အလွှာ(၁) အဓိက အကျိုးကျေးဇူး (Core Benefit)
ဒါကတော့ မိမိတို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုရဲ့တန်ဖိုး (ဠေူကန)နဲ့ပတ်သက် လို့ အနိမ့်ဆုံးအဆင့်ပါ။ ဥပမာ ဟိုတယ် တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် ဃသမန နြညန်ငအ ဆိုတာ-
- အနားယူနိုင်ခြင်း
- နေရာထိုင်ခင်း
- အိပ်စက်အနားယူနိုင်မှု စတာတွေကို ဆိုလိုတာပါ။ ဒီအဓိက အကျိုးကျေးဇူး (Core Benefit))တွေကိုသာမပေးနိုင်ရင် ဟိုတယ်လို့တောင် ခေါ်ဆိုလို့မရတဲ့ သဘောဖြစ်ပါတယ်။
အလွှာ(၂) အခြေခံကုန်ပစ္စည်း (Basic Product)
ဒါကတော့ သက်ဆိုင်ရာ Core Benefit ကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ အတွက် အနိမ့်ဆုံးလိုအပ်ချက်ကိုဆိုလိုတာ ပါ။ ဥပမာ-ဟိုတယ်တစ်ခုမှာဆိုရင် ကုတင်၊ အင်္ကျီစင်၊ အိမ်သာ၊ စားပွဲခုံ၊ ကုလားထိုင် စသဖြင့် ပြည့်ပြည့်စုံစုံရှိတာကို ဆိုလိုတာ ပါ။ ဟိုတယ်ရယ်လို့ ဖြစ်လာရင်ရှိရမယ့် အခြေခံပစ္စည်းတွေ၊ ပရိဘောဂတွေ စုံစုံ လင်လင်ရှိရမှာဖြစ်ပါတယ်။
အလွှာ(၃) မျှော်လင့်မှု (Expected Product)
ဒါကတော့ မိမိရဲ့ပစ္စည်း၊ ဝန်ဆောင်မှု အပေါ် ဝယ်သူတွေရဲ့ မျှော်လင့်မှုကို တတ် နိုင်သလောက် ဖြည့်စွမ်းရမယ့် အလွှာပါ။ ဥပမာ-ဟိုတယ်ကိုလာတဲ့ ဧည့်သည် တစ်ယောက်အနေနဲ့ သန့်ရှင်းသပ်ရပ်တဲ့ အိပ်ရာ၊ ပြည့်စုံတဲ့ အခန်းအပြင်အဆင်၊ သန့်ရှင်းတဲ့ အိမ်သာစသဖြင့် မျှော်လင့် ကြမှာဖြစ်တဲ့အတွက် ဖြည့်ဆည်းဆောင် ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီအလွှာကစပြီး ဟိုတယ်တစ်ခုအနေနဲ့ အခန်းအမျိုးအစား၊ ဈေးနှုန်းအနိမ့်အမြင့် စတာတွေကို ခွဲခြား သတ်မှတ်ကြတာဖြစ်ပါတယ်။
အလွှာ(၄)သာလွန်မှု (Augmented Product)
ဒီအဆင့်မှာတော့ ဝယ်သူတွေရဲ့ မျှော်လင့်ချက်ထက်သာလွန်ကောင်းမွန် အောင် အားထုတ်ရမှာဖြစ်ပါတယ်။ ဟိုတယ်တစ်ခုအနေနဲ့ဆိုရင် တီဗီချန်နယ်လ် လိုင်းစုံလင်တာတွေ၊ ပန်းအပြင်အဆင် တွေ၊ လက်ဖက်ရည်၊ ကော်ဖီအသင့်ဖျော် သောက်သုံးနိုင်အောင် ပြင်ဆင်ပေးထား တာတွေ၊ ဆံပင်လေမှုတ်စက်ထားရှိပေး တာတွေ၊ အပ်ချည်၊ မုတ်ဆိတ်ရိတ်ဓားက အစ လိုလေသေးမရှိပြင်ဆင်ထားရှိပေး ထားတာမျိုးပါ။
ဒါပေမဲ့ ဒီကနေ့ခေတ် ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဟိုတယ်လောကမှာတော့ ဒီသာလွန်မှု (Augmented Product)) အလွှာထဲက ဝန်ဆောင်မှုတွေက မျှော်လင့် မှု (Expected Product)အလွှာထဲကို တဖြည်းဖြည်းရောက်ရှိလာနေပါပြီ။ ဒီ ကနေ့ခေတ် ဟိုတယ်တော်တော်များများ ဟာ သာလွန်မှု (Augmented Product) အလွှာထဲမှာ ပါဝင်တဲ့ ဝန်ဆောင်မှုတော် တော်များများကို သူတို့ရဲ့ ဟိုတယ်တွေမှာ သူတို့ရဲ့အခြေခံ (Standard)ဝန်ဆောင်မှု အနေနဲ့တောင် ပေးနေပါပြီ။
ဒီနေရာမှာ ဟိုတယ် ဥပမာနဲ့ ကြည့် မယ်ဆိုရင် ဒီလိုအလွှာတွေ တိုးသွားတိုင်း ဟိုတယ်ရဲ့ အခန်းခတွေလည်း တိုးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မိမိတို့တိုးလိုက် တဲ့ ဝန်ဆောင်မှုတွေဟာ ဝယ်သူ (Customer)တွေရဲ့ ပေးချင်စိတ်၊ ပေးလိုစိတ်ရှိမှုနဲ့ လည်း ဆက်စပ်နေဖို့ အထူးလိုအပ်ပါတယ်။
အလွှာ(၅) အလားအလာရှိမှု (Potential Product)
ဒါကတော့ အမြင့်ဆုံးအဆင့်ဖြစ်ပြီး ဝယ်သူတွေရဲ့ စိတ်ကျေနပ်နှစ်သက်မှုကို အမြင့်မားဆုံးရရှိအောင် ကြိုးပမ်းရပါမယ်။ ဥပမာ-ဟိုတယ်အခန်းထဲမှာ နှစ်သက်ရာ ရုပ်ရှင်ကားကို ရွေးချယ်ကြည့်ရှုနိုင်တဲ့ တီဗီ ထားရှိပေးခြင်းမျိုး၊ ဟိုတယ်အတွင်းက ရေခဲသေတ္တာမှာ တတ်နိုင်သမျှအအေး၊ အဖျော်ယမကာ အမျိုးအစားစုံလင်အောင် ထားရှိပေးခြင်းမျိုး၊ လေဆိပ်နဲ့ ဟိုတယ်ကို အကြိုအပို့ အခမဲ့လုပ်ပေးခြင်းမျိုး စတာ တွေကို ဆိုလိုတာပါ။
ဒီ ကြက်သွန်ဥမော်ဒယ် (Onion Model)ကို အသုံးပြုပြီး မိမိတို့ရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ဝယ်သူတွေအကြားမှာ မဟာဗျူဟာမြောက် လိုအပ်သလို ဆောင် ရွက်သွားနိုင်ပါတယ်။ အဓိကက မိမိတို့ရဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအပေါ်မှာ မိမိ တို့ရဲ့ ဝယ်သူတွေလိုချင်တဲ့ အကျိုးကျေးဇူး (Benefit)ကို ကောင်းစွာနားလည် သဘောပေါက်ဖို့ပါပဲ။ မတူညီတဲ့ ကုန် ပစ္စည်းတွေအလိုက် ဝယ်သူတွေလိုချင်တဲ့ အကျိုးကျေးဇူးအချို့ကို ဥပမာအဖြစ် တင်ပြပေးလိုက်ပါတယ်။ စဉ်းစားတွေးခေါ် အသုံးပြုနိုင်ကြဖို့ ဖြစ်ပါတယ်။
ကုန်ပစ္စည်း (Product) အကျိုးကျေးဇူး (Benefit)
မော်တော်ကား - ဆက်သွယ်မှု၊ လုပ်ငန်းခွင်အတွက် အသုံးပြုမှု၊ အဆင့်အတန်း ပြယုဂ်
အက်ႌ - ရာသီဥတုဒဏ္ကို ကာကြယ္မႈ၊ ဖက္ရွင္က်မႈ
ချောကလက်မုန့် - ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေမှု၊ အရသာရှိမှု
လင်းသိုက်ညွန့် (မြန်မာ့မြေ)
အခွင့်လမ်း
No comments:
Post a Comment