲမှာ မှန်တချပ်ရှိပြီး အခေါင်းထဲကို ကြည့်လိုက်တဲ့သူတိုင်း
က ကိုယ့်ကိုယ်ကိုပြန်မြင်နေရတယ်။

မှန်နားမှာရေးထားတဲ့စာတခုက “သင့်ရဲ့တိုးတက်မှုကိုကန့်သတ်နိုင်စွမ်းရှိတဲ့သူက တယောက်ပဲရှိပါတယ်။ အဲဒါသင်ကိုယ်တိုင်ပါပဲ” တဲ့ ။
သင့်ဘဝကိုလုံးဝတိုးတက်ပြောင်းလဲပစ်လိုက်နိုင်တာက သင်တစ်ဦးပဲရှိပါတယ်။
သင့်ကိုကူညီနိုင်တာလည်း သင်ပဲရှိပါတယ်။
သင့်ရဲ့ပျော်ရွှင်မှုတွေ ၊ သင့်ရဲ့အောင်မြင်မှုတွေ ကို လွှမ်းမိုးထားနိုင်တာလည်း သင်ကိုယ်တိုင်ပါပဲ။
သင့်ရဲ့သူဌေးပြောင်းသွားပေမယ့်လည်း သင့်ဘဝကမပြောင်းလဲပါဘူး။
သင့်ရဲ့သူငယ်ချင်းတွေ ၊ သင့်ရဲ့အဖော်တွေ ပြောင်းသွားပေမယ့်လည်း သင့်ဘဝကမပြောင်းပါဘူး။
သင်ပြောင်းလဲမှသာ သင့်ဘဝကပြောင်းလဲမှာပါ။
သင့်ဘဝအတွက် သင်တစ်ဦးထဲမှာပဲတာဝန်ရှိပါတယ်။

Credit: Myanmar Latest News

အောင်မြင်သူရဲ့.. ငွေ.. စီမံနိုင်စွမ်း



 အောင်မြင်တဲ့ အခြေအနေကို ရောက်သွားတဲ့ သူများဟာ ငွေကို ကောင်းကောင်း စီမံ ကိုင်တွယ်နိုင်လို့ပါ။

ချမ်းသာတဲ့သူတိုင်းဟာ ငွေ ကိုင်တွယ်တဲ့အခါ အလွန် စည်းကမ်း ရှိပါတယ်။

အခွင့်အလမ်းတွေ ပေါ်ပေါက်လာတိုင်း ပါးနပ်စွာ ရင်းနှီးမြုပ်နှံရဲကြပါတယ်။

ချမ်းသာအောင်မြင်ဖို့ လိုအပ်နေတဲ့သူကို အချိန်မရွေး ကူညီနိုင်ရမယ်လို့ သူတို့ လက်ခံကြပါတယ်။

ကံကောင်းပြီး အခွင့်အလမ်းပေါ်လာချိန် တစ်ရှိန်ထိုး အောင်မြင်သွားကြသူများဟာ ငွေကို အမြဲတမ်း ကြိုတင်ပြင်ဆင် စုဆောင်းထားခဲ့လို့ပါ။

ငွေကို စီမံနိုင်ခြင်းဟာ အောင်မြင်ချမ်းသာခြင်းမို့ ထွက်ငွေ ၁ စ ဆိုရင်တောင် ထုတ်သင့်မှ ထုတ်သုံးပါ။

စည်းကမ်းရှိတာနဲ့ ကပ်စေးနည်းတာတော့ ခွဲခြားနိုင်ရပါမယ်။

 စည်းကမ်းရှိတာ အောင်မြင်ပေမယ့် ကပ်စေးနည်းရင် မွဲတတ်ပါတယ်။

Credit : Yangonlife

အောင်မြင်သူတိုင်းမှာ ရှိတဲ့ အရာတစ်ခု


ဘဝမှာ အောင်မြင်မှု များစွာ ရရှိသူတိုင်းဟာ တစ်ချိန်တုန်းက ကျရှုံးမှု များစွာ ရရှိသူများ ဖြစ်ပါတယ်။ ဟယ်ရီပေါ်တာ စာအုပ်ကို ရေးသားတဲ့ J.K. Rowling ဟာဆိုရင် ထုတ်ဝေသူ ၁၂ ဦးရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပြီး နောက်ဆုံးတော့ မရ ရအောင် ထုတ်လိုက်တဲ့ အခါ သူမကို ဘီလျံနာ ဖြစ်စေခဲ့ ပါတယ်။ Disney Land နဲ့ ကုမ္ဗဏီကို တည်ထောင်သူဆိုရင် အယ်ဒီတာ အလုပ်မှ အထုတ်ခံရပြီး အလုပ် အသစ်တိုင်းမှာလည်း အရည်အချင်း မပြည့်မှီလို့ အထုတ်ခံရပြီးတော့ နောက်ပိုင်း Disney ကို တည်ထောင်ခဲ့ရာ အောင်မြင်လာ ပါတယ်။

ယင်းကဲ့သို့ ဖြစ်ရပ် သာဓကတွေ များစွာ ရှိပါတယ်။ သူတို့ နေရာမှာ အခြား သာမန်လူ တစ်ယောက်ဆိုရင် ငါဟာ ဒီအရာနဲ့ မထိုက်တန်ပါဘူးလေ ဆိုတဲ့ စိတ်နဲ့ လှည့်ထွက်ပြီး ဘဝကို အရှံးပေးနေလောက်ပါပြီ။ တကယ်တန်း အောင်မြင်သူတွေကို ကြည့်လိုက်တဲ့ အခါ အခက်အခဲတွေ အပြင် ကျရှုံးမှုတွေကိုပါ ကြုံသည့်တိုင်း ယင်းအရာကို ထပ်ပြီးတော့ ရင်ဆိုင်မယ့် သတ္တိတွေ ပြည့်ဝလို့ နေပါတယ်။ စီးပွားရေး တစ်ခုက မအောင်မြင်လို့ ကျဆုံးသည့်တိုင် စလုံးရေ စဖို့ သတ္တိ အပြည့်ရှိသူ၊ အခက်အခဲတွေကို အားအင်အဖြစ် ပြောင်းလဲနိုင်သူများ ဖြစ်ပါတယ်။

ဝါရင်းဘတ်ဖတ်ရဲ့ အပြောင်မြောက်ဆုံး အကြံပေးချက်များ


ရှာဖွေတဲ့အခါ => ဝင်ငွေတစ်ခုထဲပေါ်မှာ ဘယ်တော့မှ မှီခိုမနေပါနဲ့... ဒုတိယအရင်းအမြစ်တစ်ခုကို ဖန်တီးဖို့ ရင်းနှီးမြှုပ်နှံပါ....

သုံးစွဲတဲ့အခါ => မလိုအပ်တဲ့အရာတွေကို သင်ဝယ်ယူလိုက်တယ်ဆိုရင် သိပ်မကြာခင်မှာပဲ လိုအပ်တဲ့အရာတွေကို ရောင်းထုတ်ရပါလိမ့်မယ်...

စုဆောင်းတဲ့အခါ => သုံးပြီးလို့ကျန်တာကို မစုဆောင်းပါနဲ့... စုဆောင်းပြီး ကျန်တာကိုသာ သုံးစွဲပါ....

စွန့်စားတဲ့အခါ => မြစ်ရဲ့ အနက်ကို ခြေစုံပစ်ပြီး ဘယ်တော့မှ မတိုင်းတာပါနဲ့...

ရင်းနှီးမြှုပ်နှံတဲ့အခါ => ကြက်ဥအားလုံးကို ခြင်းတောင်းတစ်တောင်းထဲမှာ ထည့်မထားပါနဲ့....

မျှော်လင့်တဲ့အခါ => ရိုးသားမှုဆိုတာ အလွန်အဖိုးတန်တဲ့ လက်ဆောင်တစ်ခုပါ... အဲ့ဒီအရာကို ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့...

‪#‎နှိုင်းရင့်နွေ‬

Credit >>> momolay

ဝန်ထမ်းဘဝကနေ CEO ဖြစ်လာသူရဲ့ အလုပ်လျှောက်နည်း


သူမရဲ့ နာမည်ကတော့ Liz Wessel ဖြစ်ပါတယ်။ အရင်တုန်းကတော့ Google ရဲ့ ဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ Compus Job ဆိုတဲ့ ဝက်ဘ်ဆိုဒ်ရဲ့ ပူးတွဲတည်ထောင်သူ တဖြစ်လဲ CEO တစ်ယောက်ဖြစ်နေပါပြီ။ အလုပ်လျှောက်တဲ့ အချိန်မှာ အဓိက အရေးအပါဆုံးဖြစ်တဲ့ အချက် ၄ ချက်ကို မျှဝေပေးခဲ့ပါတယ်။

၁။ အတွေ့အကြုံအတွေ ၁ နှစ်၊ ၃ နှစ် စသဖြင့် လိုအပ်တဲ့ အလုပ်တွေကိုလျှောက်ရမှာ မကြောက်ပါနဲ့။ လျှောက်ချင်တယ် ကိုယ်နဲ့ ကိုက်ညီတယ် ဆိုရင် လျှောက်ဖြစ်အောင် လျှောက်လိုက်ပါ။

၂။ အလုပ်ရှာ အေဂျင်စီတွေ၊ Job Fair တွေကိုပဲ မမှီခိုပါနဲ့။ အမြဲတမ်းဒီလိုသာ ကိုယ်တိုင်ကိုကျ လေ့လာမှုမရှိဘူးဆိုရင် တဖြည်းဖြည်းနဲ့ အမြင်ကျဉျးလာပါလိမ့်မယ်။

အောင်မြင်သူတို့၏ နောက်ကွယ်၌


အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရင်နာစရာဇာတ်လမ်းပေါင်းများစွာရှိသတဲ့။ သူ့နောက်ကွယ်မှာလည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေရှိခဲ့ဖူးတယ်။ ကိုးရီးယားမင်းသား Rainကို လူတိုင်းသိကြပေမယ့် သူ့ကိုတော့ လူတိုင်းသိချင်မှ သိကြမှာပါ။ ဒါကြောင့် ဒီနေ့ရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် မားမားမတ်မတ် ရပ်တည်နိုင်ဖို့ကြိုးစားခဲ့တဲ့ သူ့နောက်ကွယ်ကရင်နင့်စရာ အဖြစ်အပျက်တချို့ကို လှစ်ဟကြည့်ရင်း ထိုင်ဝမ်က နာမည်ကြီး အဆိုတော်၊ သီချင်းရေးသူ၊ မင်းသား Jay Chou (周杰倫)နဲ့ မိတ်ဆက်လိုက်ပါတယ်။

၁) သူ့ကို ၁၉၇၉ခုနှစ် ဇန်နဝါရီလမှာ မွေးဖွားခဲ့တယ်။ မိခင်က ထိုင်ပေမြို့နယ် မြို့လေးတစ်မြို့ရဲ့ မူလတန်းကျောင်းက အနုပညာဆရာမဖြစ်ပြီး ဖခင်က ရူပဗေဒဆရာဖြစ်တယ်။ ၄နှစ်အရွယ် မူကြိုတက်စမှာ အမေကသူ့ကို ကလေးစန္ဒယားသင်တန်းကျောင်းကို တက်ခိုင်းစေခဲ့တယ်။ ဆိုးပေပြီး အပြေးအလွှားသန်တဲ့သူဟာ စန္ဒယားရှေ့ရောက်တာနဲ့ ငြိမ်သက်သွားတတ်တယ်။ ဆရာမ တစ်ခေါက်တီးပြတာကို နားထောင်ရုံနဲ့ သူလိုက်တီးနိုင်ခဲ့တယ်။

သူ့အနုပညာကို မြေတောင်မြှောက်ဖို့အတွက် အမေက အိမ်မှာစုထားသမျှ ငွေတွေနဲ့ သူ့အတွက် စန္ဒယားတစ်လုံးဝယ်ပေးပြီး အကောင်းဆုံးဆရာနဲ့ သင်ယူစေဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါကိုအဖေက ဘဝင်မကျခဲ့ဘူး။ သားယောက်ျားအတွက် အဲဒီလောက် အရင်းအနှီး စိုက်ထုတ်စရာမလိုဘူးလို့ အဖေထင်ခဲ့တယ်။ ဒါပေမယ့် အဖေမသိအောင် သားအတွက် စန္ဒယားတစ်လုံးကို အမေဝယ်ပေးခဲ့တယ်။ ဒီကိစ္စကို အဖေလုံးဝ မကျေနပ်ခဲ့ဘူး။ သူ ၃တန်းနှစ်မှာ နာမည်ကြီးတီးလုံးဖြစ်တဲ့ “Swan Lake” ကို ကြားဖူးပြီးနောက် တယောကြီး “cello” ရဲ့ ညှို့ယူဖမ်းစားခြင်းကိုခံခဲ့ရတယ်။ အမေက အဖေ့ကိုမတိုင်ပင်ဘဲ သူ့အတွက် တယောကြီးကိုဝယ်ခဲ့ပေးပြန်တယ်။

သားအပေါ် အမေရဲ့အလိုလိုက်မှုကို မနှစ်မြို့တဲ့အဖေက အမေ့ကိုပြဿနာရှာခဲ့တယ်။ မိသားစုနေအိမ်ဟာ တဖြည်းဖြည်း နွေးထွေးမှုနည်းလာခဲ့ပြီး ငြင်းခုံရန်ဖြစ်သံတွေ များလာခဲ့ရတယ်။ အဖေက ဘာဖြစ်လို့ အမေ့ကို အမြဲပြဿနာရှာနေမှန်း သူနားမလည်ခဲ့ပေမယ့် ဒီလိုနာကျင်မှုတွေကို နုနုယ်တဲ့သူ့အသိဉာဏ်တွေနဲ့ ကဗျာအဖြင့် ချရေးဖြစ်ခဲ့တယ်။



Wednesday, September 23, 2015

သစ်ခုတ်သမားပုံပြင်


ဟိုးရှေးရှေးတုန်းကပေါ့။ အင်မတန် ခွန်အားဗလနဲ့ ပြည့်စုံတဲ့ သစ်ခုတ်သမား တစ်ယောက်ရှိတယ်တဲ့။ သူက သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်တောင်းတဲ့အခါ သစ်ကုန်သည်က သူ့ကို လိုလိုလားလားနဲ့ လက်ခံပြီး လုပ်အားခလည်း ကောင်းကောင်းပေးတယ်တဲ့။ အဲဒါနဲ့ သစ်ခုတ်သမားကလည်း အရမ်းကျေနပ်ပြီး ငါအကောင်းဆုံး လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်သတဲ့။

အလုပ်ရှင် သစ်ကုန်သည် သူဌေးက သစ်ခုတ်သမားကို ပုဆိန်တစ်ခု ပေးပြီး သစ်ခုတ်ရမဲ့ နေရာကိုလည်း ပြတယ်တဲ့။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ပင် ခုတ်နိုင်တယ်တဲ့။

သူဌေးက "ဂုဏ်ယူပါတယ်ကွာ။ ဒီအတိုင်း ဆက်ကြိုးစား။" လို့ ပြောတယ်တဲ့။

သူ့အလုပ်ကို ချီးကျူးတာခံရတော့ သစ်ခုတ်သမားလည်း ပျော်တာပေါ့နော်။ အဲဒါနဲ့ နောက်နေ့ကျတော့ အလုပ်ကို ပိုပြီး ကြိုးစားလုပ်တယ်။ ဒါပေမဲ့ အဲဒီ ဒုတိယနေ့မှာ သစ်ပင် ၁၅ပင်ပဲ ခုတ်နိုင်တယ်တဲ့။

တတိယနေ့မှ အရင်ထက်တောင် ပိုပြီး ကြိုးကြိုးစားစားနဲ့ ခုတ်ပြန်တယ်။ ဒါပေမဲ့လည်း ၁၀ပင်ပဲ ခုတ်နိုင်သတဲ့လေ။

အဲလိုနဲ့ တနေ့ပြီးတနေ့ သူခုတ်တဲ့ အပင်အရေအတွက်ဟာ နည်းနည်းလာတယ်။ သစ်ခုတ်သမားက တွေးမိတယ်။ "ငါ့ခွန်အားတွေ နည်းလာတာပဲ ဖြစ်ရမယ်" လို့ပေါ့။ အဲဒါနဲ့ သူဌေးဆီသွားပြီး တောင်းပန်တယ်။ သူအလုပ်ကြိုးစားပါရက်နဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာ  သူနားမလည်နိုင်ကြောင်းလည်း ပြောပြတယ်။

သူဌေးက မေးတယ်။ "မင်းပုဆိန်ကို ဘယ်အချိန်က နောက်ဆုံး သွေးခဲ့တာလဲ" တဲ့။

"ပုဆိန်သွေးဖို့ ... ဟုတ်လား .. ကျွန်တော့မှာ ပုဆိန်သွေးဖို့ အချိန်တောင် မရပါဘူးဗျာ။ သစ်ခုတ်နေရတာနဲ့ပဲ အလုပ်က အရမ်းများနေတာ....."

  စာဖတ်သူပရိတ်များ ဒီပုံပြင်လေး ကို ဖတ်ပြီး အတွေးရသ တစ်ခုခုရစေမယ်လိုကမျှော်လင့်ပါတယ်။

၃၀.၀၈.၁၁
မူရင်း - Stephen Covey ၏ Busy

Credit >>> https://www.facebook.com/note.php?note_id=244479585593152





 

Friday, September 18, 2015

ယောက်ျားလေး နှင့် မိန်းကလေး တို့၏ မာယာ



ယာက်ျားလေး နှင့် မိန်းကလေး တို့၏ မာယာ axရှေးတုန်းကလူကြီးတွေ ပြောတာကြားဖူးပါတယ်...မိန်းမ မာယာသဲကိုးဖြာ၊
ယောကျာင်္း မာယာ  ..မကျည်းကိုးပင် လှုပ်ထက်ပင်များသေးသည်  ဟူသတတ်၊ (မကျည်းပင် ကိုးပင်ကို  လှုပ်သော်အခါကျလာသော မကျည်းရွက် ထက်ပင်များလွန်းသည်ဟု ဆိုလိုသည်

ဤမျှ လောက်များပြားလှသောမာယာများစွာကို ရေးသားလို့ပင်ကုန်နိုင်အုံးမည်မဟုတ်ပါ၊ယခု
 ဖော်ပြထားသည်ကတော့ ယောက်ျားလေး နှင့်မိန်းကလေးတို့၏အခြေခံကျသောမာယာတချို့ပင်ဖြစ်ပါသည်၊

ယောက်ျားလေးတို့၏ မာယာ  (သို့ ) အပြုအမှု

၁။ အမျိုးဂုဏ်ကို ပြတတ်ခြင်း။
၂။ပညာဂုဏ်ကို ပြတတ်ခြင်း။
၃။ ပစ္စည်းဂုဏ်ကို ပြတတ်ခြင်း။
၎။ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း။
၅။ အစဉ်မပြတ် နောက်ယောင်ခံငြင်း။
၆။ အစားအသောက် လက်ဆောင်များ ပေးတတ်ခြင်း။
၇။ မြှောက်ပင့် ချီးမွမ်းတတ်ခြင်း။
၈။ အ၀တ်အစားပြောင်းလဲ ၀တ်တတ်ခြင်း။
၉။ ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြတတ်ခြင်း။


မိန်းကလေး တို့၏ မာယာ (သို့ ) အပြုအမှု

၁။ ပြုံးစစလုပ်ပြခြင်း
၂။ ခနိုးခနဲ့ပြောခြင်း
၃။ ရှက်စနိုးဟန်ပြခြင်း
၎။ မျက်စောင်းထိုးခြင်း
၅။ အသံထွက်အောင်ရယ်ခြင်း
၆။ ကြောက်ဟန်ဆောင်ခြင်း
၇။ မပွင့်တပွင့်ပြောခြင်း
၈။ ငိုခြင်း  တို့ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : zaylinthawta

အဖိုးအိုနှင့်အာလူးခင်း


တခါတုန်းက ရွာတစ်ရွာမှာ တစ်ယောက်တည်းနေတဲ့ အဖိုးအိုတစ်ဦးရှိတယ် ။ သူ့ရဲ့ အာလူးခင်း ကို မြေတွေ တူးဆွပြီး စိုက်ပျိုးချင်ပေမယ့် သူ့မှာ ခွန်အားတွေမရှိတော့တဲ့အတွက် သူအခက်တွေ့နေရတယ် ။ ဒါနဲ့ ဟိုးအဝေး တစ်နေရာမှာနေတဲ့ သူ့သားဆီ သူ ဘယ်လိုလုပ်ရမလဲဆိုတာ လှမ်းပြီးအောက်ပါအတိုင်း အကူအ ညီတောင်း လိုက်တယ် ။

“ သား

အဖေကျန်းမာရေးသိပ်မကောင်းဘူး ဒီနှစ်ထဲမှာ အာလူးခင်းကို မြေတူးဆွပြီး ပြန်စိုက်ပျိုးဖို့ အဖေမ တတ်နိုင် ဘူးသား အဖေအဲဒီလိုမလုပ်နိုင်တာကို သိပ်မုန်းတယ်သား ဘာလို့လည်းဆိုတော့ မင်းအမေဟာ အပင်တွေကိုစိုက်ပျိုးရင်းအချိန်ကုန်ဆုံးတရာကို အရမ်းနှစ်သက်ခဲ့တယ် ။ အဖေဟာ အာလူးခင်းကို ပြန်လည်မြေ တူးဆွဖို့ အခု အသက်ကြီးလွန်းနေပါပြီ ။ အကယ်၍ သားကူညီမယ်ဆိုရင်ဆတာ့ အဖေအ ဆင်ပြေပါပြီ သားအဖေ့ ဆီလာပြီး မြေတွေကို တူးဆွပေးနိုင်မလား ။

ချစ်တဲ့ --အဖေ ”

သိပ်မကြာခင်မှာပဲ အဖိုးအိုဟာ ကြေးနန်းနဲ့ ပြန်စာတစ်ခုပြန်ရလိုက်တယ် ။

“ အဖေ

ဘုရားသခင်ကယ်ပေလို့သာပေါ့ အဖေ အဲဒီအာလူးခင်းကို မတူးဆွပါနဲ့ အဲဒီအာလူးခင်းအောက်မှာ သား လက်နက်ခဲယမ်းတွေမြုပ်ထားတယ်အဖေ

ချစ်တဲ့ -- သား ”

အဲဒီစာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာပဲ အဲဒီရွာကို တာဝန်ရှိသူတွေ နဲ့ ရဲအရာရှိတွေ မြို့နယ်တာ ၀န်ခံတွေရောက်လာပြီး အာလူးခင်းကြီ့းတစ်ခုလုံးကို တစ်နေရာမှ မကျန်အောင် တူးဆွပြီး လက်နှက်ခဲ ယမ်းတွေ ကို ရှာဖွေကြပါတော့တယ် ။ ဒါပေမယ့် -- ဘာကိုမှရှာမတွေ့ခဲ့ပဲ ပြန်သွားကြပါတယ် ။

အဖိုးအိုဟာ နားမလည်နိုင်စွာနဲ့ သူ့သားဆီ ဘာတွေဖြစ်ပျက်တာလဲဆိုတာမေးဖို့ စာတစ်စောင်ရေးပို့လိုက်တယ် ။ သူ့သားကစာပြန်ပို့တယ် ။

“ အဖေ

အဖေအခု အာလူးခင်းထဲသွားပြီး အာလူးတွေစိုက်ပျိုးနိုင်ပါပြီ ဒါဟာ ကျွန်တော်အဝေးကနေ အဖေ့ကို အကောင်း ဆုံးကူညီလုပ်ဆောင်ပေးလိုက်ခြင်းပါပဲ

ချစ်တဲ့ --သား ”

######################################

ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဟာ စဉ်းစားဆင်ခြင်ခြင်းမရှိပဲ လက်ရုံးအားကိုးဖို့ပဲ စဉ်းစားမိကြတယ် ။ တကယ်တော့ စဉ်းစား တွေးခေါ် အမြော်အမြင်ကြီးတတ်ခြင်းဟာလည်း ကိစ္စတော်တော်များများကို ခွန်အား မကုန်ဆုံးစေပဲ ဖြေရှင်းပေးနိုင်ပါတယ် ဒါကြောင့် ဘာပဲလုပ်လုပ် မလုပ်ခင်မှာ သူဘာတွေ လုပ်နိုင်သလဲဆိုတာ အရင်စဉ်းစားပါ သင် ဘယ်နေရာရောက်နေနေ သင်ဘာတွေပဲဖြစ်နေနေ အသိဥာဏ် စဉ်းစားတွေးခေါ် တတ်ခြင်း နဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:SKB BoysGroup

 

Wednesday, September 2, 2015

သူကြွယ်နှင့် သူတောင်းစား



မူရင်း... ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)

ကျွန်တော် အင်္ဂလန်မှာ နေတုန်းက ထူးဆန်းတဲ့ နာမည်နဲ့ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့တယ်။ ဆိုင်နာမည်က “သူကြွယ်နှင့် သူတောင်းစား” ဖြစ်တယ်။ ဒါ ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ စိတ်ဝင်စားစရာဖြစ်တယ်။ ဆိုင်အပြင်အဆင်က ရှေးကျပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀က အင်္ဂလန်ကို ပြန်ရောက်သွားသလို ခံစားရအောင် ခေတ်နောက်ပြန်ဆွဲ ပြင်ဆင်ထားတယ်။ ဆိုင်တံခါးဝ ကောင်တာမှာ အလှူခံသေတ္တာလေး တစ်လုံးချထားတယ်။ သေတ္တာပေါ်မှာ ဆိုမားးရီးယား(Somalia) အတွက်လို့ ရေးထားပြီး ဘေးမှာ လူမကြည့်ရက်တဲ့ အငတ်ဘေးကြုံ လူတွေရဲ့ ပိုစတာပုံ တစ်ခု ကပ်ထားတယ်။ စားသောက်ဆိုင်မှာ ဒီလိုပိုစတာ ကပ်ထားတာ နည်းနည်းတော့ အမြင်မကောင်းဘူးလို့ ထင်ပြီး ဆိုင်ထဲကို ကျွန်တော် အမြန်ဝင် ထိုင်လိုက်တယ်။ ဆိတ်ပေါင်နှပ်နဲ့ ၀ိုင်တစ်ခွက်မှာပြီး ထိုင်စောင့်နေလိုက်တယ်။ အဲလိုစောင့်နေတဲ့ အချိန်အတွင်း ဒီဆိုင်နာမည်ကို ဘာဖြစ်လို့ “သူကြွယ်နဲ့ သူတောင်စား” လို့ ပေးထားရသလဲဆိုတဲ့ ကျွန်တော်ရဲ့ သိချင်စိတ်က နှိုးထလာပြန်တယ်။ ဆိုင်ရှင်က ကျွန်တော့်ကို စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်လောက်က ဒီနေရာ တစ်ဝိုက်လုံးကို မြို့စားကြီးတစ်ဦး ပိုင်ဆိုင်ခဲ့တဲ့အကြောင်း၊ မြို့စားကြီးဟာ အသက်(၆၀)ပြည့် မွေးနေ့မတိုင်မီ တစ်ရက်မှာ ပန်းချီဆရာတစ်ဦး ရှာပြီး သူ့အိမ်နဲ့ မိသားစု အားလုံးကို ပုံဆွဲခိုင်းစေခဲ့တဲ့ အကြောင်း၊ ပုံကို ဒီဆိုင်ထဲမှာ ချိတ်ဆွဲထားတဲ့အကြောင်း ပြောပြတယ်။ ပုံကို ကျွန်တော်တွေ့တော့ ပုံထဲက သူဌေးလင်မယားက ဥပဓိရုပ် ခန့်ခန့်နဲ့ သားသားနားနားပဲ။ သူ့သားသမီးတွေက အိမ်ရှေ့ မြက်ခင်းပေါ်မှာ ထိုင်သူက ထိုင်၊ ရပ်သူက ရပ်၊ ကစားတဲ့သူက ကစားနဲ့ ပန်းချီကားထဲက ရှုခင်းက တကယ့်ပျော်စရာ အတိနဲ့ ဆွဲထားတယ်။ မွေးနေ့ပြီးတော့ မကြာဘူး.. မြို့စားပိုင်နက်ထဲမှာ ၀မ်းနည်းစရာ အဖြစ်တစ်ရပ် ပေါ်ခဲ့တယ်။ လယ်သမားတစ်ဦး သေသွားတော့ ကျန်ခဲ့တဲ့ မကျန်းမမာ ဇနီးဖြစ်သူက ကလေး(၄)ယောက်နဲ့အတူ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တယ်။ သနားစရာကောင်းတာက လယ်သမား ဇနီးဟာ ကလေးတွေစားမဲ့ အစာထဲ အဆိပ်အရင်ခတ်ပြီး ကလေးတွေ သေသွားတာကို ကြည့်ပြီးမှ ကိုယ့်ကိုယ် အဆုံးစီရင်လိုက်တာဖြစ်တယ်။ အဲဒီအဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း မြို့စားဟာ ပန်းချီကားချပ်ကိုပဲ ငေးစိုက် ကြည့်နေတော့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ မြို့စားက မဖြေခဲ့ဘူး။ စိတ်ပူပြီး အတင်းမေးမှ ပန်းချီကားချပ်ထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့မိတဲ့အကြောင်း၊ မြက်ခင်းပြင်မှာ ထိုင်ပြီး သူတို့ဆီမှာ လက်ဖြန့် တောင်းနေတဲ့အကြောင်း၊ ဒါကို သူ့အိမ်သားတွေက မမြင်ချင်ဟန်ဆောင်ပြီး လျှစ်လျှူရှုထားတဲ့အကြောင်း ပြောပြတယ်။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို ဘာဖြစ်လို့ အရင်က သူ သတိမပြုခဲ့မိတာလဲ ဆိုတာကို မြို့စားကြီးက နားမလည်ခဲ့ဘူး။ ပန်းချီကားထဲက သူတောင်းစား နှစ်ယောက်ကို သူ့အိမ်သားတွေကလည်း မတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ငြင်းခုန် မနေကြဘူး။ တစ်နေ့မှာ မြို့စားက အိမ်သားအားလုံးကို သူ့စာကြည့်ခန်းမှာ စုဝေးစေပြီး စကားအချို့မှာခဲ့တယ်။ အဲဒီစကားကို သားစဉ်မြေးဆက် မှတ်သားထားရမယ်လို့လဲ ပြောတယ်။ မြို့စားေ ပာလိုက်တဲ့ စကားက ရိုးရိုးလေးပါပဲ “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာဖြစ်တယ်။ မြို့စားရဲ့ သားစဉ်မြေးဆက် တွေကလည်း တော်ရှာပါတယ်။ သူတို့ဟာ စီးပွားရေး နယ်ပယ်မှာ အောင်မြင်သလို အားနည်းတဲ့ လူ့အဖွဲ့အစည်းကိုလည်း အမြဲတမ်း ကူညီခဲ့တယ်။ ဆိုင်ရှင်ရဲ့ ပြောပြချက်အရ အင်္ဂလန်မှာရှိတဲ့ မရှိ ဆင်းရဲသားတွေကို ကူညီစောင့်ရှောက်တဲ့ စနစ်ကို မြို့စားကြီးရဲ့ မျိုးဆက်ထဲက လူတစ်ဦးက လွှတ်တော် အစည်းအဝေးမှာ တင်ပြ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်ပြောပြတဲ့ ရာဇ၀င်ပုံပြင်ကို နားထောင်ပြီး မှာထားတဲ့ အစားအစာတွေကို အရသာခံပြီး ကျွန်တော် သုံးဆောင်လိုက်တယ်။ သောက်စားပြီး ဗိုက်ဝလို့ တံခါးနားက ကောင်တာမှာ ငွေပေးချေတော့ ဆိုမားရီးယားအတွက် ရန်ပုံငွေ ကောက်ခံတဲ့ ပိုစတာကို ကျွန်တော် ကြည့်လိုက်မိပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော့်နားထဲမှာ “ပန်းချီးကားကို နောက်ပြန်လှည့်ကြည့်လိုက်” ဆိုတဲ့ အသံတိုးတိုးကို ကြားလိုက်မိသလိုပဲ။ ကျွန်တော် နောက်ပြန်လှည့်ပြီး ပန်းချီကားကို ကြည့်လိုက်မိတော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင်ဘဲ ပန်းချီကားထဲမှာ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်မိတယ်။ မျက်စိကို ပွတ်ပြီး ကျွန်တော် အနီးကပ် အသေအချာ ထပ်ကြည့်မိတယ်။ တကယ်ပဲ အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစား နှစ်ယောက်ကို တွေ့လိုက်တယ်။ ကျွန်တော် အာရုံစူးစိုက်ပြီး ကြည့်မိတယ်။ ငွေပေးချေနေတုန်း ပန်းချီကားထဲ ကျွန်တော် နစ်မျှောနေတာကို ဆိုင်ရှင်က တွေ့တော့ “ မစ်စတာ.. ခင်ဗျားဟာ သူကြွယ်တစ်ဦးဆိုတာ ခင်ဗျားကို ခင်ဗျားသိပါတယ်နော်” လို့ ပြောတယ်။ သူပြောတာကို ပြန်မဖြေဘဲ သဘောတူကြောင်း ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးတော့ အလှူခံသေတ္တာထဲ အလှူငွေတစ်ချို့ ကျွန်တော် ထိုးထည့်လိုက်မိတယ်။ ဆိုင်ရှင်က ကျွန်တော်ကို ဆိုင်တံခါးဝအထိ လိုက်ပို့ပြီး “ဂွတ်ဘိုင်.. မစ်စတာ ဘုရားသခင်က သင့်ရဲ့ ၀ိညာဉ်ကို ကောင်းချီးပေးပါစေ” လို့ နှုတ်ဆက်လိုက်တယ်။ ကျွန်တော်ခြေလှမ်း လေးငါးလှမ်း လှမ်းပြီး နောက်ကို ပြန်လှည့်ချင်လာတယ်။ ပန်းချီကားထဲမှာ ဘာဖြစ်လို့ သူတောင်းစား နှစ်ယောက်က ပါနေသလဲ..? ဒီပန်းချီကားကို မြို့စားက လူငှားပြီး ဆွဲခိုင်းခဲ့တာ မဟုတ်လား...? သူတောင်းစားပုံကို ပန်းချီဆရာက သူ့သဘောနဲ့ ဘယ်ဆွဲထည့်ရဲမလဲ...? ရုတ်တရက် ကျွန်တော် သဘောပေါက် နားလည်လိုက်ပါတယ်။ ပန်းချီကားထဲမှာ သူတောင်းစားပုံ ပါတယ်၊ မပါဘူးဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာ သိထားဖို့က “သေးငယ်တဲ့ နယ်နိမိတ် အတွင်းမှာ သူကြွယ်နဲ့ သူတောင်းစား အတူတကွ ရှိနေတာဟာ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုပဲ ” ဆိုတာပဲ ဖြစ်တယ်။ နိုင်းနိုင်းစနေ ဘာသာပြန်သည်။ ကျွန်မနဲ့ အတူ လီဂျာထုံ ( Chia-Tung Lee) ရဲ့ စာကို ကြိုက်နှစ်သက်တယ်ဆိုလို့ ၀မ်းသာမိပါတယ်။ တရုတ်လို ဖတ်တတ်ရင် သူ့ရဲ့ စာတွေကို ဒီဆိုက်ထဲမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ အားရင် အားသလို ကျွန်မ ဖတ်မိလို့ ကြိုက်တဲ့ သူရဲ့ စာတွေကို ဘာသာပြန်သွားမှာပါ။ ကျေးဇူးတင်ပါတယ်။

ရေးသားသူ....... နိုင်းနိုင်းစနေ

Sunday, August 30, 2015

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွား လုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်


စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။
၂။ အချိန်တန်ပြီလား
ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။
၃။ ငွေလုံလောက်ပြီလား
ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။
၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား
ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။
၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။
၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား
ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။
၇။ အစမ်း ခြေလှမ်းရှိပြီလား
ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။
၈။ အရည်အချင်းပြည့်ဝပြီလား
ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။
၉။ အိုင်ဒီယာ ကောင်းရဲ့ လား
ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက  သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။
၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား
ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။

Credit >>> yoyarlay


လူမသိ၊ သူမသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား


စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???
တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။
အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်
နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့................။
သမိုင်းမှတ်စုများမှကူးယူဖော်ပြသည်!!!!
Credit to Thet Soe Htike
စာဖတ်သူမိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ။




သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။
တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။

နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။

နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။

လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။

ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်းကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။

BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။

သူဖွင့်လှစ်သင်ကြားပေးတဲ့ကျောင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။

ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။

Credit : Innewsmyanmar



ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ စကားစုများ

အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။
အလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။
Can't (မဖြစ်နိုင်ဘူး)ဆိုတာ မဖြစ်စေတော့နဲ့ Can (ဖြစ်နိုင်ရမယ်)လို့ ယုံကြည်နေရမယ်။
အလုပ်ဆိုတာ Size အရွယ်အစားအဓိကမဟုတ်ဘူး Speed နှုန်းမြန်ဖို့က ပိုအရေးကြီးတယ်။
အရာရာမှာ များများသိချင်ရင် များများနားထောင်ပေးပြီး လက်ခံယူမှုတွေရှိဖို့တော့လိုတယ်။
အခွင့်အရေးဆိုတာ ရှိနေရုံနဲ့တော့မရနိုင်ဘူး ဖန်တီးလုပ်ယူမှသာ ရလာနိုင်ပါလိမ့်မယ်။
အစကောင်းဖို့အရေးကြီးသလို အဆုံးသတ်တွေက ပိုကောင်းနေဖို့တော့လိုပါတယ်။
ဆရာကြီးအား လေးစားစွာဖြင့် ဂါရ၀ပြုရေးသားမျှဝေပေးလျှက်-
Credit >>> BaganTrade.com


လက်သမား ပုံပြင်


အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး … အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး …
ဒီလိုနဲ့ လက်သမားက အိမ်ကို လျော့ရိလျော့ရဲ့ နဲ့ဆောက်လိုက်တာ ပြီးသွားတဲ့အခါမှာ အလုပ်ရှင် ကန်ထရိုက်က အိမ်ကို လာစစ်တယ် … ပြီးတော့ အိမ်သော့ကို လက်သမားရဲ့ လက်ထဲကို ထည့်ပြီးတော့ “ ဒါဟာ မင်းရဲ့ အိမ်ပဲ ” “မင်းအတွက် ငါ့ရဲ့ လက်ဆောင်” လို့ အလုပ်ရှင်ကန်ထရိုက်က ပြောလိုက်ပါတယ် …
အဲဒီ အချိန်မှာတော့ လက်သမားဟာ ရှော့(ခ်) ရသွားတယ် … အရမ်းလည်း ရှက်မိသွားတယ် … တကယ်လို့သာ သူနောက်ဆုံး ဆောက်ခဲ့ရတဲ့ အိမ်ဟာ သူ ပိုင်ဆိုင်ရမယ့် အိမ်လို့ သိခဲ့မယ်ဆိုရင် ဒီထက် ကောင်းအောင် ဆောက်ခဲ့မှာပေါ့ အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေ သုံးပြီး ဆောက်ခဲ့မှာပေါ့ … ခုတော့ သူဖြစ်သလို ဆောက်ခဲ့တဲ့ အိမ်မှာပဲ သူနေရတော့မယ် … ဘာမှ ပြင်လို့ မရတော့ဘူး …
ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်သွားပါတယ် … အွန်လိုင်းမှာ ဒီပုံပြင်ကို ဖတ်ပြီးတဲ့ အခါ ကျွန်တော့် ခံယူချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ပြန်မျှဝေလိုက်ပါတယ် … ကျွန်တော့် wall မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် မမျှော်လင့်ပါနဲ့” နဲ့ ထပ်တူကျတယ်လို့ ခံစားရပါတယ် … ရချင်လို့လုပ်တာ မဖြစ်ပါစေနဲ့ … ဆိုလိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ပါစေနဲ့ … ဒါပေမယ့် ကျွန်တော်တို့က ခက်သားဗျ … ဘုရားသွားပြီး ဆီမီး၊ ပန်း၊ ရေချမ်း လောက် ပူဇော်တယ် တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောက် ဖြစ်နေတယ် …. ။ ကျွန်တော့်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း ရရှိနေကြတာပါ …. ။
လက်သမား နေရာက စာဖတ်သူများ စဉ်းစားကြည့်ပါ … အစောကြီးကတည်းက ဒီအိမ်ကို သူရမယ် မှန်းသိရင် အခုလုပ်နေတဲ့ပုံစံမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး … သေချာပါတယ် … အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါလိမ့်မယ် … ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ဘဝပါပဲ …
ဘဝမှာ တစ်ရက်တည်းပဲ နေရတော့မယ်ဆိုရင်တောင် မှ အဲဒီ တစ်ရက်ကို ဂုဏ်သိက္ခာရှိရှိနဲ့ လိပ်ပြာသန့်သန့် ရှင်သန်လိုက်ပါ … ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ကိုယ်ကိုယ်တိုင် က ဖန်တီးခဲ့တယ် ဆိုတာ စာဖတ်သူများ အကြွင်းမဲ့ ယုံကြည်လိုက်ပါ ….
ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောရရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်က ကံ တနည်းပြောရင် အလုပ်တွေကြောင့်ပါ … အဲဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုး ဆိုးပြစ်တွေဟာ ဒီနေ့လုပ်နေတဲ့ အလုပ်တွေ (ဝါ) ကံတွေကြောင့် ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ … ဒီစကားတွေဟာ ကျွန်တော်ပြောတာ မဟုတ်ပါဘူး … မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောကြားခဲ့တာပါ …
ဒါကြောင့် “ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် … မမျှော်လင့်ပါနဲ့” ကိုယ်လုပ်လိုက်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင် ခံစားရမှာ သေချာပါတယ် …
ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ခံစားမိသမျှ ပြန်မျှဝေတာပါ … စာဖတ်သူများ ဆက်ပြီး တွေးကြည့်ပါ … တစ်ခုခုတော့ရမယ်လို့ မျှော်လင့်ပါတယ် …

အောင်ကိုဦး(UMK)
Be The Best !


လူကြိုက်အများဆုံး