Wednesday, August 19, 2015

ဖြေရခက်သော စီးပွားရေး ပေါ်လစီ မေးခွန်းများ


မက်ခရိုစီးပွားရေးပေါ်လစီ သို့မဟုတ် အစိုးရစီးပွားရေးပေါ်လစီယူဆချက်များနှင့် ပတ်သက်လာလျှင် စီးပွားရေးပညာရှင် တော်တော်များများသည် အကြောင်း တရားများအပေါ်မူတည်ပြီး သဘောတူ လေ့ရှိသည်။ ကေးနေးစေးယမ်းဂိုဏ်းများ နှင့် ငွေကြေးဂိုဏ်းများသည်ပင်လျှင် အခြေခံအားဖြင့် တူညီသောအတိုင်း အတာသည် များလှသည်။ သို့သော်လည်း မက်ခရိုစီးပွားရေးနှင့်ပတ်သက်လာလျှင် အချို့သောမေးခွန်းများသည် အခြေ အတင် အငြင်းအခုံရှိဆဲဖြစ်သည်။ သီအိုရီ ရှုထောင့်အရဖြစ်စေ၊ အခြေခံယူဆချက် များဖြစ်စေ၊ သဘောထားကွဲလွဲမှုကြောင့် မေးခွန်းတစ်ခုတည်းကိုပင် ကွဲပြားသော အဖြေများရှိနေကြဆဲဖြစ်သည်။

မက်ခရိုစီးပွားရေးပေါ်လစီတွင် ပထမဦးဆုံး ဖြေရခက်သည့်မေးခွန်းတစ်ခု မှာ ]] ပေါ်လစီချမှတ်သူများအနေဖြင့် သဘာဝအတိုင်း တိုင်းပြည်အတွက်ကုန် ထွက်များကို တိုးတက်ထုတ်လုပ်နိုင်စေရန် မည်ကဲ့သို့ ကြိုးစားဆောင်ရွက်မည်}} ဟူ သော မေးခွန်းဖြစ်သည်။ (How should policymakers try to promote growth in the economy's natural level of output?) သဘာဝအတိုင်းထုတ်လုပ်မှုသဘော တရားအရ ကုန်ထုတ်လုပ်မှုအဆင့်သည် တည်ရှိနေသော အရင်းအနှီးများအခြေ အနေ၊ လုပ်အားပမာဏအခြေအနေနှင့် နည်းပညာအခြေအနေတို့ပေါ်တွင် မူတည် သည်ဟုဆိုကြပါသည်။ ဆိုလိုသည်ကား တိုင်းပြည်တွင် အရင်းအနှီးလည်းရှိမည်။ လုပ်အားလည်းအလုံအလောက်ရှိမည်။ ထို့အတူ ထုတ်လုပ်မှုနည်းပညာလည်း ရှိနေမည်ဆိုလျှင် ကုန်ထုတ်လုပ်မှု ပြုလုပ် နိုင်သည်ဟူသောသဘောဖြစ်သည်။ ပေါ်လစီချမှတ်သူများအနေဖြင့်လည်း ရရှိနိုင်မည့် အရင်းအနှီးပမာဏ၊ လုပ်သား အသုံးချနိုင်မှုအခြေအနေနှင့် တည်ရှိ နေသောနည်းပညာအပေါ် မူတည်ပြီး၊ ရေရှည်ကာလအထိရေး ဆွဲချမှတ်လေ့ရှိ သည်။

လူကြီးတွေကို သူတို့ငယ်စဉ်ဘဝနေ ထိုင်ခဲ့သည့် အကြောင်းအရင်းများကို မေး မြန်းလျှင် အတော်များများသည် ရွှေထီး ဆောင်းခဲ့သည့်ကာလများအဖြစ် တင်စား ကြသည်။ တို့ငယ်ငယ်တုန်းကပေါ့ကွာ ဟူသောစကားကို အစချီလေ့ရှိသည်။ ရွှေ တစ်ကျပ်သားကိုဘယ်လောက်၊ အနိမ့်ဆုံး လုပ်ခလစာတောင်တစ်လကိုရွှေဘယ် လောက်ဖိုးဝယ်လို့ရသည်။ အစား အသောက်ဆိုရင်လည်း ထောပတ်ဆို ဘယ်လိုတံဆိပ်မျိုး စသည့်ဖြင့် ပြောပြလေ့ ရှိသည်။ ယခုခေတ်နှင့်ယှဉ်လျှင် ရရှိသော လုပ်ခလစာများသည် ယခုခေတ်အခြေ အနေအရ လစာနှင့်ယှဉ်လျှင် မစို့မပို့ လောက်သာရှိသည်။ အစွန်းထွက်လောက် သာဖြစ်သည်။ သို့သော်လည်းဘာကြောင့် နေထိုင်စားသောက်ရမှုအဆင့်များသည် ယခင်ကရွှေထီးဆောင်းသည့်သဘောမျိုး ပြောနေကြပါလိမ့်ဟူသော အတွေးများ လည်းရှိမည်ဖြစ်သည်။ လူကြီးတွေအနေ ဖြင့် အရင်ကလည်း ဒီပုံစံအတိုင်း စားသောက် နေထိုင်ခဲ့ကြသလို အခုလည်းဒီအတိုင်း နီးပါးနေထိုင်လာခဲ့ကြသည်။ ရေသန့်ဘူး သောက်သောဓလေ့၊ မိုဘိုင်ဖုန်းသုံးနိုင် သောအခြေအနေကလွဲလို့ စားသောက် နေထိုင်မှုပုံစံသိပ်မပြောင်းလဲ၊ သို့သော် လည်းစားသောက်နေထိုင်မှုအဆင့်ကား မြင့်တက်လာသည့်ဟုဆိုစေကာမူ ကင်ဆာ ဖြစ်နိုင်နှုန်းများသော အစားအစာများ လည်း ပေါများလာသည်။ အစာတုများ လည်းရှိလာသည်။ သို့သော်လည်း တိုးတက်မှုကိုကား
ဂျီဒီပီနှင့်တိုင်းဆဲဖြစ် သည်။ ဖွံ့ဖြိုးမှု ညွှန်းကိန်းများတွင် အခြား သောအတိုင်းအတာညွှန်းကိန်းများကို ထည့်သွင်း အသုံးပြုလာသည့်တိုင် ဂျီဒီပီ သည် အရေးပါဆဲဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ထိုသို့ ငွေကြေးအားဖြင့်သာ တိုင်းတာသော ဂျီဒီပီကို Nominal GDP ဟုခေါ်ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Nominal GDP တွေသာ ဖောင်းပွလာ သည်။ လူတို့နေထိုင်မှုအဆင့်ကား ကျဆင်းနေသည်။ ဝေါဟာရစကားအရ ပြောမည်ဆိုလျှင် ငွေကြေးတွေသာ များ လာသည်။ ဝယ်ယူနိုင်စွမ်းအားကတော့ ကျနေသည့်ဘက်သို့ပင် ရောက်ရှိနေသည်။ အမှန်ကတယ်ဖြစ်သင့်သည်ကား အမှန် ဂျီဒီပီ Real GDP တိုးသင့်သည်။ ဆိုလို သည်မှာ ငွေကြေးပမာဏတိုးတက်လာ သလို ဝယ်ယူနိုင်စွမ်းအားလည်းတိုးသင့် သည်။ ထိုသို့သော ဂျီဒီပီမျိုးသာ ပြည်သူ များက အလိုရှိကြသည်။ အမေရိကန် နိုင်ငံသည် ၁၉၅၀ ခုနှစ်များနှင့်စာလျှင် သူတို့နိုင်ငံ၏အမှန် ဂျီဒီပီသည် ငါးဆ ကျော်ကျော်တိုးခဲ့ပြီးဖြစ်သည်။ ဆိုလိုသည် မှာ ငွေကြေးအရ ငါးဆတိုးလာခြင်းမျိုး မဟုတ်ပါ။ ၁၉၅၀ ခုနှစ်အတွင်းက ဝယ်ယူ စားသုံးနိုင်ခဲ့သော ပမာဏအခြေအနေ အထက် ငါးဆဝယ်ယူလာနိုင်ခြင်းမျိုးကိုဆို လိုသည်။ ၁၉၅၀ ခုနှစ်တွင်လူတစ်ယောက် သည် တစ်နှစ်ကိုကားတစ်စီးဝယ်ယူနိုင်လျှင် ယခုအခါထိုလူအနေဖြင့် တစ်နှစ်ကိုငါးစီး ဝယ်ယူနိုင်သည့်သဘောဖြစ်သည်။ ဒါကို လူတို့နေထိုင်မှုအဆင့်ဟုခေါ်သည်။ ငွေကြေးများတိုးလာတိုင်း ဂျီဒီပီတိုးလာ မည်မဟုတ်ပါ။ ထိုနည်းတူ လူတို့နေထိုင် မှုအဆင့်တိုးလာသည်ဟု မခေါ်ဆိုနိုင်ပါ။ ယင်းသည်တစ်တိုင်းပြည်လုံးအဆင့်တိုး လာခြင်းဖြစ်သည်။

စင်ကာပူလိုနိုင်ငံနှင့် တရုတ်ပြည်လို နိုင်ငံမျိုးတွင် အမှန်ဂျီဒီပီ မည်သူများ သနည်းဆိုလျှင် သေချာပေါက် တရုတ်ပြည် က သာမည်သာဖြစ်သည်။ တရုတ်ပြည် သည် စင်ကာပူထက်၊ နယ်မြေအရ အလွန် ကြီးသလို လူဦးရေအရလည်း အလွန် များနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဂျီဒီပီကို တစ်ဦးကျဂျီဒီပီ (per capita GDP) ဖြင့်တိုင်းပြန်သည်။ ထို့သို့တိုင်း သောအခါတွင် စင်ကာပူတစ်ဦးကျဂျီဒီပီ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထက် များစွာ မြင့်လာသည်။ ထို့ကြောင့်လူနေမှု အဆင့်အတန်းကို နှိုင်းယှဉ်မည်ဆိုလျှင် အမှန်ဂျီဒီပီသည် အကောင်းဆုံးဖြစ်သည်။ ထိုအမှန်ဂျီဒီပီတွင်မှ တစ်ဦးကျဂျီဒီပီကို ရရှိနိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ် သည်။ တစ်ဦးကျ အမှန်ဂျီဒီပီရရှိရန် အတွက်ဆိုသည်မှာလည်း လူဦးရေကို တတ်နိုင်သမျှ၊ အနီးစပ်ဆုံး အမှန်အတိုင်း ဖြစ်ဖို့ လိုအပ်မည်ဖြစ်သည်။ အကြောင်း မှာ တိုင်းပြည်ဂျီဒီပီသည် လူဦးရေပေါ်မူ တည်နေသည့်အပြင် တစ်ဦးကျဂျီဒီပီ သည်လည်း သူဦးရေအမှန်အတိုင်း သိရှိ နိုင်မှသာ တွက်ချက်ရယူနိုင်သော ကြောင့်ဖြစ်သည်။ အောက်ပါ ဇယားသည် အပြည်ပြည်ဆိုင်ရာအဆင့်တွင် နှိုင်းယှဉ် လေ့လာနိုင်စေရန်အတွက် တစ်ဦးကျ ဂျီဒီပီကို (၁၄)နိုင်ငံအတွက် ထုတ်နုတ် ဖော်ပြထားသည်။

အထက်ပါစာရင်းဇယားသည်ပင် လျှင် ၂၀၁၀ ခုနှစ်စာရင်းဇယားဖြစ်သည်။ ၂၀၁၅ ခုနှစ်အခြေအနေနှင့်ဆိုလျှင်ပိုလို့ ပင်ကွာဟလာနိုင်သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦး၏တစ်ဦးကျဝင်ငွေသည် အမေရိကန်နိုင်ငံသားတစ်ဦးရရှိသည့်တစ် ဦးကျဝင်ငွေ၏ ၂ဒသမ ၇ရာခိုင်နှုန်း လောက်သာ ရှိသည့်သဘောဖြစ်သည်။
အထက်ပါဇယားကိုလေ့လာလျှင် နိုင်ငံများသည် ဝင်ငွေကွာဟမှုကိုသာ ကိန်း ဂဏာန်းများဖြင့် ပြဆိုထားသည့်အခြေ အနေကိုသာ တွေ့ရမည်ဖြစ်သည်။ ထိုသို့ ကွာဟရသည့်အကြောင်းသည် ပိုအရေး ကြီးမည်ထင်ပါသည်။ ချမ်းသာသည့်နိုင်ငံ နှင့် ဆင်းရဲသည့်နိုင်ငံကွာဟမှုများသည် သဘာဝသယံဇာတပိုင်ဆိုင်မှုထက် လူ့စွမ်း အားပိုင်ဆိုင်မှုက ပိုအရေးကြီးသည်ကို တွေ့ရှိလာသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း တွင် သဘာဝသယံဇာတဆိုသည်မှာ သဘာဝကပေးသော လက်ဆောင်ဖြစ် သောကြောင့် နိုင်ငံတိုင်း အနည်းနှင့်အများ ဆိုသလို ပိုင်ဆိုင်ကြသည်ချည်းဖြစ်သည်။ ဆိုလိုသည်ကား နိုင်ငံတိုင်း သဘာဝသယံ ဇာတ ပိုင်ဆိုင်ကြသည်။ သို့သော် တိုင်းပြည်တိုင်း ဘာကြောင့်မတိုးတက် သနည်းဟူသော မေးခွန်းကတော့ ထိုပိုင် ဆိုင်သော သယံဇာတကို တိုင်းပြည် အတွက် မည်ကဲ့သို့ အကျိုးရှိစွာ အသုံးပြု မည်နည်းဟူသော နည်းပညာနှင့်လူ့စွမ်းအား အရည်အသွေးရှိဖို့ အရေးပါလာသည်။ လူ့စွမ်းအား အရင်းအမြစ် (human resource development ) ကောင်းသော နိုင်ငံတိုင်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကို ဖော်ဆောင်နိုင်သည်။ သယံဇာတ ထက် ထိုသယံဇာတကို မည်ကဲ့သို့အသုံးချ သည်ဟူသောဦးနှောက်က ပိုအရေးပါ လာသည်။ ထိုသို့အရေးပါမှုအကြောင်း အရာကိုလည်း Solow Growth Modelဖြင့်လည်းတင်ပြခဲ့ကြသည်။ စီးပွားရေးတိုး တက်မှုကို သီအိုရီများဖြင့် Solow Growth Model ကရှင်းပြခဲ့သည်။

ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ)

အခွင့်လမ်း

No comments:

Post a Comment

လူကြိုက်အများဆုံး