ဒီဇာတ်လမ်းလေးဟာ သင့်အတွက် ကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်ပေါ်
စေနိုင်မယ်လို့ မျှော်လင့်ပါတယ်။
တစ်နေ့မှာ ပါမောက္ခကြီးတစ်ဦးဟာ ရေထည့်ထားတဲ့ဖန်ခွက်တစ်
ခွက်ကို ကိုင်ပြီးသင်တန်းခန်းမထဲကို ၀င်လာပါတယ်။ သူဟာ
အဲဒီဖန်ခွက်ကိုအားလုံးမြင်နိုင်အောင်မြှောက်ပြီး
“တပည့်တို့ဒီဖန်ခွက် ဘယ်လောက်လေးတယ်
် ထင်သလဲ” လို့သင်တန်းသား၊သင်တန်းသူများကိုမေးလိုက်ပါတယ်။
သင်တန်းသား/သူ တွေက '50g!' ….. ‘100g!’ ….. ‘125g’လို့တစ်
ယောက်တစ်ပေါက်နဲ့ ထင်တာကို ဖြေကြတာပေါ့။
အဲဒီမှာ ပါမောက္ခကြီးက
“ဒီ ဖန်ခွက်ကို မချိန်ကြည့်ပဲနဲ့တော့ဆရာကိုယ်တိုင်လဲ သိမှာ
မဟုတ်ပါဘူး” လို့ပြန်ဖြေပြီး
“ဒါပေမယ့် ဆရာ တစ်ကယ်သိချင်တာက ဒီဖန်ခွက်ကို မိနစ်အနည်း
ငယ်ကြာဒီလိုမြှောက်ပြီး ကိုင်ထားရင်ကော ဘာတွေဖြစ်လာမလဲ
ဆိုတာပါပဲ” လို့သင်တန်းသား/သူ တွေကို မေးလိုက်ပါတယ်။
သင်တန်းသား/သူများက
“ဘာမှ မဖြစ်နိုင်ပါဘူးဆရာ” လို့ပြန်ဖြေကြတာပေါ့။
ပါမောက္ခကြီးကဆက်ပြီးတော့
“တကယ်လို့ အခုလို၁နာရီလောက် ဆရာကိုင်ထားရင်ကော
ဘာဖြစ်လာမလဲ တပည့်တို့” လို့ထပ်မေးတော့ ကျောင်းသား
တစ်ယောက်က
“ဆရာ့ လက်တွေနာကျင်ကိုက်ခဲလာလိမ့်မယ်” လို့ဖြေပါတယ်။
ပါမောက္ခကြီးက “သိပ်မှန်တာပေါ့ကွာ၊ ကဲ ဆရာ တကယ်လို့တစ်နေ
ကုန် ကိုင်ထားရင်ကောကွာ’’ လို့မေးတော့ နောက်ကျောင်းသား
တစ်ယောက်က အရဲစွန့်ပြီး
“အဲလိုသာ တစ်နေကုန်ကိုင်ထားရင်တော့ ဆရာရေ ဆရာ့လက်မောင်း
ထုံကျင်ပြီး ကြွက်သားတွေဆိုးဆိုးရွားရွားထိခိုက်ပြီး သွက်ချာပါဒဖြစ်
လို့ ဆေးရုံကိုရောက်မှာ သိပ်သေချာတယ်” လို့ဖြေတော့
အခြားအတန်းသားများက အဖြေကိုသဘောကျပြီး ရယ်မော
ကြပါတယ်။
“သိပ်မှန်တာပေါ့ကွာ၊ ဒါနဲ့ အဲဒီလိုတစ်နေကုန်ကိုင်ထားတုန်းဖန်ခွက်ရဲ့
အလေးချိန်ကပြောင်းသွားသေးလား” လို့ ပါမောက္ခကြီးကမေးတော့
သင်တန်းသား/သူ များက
“မပြောင်းပါဘူးဆရာ” လို့တခဲနက်ပြန်ဖြေတော့ ပါမောက္ခကြီးက
“ဒါဆို ဘာကြောင့်လက်မောင်းတွေနာကျင်ပြီးကြွက်သားတွေကိုက်ခဲ
လာရတာလဲ” လို့ထပ်မေးတော့ ကျောင်းသားများက မဖြေနိုင်တော့ပဲ
ဖြစ်သွားကြပါတယ်။
“ဒါဆိုရင် ဆရာ့လက် မနာကျင်အောင် ဘယ်လိုလုပ်ရမလဲတပည့်တို့”
လို့ထပ်မေးတော့ ကျောင်းသားတစ်ယောက်က
“ဖန်ခွက်ကို မကိုင်တော့ပဲ ချလိုက်ပါဆရာ”လို့ပြန်ဖြေတော
့ ပါမောက္ခကြီးက “သိပ်မှန်တာပေါ့”
“ဘ၀မှာကြုံတွေ့ရမယ့်
အခက်အခဲ ပြဿနာတွေက အဲဒီလိုပါပဲ” လို့ပြန်ဖြေပါတယ်။
“တကယ်လို့သင်ဟာ အဲဒီ အခက်အခဲ ပြဿနာတွေကို ခေါင်းထဲမှာ
မိနစ်အနည်းငယ်ပဲထည့်ထားရင် ဘာမှမဖြစ်နိုင်ပေမယ့်
အချိန်ကြာကြာသာတွေးတောနေမယ်ဆိုရင်တော့ သင်တို့ဟာ
တစ်ဖြည်းဖြည်းခေါင်းကိုက်လာပါမယ်”
“ဒီထက်ပိုပြီးကြာလာရင်တော့ အဲဒီ အခက်အခဲ ပြဿနာတွေက
သင့်ကိုသွက်ချာပါဒ ပါဖြစ်စေနိုင်ပါတယ်”
“အဲဒီအချိန်ဆိုရင် သင်ဘာမှ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တော့
ပါဘူး”သင့်ဘ၀မှာကြုံတွေ့ရမယ့် အခက်အခဲပြဿနာတွေ အကြောင်း
ကို တွေးတောစဉ်းစားတာဟာသင့်အတွက် အရေးပါ ပါတယ်။
ဒါ့ထက်ပိုအရေးကြီးတာကတော့ သင်အိပ်ရာမ၀င်ခင် အဲဒီ အခက်အခဲ
တွေကို ခေါင်းထဲကထုတ်လိုက်တာပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့်
သင်ဟာ စိတ်ဖိစီးမှုမရှိပဲနေ့စဉ် အားပြည့်လန်းဆန်းစွာနဲ့ အိပ်ရာက
နိုးထနိုင်တဲ့ အပြင်၊ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ်
ကိုင်တွယ်ဖြေရှင်းနိုင်ပြီး စိန်ခေါ်မှုများကိုသင်အမြဲအနိုင်ယူနိုင်မှာပဲ
ဖြစ်ပါတယ်။
(Enervon C သောက်စရာ မလိုတော့ဘူးပေါ့ :P)
ဒါ့ကြောင့် သင်ဒီနေ့ရုံးဆင်းရင် သင့်ရဲ့ဖန်ခွက်ကို ချထားခဲ့ဖို့
မမေ့သင့်သလို ၊သင့်သူငယ်ချင်းတွေကိုလည်းမျှဝေဖို့ မမေ့ပါနဲ့

No comments:
Post a Comment