Mark Wahlbergဆိုတဲ့မင်းသားကိုတော့ သူငယ်ချင်းတို့အားလုံးပဲ ကြားဖူးကြမယ်ထင်ပါတယ်။ သူကတော့
Transformers: Age of Extinction, Lone Survivor, Italian Job , Shooter, Pain and Gainစတဲ့
နာမည်ကြီးရုပ်ရှင်တွေမှာသာမက အခြားသောရုပ်ရှင်များစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်
အမေရိကန်မင်းသားပါ။
တကယ်တော့ Markဟာ ၁၄နှစ်အရွယ်မှာထဲက ကျောင်းထွက်ခဲ့ပါတယ်။ ပြီးတော့ လမ်းပေါ်မှာ လုယက်၊
ခိုးယူ၊ဆေးရောင်း စတဲ့မကောင်းမှုများစွာကိုလုပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ပါ။နောက်၂နှစ်လောက်ကြာ
တော့ ဗီယက်နမ်လူမျိုး အမျိုးသားတစ်ယောက်ကိုရိုက်မှုနဲ့ ထောင်၄၅ရက်ကျခဲ့ပါတယ်။ ထောင်ကထွက်လာ
ပြီးမှာ Markဟာအမြင်မှန်ရပြီး သူ့ရဲ့ဘ၀ကိုပြောင်းလဲခဲ့ပါတယ်။
ထောင်ကထွက်လာအပြီးမှာ အစ်ကိုဖြစ်သူDonnieရဲ့အကူအညီနဲ့ ဂီတပိုင်းကိုအသက်မွေးဝမ်းကြောင်း အဖြစ်
ကူးပြောင်းခဲ့ပါတယ်။ Marky Markဆိုတဲ့နာမည်နဲ့ rapတွေဆိုပြီး albumတစ်ခုထုတ်ခဲ့ပါတယ်။ထိုalbumက
လည်းအောင်မြင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Underwearတွေကိုကြော်ငြာတဲ့ မော်ဒယ်တစ်ယောက်ဖြစ်
လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်ရှင်ဒါရိုက်တာတွေရဲ့ကမ်းလှမ်းမှု ကြောင့်ရုပ်ရှင်ဇာတ်လမ်းများစွာကို
ရိုက်ရင်းသူရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အမေရိကန်မှာအအောင်မြင်ဆုံးမင်းသားထဲက
တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
မှားတယ်ဆိုတာလူသားတွေရဲ့သဘာဝပါ။ သင်လည်းမှားဖူးတယ်။ ကျွန်တော်လည်းမှားဖူးတယ်။ ဒါပေမဲ့အဲ့ဒိ
အမှားတွေကို သင်ခန်းစာဘယ်လိုယူလဲဆိုတာပဲကွဲပြားသွားကြတာပါ။ အကယ်၍ Markသာဆက်မိုက်နေခဲ့
မယ်ဆိုရင်တော့အခုလိုနာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့မှာမဟုတ်ပါဘူး။ အခုအချိန်ကစပြီးသင်အရင်က
မှားခဲ့ဖူးတယ်ဆိုရင်လည်း နောင်တတွေနဲ့ရုန်းမထွက်နိုင်တဲ့သူတစ်ယောက်မဖြစ်ပါစေနဲ့။ နောင်တဆိုတာ
တွေးဆွေးဖို့ မဟုတ်ပါဘူး။ သင့်ဘ၀အတွက် အသုံးချရမယ့်အရာပါ။ အမှားတွေကိုသင်ခန်းစာယူပြီး ရှေ့ဆက်
ကြပါစို့။
မိုးရှင်း (I.M.T)

No comments:
Post a Comment