မိမိကိုယ်တိုင်က မသန်စွမ်းသူတွေဖြစ်ပေမဲ့လည်း ဘဝကိုအရှုံးမပေးပဲရင်ဆိုင်ကြသူတွေအများကြီးရှိပါတယ်။ ဒီထဲမှာ Haixia နဲ့ Wenqi တို့လည်းပါဝင်ပါတယ်။ သူတို့နှစ်ယောက်ဟာ တရုတ်နိုင်ငံက ဖြစ်ပြီး ၅၃ နှစ်အရွယ်ရှိကြပါပြီ။ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ ဒီသူငယ်ချင်းနှစ်ယောက်ဆုံတွေ့ခဲ့ကြတာပါ။ Haxia ဟာ မွေးရာပါမျက်လုံးတစ်ဖက်မမြင်သူဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ အလုပ်ခွင်ထဲ မတော်တဆမှုကြောင့် မျက်လုံးအကောင်းတစ်ဖက်ပါ မမြင်ရဘဲဖြစ်သွားခဲ့ပါတယ်။ Wenqi ကတော့ အက်ဆီးဒင့်ဖြစ်ပြီး လက်နှစ်ဘက်လုံးဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ ဒီသူငယ်ချင်းနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အမြဲလိုလိုဖေးမကူညီကြပါတယ်။ သူတို့နှစ်ယောက်အတူရှိတဲ့အချိန်ဆို မလုပ်နိုင်တာဘာမှမရှိဘူးလို့ဆိုရလောက်အောင်ပါပဲ။ ဘဝကိုအရှုံးမပေးကြတဲ့ သူတို့နှစ်ယောက်ဟာ ငွေရှာဖို့အတွက် အပင်တွေစတင် စိုက်ပျိုးကြပါတယ်။ ဒီနောက်မှာတော့ အစိုးရဆီက မြေ ၃ ဧကချေးပြီး အပင်စိုက်တဲ့ အလုပ်ကို လုပ်ဆောင်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အခုအချိန်ဆို အပင် ၁ သောင်းအထိစိုက်နိုင်ခဲ့ပါပြီ။
Ayesay





No comments:
Post a Comment