စိတ်ကျမှုဟာတစ်ဦးနဲ့တစ်ဦးမတူပါဘူး။ အထူးသဖြင့် ယောကျာ်းလေးနဲ့မိန်းကလေးတွေမှာ မတူညီတတ်ပါဘူး။ မိန်းကလေးတွေဟာယောကျာ်းလေးတွေထက်ပိုပြီးစိတ်ကျလွယ်ပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ကျရတဲ့အကြောင်းရင်းနဲ့ လက္ခဏာတွေ ဟာယောကျာ်းလေးတွေ စိတ်ကျရတဲ့အကြောင်းရင်းနဲ့လည်း မတူညီပါဘူး။
စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့အခြေအနေတစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက်လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ်အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျတယ်ဆိုတာပုံမှန်ပါပဲ။ အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရတော့မိန်းကလေး ရှစ်ယောက်မှာတစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့သိရပါတယ်။
ဝမ်းနည်းနေမယ်၊ အပြစ်ရှိတယ်လို့ခံစားနေရမယ်၊ ပင်ပန်းနေမယ်ဆိုရင်တော့စိတ်ကျလာနိုင်ပါတယ်။ သတင်းကောင်းကတော့စိတ်ကျတာကိုကုသလို့ရပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ကျမှုနဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်လာတာနဲ့ပဲ စိတ်ကျမှုကို ကိုင်တွယ်ဖြေရှင်းလာနိုင်မှာပါ။
စိတ်ပညာပိုင်းအရကြည့်မယ်ဆိုရင်တော့ခံစားလို့မကောင်းတာတွေနဲ့မုန့်လုံးစက္ကူကပ်နေတာ၊ အလုပ်၊ အိမ်၊ကျောင်း စတာတွေမှာစိတ်ဖိစီးမှုများနေတာ၊ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး စိတ်မကျေမနပ် ဖြစ်နေတာတွေကြောင့် စိတ်ကျလာတယ် လို့ပြောရမှာပါပဲ။
Trend Myanmar
စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့အခြေအနေတစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက်လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ်အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျတယ်ဆိုတာပုံမှန်ပါပဲ။ အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရတော့မိန်းကလေး ရှစ်ယောက်မှာတစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့သိရပါတယ်။
ဝမ်းနည်းနေမယ်၊ အပြစ်ရှိတယ်လို့ခံစားနေရမယ်၊ ပင်ပန်းနေမယ်ဆိုရင်တော့စိတ်ကျလာနိုင်ပါတယ်။ သတင်းကောင်းကတော့စိတ်ကျတာကိုကုသလို့ရပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ပတ်သက်တဲ့ စိတ်ကျမှုနဲ့ အကျိုးသက်ရောက်မှုတွေကို နားလည်လာတာနဲ့ပဲ စိတ်ကျမှုကို ကိုင်တွယ်ဖြေရှင်းလာနိုင်မှာပါ။
မိန်းကလေးတွေစိတ်ကျရခြင်းအကြောင်းတွေကတော့
- ပုံမှန်လည်ပတ်နေကျအရာတွေပေါ်မှာ စိတ်ဝင်စားမှုနည်းလာတာ၊ စိတ်ကျေနပ်မှုနည်းလာတာ
- အပြစ်ရှိတယ်လို့ခံစားရတာ၊ မျှော်လင့်ချက်မရှိတာ၊ ကိုယ့်ကိုကိုယ်အရေးမပါဘူးလို့ထင်လာတာ
- သေချင်စိတ်ပေါက်တာ
- အအိပ်မမှန်တာ (အလွန်အကျွံအိပ်တာ၊ အိပ်ချိန်နည်းတာ)
- အစားမမှန်တာ၊ ကိုယ်အလေးချိန်ပြောင်းလဲလာတာ
- အာရုံစူးစိုက်ဖို့ခဲယဉ်းနေတာ
- ပင်ပန်းပြီးအင်အားမရှိဖြစ်နေတာစတာတွေပဲဖြစ်ပါတယ်။
မိန်းကလေး
- ကိုယ့်ကိုကိုယ်အပြစ်တင်
- ၀မ်းနည်း၊ စိတ်မပါ၊ အရေးမပါဘူးလို့ခံစားရ
- စိုးရိမ်၊ ကြောက်
- အချင်းပွားမှုတွေကိုဘယ်နည်းနဲ့မဆိုရှောင်
- စကားပြောနည်း၊ စိတ်လှုပ်ရှားလွယ်
- အဆီးအတားမရှိတော
- လက်မှိုင်ချရတာပျော့ညံ့တယ်လို့ထင်
- အစားစား၊ သူငယ်ချင်းတွေနဲ့တွေ့၊ အချစ်နဲ့စိတ်ဖြေ
ယောကျာ်းလေး
- တခြားလူတွေကိုအပြစ်တင်
- ဒါသထွက်၊စိတ်ဆိုးမာန်ဆိုးဖြစ်၊ အတ္တကြီး
- သံသယဖြစ်လွယ်၊ ချင့်ချိန်
- စကားများ၊ ရန်ဖြစ်
- ဂနာမငြိမ်၊ အိပ်မပျော်
- အရာရာစီမံချင်တယ်
- စိတ်ပျက်လက်ပျက်စကားတွေပြောလွယ်
- အရက်သောက်၊ရုပ်ရှင်ကြည့်၊အားကစားလုပ်၊ ကာမနဲ့စိတ်ဖြေ
မိန်းကလေးတွေစိတ်ကျရခြင်းအကြောင်းအရင်းတွေကတော့
ဇီဝဗေဒဆိုင်ရာနဲ့ ဟော်မုန်းတွေကြောင့်ဖြစ်ပြီး ရာသီမလာခင်အခက်အခဲ၊ ကိုယ်ဝန်ဆောင်ရတာ၊ မျိုးမအောင်တာ၊ ကလေးမွေးပြီးတဲ့အချိန်မှာစိတ်ကျ၊ သွေးဆုံးချိန်အခက်အခဲ၊ ကျန်းမာရေးမကောင်းလို့စတာတွေကြောင့်ပဲဖြစ်ပါတယ်။စိတ်ပညာပိုင်းအရကြည့်မယ်ဆိုရင်တော့ခံစားလို့မကောင်းတာတွေနဲ့မုန့်လုံးစက္ကူကပ်နေတာ၊ အလုပ်၊ အိမ်၊ကျောင်း စတာတွေမှာစိတ်ဖိစီးမှုများနေတာ၊ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး စိတ်မကျေမနပ် ဖြစ်နေတာတွေကြောင့် စိတ်ကျလာတယ် လို့ပြောရမှာပါပဲ။
စိတ်ဓာတ်ကျနေတာကိုသိရင်ကိုယ်ကိုယ်တိုင်ကုသလို့ရပါတယ်။ ဘယ်လိုကုသရမလဲဆိုတော့
- သင်ခံစားနေရတာတွေကိုယုံကြည်လို့ရတဲ့တစ်ယောက်ယောက်ကိုပြောပြလိုက်ပါ။
- လူမှုဆက်ဆံရေးကိစ္စတွေမှာ ပါဝင်ချင်စိတ်မရှိဘူးဆိုရင်တောင် အားတက်သရောပါဝင် ဆောင်ရွက်လိုက်ပါ။
- တက်တက်ကြွကြွလှုပ်လှုပ်ရှားရှားနေပါ။
- တစ်နေ့အနည်းဆုံးရှစ်နာရီဆက်တိုက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ။
- တစ်နေ့တာအတွင်းနေရောင်ရတဲ့နေရာမှာအချိန်နည်းနည်းနေပေးပါ။
- စိတ်တင်းအားတွေကိုဖြေလျှော့နိုင်တဲ့လေ့ကျင့်ခန်းတွေလုပ်ပေးပါ။
ရာသီမလာခင်မှာဖြစ်တတ်တဲ့စိတ်ကျမှုပြလက္ခဏာများ
- ၀မ်းနည်း၊ မျှော်လင့်ချက်မဲ့
- စိတ်ဖိစီးမှုများ
- စိတ်ချောက်ချား
- စိတ်ခံစားမှုအပြောင်းအလဲမြန်၊ အငိုလွယ်
- စိတ်ပျက်လွယ်၊ ဒေါသဖြစ်လွယ်
- အချစ်ရေးနဲ့နေ့စဉ်လှုပ်ရှားမှုတွေအပေါ် စိတ်မ၀င်စား
- ပြဿနာကိုတွေးပူ
- အားနည်း
- အစားစားဖို့အာသာပြင်းပြ၊
- ကိုယ့်စိတ်ကိုကိုယ်ထိန်းမနိုင်သိမ်းမရဖြစ်၊
- ရင်သားတွေနာမယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားတွေနာမယ်စတာတွေပါပဲ။
Trend Myanmar
No comments:
Post a Comment