Thursday, August 20, 2015
ယနေ့ စာပေလောကဟာ ဆုတ်ယုတ် နိမ့်ကျသွားတဲ့ ပြောင်းလဲခြင်း နဲ့ ကြုံတွေ့နေရ
ယနေ့ခေတ် စာပေလောက ပြောင်းလဲမှု အခြေအနေ အပေါ် အမြင် သုံးသပ်ချက်
ပြောင်းလဲမှု ဆိုတာ ကတော့ ရှိ ရမှာပါပဲ။ အဟောင်း အဟောင်းတို့ နေရာမှာ အသစ်အသစ် တို့ဝင် ရောက်လာတာဟာ သဘာဝပဲ မဟုတ်လား။ ပြောင်းလဲ တာတော့ ပြောင်းလဲ ရမှာပေါ့။ ဒါပေမဲ့ တိုးတက် ဖြစ်ထွန်းတဲ့ ပြောင်းလဲခြင်းလား၊ ဆုတ်ယုတ် နိမ့်ကျ သွား တဲ့ ပြောင်းလဲခြင်းလား ဆိုတာတော့ သုံးသပ်ကြည့်ဖို့ လိုတယ်။ အဲဒါကို သုံးသပ်ရရင် ယနေ့စာပေလောက ဟာ ဆုတ်ယုတ် နိမ့်ကျသွားတဲ့ ပြောင်းလဲ ခြင်းနဲ့ ကြုံတွေ့နေရတယ် ဆိုတာပါ ပဲ။ အဲဒီလို အခြေအနေကလည်း ပေါ်ပြူလာ ဂျာနယ် (၁၈)နှစ်သား အရွယ် ရောက်လာမှ၊ (၁၇)နှစ်သား အရွယ်ရောက် လာမှ ကြုံတွေ့ရတာ မဟုတ်ပါဘူး။ တစ်နှစ်ချင်း၊ တစ်လ ချင်း၊ တစ်ရက်ချင်း ဆုတ်ယုတ်လာ ခဲ့ရတာပါ။ အဲဒီ အခြေအနေတွေ ကလည်း ကျွန်တော်တို့ စာပေလော ကမှ ကြုံကြိုက် ရတာ မဟုတ်ပါဘူး။ ကျွန်တော် တို့ရဲ့ ညီနောင် နယ်ပယ် များဖြစ်တဲ့ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သ ဘင်အစရှိတဲ့ နယ်ပယ်တွေရော၊ အားကစားလို ရုပ်ပိုင်း ဆိုင်ရာ ကြံ့ ခိုင်ရေးနဲ့ ပတ်သက်တဲ့ နယ်ပယ်မှာ ရော၊ ကိုယ်ကျင့်တရား လို ကိုယ်ချင်း စာနာမှုကို စွန့်လွှတ် အနစ်နာခံမှုလို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်ရေးနဲ့ ပတ်သက်တဲ့ နယ်ပယ် မှာရော ဆုတ် ယုတ်နိမ့်ကျသွားခဲ့တာပါ။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ကိစ္စ အဆုံး ဆိုပါတော့။ ဘာများ အကောင်း အတိုင်းကျန်တာ ရှိပါသေးသလဲ။
ရသစာပေ မှေးမှိန် သွားခြင်းနဲ့ အွန်လိုင်းမှာ သတင်းများ၊ စာပေ ကဗျာ များ ဖြစ်ထွန်း လူကြိုက် များလာ ခြင်း အပေါ် နှိုင်းယှဉ် သုံးသပ် ချက်
ရသစာပေ မှေးမှိန်သွားခြင်းနဲ့ ပတ်သက်ပြီး စံနေရာမှာ တစ်ထိုင် တည်း ဆွေးနွေးလို့ မရပါဘူး။ အများ ကြီး ကျယ်ပြန့်ပြီး သက်ဆိုင် သူများ အပါအဝင် ဆွေးနွေး အဖြေရှာရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ အွန်လိုင်းနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကျွန် တော် ကိုယ်တိုင် အွန်လိုင်း သုံးတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ အခြေအနေက ထင်သလောက် မဆိုး ပါဘူး။ ရင်တထိတ်ထိတ် နဲ့ သုံးကြည့် ရင်း ကိုယ့် Friend တွေကို စောင့် ကြည့်ရင်း အကောင်းဘက် က မြင်လို့ ရလာပါတယ်။ လူငယ်တော်တော် များများက သူတို့ မသိသေးတာ သိပ်သိချင်ကြပါတယ်။ အွန်လိုင်းပေါ် ရောက်နှင့်နေကြတဲ့ ဆရာကြည်မင်း တို့လို၊ ဆရာဆူးငှက် တို့လို ဆရာ ဂျို ဇော် တို့လို ဝါရင့် ကြီးတွေ ရေးကြတဲ့ စာတွေ၊ ဆွေးနွေးတဲ့ အကြောင်း အရာတွေကို တကယ် စိတ်ဝင်စားကြတယ်။ “ဆရာတို့ ရေးပါဦးနော်”၊ “အဲဒီ စာအုပ် ဘယ်မှာ ဝယ်လို့ရသလဲ ဆရာ” ဆိုတဲ့ တုံ့ပြန်သံတွေလည်း ကြားရပါတယ်။ တစ်ခု ရှိတာက ဒီလို ပဲ အွန်လိုင်း သတင်းတွေ ဖတ် ပြီး ရေး တော့လည်း ကျွန်တော် သဘောကျ တယ်။ ဘာပေးလဲ ဆိုတော့ ကိုယ့် ပတ်ဝန်းကျင်ရဲ့ အနေအထားတွေ ကို အရင်း အတိုင်း လေ့လာနိုင်တယ်။ ဘာကြောင့် ဒီအခြေအနေမျိုး ဖြစ် နေတယ် ဆိုတာလည်း ဆွေးနွေးလေ့ လာ အဖြေ ရှာနိုင်တယ်။ ဓမ္မ နဲ့ အဓမ္မ လည်း ခွဲခြားနိုင်တယ်။ ကျွန်တော်တို့ စာပေ အနုပညာ စိတ်ဝင်စားတဲ့ အစကနဦး ကာလက စိတ်ကူးယဉ် အိပ်မက်ထဲမှာ လွင့်မျောနေ ခဲ့တာ။ စာရေးဆရာ ဆိုတာ စိတ်ကူးယဉ်ပြီး ရေးဖွဲ့တာလို့ ထင်မိတယ်။ ဖတ်တဲ့ စာတွေ ကလည်း အဲဒီလို စာတွေ ပဲ။ နောက်မှ ပြည်သူ လူထုဘဝနဲ့ နီးစပ် တဲ့စာပေတွေ ဖတ်မိခဲ့တာ အွန်လိုင်း မှာတော့ ပြည်သူ့ဘဝ ကို လေ့လာရင်း ပြည်သူ့ ခံစားချက် ကို ထင်ဟပ်တဲ့ စာ၊ ကဗျာတွေ ရေးလာကြတာ တွေ့ရ တယ်။ ဒါဟာ မျိုးဆက်သစ် အတွက် ကောင်းတဲ့ကိစ္စပဲ။
ရသစာပေပြန်လည်ထွန်းကား အောင်မြင်လာစေရန်အကြံပြုချက်များ
ခေတ်ပြောင်း စနစ်ပြောင်း မှာ ပြန်လည်ထွန်းကား အောင်မြင်လာ စေရေး နဲ့ပတ်သက်တဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ အဆက်မပြတ် လုပ်ဆောင် ကြရမယ်။ ဆွေးနွေး ပွဲတွေ လက်တွေ့ အကောင်အထည် ဖော်ရမယ်။ ရှေ့လုပ်ငန်းစဉ်တွေ ပါတဲ့ ဆုံးဖြတ်ချက်များ ချနိုင် မယ့် ဆွေး နွေးပွဲများ။ အဲဒီမှာ စာရေးဆရာ ဘယ်သူက ဘာတွေရေးမယ် ဘယ် ထုတ်ဝေသူက ထုတ်မယ်။ စာအုပ် တွေ စာကြည့်တိုက် ဆီရောက်အောင် ၊ ဘယ်သူတွေဆီ ရောက်အောင် ဘယ်လို ချိုသာတဲ့ ဈေးနှုန်း နဲ့ ဖြန့်ဝေမယ် ထုတ်ဝေသူများ အသက်ဆက် နိုင်အောင် ဘယ်လို ပံ့ပိုးကူညီမယ်၊ စတဲ့ ကိစ္စတွေဆွေးနွေးရင်း၊ တိုင်ပင် ရင်းလည်း အဖြေ တချို့ရနိုင်တယ်။
စောစောကပြောတဲ့ လူငယ် တွေရေးတဲ့ အွန်လိုင်းစာ၊ ကဗျာတွေကို လည်း ပုံနှိပ်စာ၊ ကဗျာဖြစ်အောင် ဆောင်ရွက်ပေးကြမယ်။ အဓိက အရေးကြီးဆုံး က လူငယ်တွေ စာ ဖတ်လာကြဖို့၊ စာပေအနုပညာ အပေါ် ခံစားတတ် လာစေဖို့ အတွက် ကျောင်းသင် ပညာရေးမှာ ကတည်း က ပြုစုပျိုးထောင်ပေးတဲ့ အစီအစဉ် ကောင်းများချပေးနိုင်ရမယ်။
နောက်တစ်ချက်က ကျွန်တော်တို့ အပြစ်တင်ခဲ့ကြတဲ့ အပျော်ဖတ် စာပေတွေ ကြီးစိုးခဲ့တဲ့ စာအုပ် အငှား ဆိုင်များ ပြန်လည်ပေါ်ထွန်း လာ အောင် ကူညီ အားပေးရမယ်။ စာအုပ်အငှားဆိုင် ဖွင့်သူများကို ကူညီ ထောက်ပံ့တဲ့ အဖွဲ့အစည်း မျိုးတွေ လည်း ရှာဖွေရမယ်။ လုပ် စရာတွေ ကတော့ အများကြီး။ တကယ်လုပ် နိုင်ဖို့ပဲ လိုပါတယ်။ ဒီနေရာလေး ကနေ ရုတ်တရက် ပြောဆို အကြံ ပေးတာ မျိုးနဲ့လည်း မလုံလောက် မပြည့်စုံပါဘူး။
သိုက်ထွန်းသက်
Popular Myanmar
Subscribe to:
Post Comments (Atom)
လူကြိုက်အများဆုံး
-
ကိုယ်ယူမယ့် မိန်းမ အပျိုစစ်မစစ် သိချင်ရင် အောက်ပါအတိုင်း စမ်းသပ်ပါ။ လိုအပ်သောပစ္စည်း… … 1. သုတ်ဆေး အနီတစ်ဘူး 2. သုတ်ဆေး အစိမ်းတစ်ဘူး 3. စုတ်တ...
-
“အောင်မြင်တဲ့ ခေါင်းဆောင်မှုဆိုတာ လုပ်ပိုင်ခွင့်မဟုတ်ဘူး၊ ဩဇာအရှိန်အဝါပဲ” အဲဒီစကားကိုပြောခဲ့သူကတော့ စီမံခန့်ခွဲမှုတွေအကြောင်းရေးနေတဲ့ အမေရိက...
-
* မကာရ ရာသီ > CAPRICORN * ပြာသိုလဖွား December 22nd to January 20th ------------------------------------- ဒီဇင်ဘာ ၂၂ ရက်နေ့ က စပြီး ဇန်န...
-
အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ အလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမ...
-
ပထမဆုံး အင်္ဂလိပ်မြန်မာအဘိဓာန်ကိုရေးခဲ့သူမှာ "မက္ခရာမင်းသား"ဖြစ်ပါတယ်။ဘိုးတော်(ဗဒုံမင်း)ရဲ့သားတော်ဖြစ်ပြီး ငယ်မည် မောင်ပျိုး၊ ဘွဲ့အမည...
-
ယာက်ျားလေး နှင့် မိန်းကလေး တို့၏ မာယာ axရှေးတုန်းကလူကြီးတွေ ပြောတာကြားဖူးပါတယ်...မိန်းမ မာယာသဲကိုးဖြာ၊ ယောကျာင်္း မာယာ ..မကျည်းကိုးပင် လှုပ်...
-
မျက်နှာ အသားအရေဟာ လူတစ်ယောက် အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို မျက်နှာကို အလေးထား သင့်ပါတယ်။ ဆေးကြော တာက မိမိဘာသာ အိမ်မှာ ...
-
အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ ရင်နာစရာဇာတ်လမ်းပေါင်းများ စွာရှိသတဲ့။ သူ့နောက်ကွယ်မှာလည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်းတွေရှိခဲ့ဖူးတယ်။ ...
-
ရှေးလူကြီး များသည် နွေရာသီ ရောက်လာသော အခါ ကျောက်၊ ဝက်သက် စသော အပူကန်၊ အပူငုပ် ရောဂါများ ကာကွယ်နိုင်ရန် အသားမရင့် သေးသော အုန်းစိမ်းရည်ကို တ...
-
အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မ...
No comments:
Post a Comment