Sunday, August 30, 2015

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွား လုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်


စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။
၂။ အချိန်တန်ပြီလား
ကိုယ်ပိုင်စီးပွားရေး ဆိုပြီးတော့သာ အလုပ်ထွက်မိတယ်။ လက်ရှိ ကိုယ့်ဆီမှာ ကိုယ်ဝန်သည် ဇနီးရှိနေမယ်။ မနာမကျန်းမိဘ ရှိနေမယ်ဆိုရင်လည်း အဆင်မပြေပြန်ဘူးလေ။ အလုပ်ထွက်ရင်ဝင်ငွေက မရှိတော့ဘူး။ ဝင်ငွေ မရှိတော့ပဲနဲ့ အဲဒီတာဝန်တွေကို ထမ်းရွက်နေရင် ကိုယ်ပိုင်စီးပွားတောင် မလုပ်နိုင်ပဲ မွဲပြာကျသွား နိုင်ပါတယ်။ ဒီတော့ သင့်တင့်မျှတတဲ့ အချိန်ကာလတစ်ခုကို ရောက်ပြီလားဆိုတာကို သေချာ ချင့်ချိန် စဉ်းစားဖို့ လိုအပ် ပါတယ်။
၃။ ငွေလုံလောက်ပြီလား
ဒါကလည်း စဉ်းစားစရာပေါ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း တစ်ခုထောင်ဖို့ အတွက် လိုအပ်တဲ့ အရင်းအနှီး ပဲလိုတာ မဟုတ်တော့ဘူးလေ။ အဲဒီကာလအတွင်း ကိုယ့် စားဝတ်နေရေးအတွက် လုံလောက်တဲ့ ငွေကြေး အင်အား ရှိပြီလားဆိုတာကိုပါ ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ ငွေလုံလောက်ပြီလားလို့ ကိုယ့်ကိုယ်ကို အရင်ပြန်မေးဖို့ လိုအပ်ပါသေးတယ်။
၎။ ကူညီထောက်ပံ့မယ့်သူ ရှိပြီလား
ကူညီထောက်ပံ့သူဆိုလို့ ငွေကြေးကို ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်အားအရ တစ်ယောက်တည်း မနိုင်ရင် ဝိုင်းကူပေမယ့် ပါတနာမျိုး၊ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်နိုင်တဲ့ မိဘမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းမျိုး တို့ ဖြစ်ပါတယ်။ စီးပွားရေး တစ်ခုစတင်တိုင်း အခက်အခဲဆိုတာ ရှိမှာပဲ။ အဲဒါကို တစ်ယောက်တည်း ခေါင်းအစားခံ ဖြေရှင်းနေတာထပ် တစ်ဦးတစ်ယောက်ရဲ့  အကြံအဥာဏ်လေး ရလိုက်တာကလည်း အားသာချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် ကူညီထောက်ပံ့၊ အကြံပေးမယ့်သူလည်း လိုအပ် ပါတယ်။
၅။ ဘဝနေထိုင်မှု ပုံစံပြောင်းနိုင်ပြီလား
ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူက မနက် စောစော ထပြီး ရုံးအမှီမသွားရတော့ဘူး။ သို့ပေမယ့် အဲ့ဒါထပ် ပိုပင်ပန်းကောင်း ပင်ပန်းလိမ့်မယ်။ အရင်လို နက်ခ်တိုင် ကျကျ နန မဝတ်ရတော့ပဲ ချွေးတစ်လုံးလုံးနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်များလို့ ထမင်းကို ဇိမ်ကျကျစားကောင်းမှ စားရလိမ့်မယ်။ အသုံး စရိတ် နည်းသွားလို့ ဆင်းရဲသားလိုလည်း နေကောင်းနေရလိမ့်မယ်။ ဒီဒဏ်တွေခံနိုင်မယ် ဘဝနေထိုင်မှု ပုံစံကိုအခြေအနေလိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရင်တော့ လုပ်ငန်းစဖို့ ထောက်ခံချက်တစ်ခု ရသွားပါပြီ။
၆။ စည်းကမ်းနဲ့ နေနိုင်ပါ့မလား
ငါ ဝန်ထမ်းမဟုတ်တော့ဘူး။ မနက်လည်း ထချင်မှထမယ်။ အလုပ်လည်း လုပ်ချင်မှ လုပ်မယ်။ အဲ့ဒီလိုပုံစံနဲ့ ဆိုရင် လုပ်ငန်းရှင်မဟုတ်ပဲ အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါမယ်။ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စဖို့ ရည်ရွယ် သူက မိမိကိုယ်ကို စည်းကမ်းချမှတ်လို့ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ အကောင်းစား ပစ္စည်းသုံးမှ လုပ်ငန်းရှင်လို့ မဆိုလိုပါဘူး။ မိမိလုပ်ငန်း လည်ပတ်မှုအတွက် လိုအပ်သလို ကိုယ့်ကိုယ်ကို ထိန်းချုပ် ဆောင်ရွက်နိုင် ဖို့ကသာ အရေးကြီးပါတယ်။
၇။ အစမ်း ခြေလှမ်းရှိပြီလား
ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်တဲ့ စာရင်းကိုင်တစ်ယောက်ဟာ ကော်ဖီဆိုင် တစ်ခုမှ ၆ လလောက် အချိန်ပိုင်း စားပွဲထိုး အရင်လုပ်ရမယ် လို့ ဥပမာ ပေးထားပါတယ်။ သို့ပေမယ့် ကိုယ်စမယ့် စီးပွားရေးလုပ်ငန်းက Model အသစ် သို့မဟုတ် လက်ရှိအလုပ်နဲ့ အလားသဏ္ဍာန် တူ ဆိုရင်တော့ Beta Test လုပ်နေစရာ မလိုပါဘူး။ အကယ်၍ အဲ့လို မဟုတ်ပဲ ပုံစံမတူတဲ့ ခြေလှမ်းဖြစ်နေရင် ပုံစံတူတဲ့ ကုမ္မဏီတစ်ခုမှာ အောက်ခြေ ကစလို့ ၆ လလောက် အချိန်ပိုင်း လုပ်ကိုင် သင့်ပါသေးတယ်။
၈။ အရည်အချင်းပြည့်ဝပြီလား
ကိုယ်ပိုင်လုပ်ငန်း တစ်ခုစဖို့အတွက် တစ်ခုတည်း တတ်နေလို့ မရတော့ဘူး။ အလွယ်ဆုံး ပြောရရင် ထုတ်ကုန် ထုတ်လုပ်ရေး၊ ဈေးကွက် ရှာဖွေရေး ၊ ဖြန့်ချိရေး အချက် သုံးခု စလုံး ပိုင်မှ အလုပ်ဆိုတာ စလို့ ကောင်းတာပါ။ ဒီမှာ ပါလာမယ့် ကိစ္စတွေက အများကြီးပဲ လူမှုဆက်ဆံရေး၊ စီးပွားရေး ဥပဒေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး ပြောမယ်ဆို အတော်ကိုများတဲ့ လိုအပ်ချက်တွေပါ။ ဒါတွေ တစ်ခုတည်းလိုက်ဖြည့်နေရင် အချိန်ကုန်သွား မယ် လို့လည်း ဆိုပါတယ်။ အချိန်ပေးစရာမလိုပဲ အဲဒါတွေအားလုံး လုပ်ရင်းနဲ့ လေ့လာသွားလို့ရမယ်၊ လေ့လာနေစဉ်လည်း လုပ်ငန်းအပေါ် ထိခိုက်မှု ရှိမသွားဘူးလို့ သေချာယုံကြည်ရင်တော့ လုပ်ငန်း စနိုင်ပါ တယ်။
၉။ အိုင်ဒီယာ ကောင်းရဲ့ လား
ကိုယ့်ကိုယ်ကို ပြန်မေးရမယ့် မေးခွန်းပါ။ ရှိနေတဲ့ အိုင်ဒီယာက  သစ်ဆန်းရဲ့ လား ၊ ဖြစ်ကော ဖြစ်နိုင်ရဲ့ လား၊ ငါတွေးတဲ့ အိုင်ဒီယာ ကောင်းရဲ့ လား အစရှိသဖြင့် ပြန်မေးရမှာ ဖြစ်ပါတယ်။ အတွေးစိတ်ကူးကောင်းကောင်း မရှိ ဘူးဆိုရင်တော့ ကိုယ်ပိုင်စီးပွားလုပ်ငန်းတစ်ခု အောင်မြင်ဖို့ မသေချာ ပါဘူး။
၁၀။ စီးပွားရေး ယာထားချက် ရှိရဲ့ လား
ဒါအရေးကြီးဆုံးပါ။ အထပ်ပါ ၉ ချက်စလုံးက ပြည့်စုံနေပြီ။ အလုပ်ကလည်း ထွက်လိုက်ပြီ။ သို့ပေမယ့် Business Plan ရှိမထားရင်တော့ လုံးပါးပါး သွားနိုင်ပါတယ်။ ဘာနဲ့တူသလဲဆို ခရီးသွားဖို့ ပစ္စည်းပစ္စယ စုံလင်သွားပေ မယ့် ဘယ်အရပ်ကို သွားရမှန်းမသိတဲ့ အနေအထားနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခုစတော့မယ်ဆိုရင် အရေးအကြီးဆုံး အနေနဲ့ Business Plan တစ်ခု ရှိထားဖို့ လိုအပ် ပါတယ်။

Credit >>> yoyarlay


လူမသိ၊ သူမသိ နည်းခဲ့ရှာသော နန်းကျ မိဖုရား


စုဖုရားလတ်နဲ့ ပတ်သက်လာရင်... ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား..လင်ကို အရမ်းနိုင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ ဘယ်လို မိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ???
တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။ ......... အသက် ငယ်ငယ်ရွယ်ရွယ်၊ ချောမော လှပတဲ့ အားနွဲ့သူ မိန်းမပျိုလေး တစ်ယောက်က ယောင်္ကျား ရင့်မာကြီး အယောက် ၅၀ လောက် ဝိုင်းပြီး အနိုင်ကျင့် စော်ကားမှာကို လုံးဝ ခေါင်းငုံ့ မခံပဲ ဓါးကလေး တစ်လက်နဲ့ မကြောက်မရွံ့ ခုခံ ကာကွယ်ခဲ့တယ် ဆိုရင် ဖြစ်နိုင်ပါ့မလား... ???
ဒါ့အပြင် အဲဒီ မိန်းမပျိုလေးဟာ... နူတ်ကြမ်း၊ အာကြမ်း၊ စရိုက်ကြမ်း တဲ့ အမျိုးအနွယ်ထဲက မဟုတ်ပဲ တစ်သက်လုံး သိမ်မွေ့ နူးညံ့စွာ နေလာခဲ့ပြီးမှ သူနဲ့ သူ့မိသားစုရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာအတွက် သူ့ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် ဓါးကို မနိုင့်တနိုင် ကိုင်ဆွဲပြီး အရှက်နဲ့ အသက် လဲဘို့ ကြံစည်ခဲ့တာ ဆိုရင်ကော...
ပိုပြီး အံ့သြဘို့ ကောင်းတာက သူဟာ ရေခြား မြေခြား တိုင်းတစ်ပါးမှာ မွေးစ ကတည်းကနေ အဲဒီအချိန်ထိ တစ်သက်လုံး မျက်စိသူငယ် နားသူငယ်နဲ့ ညိုးငယ်စွာ နေလာခဲ့ရတဲ့ မြန်မာမလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူ စိန်ခေါ်ခဲ့တဲ့ သူတွေကတော့ ဘာသာမတူ၊ အသွေးအရောင်မတူတဲ့ နိုင်ငံခြားသားတွေ... သူ စိန်ခေါ်ခဲ့တဲ့ နေရာကလည်း ကိုယ့်ပြည် ကိုယ့်မြေမှာ မဟုတ်ပဲ အားလုံးက မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ နိုင်ငံရပ်ခြား တိုင်းတပါးမှာ ဆိုရင်ကော..... ဒီ အဖြစ်အပျက်တွေက ကြာတော့လည်း ကြာခဲ့ပါပြီ... တိတိကျကျ ပြောရရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၄ နှစ်ကျော်၊ ၁၉၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အတိတ်ကို ပြန်လည် တူးဆွတာ မဟုတ်ပေမယ့် မမေ့သင့်တဲ့၊ သင်ခန်းစာ ယူစရာကောင်းတဲ့ ဖြစ်စဉ်တစ်ခုလို့ ယူဆမိတာမို့ ရင်နာနာနဲ့ပဲ တင်ပြပေးပါရစေ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည် ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၂ နှစ်နဲ့ ၃ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်... အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။ ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။ မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်း မပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "...တဲ့။ အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ... ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ်လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက်ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြပြီ။ မယ်ကံဆိုး သားအမိတွေရဲ့ကံက ဒီလောက်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဗူးလေးရာ ဖရုံဆင့်ဆိုသလို စံအိမ်တော် အရာရှိဆိုပြီး အင်္ဂလိပ်အစိုးရ ခန့်ထားတဲ့ မျက်နှာဖြူကောင်က အိမ်ပေါ် ခပ်တည်တည်နဲ့ တက်လာ... သီပေါမင်းရဲ့ သမီးတော် လေးယောက်ကို ကုလားထိုင်ပေါ် ထိုင်ခိုင်း... နောက်ပြီး စံအိမ်တော် အလုပ်သမား အိန္ဒိယ အမျိုးသား အယောက် ၅၀ ကျော်လောက်ကို စု... " အခု သီပေါဘုရင် သေပြီ။ ဒီနေ့ကစပြီး ဒီမိန်းမတွေကို မင်းတို့တတွေ ရိုသေစရာ မလိုတော့ဘူး။ ဒီတော့.. ဒီမိန်းမ လေးယောက်ထဲက မင်းတို့ ကြိုက်တဲ့သူ ယူနိုင်တယ် "..ဆိုပြီး ပြောချလိုက်တော့ ဟိုကောင်တွေကလည်း သမီးတော်တွေကို ထဆွဲမယ် တကဲကဲ လုပ်။ အို... ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပါရော။
ကျန်တဲ့ သမီးတော် သုံးယောက်က ရှက်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်ပြီး ငိုယိုနေတဲ့အချိန်...
အငယ်ဆုံး သမီးဖြစ်တဲ့ စတုတ္ထသမီးတော်က မပြောမဆိုနဲ့ သူ့ခမည်းတော်ရဲ့ ခေါင်းရင်းမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင် ဓါးကြီးကို ဗြုန်းဆို ဆွဲထုတ်... မျက်နှာဖြူကောင် ထိုင်နေတဲ့ ရှေ့က စားပွဲကြီးပေါ် (ထဘီ ဝတ်ထားပေမယ့် ) ဒေါသတကြီးနဲ့ လွှားကနဲ ခုန်တက်... ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး " ခွေးကောင်တွေ.. ရှေ့တိုးရဲ တိုးကြည့်စမ်း " လို့ ဒေါသ အံကြိတ်သံနဲ့ စိန်ခေါ်။ စံအိမ်တော် ပေါ်က မြန်မာမလေး တစ်ယောက်ရဲ့ အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲတဲ့ပွဲ... ဟိုကောင်တွေ တစ်ကောင်မှ ဝင်မဆွဲရဲတော့ဘူးလေ။
အားနွဲ့သူ ဆိုပေမယ့် မြန်မာ့သွေးက ရဲရဲနီ... သာကီမျိုးဟေ့ ဒို့ဗမာ... ပြီးတော့ မျက်နှာဖြူကောင်ကိုပါ ဓါးနဲ့ရွယ်ပြီး " ငါ့ခမည်းတော် နတ်ရွာစံပေမယ့် ငါတို့ဟာ မြန်မာ မင်းသမီးတွေပဲ။ စစ်တိုက်လို့ စစ်ရှုံးခဲ့တာ မဟုတ်ဘူး။ နင်တို့ အကောက်ကြံပြီး မတရား နန်းချ ခံခဲ့ရတာ။ အခုလို စော်ကားတာကို အထက် စာတင်မယ်။ နင် သတ္တိရှိရင် နောက်ထပ် အမိန့်ပေးစမ်း။ နင့်ကိုပါ ခုတ်ပစ်မယ်"..လို့ ရဲရဲတောက် စိန်ခေါ်... ပေါ်လီတီကား ဆိုတဲ့ မျက်နှာဖြူကောင် က အဲဒီတော့မှ ကျီစယ်တာပါဆိုပြီး လျှောချ။ ဒေါသ ဖြစ်စရာ... အသည်းနာစရာ ကောင်းလိုက်လေဗျာ...
သီပေါမင်းနဲ့ စုဖုရားလတ် အုပ်ချုပ်ခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်ရဲ့ သမိုင်းကြောင်းတွေကို သမိုင်းဆရာပေါင်းစုံက စာအုပ်ပေါင်းစုံ ရေးသားထုတ်ဝေခဲ့ပြီးလို့ အဆိုး အကောင်း မဝေဖန်ချင်ပေမယ့်
နန်းကျ မုဆိုးမ တစ်ဦးရဲ့ မာန၊ ဖခင် ကွယ်လွန်သွားတာနဲ့ မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ သူတွေကို ဓါးဆွဲပြီး အရှက်နဲ့ သိက္ခာကို အသက်နဲ့ လဲရဲတဲ့ မြန်မာမလေး တစ်ယောက်ရဲ့ မြန်မာ့ မာနကိုတော့ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်တော့................။
သမိုင်းမှတ်စုများမှကူးယူဖော်ပြသည်!!!!
Credit to Thet Soe Htike
စာဖတ်သူမိတ်ဆွေအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ။




သင်္ချာဆရာတစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်း


ပုံမှာ မြင်တွေ့နေရတာကတော့ Anand kumar အမည်ရ သင်္ချာဆရာ တစ်ဦး ဖြစ်ပါတယ်။
တွက်ချက်ခြင်းကို ငယ်ငယ်လေးကတည်းက အထုံဝါသနာပါပြီး အတန်းပညာ အဆင့်တိုင်းမှာ သင်္ချာ အမှတ်အများဆုံး ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်မှာလည်း သင်္ချာဘာသာရပ် အထူးပြုပြီး တက်ရောက်ရာ ဘွဲ့ရအောင်မြင်ခဲ့ပါတယ်။ Anand ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော် သင်္ချာ ပညာရှင် တစ်ဦး ဖြစ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်ကို ဆက်လျှောက်ပါတယ်။ Number Theory (Mathematical Spectrum , Mathematical Gazette) အစရှိသဖြင် ကိုယ်တိုင်ဖန် တီးပြီး လျှောက်လွှာမှာ သူ့ အရည်အချင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းကြောင့် ကိန်းဘရိတ်ခ်ျတက္ကိသိုလ်မှာ တက္ကသိုလ်တက်ခွင့်ပေး လိုက်ပါတယ်။

ဝမ်းသာလို့မဆုံးတဲ့ Anand ဟာ ဖခင်နဲ့ တိုင်ပင်ပါတယ်။ Anand တို့ မိသားစုဟာ ဆင်းရဲပါတယ်။ တက္ကသိုလ် ဆက်တက်ဖို့ ငွေမရှိဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံတစ်ဝန်း ဆပွန်ဆာပေးမယ့် သူ တစ်ယောက်ယောက် များ တွေ့မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့ လိုက်ရှာပါတယ်။ ကူညီမယ့်သူ မရှိပါဘူး။ နောက်ဆုံးတော့ တက္ကသိုလ်ဆက်တက်မယ့် အိပ်မက်ကို အဆုံးရှုံးခံလိုက်ရပါတယ်။ အဖေဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် တက္ကသိုလ် ဆက်မတက်ဖြစ်ဖို့ ကြိမ်းသေသွားပါတယ်။

နောက်တော့ အမေနဲ့အတူ မုန့်ပြားသလပ် ရောင်းတဲ့ အလုပ်ပဲ လုပ်ကိုင် ပါတော့တယ်။ အပိုဝင်ငွေရရန်အတွက် လည်း ကလေးတွေကို သင်္ချာ သင်ပေးပါတယ်။ မုန့်ပြားသလပ် ရောင်းတဲ့ ရထားဘူတာဆီ ရောက်အောင် သွားရတဲ့ ခရီးက ၆ နာရီကြာပါတယ်။ သူ့မှာ သိပ်အချိန်မရပါဘူး။ လမ်းခရီးမှာ တက္ကသိုလ်စာကြည့်တိုက် တစ်ခုရှိပါတယ်။ တစ်ရက်ကို နာရီပိုင်းမျှအချိန်ပေးပြီး နေ့စဉ် ပုံမှန် သင်္ချာနဲ့ ဆိုင်တဲ့စာအုပ်တွေ ရှာဖတ်ပါတယ်။ စနေ၊ တနင်္ဂနွေ ကျတော့ သူနေတဲ့ မြို့ ငယ်တွင်းက စာကြည့်တိုက်တော်တော်များများကို သွားပြီး ရှာဖတ်ပါတယ်။

နောက်တော့ စိတ်ကူးတစ်ခု ရလာပြီး ရပ်ကွက်ထဲက အခန်းကျဉ်းတစ်ခုကို တစ်လ အိန္ဒိယရူပီ ၅၀၀ နဲ့ ငှားရမ်းပြီး ကိုယ်ပိုင် သိပ္ပံကျောင်းတစ်ခု ဖွင့်ပါတယ်။ ကျောင်းကို Ramanujam School of Mathematic (RSM) လို့ အမည် ပေးထားပါတယ်။ တစ်နှစ်အတွင်းမှာ ပဲ ကျောင်းသား နှစ်ယောက် ကနေ ၃၆ အထိတိုးလာပါတယ်။ သုံးနှစ်ကြာတဲ့အချိန်မှာတော့ ကျောင်းသား ဦးရေ ၅၀၀ အထိရှိလာပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်းရောက် တော့ ဆင်းရဲသားများအတွက် ကူညီဖို့ စိတ်ကူးရလာပါတယ်။

လခများများပေးမှ တက်နိုင်မယ့် သင်တန်းကျောင်း မတက်နိုင် တဲ့ ကျောင်းသားများကို ခေါ်ယူပြီး သင်ကြားပေးပါတယ်။ ၂၀၀၃ ခုနှစ်က စတင်လို့ Super 30 ပရိုဂရမ် စတင်ပေးပါတယ်။ Super 30 ဆိုတာ ကျောင်းရဲ့  သင်္ချာအတော်ဆုံး ကျောင်းသား ၃၀ ဖြစ်ပါတယ်။ ယင်း ၃၀ထဲမှာ သူတောင်းစား၊ အိမ်ခြေမဲ့၊ အမှိုက်ကောက်သမား အစရှိသဖြင့် ဆင်းရဲနှုံချာတဲ့ ကလေးတွေတောင် ပါဝင်လာပါတယ်။ တစ်နှစ်အတွင်းမှာပဲ သူမွေးထုတ်ပေးတဲ့ စူပါ ၃၀ ဟာ အိန္ဒိယနိုင်ငံရဲ့  အတော်ဆုံး သင်္ချာကျောင်းသားများ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားကွာဟပေမယ့် ဥာဏ်ရည်ပိုင်းဆိုင်ရာမှာ အိန္ဒိယတို့ မြင့်မားတယ်ဆိုတာကို Anand မှ သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်တော့ ယင်း စူပါ ၃၀ ဟာ ကမ္ဘာ့ သင်္ချာအတော်ဆုံး စာရင်းတွေ အထိတောင် ပါဝင်လာပါတယ်။

ဒါကြောင့် သူ စစ်ပေးတဲ့ စူပါ ၃၀ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူဟာ ၅၀၀၀ နဲ့အထက်အထိ ရှိလာပါတယ်။ သူမွေးထုတ်ပေးတဲ့ ကလေးအားလုံးကို အိန္ဒိယ နည်းပညာ တက္ကသိုလ်ဝင်ခွင့်ရအောင် ပို့ဆောင်ပေးပါတယ်။ စူပါ ၃၀ စာရင်းမပါလည်း သင်ပေးသမျှကျောင်းသားတိုင်းကို အိန္ဒိယရဲ့ အကောင်း ဆုံး တက္ကသိုလ်များသို့ အများစု ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် အိန္ဒိယပြည်တွင်းရှိ အစိုးရတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကျောင်းများက သူ့ကို လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ သူ ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ကျောင်းမှာပဲ ဆက်လက်သင်ကြားပါတယ်။ လူဦးရေတိုးလာတဲ့အတွက် အခန်းချဲ့ ရပြီး ဒီအတွက် အခြား အလုပ်တွေပိုလုပ်ခဲ့ပါတယ်။ ဆင်းရဲသားအများစုကို သင်ပေးရတဲ့အတွက် လခ မယူပါဘူး။ လူတန်းစားပေါင်းစုံတက်ရောက်လာတဲ့အတွက် အချို့ ကို အိန္ဒိယမှာ အသက်သာဆုံး လခနဲ့ သင်ကြားပေးပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်များကြောင့် ကိန်းဘရိတ်ခ်ျတက္ကသိုလ် ဟာ ကျောင်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ပေမယ့် Anand ငြင်းဆန်လိုက် ပါတယ်။ အခြား ဥရော နိုင်ငံကြီးမှ ပုဂ္ဂလိကအစိုးရကျောင်းများလည်း သူ့ကို ဖိတ်ခေါ်ပေမ့် ငြင်းဆန်ခဲ့ပါတယ်။ သူသင်ကြားပေးတဲ့ ကျောင်းဟာ အိန္ဒိယနိုင်ငံ က အခြေခံလူတန်းစား များအတွက်ကော အကျိုးဖြစ်ထွန်းစေ တာမို့ ဖြစ်ပါတယ်။

BBC, Newsweek , Time တို့မှ လာရောက်အင်တာဗျူးမှုများ ပြုလုပ်ပါ တယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် Anand ရဲ့ လုပ်ဆောင်ချက်ကို လေးစားပြီး သဝန်လွှာများပေးပို့ခဲ့ပါတယ်။ အကူအညီ လိုအပ်ရင် အချိန်မရွေးတောင်းနိုင်တယ်လို့ ဆိုထားပေမယ့် Anand မယူခဲ့ပါဘူး။ စူပါ ၃၀ စာရင်းဝင် ကျောင်းသားများထံလည်း သမ္မတအိုဘားမား မှ ဂုဏ်ပြု စာလွှာများ ပေးပို့ခဲ့ပါတယ်။ Discovery ရုပ်သံလှိုင်းမှလည်း Anand ရဲ့ ကျောင်းကို တစ်နာရီစာ ပရိုဂရမ်ရိုက်ကူးပြီး ထုတ်လွင့်ပြသခဲ့ပါတယ်။

သူဖွင့်လှစ်သင်ကြားပေးတဲ့ကျောင်းဟာလည်း ကမ္ဘာ့ ရှေ့ ဆောင် လမ်းပြ ကျောင်း ၄ခုစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူကိုယ်တိုင်ဟာလည်း Time မဂ္ဂဇင်းမှာ ရှေ့ ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ပါဝင်လာ ခဲ့ပါတယ်။ ဧပြီလ ၂၀၁၁ မှာတော့ ဥရောပ Focus မဂ္ဂဇင်းက Anand ကို ကမ္ဘာ့ စံပြပုဂ္ဂိုလ်တစ်ဦးလို့ ဂုဏ်ပြုသတ်မှတ်ပေးခဲ့ပါတယ်။ အိန္ဒိယအဆိုးရ မှလည်း အမြင့်ဆုံး လူမူထူးချွန်ဆုများ ချီးမြင့်ခဲ့ပါတယ်။

ကိန်းဘရိတ်ခ်ျ တက္ကသိုလ်တက်ခွင့်ဆုံးရှုံးခဲ့ရပြီး မုန့်ပြားသလပ် ရောင်း ရာကနေ ကမ္ဘာ့စံပြ ပုဂ္ဂိုလ်ဖြစ်လာတဲ့ Anand kumar ဟာ သာမန် အရပ်သားတစ်ဦးဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ ပညာအရည်အချင်းကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ဖော်ထုတ်ပြသနိုင်တဲ့အတွက် ကမ္ဘာက စံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါတယ်။ စာဖတ်သူတို့လည်း ဒီလို ပုဂ္ဂိုလ် တို့အကြောင်းကို လေ့လာဖတ်ရှုပြီး အားတက်လာစေရန်ဆန္ဒနဲ့ ဘာသာပြန် ဖော်ပြပေးလိုက်ရပါတယ်။

Credit : Innewsmyanmar



ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ စကားစုများ

အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။
အလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။
Can't (မဖြစ်နိုင်ဘူး)ဆိုတာ မဖြစ်စေတော့နဲ့ Can (ဖြစ်နိုင်ရမယ်)လို့ ယုံကြည်နေရမယ်။
အလုပ်ဆိုတာ Size အရွယ်အစားအဓိကမဟုတ်ဘူး Speed နှုန်းမြန်ဖို့က ပိုအရေးကြီးတယ်။
အရာရာမှာ များများသိချင်ရင် များများနားထောင်ပေးပြီး လက်ခံယူမှုတွေရှိဖို့တော့လိုတယ်။
အခွင့်အရေးဆိုတာ ရှိနေရုံနဲ့တော့မရနိုင်ဘူး ဖန်တီးလုပ်ယူမှသာ ရလာနိုင်ပါလိမ့်မယ်။
အစကောင်းဖို့အရေးကြီးသလို အဆုံးသတ်တွေက ပိုကောင်းနေဖို့တော့လိုပါတယ်။
ဆရာကြီးအား လေးစားစွာဖြင့် ဂါရ၀ပြုရေးသားမျှဝေပေးလျှက်-
Credit >>> BaganTrade.com


လက်သမား ပုံပြင်


အသက်ကြီးကြီးနဲ့ လက်သမားတစ်ယောက်ဟာ အလုပ်က အနားယူဖို့ အဆင်သင့် ဖြစ်နေပါပြီ … အိမ်ဆောက်တဲ့ လုပ်ငန်းကို အနားယူပြီးတော့ သူ့ရဲ့ မိန်းမ … သူရဲ့ မိသားစုနဲ့ပဲ လက်ကျန်ဘဝကို အေးအေးဆေးဆေး နေတော့မယ့် အကြောင်း သူရဲ့ အလုပ်ရှင် ကန်ထရိုက်ကို ပြောပြပါတယ် … သူက အလုပ်ကိုတော့ သတိရနေမှာ ဖြစ်ပေမယ့် သူက အနားယူဖို့ လိုအပ်နေပါပြီ … သူရဲ့အလုပ်ရှင်က တားချင်ပေမယ့်လည်း မတားနိုင်တော့ပါဘူး … အလုပ်ရှင်က ပုဂ္ဂိုလ်ရေးအရ ညှာတာထောက်ထားပြီး အိမ်တစ်လုံးပဲ နောက်ဆုံး ဆောက်ပေးဖို့ သူ့ကို သွားပြောတဲ့အခါ စိတ်မကောင်းဖြစ်ရတယ် … လက်သမားက ဆောက်ပေးမယ်လို့ ပြောပေမယ့်လည်း သူက အလုပ်ဆက်လုပ်ဖို့ စိတ်မဝင်စားတော့တာကို မြင်သာ ထင်သာ ရှိလှပါတယ် … ။ အိမ်ကို ဆောက်တဲ့အခါလည်း ခပ်ညံ့ညံ့လက်ရာနဲ့ အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး အဲဒီ အိမိကို ဆောက်ခဲ့တယ် … အဲဒီလို လုပ်လိုက်တာဟာ သူ့အတွက် ကံမကောင်းမှု တစ်ခုလို့ အဲဒီတုန်းက သူမသိခဲ့ဘူး …
ဒီလိုနဲ့ လက်သမားက အိမ်ကို လျော့ရိလျော့ရဲ့ နဲ့ဆောက်လိုက်တာ ပြီးသွားတဲ့အခါမှာ အလုပ်ရှင် ကန်ထရိုက်က အိမ်ကို လာစစ်တယ် … ပြီးတော့ အိမ်သော့ကို လက်သမားရဲ့ လက်ထဲကို ထည့်ပြီးတော့ “ ဒါဟာ မင်းရဲ့ အိမ်ပဲ ” “မင်းအတွက် ငါ့ရဲ့ လက်ဆောင်” လို့ အလုပ်ရှင်ကန်ထရိုက်က ပြောလိုက်ပါတယ် …
အဲဒီ အချိန်မှာတော့ လက်သမားဟာ ရှော့(ခ်) ရသွားတယ် … အရမ်းလည်း ရှက်မိသွားတယ် … တကယ်လို့သာ သူနောက်ဆုံး ဆောက်ခဲ့ရတဲ့ အိမ်ဟာ သူ ပိုင်ဆိုင်ရမယ့် အိမ်လို့ သိခဲ့မယ်ဆိုရင် ဒီထက် ကောင်းအောင် ဆောက်ခဲ့မှာပေါ့ အကောင်းဆုံးလက်ရာနဲ့ အကောင်းဆုံးပစ္စည်းတွေ သုံးပြီး ဆောက်ခဲ့မှာပေါ့ … ခုတော့ သူဖြစ်သလို ဆောက်ခဲ့တဲ့ အိမ်မှာပဲ သူနေရတော့မယ် … ဘာမှ ပြင်လို့ မရတော့ဘူး …
ပုံပြင်လေးက ဒီမှာပဲ အဆုံးသတ်သွားပါတယ် … အွန်လိုင်းမှာ ဒီပုံပြင်ကို ဖတ်ပြီးတဲ့ အခါ ကျွန်တော့် ခံယူချက်နဲ့ အရမ်းတိုက်ဆိုင်နေလို့ ပြန်မျှဝေလိုက်ပါတယ် … ကျွန်တော့် wall မှာ တင်ထားတဲ့ ကျွန်တော့်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် မမျှော်လင့်ပါနဲ့” နဲ့ ထပ်တူကျတယ်လို့ ခံစားရပါတယ် … ရချင်လို့လုပ်တာ မဖြစ်ပါစေနဲ့ … ဆိုလိုတာက အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး မဖြစ်ပါစေနဲ့ … ဒါပေမယ့် ကျွန်တော်တို့က ခက်သားဗျ … ဘုရားသွားပြီး ဆီမီး၊ ပန်း၊ ရေချမ်း လောက် ပူဇော်တယ် တောင်းတဲ့ဆုက ဇောတိက၊ ဇဋိလ သူဌေးလောက် ဖြစ်နေတယ် …. ။ ကျွန်တော့်တို့ ဘဝတွေဟာ ကျွန်တော်တို့ ဖန်တီးတဲ့ အတိုင်း ရရှိနေကြတာပါ …. ။
လက်သမား နေရာက စာဖတ်သူများ စဉ်းစားကြည့်ပါ … အစောကြီးကတည်းက ဒီအိမ်ကို သူရမယ် မှန်းသိရင် အခုလုပ်နေတဲ့ပုံစံမျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး … သေချာပါတယ် … အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ပါလိမ့်မယ် … ဒါဟာ ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ကျွန်တော်တို့ ဘဝပါပဲ …
ဘဝမှာ တစ်ရက်တည်းပဲ နေရတော့မယ်ဆိုရင်တောင် မှ အဲဒီ တစ်ရက်ကို ဂုဏ်သိက္ခာရှိရှိနဲ့ လိပ်ပြာသန့်သန့် ရှင်သန်လိုက်ပါ … ကိုယ့်ဘဝရဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ကိုယ်ကိုယ်တိုင် က ဖန်တီးခဲ့တယ် ဆိုတာ စာဖတ်သူများ အကြွင်းမဲ့ ယုံကြည်လိုက်ပါ ….
ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောရရင် ဒီနေ့ ကြုံတွေ့နေရတဲ့ ကောင်းကျိုး ဆိုးကျိုးတွေဟာ အတိတ်က ကံ တနည်းပြောရင် အလုပ်တွေကြောင့်ပါ … အဲဒီလိုပဲ မနက်ဖြန်မှာ ကြုံတွေ့ရမယ့် ကောင်းကျိုး ဆိုးပြစ်တွေဟာ ဒီနေ့လုပ်နေတဲ့ အလုပ်တွေ (ဝါ) ကံတွေကြောင့် ဆိုတာ မိတ်ဆွေ ယုံကြည်လိုက်ပါ … ဒီစကားတွေဟာ ကျွန်တော်ပြောတာ မဟုတ်ပါဘူး … မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ဟောကြားခဲ့တာပါ …
ဒါကြောင့် “ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ … ဒါပေမယ့် … မမျှော်လင့်ပါနဲ့” ကိုယ်လုပ်လိုက်တဲ့ အကောင်းအဆိုး အကြောင်းအကျိုး အားလုံးကို ကိုယ်တိုင် ခံစားရမှာ သေချာပါတယ် …
ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အချိန်မှာ ကျွန်တော်ခံစားမိသမျှ ပြန်မျှဝေတာပါ … စာဖတ်သူများ ဆက်ပြီး တွေးကြည့်ပါ … တစ်ခုခုတော့ရမယ်လို့ မျှော်လင့်ပါတယ် …

အောင်ကိုဦး(UMK)
Be The Best !


လူတစ်ယောက်၏ တန်ဖိုး



(အလွန်းကောင်းတဲ့ အသိပညာပေး ပို့စ်ကောင်းတစ်ခုမို့ ဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်)
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး""ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး... ဒါလဲ ကျွန်တော်မတတ်ပါဘူး" ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပျူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"..
"ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ...."
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား
" ခင်ဗျားရေကူးတတ်သလား"ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး
"ကျွန်တော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး"ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
" ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်"ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။
ဒါဟာ ပညာရှင်တွေရဲ့အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာကသူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။
ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး... ဒါပေမဲ့ သူဟာ ရိုးသားတယ်... မကောင်းတာကို မကြံစည် တတ်ဘူး။
ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.....
အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မစဉ်းစားပါနဲ့တဲ့......
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။
(သီတဂူဆရာတော်ကြီး၏ တရားတော်မှ)…

ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်

ကျွန်တော့်ကို သင်တန်းမှာရော၊ အွန်လိုင်းမှာပါ လူငယ်တွေက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးလုပ်ချင်ပါတယ်။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်လိုလုပ်ရမလဲ စသဖြင့် မေးခွန်းတွေမေးကြပါ တယ်။ အလျဉ်းသင့်သလို ဖတ်ခဲ့ဖူးတဲ့စာတွေနဲ့ ကိုယ့်ရဲ့အတွေ့ အကြုံတွေကိုအခြေခံပြီးပြောပြဖြစ်ပါတယ်။ ဒီနေရာမှာကြိုတင် ၀န်ခံချင်တာက ကျွန်တော်က စီးပွားရေးပညာရှင်တစ်ယောက် မဟုတ်ပါ။ ၂၀၀၂ ခုနှစ်မှာ ရန်ကုန်ကိုစရောက်ပြီးတော့ အရင်း အနှီးဘာမှမရှိတဲ့အခြေအနေကနေ ၂၀၁၃ ခုနှစ်မှာ AELC
ကို တည်ထောင်ပြီး လက်ရှိလုပ်ငန်းလည်ပတ်နေစဉ်ကာလတွေမှာဖြတ် သန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအခြေခံပြီး ဖတ်ဖူး၊ မှတ်ဖူးတဲ့ စီးပွားရေးဆိုင်ရာစာပေဗဟုသုတတွေကိုအခြေခံပြီးတော့ ကိုယ် ပိုင်စီးပွားရေးလုပ်ငန်းစတင်ချင်တဲ့လူငယ်တွေအတွက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ကြမလဲ၊ ဘာတွေလုပ် သင့်လဲဆိုတာတွေကိုမျဝေပေးတာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုမလုပ်ခင် ကြိုတင်စဉ်းစားဖို့လို ပါတယ်။ ဘာတွေစဉ်းစားဖို့လိုအပ်သလဲ။ အနည်းဆုံးတော့ အချက်လေးချက်ကိုမဖြစ်မနေစဉ်းစားဖို့လိုပါတယ်။ အဲဒါတွေက-
၁။ Types of Business
၂။ Market Area
၃။ Investments Types
၎။ Break Even Point
နံပါတ် ၁ အချက်ဖြစ်တဲ့ Types of Business
စီးပွားရေး လုပ်ငန်းအမျိုးအစားကိုစတင်စဉ်းစားဖို့လိုပါလိမ့်မယ်။
ကုန်ထုတ် လုပ်မှု (Production)
၊ ၀န်ဆောင်မှု (Service)
၊ ရောင်းဝယ်ရေး (Trading)
စသဖြင့် ကိုယ်လုပ်ချင်တဲ့စီးပွားရေးလုပ်ငန်းအမျိုး အစားကိုစတင်စဉ်းစားပါ။ အဲဒီလိုစဉ်းစားတဲ့အခါ ကိုယ်ဝါသနာပါ တဲ့၊ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းအမျိုးအစားကိုသာရွေးချယ်ပါ။ ပတ် ၀န်းကျင်မှာ လွှမ်းမိုးမှုများနေတဲ့လုပ်ငန်းတိုင်းကို မျက်စိမကျပါနဲ့။ ဆိုလိုတာက သူများတွေဖုန်းဆိုင်ဖွင့်လို့လိုက်ဖွင့်တာမျိုး၊ Car Showroom
ဖွင့်လို့လိုက်ဖွင့်တာမျိုးမလုပ်ဖို့ပြောချင်တာပါ။ ခေတ် ကာလအနေအထားအရ စားသုံးသူရဲ့လိုအပ်ချက် (Customer Need)
ကိုထည့်သွင်းစဉ်းစားရမှာဖြစ်ပေမဲ့ ကိုယ်မလုပ်ချင်တဲ့ လုပ်ငန်းခွင်ဆို Creative Thinkingတွေ၊ Creative Ideaတွေ အားနည်းတတ်တဲ့အတွက် ကိုယ့်ရဲ့စားသုံးသူကိုကျေနပ်အောင်လုပ် ဆောင်တဲ့နေရာမှာ အားနည်းတတ်ပါတယ်။ တစ်နည်းပြောရရင် Customer Satisfaction
ကိုလုပ်ဆောင်ပေးနိုင်စွမ်း အားနည်း တတ်ပါတယ်။
နံပါတ် ၂ ကတော့Market Areaကိုထည့်သွင်းစဉ်းစား ရပါမယ်။ ကိုယ့်ရဲ့လုပ်ငန်းကိုRegional ၊ Local ၊International
စသဖြင့် ဘယ်အတိုင်းအတာအထိရည်ရွယ်ထားလဲ။ စီးပွားရေး လုပ်ငန်းအမျိုးအစား (Types of Business)
နဲ့ ဈေးကွက် (Market Area)ဟာ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဆိုလိုတာက အိမ် ဆိုင်လေးလောက်ဖွင့်မယ့်သူက ကိုယ့်ရဲ့ Market Area က ကိုယ့် ရပ်ကွက်လောက်ပဲဖြစ်မှာပါ။ ရေသန့်စက်ရုံတစ်ခုလုပ်ချင်တယ် ဆိုရင်တော့ ကိုယ့်မြို့နယ်သာမက တစ်နိုင်ငံလုံးအနေအထားအထိ စဉ်းစားလို့ရပါတယ်။ မီဒီယာလုပ်ငန်းဆိုရင်တော့ ကိုယ့်နိုင်ငံသာ မက အင်တာနေရှင်နယ်အထိစဉ်းစားလို့ရပါတယ်။ Market Areaကိုစဉ်းစားပြီးရင်တော့ကိုယ့်ရဲ့လုပ်ငန်းက ဈေးကွက်အသစ်လား၊ ဈေးကွက်အဟောင်းလား ဒါကိုစဉ်းစားဖို့လိုပါတယ်။ ဈေးကွက် အသစ်တစ်ခုဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့ကုန်ပစ္စည်းကို Customer နဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ပေးရမှာဖြစ်သလို ဈေး ကွက်ဟောင်းဆိုရင်လည်း လက်ရှိဈေးကွက်ထဲမှာ မားကက်ရှယ်ယာ အများဆုံးရထားတဲ့လုပ်ငန်းတွေကို ရာခိုင်နှုန်းဘယ်လောက်အထိ ရထားလဲ၊ ကိုယ်ကဘယ်လောက်ရနိုင်လဲဆိုတာကို စဉ်းစားတွက် ချက်ဖို့လိုပါတယ်။ အဲဒီလိုမားကက်ကို ကိုယ်က ရှယ်ယာပြန်ယူရ မယ့်အနေအထားဆိုရင်တော့ သူများရဲ့မားကက်ရှယ်ယာကို ကိုယ့် ဘက်ပါအောင်လုပ်မလား၊ ဒါမှမဟုတ် လုံးဝမသုံးဖူးသေးတဲ့ Non User
တွေကိုဆွဲဆောင်မလား။ ဒါတွေကိုထည့်သွင်းစဉ်းစားဖို့လို ပါတယ်။
နံပါတ် ၃ ဖြစ်တဲ့ Investment Typesကတော့ ကိုယ့် မှာရှိတဲ့အရင်းအနှီးနဲ့ပဲလုပ်မလား၊ လိုချင်တာကို သူများဆီကချေး ပြီးလုပ်မှာလား၊ သူများနဲ့စပ်တူလုပ်မလား ဒါကိုစဉ်းစားဖို့လိုပါ တယ်။ ဒီအချက်ဟာလည်း လုပ်ငန်းအမျိုးအစားနဲ့သက်ဆိုင်ပါ တယ်။ ကိုယ်ရွေးချယ်ထားတဲ့လုပ်ငန်းကကြီးပြီးတော့ ကိုယ့်မှာက အရင်းအနှီးနည်းတယ်ဆိုရင် ဒုတိယနှစ်မျိုးထဲကတစ်မျိုးကိုရွေး ချယ်ရပါမယ်။ အဲဒါဆိုရင် သေချာခိုင်မာတဲ့ Business Planတော့ ရှိဖို့လိုပါတယ်။ Possibility Percentage ကို အနီးစပ်ဆုံးတွက် ချက်ထားဖို့လိုပါတယ်။ နောက်တစ်ခုက Risk
အတွက် အရံငွေ ချန်ထားဖို့လည်းလိုပါတယ်။ သိန်းတစ်ရာရှိရင်အားလုံးကိုတစ်ပြိုင်တည်းရင်းနှီးမြှုပ်နှံလိုက်လို့မဖြစ်ပါဘူး။ လုပ်ငန်းတစ်ခုက အရှုံး အမြတ်ရရှိနိုင်ပါတယ်။ အဲဒီအတွက် တစ်ခုခုဖြစ်ခဲ့ရင်နောက်က လိုက်နိုင်ဖို့လည်းလိုပါတယ်။
နံပါတ် ၄ ဖြစ်တဲ့ Break Even Point ဆိုတာက အရင်း ကျေအမှတ်ပါ။ ကိုယ်က Investment Types
က ကိုယ်ပိုင်ငွေ တစ်ခုတည်းနဲ့လုပ်တာဆိုရင်တော့ အရင်းကျေကာလကို အရမ်း ကြီးထည့်မစဉ်းစားရင်လည်း နောက်နှစ်မျိုးကိုရွေးချယ်ထားသူတွေ အတွက်ကတော့ အရင်းကျေအမှတ်ကို အထူးထည့်သွင်းတွက်ချက် ရပါမယ်။ (ကိုယ်ပိုင်ငွေနဲ့လုပ်သူတွေလည်း တကယ်တော့ အရင်း ကျေအမှတ်ကိုထည့်သွင်းစဉ်းစားရပါမယ်)။ အဲဒီအခါ သူများဆီက ဖြစ်ဖြစ်၊ ဘဏ်ကပဲဖြစ်ဖြစ် ငွေယူပြီးတော့လုပ်တယ်ဆိုရင် သူ့ အတွက်ထပ်တက်လာမယ့်အတိုးနှုန်းတွေက ကိုယ့်ရဲ့ Profit & Loss
ကိုလာပတ်သက်နေတဲ့အတွက် အဲဒါကိုအမြန်ဆုံးရှင်းနိုင် ဖို့စဉ်းစားရပါမယ်။ One Unitမှာ အမြတ်ဘယ်လောက်ရအောင် လုပ်ပြီး တစ်နှစ်မှာဘယ်လောက်ရရင် ဘယ်နှနှစ်အတွင်း အရင်း ကျေမယ်ဆိုတာကို မဖြစ်မနေထည့်သွင်းတွက်ချက်ရပါမယ်။ (ဘယ်လိုတွက်ရတယ်ဆိုတာကတော့ ပညာရပ်ဆိုင်ရာတွေဖြစ် တဲ့အတွက် အရမ်းရှည်မှာစိုးလို့ ချန်ထားခဲ့ပါတယ်)။
အခုပြောပြခဲ့တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမစတင်ခင် မဖြစ်မနေစဉ်းစားရမယ့်အခြေခံအချက်တွေဟာ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းလုပ်ကိုင်ချင်တဲ့လူငယ်တွေအတွက် အတိုင်းအတာ တစ်ခုအထိအကျိုးရှိမယ်လို့မျော်လင့်ပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့နောက်ထပ်အကြောင်းအရာတွေကိုလည်း ဆက်လက် ရေးပါဦးမယ်။
''လူငယ်တွေ ကိုယ်ပိုင်လုပ်ငန်းကို စနစ်တကျစတင်ပြီး ကြီးပွားအောင်မြင်ကြပါစေ''။
Myanmar B2B Management Magazine, July 2015


အောင်ကိုဦး
Be The Best !



မျာက် ၅ ကောင်ပုံပြင်


တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်။
လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့လောင်းချပါတယ်..။

မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားတိုင်း မျောက်အားလုံးရေခဲရေအလောင်းခံရတာပေါ့။ ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့
လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့။

သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို
ထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီး
မြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့။

သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်
ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့
လိုက်တယ်။

နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်
တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။

စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ။

ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်။သူတို့ဟာ ရေခဲရေ
အကြောင်းကို မသိပါဘူး။

ဒါပေမယ့်"ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်"
ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့။ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်။

နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့  လောင်းရိပ်မိနေတတ်ကြပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်။

၁။ သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ ကိုယ်တိုင်စိစစ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား

၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစစ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ။

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ။ အထူးအဖြင့် ကျနော်တို့ နိုင်ငံက
လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်။

ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်။ ဝေလေလေတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။

ဘယ်သူမှရှေ့ မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ၊ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ။

ဒါတွေအသာထားလို့ ကျနော့သယ်ရင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်.. ကိုယ့်ရဲ့  အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစစ်ကြဖို့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်နော်။

credit to ဦးသုည

ဘဝစာမျက်နှာ



ရေခွက်လေး တစ်ခွက်


ဒီရက်ပိုင်းမှာ ကျွန်တော့်ရဲ့ facebook စာမျက်နှာ မှာ fan အသစ်တွေ တော်တော်များများတိုးလာလို့ အရင်က စာစု အဟောင်းလေးတွေပဲ တင်ဖြစ်နေတော့ အရင်က fan တွေကလည်း စာစု အသစ်လေးတွေ ဖတ်ချင်ကြပြန်တယ် … ။ ဒါနဲ့ ဘာရေးရင်ကောင်းမလဲ အတန်းပြီးတော့ စဉ်းစားလိုက်တော့ ဒီအကြောင်းလေးကို သတိရမိသွားတယ်။ ဒီအကြောင်းလေးကိုလည်း တော်တော်များများက ကြားဖူးကြမယ်လို့ ထင်ပါတယ် … ။ ဒါပေမေယ့် သိပြီးသူတွေရော မသိသေးသူတွေရော အကျိုးရှိမယ်ထင်လို့ ရေးလိုက်ပါတယ်။
စိတ်ဖိစီးမှု နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု သင်တန်းခန်းမ ထဲမှာ သင်တန်းနည်းပြ စိတ်ပညာရှင် ဆရာကြီးက သင်တန်းသား/သူ တွေဆီကို လျှောက်လာပါတယ်။
သူက ရေခွက်ဝက်ထည့်ထားတဲ့ ဖန်ခွက် တစ်ခွက်ကို မြှောက်ပြပါတယ်။
သင်တန်းသား/သူတွေ အားလုံးက “ရေခွက်ထဲက ရေက အပြည့်လား ? တစ်ဝက်လား ? ဆိုတဲ့ မေးခွန်းပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့် ဆရာကြီးက ပြုံးပြီးတော့ “ဒီရေခွက်က ဘယ်လောက် လေးသလဲ” လို့ မေးလိုက်ပါတယ် ။
၅-ကျပ်သား/ ၁၀-သား လောက်တော့ ရှိမှာပေါ့ လို့ အားလုံးက ဝိုင်းဖြေကြပါတယ်။
အလေးချိန်အတိအကျ ဘယ်လောက် ရှိလဲဆိုတာက အဓိက မကျပါဘူး၊ အရေးကြီးတာက ဒီခွက်ကို ဘယ်လောက် ကြာကြာကိုင်ထားမလဲ ဆိုတာပါပဲ … ဒီရေခွက်ကို တစ်မိနစ်လောက်ပဲ ကိုင်ထားမယ်ဆိုရင် ဘာမှ ပြဿနာ မရှိပါဘူး၊ တကယ်လို့ တစ်နာရီလောက်သာ ကိုင်ထားမယ်ဆိုရင် လက်မောင်းတွေ ညောင်းကိုက်လာမယ်၊ ဒီထက်ပိုပြီး တစ်နေ့လုံးသာ ကိုင်ထားမယ်ဆိုရင် လက်က ထုံကျင်ပြီးတော့ လှုပ်တောင် လှုပ်လို့ရမှာ မဟုတ်တော့ဘူး။
အခုဏပြောခဲ့တဲ့ ကိစ္စတစ်ခုတိုင်းမှာ ရေခွက်ရဲ့အလေးချိန်က ပြောင်းမသွားပါဘူး၊ ဒါပေမယ့် ဘယ်လောက်ကြာကြာ ကိုင်ထားတာလဲ ဆိုတာက အဖြေပါ … ကြာကြာကိုင်ထားတာနဲ့ အမျှမျှ ပိုပိုပြီး လေးလာတယ်လို့ ခံစားလာရပါလိမ့်မယ်။
ဘဝမှာ တွေ့ကြုံရတဲ့ ပူပန်သောက စိုးရိမ်မှု၊ စိတ်ဖိစီးမှု တွေဟာ လည်း ခုဏက ကိုင်ထားတဲ့ ရေခွက် တစ်ခွက်လိုပါပဲ၊ ခဏလေးပါ ဘာမှ မဖြစ်ပါဘူးလို့ တွေးရင်လည်း ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် အဲဒီ ပူပန်သောက စိုးရိမ်ကြောင့်ကြမှုတွေကို အကြာကြီး ရှိနေမယ်ဆိုရင်တော့ တဖြည်းဖြည်း အချိန်ကြာလာတာ နဲ့ အမျှ ပိုပိုပြီးတော့ ပင်ပန်းဆင်းရဲလာပါလိမ့်မယ် … စိတ်တွေပင်ပန်းဆင်းရဲလာတာနဲ့အမျှ ဘာမှလည်း သေသေချာချာ လုပ်နိုင်ကိုင်နိုင်တော့မှာ မဟုတ်ပါဘူး ...
ဒါကြောင့် စိုးရိမ်ပူပန်ကြောင့်ကြမှုတွေ … သောကတွေ … စိတ်ဖိစီးမှုတွေကို မြန်မြန်ဆန်ဆန် လွတ်ချ လိုက်ပါ။ အိပ်ရာဝင်ချိန်အထိ အဲဒီ စိုးရိမ် ပူပန်မှုတွေ …. သောကဖိစီးမှုတွေကို ယူမလာပါနဲ့ …
ဖန်ခွက်ကို အောက်ချထားဖို့ လုံးဝ မမေ့ပါနဲ့
စာစုလေးက တိုပေမယ့် ကျွန်တော်တို့ နေ့သစ်တိုင်းမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စိတ်ဖိစီးမှု ကင်းကင်းနဲ့ စတင်နိုင်ဖို့အတွက် တကယ်ကို အတွေးတစ်ခု ရစေပါတယ် ….
စာဖတ်သူ မိတ်ဆွေများလည်း စိတ်သောက ဖန်ခွက်လေးကို ကြာကြာမကိုင်ထားဘဲ လုပ်စရာရှိတာတွေ လုပ်နိုင်ကြပါစေ ….
မေတ္တာဖြင့်
အောင်ကိုဦး (UMK)
Be the Best !
> Let go of your Stresses!< ဆီလျော်အောင် ပြန်လည် ရေးသားပါတယ်


စားသောက်ဆိုင် နှင့် ဘီလ်ဂိတ်


စားသောက်ဆိုင်နှင့် ဘီလ်ဂိတ် --------------------------------- စားသောက်ဆိုင်မှာ ဘီလ်ဂိတ်တစ်ယောက် အစားစားပြီး ဘေလ်ရှင်းတဲ့ အခါ စားပွဲထိုးကို မုန့်ဖိုးအနေနဲ့ ၅ ဒေါ်လာပေးပါတယ်။ မုန့်ဖိုး ၅ ဒေါ်လာ ရရှိတဲ့ စားပွဲထိုး အနေနဲ့ ထူးခြားတဲ့ ခံစားချက်တစ်ခုဖြစ်လာကြောင်း မျက်နှာက ဖော်ပြနေတော့ ဘီလ်ဂိတ်က " ဘာစိတ်အလိုမကျ ဖြစ်တာလဲ" လို့ ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်ပါတယ်။ စားပွဲထိုးက " ဘာမှ မဖြစ်ပါဘူး ဆရာ။ ဆရာ့သား ဒီဆိုင်မှာလာစားရင် အမြဲတမ်း မုန့်ဖိုး ဒေါ်လာ ၅၀၀ ပေးပါတယ်။ သူ့အဖေ-ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာကျတော့ ဘာလို့ ၅ ဒေါ်လာပဲ ပေးတယ် ဆိုတာကို စဉ်းစားနေမိတာပါ" ဘီလ်ဂိတ်က ယခုလိုပဲ ခပ်ပြုံးပြုံးပဲ ဖြေလိုက်ပါတယ်။ "အင်း..။ သူက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့  သားလေ။ ကျွန်တော် ကတော့ သစ်ခုတ်သမားရဲ့  သားမို့လို့ပါ" -------------------- 

သင်ခန်းစာ - ဘဝမမေ့ပါနှင့်။ အတိတ်ဖြစ်ရပ်နှင့် ကိစ္စများက မိမိ၏ အကောင်းဆုံး ဆရာ ဖြစ်သည်





မိဘတွေက ကျပ်လွန်း၊ ချုပ်လွန်းတာခံနေရတဲ့ ကောင်မလေးရဲ့ ရင်ဖွင့်စာ


အမြဲ စိတ်ပျက်နေခဲ့ရတဲ့ ကျွန်မဘ၀ကြီး အကြောင်းကနေ စပြောပါရစေ။

ကျွန်မက ကလေးတစ်ယောက်။ မိဘတွေ မရှိဘဲနဲ့ ကြီးပြင်းလာခဲ့ရတာ။ သူတို့က နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကြတယ်လေ။ ဒါ့ကြောင့်လည်း ပျော်ရွှင်စရာ၊ စိတ်ကျေနပ်စရာ ဘ၀မျိုး ကျွန်မအတွက် ပေးနိုင်ခဲ့ကြပါတယ်။ ကျွန်မ ကလေးတုန်းကဆို သူတို့ကို တစ်ခါမှတောင် မမြင်ဖူးဘူး။ ကျွန်မ ၄တန်းရောက်တဲ့ အထိပဲ။

ကျွန်မအသက် ၁၀နှစ်ကျော်လို့ ၁၁နှစ်ထဲ ရောက်လာတော့ သူတို့ အိမ်ပြန်လာကြတယ်။ အဲ့ဒါ သူတို့ကို ဦးဆုံး စတွေ့ဖူးခြင်းပဲ။ အဲ့ဒါ ကျွန်မ ပျော်သင့်တဲ့ ကိစ္စလို့ ထင်လား။ ဒါပေမဲ့ နေစမ်းပါ။ ဘာလို့ ပျော်ရမှာလဲ။

သူတို့ပြန်ရောက်လာကတည်းက ကျွန်မကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး။ ဆိုလိုတာ ကျွန်မက ဘာကြီးတုန်း။ သောက်ရူး အကျဉ်းသားလား။ ကျွန်မ ဖေဖေက ကျောင်းကို ကားမောင်းပြီးပို့တယ်။ ကျောင်းချိန်ပြီးရင်လည်း အိမ်ထဲမှာပဲ ပြန်ဥနေရတယ်။

သူတို့ ကျွန်မကို ဘယ်မှ ပေးမထွက်ဘူး။ ကျွန်မသူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ဖို့တောင် မရဘူး။ အိမ်ထဲမှာ သော့ခတ်ခံထားရတာ ခုဧပြီဆို ကျွန်မ အသက် ၁၇နှစ်ပြည့်ပြီး ၁၈ထဲတောင် ၀င်ပြီ။ တွေးကြည့်၊ မြင်ကြည့်ကြပါဦး။ သူတို့ပြန်မရောက်လာခင်ကမှ လွတ်လွတ်လပ်လပ်ရှိသေးတယ်။

ခု တက္ကသိုလ် ပထမနှစ်ကို ကျွန်မ တက်နေပြီ။ ကျွန်မ ဖေဖေက တက္ကသိုလ်ကို ကားမောင်း လိုက်ပို့နေတုန်းပဲ။ သေစမ်း။  တက္ကသိုလ်မှာ ဆိုရင်တော့ နည်းနည်းအားတာနဲ့ သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ပြီး ပျော်ကြတာပဲ။ ဒါပေမဲ့ ဒါကို ကျွန်မမိဘတွေ မသိလို့လေ၊ သိလို့ကတော့ ဒေါသပုန်ထကြမှာ။ ဒီလိုဆိုတော့ ကျွန်မလဲ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။ သူတို့က လွန်လွန်းတော့ ကျွန်မလည်း မွန်းကြပ်နေရပါပြီရယ်။

ကျွန်မဘ၀မှာ ပျော်စရာ အတွေ့အကြုံတွေ တစ်ခါမျှ မရခဲ့ဘူး။ အိမ်ထဲမှာဆိုလည်း အထီးကျန်စရာကောင်းလိုက်တာ။ စိတ်ပျက်စရာ ဘ၀ကြီးကိုလည်း မုန်းနေပါပြီ။ တစ်နေ့နေ့ ဆိုတာကိုတော့ မျှော်လင့်မိပါသေးတယ်။ ဒီလောက် လိုက်ကျပ်ဖို့၊ ချုပ်ဖို့ မသင့်ဘူးဆိုတာကို သူတို့ နားလည်လာတဲ့ တစ်နေ့ပေါ့။

ပြီးတော့ ကျွန်မ မေမေ။ ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ လိုက်ပွားနေတာ။

ကျွန်မလဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ဖေဖေနဲ့မေမေကို ကျွန်မ ချစ်ပါတယ်။ ဒါပေမဲ့ သူတို့က နားလည်ပေးရမှာပေါ့။ ကျွန်မဘ၀မှာ ပျော်ဖို့၊ ကျွန်မဘ၀နဲ့ ကျွန်မ နေထိုင်ဖို့ လိုအပ်တယ်ဆိုတာကို သူတို့ နားလည်ပေးရမှာပေါ့။ ဘာအတွေ့အကြုံမှ မရှိဘဲ သေသွားရတာမျိုးတော့ မလိုချင်ပါဘူး။

စိတ်ပျက်စရာ ကောင်းလိုက်တဲ့ ကျွန်မဘ၀ကြီးရယ်။

Credit : Trend Myanmar

Friday, August 28, 2015

အိန္ဒိယ နိုင်ငံသား Sundar Pichai ဘာကြောင့် Google CEO နေရာနဲ့သင့်တော်တာလဲ...?


Google မှာ နှစ်များစွာကြာအောင် ရာထူးအဆင့်ဆင့် လုပ်လာခဲ့သူ တစ်ယောက်ဖြစ်တဲ့ Sundar Pichai ဟာ Google ရဲ့ CEO ရာထူးကို မကြာသေးခင်ကပဲ ရလာခဲ့ပါတယ်။
CEO ဟောင်း Larry Page ကတော့ Alphabet လို့ခေါ်တဲ့ ကုမ္ပဏီအသစ်တစ်ခုရဲ့ CEO ရာထူးကို ယူမှာဖြစ်ပြီး အဲဒိကုမ္ပဏီက Google ထက်ပိုပြီး ကြီးအောင် တည်ထောင်မှာပါ။ Google ဟာ ခုဆို Alphabet ရဲ့ ကုမ္ပဏီခွဲ ဖြစ်နေပါပြီ။
ကျွန်တော်တို့ ကြားခဲ့သလောက် ပြန်ပြောရရင် Pichai ဟာ နည်းပညာလောကမှာ အကြင်နာဆုံး CEO တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ CEO ရာထူးကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့ အသံလဲ ကြားရပါတယ်။
အမည်မဖော်လိုသူ Google ဝန်ထမ်းတစ်ယောက်ကို ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ အင်တာဗျူးခဲ့ပါတယ်။ သူက Sundar က ပြသနာရှုပ်ထွေးပြီး စိတ်ဖိစီးမှု မြင့်မားနိုင်တဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်ခဲ့သလဲဆိုတာ ပြောပြခဲ့ပါတယ်။
"Google က လူတွေဟာ အခုလတ်တလော ဘာတွေ ဖြစ်နေလဲဆိုတာ မသိတဲ့ အကျင့်တစ်မျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် Sundar အစည်းအဝေးခန်းထဲ ရောက်လာရင် သူသိရမယ့် အရာအားလုံးကို သူသိနေပါတယ်။ ကုမ္ပဏီ အပိုင်းလေးတွေ ကြားထဲမှာ အလုပ်တွေ ဘယ်လို စီးမျောနေသလဲဆိုတာ သူမြင်နိုင်ပါတယ်။" လို့ သူက ပြောခဲ့ပါတယ်။
Pachai နဲ့ အလုပ်တွဲလုပ်တာနဲ့ ပါတ်သတ်ပြီး သူ့မှာ ဇာတ်လမ်းလေးတစ်ပုဒ် ရှိပါတယ်။
Google ဟာ နာမည်ကျော် Chrome Browser ကို ၂၀၀၈ ခုနှစ်မှာ တရားဝင် ထုတ်မပြမီ အဲဒိနှစ် အလုပ်သမားနေ့မှာ သတင်းတွေ ပေါက်ကြားခဲ့ပါတယ်။ Browser အကြောင်း ရေးထားတဲ့ ကာတွန်းတစ်ခုကို ဂျာမန် Blogger တစ်ဦးထံ တစ်ယောက်ယောက်က ပို့ပေးခဲ့ပြီး အင်တာနက်ပေါ်မှာ ပျံ့သွားပါတယ်။
အဲဒါက Chrome Team ရဲ့ Marketing အဖွဲ့အတွက်တော့ ကပ်ဆိုက်တာပါပဲ။ Chrome ရဲ့ Marketing အတွက် အချိန်နာရီခွန်အားများစွာ သုံးစွဲခဲ့ရတာပါ။ အဲဒိနေ့ မနက် ၇ နာရီမှာ Google ရုံးကို အဲဒိသတင်း အရေးပေါ်ရောက်သွားတာနဲ့ အားလပ်ရက်ကြီးမှာ Chrome Marketing Team အရမ်း အလုပ်ရှုပ်သွားပါတယ်။
အဲဒိအချိန်မှာ အုပ်စုခေါင်းဆောင် Sundar ဟာ သတင်းပေါက်ကြားတာနဲ့ ပါတ်သတ်ပြီး ဒေါသထွက်ပုံ မရပါဘူး။ ခေါင်းအေးအေးနဲ့ အခြေအနေကို ကိုင်တွယ်ပါတယ်။
သူက "OK, ငါတို့ အလုပ်စလုပ်ဖို့လိုပြီ။ စတော့" လို့ပဲ ပြောပါတယ်။ ဒေါသ ထွက်တာ လုံးဝမတွေ့ရပါဘူး။
ကျွန်တော်တို့နဲ့ အင်တာဗျူးခဲ့တာ Google ရဲ့ အခြေခံဝန်ထမ်းတစ်ယောက်ပါ။ Paichi ကတော့ Google မှာ ရာထူးကြီးကြီး ပိုင်ထားပါတယ်။
ဒါပေမယ့် Chrome Team ရဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေထဲမှာ Paichi ဟာ ကျွန်တော်တို့နဲ့ အင်တာဗျုးခဲ့တဲ့ ဝန်ထမ်း အလုပ်ကြိုးစားတာကို ကြိုက်သွားပါတယ်။
တစ်ပါတ်နှစ်ပါတ်လောက်ကြာတော့ သူ့မန်နေဂျာက Sundar က သူ့ကို Bonus ပေးလိုက်တယ်လို့ ပြောပါတယ်။ သိပ်တော့ မများပါဘူး။ ဒေါ်လာ ၁၇၅ လောက်ပဲ ရှိပေမယ့် အဲဒါဟာ လေးစားမှုကို ပြတဲ့ ငွေပါ။
Sundar က သူ့ရဲ့ မန်နေဂျာလဲ မဟုတ်ပါဘူး။ပြီးတော့ အဲလို ရာထူးကြီးတဲ့လူက သူ့လိုလူတစ်ယောက်ကို သတိထားမိတာ တစ်ခါမှ မကြားဖူးဘူး ဆိုပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Cyan Calyx

အချစ်နဲ့ပတ်သက်ပြီး အမျိုးသားတိုင်းသိသင့်တဲ့အချက်များ


အသက်နှစ်ဆယ်ကျော်အရွယ်ရောက်ပြီဆိုတာနဲ့ ချစ်မှုရေးရာကိစ္စတွေ ကြုံတွေ့လာရမှာဖြစ်ပြီး အချစ်နဲ့ ပတ်သက်တဲ့ အရေးပါတဲ့အမှန်တရာတွေကို သဘောပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် အချစ်၊ ဘ၀နဲ့ ချစ်မှုရေးရာကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားတိုင်းသိဖို့လိုအပ်တဲ့ အမှန်တရာ(၂၂)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ ချစ်သူရည်းစားတစ်ယောက်ရပြီဆိုတာနဲ့ သူမကိုပေးရတဲ့အချိန်က သူငယ်ချင်းတွေနဲ့အတူရှိနေချိန်တွေထက် ပိုများလာတတ်ပါတယ်။ ဒီလိုနဲ့ မင်းရဲ့အခင်ဆုံးအချစ်ဆုံးသူငယ်ချင်းတွေနဲ့တောင် တဖြည်းဖြည်း ဝေးကွာလာတတ်ပါတယ်။
၂။ အချိန်တိုင်းမှာ သူမကို သတိရလွမ်းဆွတ်နေတတ်ပါတယ်။
၃။ တစ်ခါတစ်လေမှာတော့ မင်းကိစ္စတွေအားလုံးကို အဆင်ပြေသွားအောင်လုပ်ပေးနိုင်တဲ့ တစ်စုံတစ်ယောက် အနားမှာအမြဲရှိနေသလို ခံစားရတာက တကယ်ကိုကောင်းပါတယ်။
၎။ မင်းအနေနဲ့ မကြိုက်တဲ့အချက်တွေရှိနေရင် ဘယ်လောက်ပဲကြိုးစားကြိုးစား မိန်းကလေးတစ်ယေက်ကို ချစ်ကြိုက်နိုင်မှာမဟုတ်ပါဘူး။
၅။ မင်းချစ်နိုင်တာထက် မင်းကိုပိုချစ်နိုင်သူတွေ တနည်းအားဖြင့် သူချစ်ကိုရှာပါ။
၆။ ချစ်မှုရေးရာကိစ္စတိုင်းက အစပိုင်းမှာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီလိုပျော်ရွှင်ကြည်နူးစရာ အဆင့်ကို ဖြတ်ကျော်ပြီးသွားပြီဆိုရင်တော့ တကယ်ချစ်၏ မချစ်၏ဆိုတာတွေကို စတွေးလာတော့မှာဖြစ်ပါတယ်။
၇။ လမ်းခွဲပြတ်ဆဲမှုတွေက ခက်ခဲပါတယ်။ အခက်ခဲဆုံးအပိုင်းက မင်းရဲ့ရည်းစားဟောင်းနဲ့ ပြန်တွဲချင်စိတ် တကယ်ရှိမရှိ ဝေခွဲမရဖြစ်နေတာမျိုးပါပဲ။
၈။ နှစ်ဦးသား ချစ်ကြကြိုက်ကြတဲ့အခါမှာ တစ်ယောက်ယောက်ကတော့ အခြားတစ်ယောက်ထက် ပိုတဲ့ စိတ်ခံစားချက်တွေရှိတတ်ပါတယ်။ အဲဒီတစ်ယောက်က ပိုခံရတတ်ပါတယ်။
၉။ တစ်ယောက်က တစ်ယောက်ကို စိတ်ကုန်သွားတာမျိုးကလည်း ဖြစ်တတ်ပါတယ်။
၁၀။ လမ်းခွဲလိုက်ဖို့အတွက် အကြောင်းပြချက်တွေက အများကြီးရှိနေတတ်ပါတယ်။ ဆက်ပြီးလက်တွဲနေဖို့ကတော့ အကြောင်းရင်းတစ်ခုရှိရင် လုံလောက်ပါပြီ။
၁၁။ အချစ်ဆိုတာ တခြားတစ်ယောက်နဲ့ပတ်သက်ပြီး မင်းဘယ်လိုခံစားရလဲဆိုတာမျိုးမဟုတ်ပါဘူး။ သူတို့ကြောင့် မင်းခံစားရတဲ့ ခံစားချက်တွေပဲ ဖြစ်ပါတယ်။
၁၂။ တကယ်စစ်မှန်တဲ့အချစ်စစ်တစ်ခုက မင်းကိုယ်တိုင်တောင်သတိမထားမိခဲ့တဲ့ မင်းရဲ့ကိုယ်ရည်ကိုယ်သွေး တွေပေါ်ထွက်လာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
၁၃။ အတူနေဖြစ်ကြတိုင်း ကောင်းတာမဟုတ်ပါဘူး။
၁၄။ တစ်ယောက်ယောက်နဲ့ ချစ်နေရတာက မင်းကို မှီတွယ်နေတတ်အောင် ဖြစ်စေပြီး လမ်းခွဲပြတ်ဆဲကြတဲ့ အခါမှသာ ဒီအချက်ကို သိလာတတ်ပါတယ်။
၁၅။ တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်နေရတာဟာ အဲဒီတစ်ယောက်ထဲကိုပဲ ရူးသွပ်နေရမယ်လို့ မဆိုလိုပါဘူး။ တခြားလှလှပပကောင်မလေးတွေတွေ့နိုင်ပေမယ့် မင်းကောင်မလေးလောက် စိတ်မ၀င်စားတာမျိုးကို ဆိုလိုပါတယ်။
၁၆။ စပြီးချိန်းတွေ့ပြီ တွဲနေပြီဆိုတာနဲ့ အားလုံးရဲ့မျက်လုံးထဲမှာ မင်းတို့နှစ်ယောက်ကို တစ်ယောက်ထဲအဖြစ် တွဲမြင်နေမှဖြစ်ပါတယ်။ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို လျို့ဝှက်ထားချင်တဲ့ကိစ္စဆိုရင် နှစ်ယောက်စလုံးကို လျို့ဝှက်ထားကြတော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ယောက်က ကိစ္စအားလုံးကို အမြဲတမ်းအပြန်အလှန်ဝေမျှနေတယ်လို့ ယူဆထားကြလို့ဖြစ်ပါတယ်။
၁၇။ လူတွေက မင်းတို့နှစ်ယောက်ကို အရမ်းလိုက်ဖက်တယ်လို့ ပြောကြပါလိမ့်မယ်။ နားမယောင်ပါနဲ့။ သူတို့က စုံတွဲတွေနဲ့ပတ်သက်ပြီး ကောင်းတာတွေပဲ ပြောချင်တာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ သူတို့ ဘာမှသေချာ မသိကြပါဘူး။ တကယ်လိုက်ဖက်မှုရှိမရှိဆိုတာကို မင်းတို့နှစ်ယောက်ကပဲ အမှန်အတိုင်းသိကြမှာပါ။
၁၈။ တစ်ခါတစ်ရံမှာ သူမနဲ့ ဆက်လက်ပြီးပြောဆိုဆက်ဆံချင်စိတ်ကုန်ဆုံးသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီခံစားချက်က ကောင်းတာတော့မဟုတ်ပါဘူး။ တချို့တွေကတော့ ဒီအတိုင်းဖြတ်ကျော်သွားကြပြီး တချို့ကတော့ စိတ်ပျက်စရာတွေဖြစ်လာတတ်ပါတယ်။
၁၉။ အရမ်းကဲလွန်းသဲလွန်းတဲ့ အတွဲတွေကို မင်းဘယ်လို ဝေဖန်ပါစေ၊ မင်းကိုယ်တိုင်တစ်ယောက်ယောက်နဲ့ ချစ်ကျွမ်းဝင်တဲ့အခါမှာ မင်းလည်း ပိုကဲတဲ့ကိစ္စတွေကိုတောင် လုပ်မိနိုင်ပါတယ်။
၂၀။ အချစ်ဟာ ရုပ်ရှင်တွေထဲမှာ သရုပ်ဖော်ထားသလို မဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်ကူးယဉ်ဆန်တဲ့ ကိစ္စတွေနဲ့ ရူးသွပ်မနေပါနဲ့။
၂၁။ တစ်ခါတစ်လေမှာ မင်းအချစ်ဆုံးလို့ယူဆထားသူနဲ့တောင် ဆက်ဆံရေးက ခိုင်မြဲချင်မှ ခိုင်မြဲမှာပါ။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ မင်းနောက်တစ်ခါချစ်တတ်လာဖို့ တစ်ယောက်ယောက်ကို တွေ့ရဦးမှာပါ။
၂၂။ ပွင့်ပွင့်လင်းလင်းပြောရရင် မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ရဖို့ကြိုစားရတဲ့အချိန်က တကယ်ချစ်ကြတဲ့အချိန်ထက် ပိုပျော်ဖို့ကောင်းပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet

အလုပ်ကြောင့်ဝေးနေရတဲ့ ချစ်သူရည်းစား အိမ်ထောင်ရှင်များအတွက်



တရားဝင်အိမ်ထောင်ကျပြီးဖြစ်ပေမယ့် ခွဲနေကြရတဲ့ မိသားစုတွေ အများကြီးရှိပါတယ်။ စစ်ဘက်မှာတာဝန်ထမ်းဆောင်သူတွေ၊ အကျဉ်းချခံနေရသူ တွေမျိုး ရှိတတ်ပေမယ့် အဓိကအားဖြင့်တော့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်း များကြောင့် ခွဲနေရတာများပါတယ်။ ဒီအခါမှာ ဝေးနေရတဲ့ အိမ်ထောင်ရှင်တွေဟာ အတူနေတဲ့ အိမ်ထောင်ရှင်တွေထက် လူမှုရေးဆိုင်ရာ ပြဿနာပိုများပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး အနေဝေးပေမယ့် သွေးမအေးစေဖို့ ပုံစံတစ်ချို့ ဖန်တီးပေးဖို့ လိုပါတယ်။

အဆက်အသွယ်မပြတ်စေဖို့အရေးကြီးပါတယ်။ အဆက်အသွယ်ဟာ ပတ်သက်မှုတစ်ခုမှာ အဓိကအားဆေးပါ။ ဘာကြောင့်လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦး ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှု မရှိနေတဲ့အချိန်မှာ တစ်နေ့တစ်နေ့ ဘယ်အရာတွေ တွေ့ကြုံနေကြရတယ်ဆိုတာကို မျှဝေဖို့ စကားလုံးတွေကိုသာ အားထားရမှာပါ။ ဒါကြောင့် ဆက်သွယ်ရေးက အရေးကြီးပါတယ်။

တစ်ဦးနဲ့တစ်ဦး လုပ်လေ့လုပ်ထရှိတဲ့ တူညီတဲ့ အလေ့အထလေးတွေကို ခိုင်မြဲ နေအောင်ထိန်းသိမ်းပါ။ ဥပမာ- တစ်ပတ်တစ်ခါ ညစာအတူတူထွက်စားတာမျိုး ၊ နှစ်ဦးသား ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တစ်ခု အတူတူသွားကြည့်တာမျိုးပေါ့။ အကယ်လို့ မိုင်ပေါင်းများစွာ ဝေးကွာနေကြတဲ့သူတွေဆိုရင်တော့ နှစ်ဦးစလုံး ဆန္ဒရှိတဲ့ ရုပ်ရှင် ဇာတ်ကားတစ်ကားကို အချိန်ကိုက်အတူတိုက်ကြည့်ပြီး ဇာတ်ကားအကြောင်း ပြန်လည်ဆွေးနွေးတာမျိုး၊ နိုင်ငံရေးဆွေးနွေးတာမျိုး၊ အွန်လိုင်း ဂိမ်းကစားတာမျိုး လုပ်ပေးပါ။ ဝေးနေပေမယ့်လဲ ဒီသေးငယ်တဲ့ အလေ့အထလေးတွေကနေတဆင့် အပြန်အလှန် စိတ်ဝင်စားမှုရယူနိုင်မယ့် နည်းလမ်းတွေကို ရှာတွေတည်ဆောက်ပါ။

ပိတ်ရက်ရှည်ရတဲ့အခါ နှစ်ဦးသား ဆုံနိုင်မယ့် ခရီးတစ်ခုစီစဉ်ပါ။ ဥပမာ- နှစ်ဦးသားကြားမှာရှိတဲ့ အပန်းဖြေစခန်းလည်းရှိနိုင်မယ် မြို့တစ်မြို့မှာ ချိန်းပြီးဆုံတာမျိုး ပေါ့။ ဒါဟာ တကယ်ရင်ခုန်ဖို့ကောင်းပါတယ် ။ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးနဲ့ အလှဆုံး အ၀တ်အစားတချို့ထည့်ပြီး နေရာသစ်တစ်ခုမှာ လွတ်လွတ်လပ်လပ်ချိန်းတွေ့ကြပါ။ မင်းတို့ရဲ့ ဆက်နွယ်မှုကို ပိုပြီးခိုင်မာစေမှာပါ။

ခေတ်မီနည်းပညာကို အသုံးချပါ။ အွန်လိုင်းမှာချိန်းပြီး Conferendo လိုမျိုး Version နဲ့ စကားပြောတာမျိုး။ နောက်ပြောင်တဲ့သဘောနဲ့ရေးထားတဲ့ အီးမေး လေးတွေလိုမျိုး လင်မယားချင်းပို့တဲ့ အတွင်းကျတဲ့ဓါတ်ပုံမျိုး စတာတွေ ပေးပို့ပြီး သတိရစိတ်ကို နှိုးဆွပေးတာမျိုးလုပ်ပါ။ အပြန်အလှန် သတိရကြောင်း မတ်ဆေ့ လေးတွေ ပို့ပေးပါ။ နည်းပညာတိုးတက်လာတာဟာ အလွန်အသုံးဝင်ပေမယ့် ရှေးတုန်းက သုံးတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ စာတိုက်ကနေတဆင့် စာပို့တာကလဲ အခုအချိန်ထိ ဆန်းသစ်နေဆဲဆိုတာကို မမေ့ပါနဲ့။

ဒီနည်းလေးတွေအတိုင်း ကြိုးစားကြည့်မယ်ဆိုရင်တော့ အနေဝေးနေတဲ့ ချစ်သူရည်းစား ၊ အိမ်ထောင်ရှင်များအနေနဲ့ မိမိတို့ရဲ့ ပတ်သက်မှုသံယောဇဉ်ကို ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။

Credit:MyanmarLatestNews

Friday, August 21, 2015

အပျိုစစ်/မစစ်စမ်းသပ်နည်း… မိန်းခေးများမဖတ်ရ (ဖတ်ချင်လဲဖတ်နိုင်သည် (ဟာသ))




ကိုယ်ယူမယ့် မိန်းမ အပျိုစစ်မစစ် သိချင်ရင် အောက်ပါအတိုင်း စမ်းသပ်ပါ။

လိုအပ်သောပစ္စည်း… …
1. သုတ်ဆေး အနီတစ်ဘူး
2. သုတ်ဆေး အစိမ်းတစ်ဘူး
3. စုတ်တံတစ်ချောင်း
4. ဂေါ်ပြားတစ်ချောင်း

စမ်းသပ်ရမည့် အချိန် => မင်္ဂလာဦးည

စမ်းသပ်နည်း… …
မင်္ဂလာဦးည အိပ်ရာမဝင်ခင် သင်၏ ‘ယဥ’ နှစ်လုံးအား၊ တစ်လုံးကို ဆေးအနီ တစ်လုံးကို ဆေးအစိမ်း သုတ်ပါ။
ပြီးလျှင် ကိုယ်လုံးတီးချွတ်၍ ကုတင်ပေါ်တက်ပါ။
သင့်ယဥကို မြင်သော သတို့သမီးက အော်မည်… …
“ဟား… ယဥကလည်း အစိမ်းတစ်လုံး၊ အနီတစ်လုံး၊ တခါမှ မမြင်ဖူးဘူး”… ဆိုလျှင် အပျိုမစစ်။

ဂေါ်ပြားဖြင့် ရိုက်သတ်လိုက်ပါ xD

ဖိုးသူတော် (www.phothutaw.com)
Credit: ဆြာသန်


 

ကျွန်မဖတ်ဖို့



"တိတ်ဆိတ်ခြင်းကို ရွေးပါ"
တစ်ခါတလေမှာ သင်ဟာ တစ်ပါးသူရဲ့ အထင်လွှဲမှုကိုခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေမဟုတ်ပါဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြေညာစရာမလိုဘူးလို့ သင်ထင်တယ်။
တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွှဲမယ်။ ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီး မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံးသူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ။ ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။
"တည်ငြိမ်ခြင်းကို ရွေးပါ"
လူ့ဘဝရဲ့ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာက ခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်ရဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလည်း မဟုတ်သလို မပျော်ရွှင်ခြင်းလည်း မဟုတ်ပါဘူး။
"အတိတ်ထဲမှာ တဝဲမလည်ပါနဲ့"
လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။ နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှုသိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊ အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။ ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေးမရှိတာပါပဲ။
"တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး"လို့ ညည်းတွားမနေပါနဲ့။ သင်ရွေးချယ်တဲ့ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာမရှိသလို အဆိုးဆုံးဆိုတာလည်း မရှိပါဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကို အကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုပါတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုပါတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်း မှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ပါဘူး။
"ရိုးရှင်းတာကို လက်ကိုင်ထားပါ"
စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့် အတိတ်ကို သင်တမ်းတနေတယ်။ ဒါမှမဟုတ် အနာဂတ်အတွက်တွေးပြီး စိုးရိမ်ပူပန်နေတယ်။ အတိတ်ကို ပစ္စုပန်နဲ့အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေပါတယ်။
ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။ ဥပမာ-- ရာသီဥတုအပြောင်းအလဲကို အရေပြားနဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။ မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။
ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။
"ခံစားချက်ကို အလာဟဿမဖြုန်းပါနဲ့"
သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင်ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင်ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ သင်ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင်အာရုံမစိုက်နိုင်တော့ဘူး။ စိတ်ပါလက်ပါ သင်အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။ သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ဖြစ်တယ်။
ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှုဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် "ခံစားချက်ကို အလာဟဿမဖြုန်းနဲ့" လို့ ညင်ညင်သာသာ သတိပေးပါ။
"အချိန်ကောင်းကို ဖမ်းဆုပ်ပါ"
သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကိုဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှ အဲဒီအင်္ကျီကိုဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာ ခေတ်ကုန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ကိတ်မုန့်တစ်တုံးကိုဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ သင်ထည့်ထားမိတယ် ဆိုပါစို့။ ကာလကြာမှ ကိတ်မုန့်စားဖို့ သင်သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာ မလုပ်လိုက်ရတဲ့အလုပ် ... ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။
ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။ တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည်မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့ အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိမ့်မယ်။
သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။
နိုင်းနိုင်းစနေ (Thursday, October 07, 2010)
"ကျွန်မဖတ်ဖို့" ဘာသာပြန်ခဲ့ပါတယ်.. နှစ်သက်ရင် ဖတ်သွားကြပါ
  
Nine Nine Sanay @ နိုင်းနိုင်းစနေ

“ဘဝကိုဖျက် အရက်”


ယခုခေတ်မှာ အရက်သေစာ သောက်စားနှုန်းသည်
လွန်စွာမြင့်တက်လာသည်။ ပညာရေး၊ စီးပွားရေး၊
ကျန်းမာရေးစသည် ဆုတ်ယုတ်လာနေသော်လည်း
အရက်၊ ဘီယာစသည် သောက်စားမှုနှုန်းကတော့
အလွန်မြင့်တက်နေပေသည်။ လူကြီးသာမက
ကျောင်းနေ ကလေးအရွယ်များပင် သောက်တတ်
စားတတ်လာနေတာကို တွေ့ရသည်။
ထို့ပြင် လူ့ဘောင်လောကသာမက
သာသနာ့ဘောင်မှာလည်း
အချို့သောရဟန်း၊ သာမဏေများသည် ဝိနည်းကိုဖယ်ကာ
အရက်သေစာ သုံးစွဲလာတာကို တွေ့ရသည်။
အလွန်ပင် အကျည်းတန်လှပါသည်။
လူသာမန်များပင် မသုံးအပ်သောအရာသည်
ရဟန်းသာမဏေများအဖို့ ပြောဖွယ်မလို
ပို၍ပင်မအပ်စပ်တော့ပါ။
ဘုရားရှင်က ဓမ္မိကသုတ်မှာ မိန့်တော်မူထားသည်မှာ အိမ်ရာတည်ထောင်လူဘောင်တစ်ခုတည်ထောင်လိုသူသည်
“အရက်သေစာသောက်သုံးခြင်းဟာ ရူးသွပ်ခြင်းမှာ
အဆုံးသတ်သည်ဟုသိရှိပြီး အရက်သေစာကို
မိမိကိုယ်တိုင်လည်း မသောက်သင့်၊ သူတစ်ပါးကိုလည်း
မသောက်စေသင့်ဘဲ ကောင်းမှုတရား၌
ပျော်မွေ့နေရမည်။
လူမိုက်သည် အရက်သေစာသောက်စားပြီးနောက်
သူ့အသက်သတ်ခြင်းစသော မကောင်းမှုများကို ပြုလုပ်လေ့ရှိ၏။
သူများကိုလည်း မူးယစ်အောင်ဆွဲဆောင်၏။
နောက်ဘဝမှာ အရူးအနှမ်းဘဝကို ဖြစ်စေ၏။
ယခုဘဝမှာလည်း အသိဉာဏ်တုံးစေ၏။
ကျန်သော သူ့အသက်သတ်ခြင်းစသော အမှုသည်
ကျူးလွန်သူသာ အပြစ်ခံစေသည်။
သူများကို မထိခိုက်။ အရက်သေစာသောက်စားသူကား
မိမိရော ပတ်ဝန်းကျင်ကိုပါ ညစ်နွမ်းစေပြီး
ဆိုးရွားသောအခြေအနေများကို ဖြစ်စေ၏။
ဒါကြောင့် ဘုရားရှင်က အရက်သေစာသောက်စားခြင်း
အလုပ်သည် လူကို ရူးသွပ်စေပြီး အသိဉာဏ်မဲ့သော
လူမိုက်များသာ ပြုလုပ်ကြသည်ဟု မိန့်တော်မူပါသည်။
ဘုရားရှင်သည် လူဝတ်ကြောင်များကိုပင်
အရက်သေစာသောက်စားခြင်းကို တားမြစ်တော်မူခဲ့ရကား
ရဟန်းသာမဏေများအဖို့ ပို၍ပင် ပြင်းထန်စွာ
တားမြစ်တော်မူပါသည်။
ဘုရားရှင်လက်ထက်က အဘိညာဏ်ဈာန်ရ
သာဂတမထေရ်သည် ဆွမ်းခံကြွရင်း နဂါးဆိုးကို
နှိမ်နှင်းနိုင်သဖြင့် ရွာသားများက ဂုဏ်ပြုသောအားဖြင့်
ထူးဆန်းသော အရက်ဖြူကို လှူကြ၏။
သာဂတမထေရ်လည်း ထူးဆန်းသောအရက်ဖြူကို
သောက်သုံးကာ အဘိဉာဏ်တွေလည်း ဆုံး၊
ရွာတံခါးမှာ တုံးလုံးဖြင့် အသိစိတ်ပျောက်ကာ နေ၏။
ဘုရားရှင်ကြွလာတာတောင် အရိုအသေမပေး
ခြေထိုးလျက်ရိုင်းစိုင်းတဲ့အပြုအမှုကို ပြုမူ၏။
ထိုအခါ ဘုရားရှင်က သာဂတမထေရ်ကို ရှုံ့ချ
အပြစ်တင်တော်မူပြီး
“လူကို အသိစိတ်ပျောက်စေပြီး ဒကာဒကာမတွေ
အကြည်အညိုပျက်စေတဲ့ ဤအရက်သည်
ရဟန်းများအား မသင့်လျော်။ တန်ဖိုးကျစေ၏။
ထို့ကြောင့် ဤအရက်ကို ရဟန်းများ မသောက်သုံးရ၊
သောက်သုံးက ပါစိတ်အာပတ်သင့်စေ”
ဟု တားမြစ်တော်မူခဲ့ရသည်။
အမှန်အားဖြင့် အရက်သောက်ထားသူသည်
ရတနာသုံးပါးနှင့် မိဘဆရာသမားများကို မရိုသေတော့။
ကြမ်းတမ်းသော အပြုအမူ အပြောအဆိုများကို ပြုတတ်၏။
မည်သူဖြစ်ဖြစ် အရက်သောက်တော့မည်ဆိုပါက
မသောက်ခင်
“ဤအရက်ဟာ လူကို ရူးသွပ်စေသည်။ ဉာဏ်ထိုင်းစေသည်။
လူမိုက်တွေသာ သောက်သည်။ လူမိုက်ဟာ အရက်
သောက်ပြီးနောက် မကောင်းမှုကို ကျူးလွန်တတ်၏။
သူများကိုလည်း မကောင်းမှု ကျူးလွန်စေ၏”
စဉ်းစားသင့်၏။ ထို့နောက် မသောက်တော့ဘဲ
ရှောင်ကြဉ်ရာ၏။
အရက်သောက်ခြင်းသည်.....
-- စီးပွားကျစေ၏။
-- ရန်များစေ၏။
-- ရောဂါများစေ၏။
-- ဂုဏ်မဲ့စေ၏။ မိဘ၊ ဇနီးမယား၊
သားသမီးများနှင့် ဆွေမျိုးများလည်း အရှက်ရစေ၏။
-- အရှက်မဲ့အပြုအမူတွေကို ပြုစေ၏။
-- အသိဉာဏ်နည်းစေ၏။
-- မှတ်ဉာဏ်အား ကျစေ၏။
-- အကောင်းအဆိုးမခွဲနိုင်။
-- ရတနာသုံးပါး မိဘဆရာသမားတွေ မရိုသေ။
-- သူများ အပြစ်တင်မှုကို ခံရ၏။
-- သေလျှင် ငရဲကျ၏။ လူပြန်ဖြစ်ရင် ရူးစေ၏။
စိတ်မနှံ့ ဖြစ်စေ၏။
ထိုမျှ ဆိုးကျိုးတွေကို ဖြစ်စေသောအရက်သည်
ကလေးလူကြီး မည်သည့်နည်းနှင့် မအပ်စပ်။
ရဟန်းသာမဏေများအဖို့ သာ၍ပင် မအပ်စပ်။
ရှောင်နိုင်က ချမ်းသာ၏။ မရှောင်နိုင်က ဆင်းရဲ၏။
သတိတရားလက်ကိုင်ထားလျက်
ကောင်းမွန်သောဘဝကို ထူထောင်ကြပါကုန်။
-【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】
Posted by►
www.facebook.com/youngbuddhistassociation.mm

Thursday, August 20, 2015

မပြောသင့်တာကို ပြောလို့ သရဲအခြောက်ခံရတဲ့ ဆေးကျောင်းသားတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ် (နှလုံးရောဂါရှိလျှင် မဖတ်ပါနှင့်)



လွန်တာလေးများရှိရင် တောင်းပန်ပါတယ်..

ကျွန်တော် ကိုယ်တွေ့ လေးရေး ပေးပါရစေဗျာ... ကျွန်တော် အခု အသက်၃၀ ရှိပါပြီ... နာမည် ကတော့ ကိုထူး လို့ ခေါ်ကြပါတယ်... ကျွန်တော် ဆေးကျောင်းသားဘ၀တုန်းက သရဲခြောက်ခံခဲ့ ရတဲ့ အကြောင်းလေး ပြောပြပါ့ မယ်.. ဆေးကျောင်းသား ဘဝက ကိုယ်တွေ့ လေးပေါ့ နော်... ကျွန်တော်တို့ ကျောင်းက သူများဆေးကျောင်းတွေလိုမဟုတ်ပါဘူး... ထူးတာက ကျောင်းဆောင်ဘေးမှာ ရင်ခွဲရုံ တည်ဆောက်ထားတာပါ... ကျွန်တော် 2nd MB စတက်တဲ့ နှစ်မှာ နာနာဘာဝ ဆိုတာကို ကိုယ်တွေ့စပြီးမြင်ဘူးခဲ့တာ ဘဝ နဲ့ ချီပြီးပြောရင်လဲ ပထမဆုံးကိုယ်တွေ့ ပါ...

ကျွန်တော်တို့  ဒုတိယနှစ် ကျောင်းသင်ခန်းစာမှာ ခန္ဓာဗေဒ ဘာသာရပ်ပါပါတယ်... လူ တစ်ကိုယ်လုံးဖွဲ့စည်းပုံ ကို ခေါင်းအစ ခြေအဆုံး စာတွေ့ ရော လက်တွေ့ပါ သင်ကြားရတာပါ... လက်တွေ့ ချိန်ဆို ကျောင်းဘေး က အလောင်းတွေ (ဖော်မလင်)စိမ်ထားတဲ့ ရင်ခွဲ ရုံ မှာ သွားပြီး တစ်လောင်းကို ၅ယောက်နှုန်းနဲ့ ဆရာတွေလဲ ခွဲစိတ်ပြပြီး သင်တဲ့ ကျွန်တော်တို့ လဲ ကိုယ်တိုင် ခွဲ ခြမ်းပြီး လူ့ ခန္ဓာဗေဒကို အကြွမ်းတဝင် ဖြစ်အောင်၊ ကြည့်ချင်တဲ့ ကလီစာ တွေဖြတ်၊ မလိုတဲ့ ကြွက်သားတွေလှီးထုတ်၊ အကြော အရိုး ပါမကျန် လေ့လာ ကြရပါတယ်... အလောင်းတွေ ခမျာလဲ အသက်မဲ့နေပေလို့ ပဲ.. အသက်သာရှင်ရင် ကျွန်တော်တို့ကို ထတောင်ရိုက်လောက်တယ်.. ဟဟ .. ကျွန်တော်တို့  လက်တွေ့ ၃ ပတ်အပြီးမှာတော့ တစ်စစီ နီးပါးဖြစ်လို့  ရောက်ခါစနဲ့မတူတော့ဘဲ တော်တော်လည်း ပုံပျက်သွားပါပြီ..

တကယ့်အဖြစ်အပျက်ကတော့ အလောင်း အသစ်ရင်ခွဲရုံ ရောက်တဲ့နေ့ နဲ့ ကျွန်တော်တို့ Pratical စတဲ့နေ့ မှာပေါ့... ကျွန်တော်ရယ် ကျွန်တော့်သူငယ်ချင်းရယ် စာသင်ချိန်ပြီးပြီးချင်း ရင်ခွဲရုံဘက် ထွက်လာခဲ့တယ်... ကျွန်တော့် သူငယ်ချင်းနဲ့ ကျွန်တော်က စိတ်တူ ကိုယ်တူဗျ... စာသင်ချိန်သာ အိပ်ငိုက်ချင်ငိုက်တာ လက်တွေ့ဆိုလို့  ကတော့ အလောင်းတွေကို လှီးလိုက် ချွတ်လိုက် ထိုးလိုက် ဆွလိုက်နဲ့ တော်တော်တက်ကြွသဗျ... ဟဟ.. အစောဆုံးရောက်သွား တဲ့ အတွက် ကောင်းတာက လတ်လတ်ဆတ်ဆတ် အဖြစ်ဆုံး အလောင်းကို ရွေးခွင့် ရတာဗျ... ရင်ခွဲရုံလည်း ရောက်ရော အဲဒီမှာ လူနာတင်ကား တစ်စီး ရပ်ထားတာဗျ... ဟာ.. ပွပြီပေါ့ အလောင်းအသစ် လာပို့ ပြီပေါ့... ဝမ်းသာအားရနဲ့ လူနာတင်ကားဆီ သွားကြည့်ကြတာပေါ့...


စတာက အဲဒီမှာ... အလောင်းကတော့ ဖွားသီလရှင်တစ်ပါးရဲ့  အလောင်းဗျ... ကျောင်းပေါ်မှာ တစ်ပါးထဲ ပျံတော်မူ နေတာတဲ့... အပုပ်နံ့ရလို့ သွားကြည့်မှ ပျံလွန်တော်မူတာကို သိကြပြီး ခန္ဓာလှူ ထားမှန်းသိလို့  ကျောင်းကို တိုက်ရိုက်သယ်လာကြတာတဲ့...
ဟုတ်တော့ဟုတ်တယ်.. တော်တော် အနံ့  ပြင်းတယ်... လူရဲ့ အပုတ်နံ့က တစ်ခြားသတ္တဝါတွေထက် ၁၀ ဆ လောက်ကိုပြင်းတယ်... နှာခေါင်းထဲကို တန်းတိုးတာပဲ... ဖွားသီလရှင်ကြီးက နေမကောင်းလို့  ဆံမပယ်ဖြစ်တာ ကြာပြီထင်တယ်... ဆံပင်တွေက ငုတ်စိ လေးတွေ ထိုးထိုးထောင်ထောင်နဲ့ တော်တော်ရှည်နေတယ်... အဝတ်အစားကလဲ အိမ်နေရင်း... အဲလေ ကျောင်းနေရင်းဝတ်တဲ့ဟာ ထင်ပါတယ်... ယောဂီရောင်အတွင်းခံ ခပ်နွမ်းနွမ်းလုံချည်လဲ ခပ်စုတ်စုတ်လေး လွှမ်းလို့ပေါ့... ကျွန်တော်လည်း ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ ရလိုက်တဲ့အပုပ်နံ အီအီကြီးကြောင့် စိတ်ရှုပ်သလို စိတ်ပျက်သလို ဖြစ်ပြီး ပါးစပ်ကမပြောသင့်တဲ့ စကားတွေ ရုတ်တရက်ထွက်လာပြီး ဘေးက သူငယ်ချင်းကို ပြောလိုက်မိတယ်..


" ကျော်ကြီး ကြည့်ပါဦးကွာ... မယ်သီလရှင်လည်း ပြောသေးတယ်.. ဆံပင်ကလည်း ကျို့တို့ ကျဲတဲ.. အဝတ်စား ကလဲစုတ်ပြတ်သတ်နေတာပဲ... သီလရှင်ဝတ်စုံလည်း မဟုတ်... အရပ်ကလဲ ပုတက်တက်နဲ့... ဘာမှကို ကြည်ညိုစရာ မရှိဘူး... လန်ကြုတ်သီလရှင်ဘဲနေမှာပါကွာ... " ဆိုပြီး ပြောလိုက်မိတယ်...
ပြီးတော့  ဆရာတွေရောက်လာလို့  ရင်ခွဲရုံထဲဝင် ထုံးစံအတိုင်း ခွဲစရာရှိတာ ခွဲပြီး အဆောင်ပြန်လာကြတာပေါ့... ညရောက်တော့ မှ နောင်တရဖို့အကြောင်း ဖန်လာတော့တာပဲ...
ညရောက်လာတော့ ထုံးစံအတိုင်းစာကျက်ပြီးတဲ့ အချိန်မအိပ်ကြသေးဘဲ သူငယ်ချင်းကျော်ကြီးနဲ့ ထွေရာလေးပါးပြောနေလိုက်တာ တော်တော်လေးညဉ့် နက်မှ စကားစပြတ်သွားတယ်... ကျွန်တော်တို့က အဆောင်နေကျောင်းသားတွေ ဆိုတော့ သူငယ်ချင်းနဲ့က ကုတင်ချင်းကပ်ရပ်ပေါ့... ကျွန်တော်တို့နေတာက ဒုတိယထပ် အဆောင်က Hall ဆိုတော့ တစ်ခန်းမှာ ၁၀ ယောက် လောက်နေကြရတာ ... ကုတင်တွေကလည်း ကပ်လို့ပေါ့... ကုတင်တစ်လုံးပေါ်ကနေ တစ်လုံး ခုန်ကူးသွားလိုက်ရင်တောင် အခန်းအဝင်ဝကို ရောက်ပါတယ်... နောက်ပြီး ကျွန်တော့် ကုတင်ခေါင်းရင်းတည့်တည့်မှာ မှန်ပြတင်းပေါက်ရှိတယ်... ညဆို လေ အရမ်းဝင်လို့  ပိတ်ထားတတ်ပါတယ်...

အဲဒီညမှာပဲ အခန်းမီးတွေ ပိတ် အိပ်တဲ့လူကလည်း အိပ်နေပါပြီ... ကျွန်တော်လည်း ချက်ချင်းအိပ်လို့  မပျော်သေးတော့ လက်ကလေး ရင်ဘတ်ပေါ်တင် အတွေးနယ်ချဲ့ နေမိတာ ဘယ်အချိန်ထိကြာသွားလည်း မသိပါဘူး.. ခြင်ထောင် အပြင်က အမှောင်ရိပ်ထဲမှာ ကုံးကုံးကွကွနဲ့ မဲမဲ သဏ္ဍန် တစ်ခု.... အသက်ရှူသံလို တရှုးရှူးအသံပြုပြီး ကျွန်တော့်သူငယ်ချင်း ကျော်ကြီး ရဲ့ခြင်ထောင်ဘေးမှာတလှုတ်လှုတ်လုပ်နေပါတယ်... ခဏအကြာမှာ သူငယ်ချင်းရဲ့ခြင်ထောင်ထဲမပြီး ဝင်သွားသယောင် ဝိုးတိုးဝါးတား စိတ်ထဲမှာ ထင်လိုက်မိလို့  ရုတ်တရက်သူငယ်ချင်းအတွက်စိတ်ပူသွားပြီး ခေါင်းအုံးအောက်က ဓါတ်မီးကို ဖြေးဖြေးလေးဆွဲလိုက်တယ်... ကိုယ်တိုင်ကလဲ တော်တော် လေးလန့်သွားပြီး ချွေးစေးတွေတောင် ထွက်နေတယ်... လှုပ်ရှားမှုကလည်း တကယ့်ကို နှေးနှေးလေးပါ...

လက်က ခေါင်းအုန်းအောက်ရောက်ဖို့ကို တော်တော်ကြာနေတယ်လို့ ခံစားရတယ်... ဓါတ်မီးကိုလည်း စမ်းမိရော အရမ်းအားတက်သွားပြီး ခလုတ်လေးကို အသာလေးဖိပြီး ဖွင့်... ပွင့်လည်း ပွင့်ရော... ရုတ်တရက် ဗြူံးဆို.. ကျွန်တော့် ခြင်ထောင်ထဲ က ချက်ခြင်းပြီး စောစောက မဲမဲသဏ္ဍန်ကြီး ဝင်သွားတဲ့နေရာလောက်ကနေ သူငယ်ချင်း ခြင်ထောင်ကို ဆတ်ခနဲ မပြီး မီးထိုး ကြည့်တော့ သကောင့်သားမောင်ကျော်ကြီးက စောင်ကြီးခေါင်းမြီးခြုံလို့  တုပ်တုပ်မှ မလှုပ် အိပ်နေလိုက်တာ.. ကျွန်တော်လည်း သက်ပြင်းချ.ပြီး တခြားလူတွေနိုးသွားမှာစိုးလို့ လေသံလေးနဲ့ ..
" ဟေ့ကောင်.. ဟေ့ကောင်... " ဆိုပြီး ခေါ်လည်းခေါ် ... စောင်လည်း ဆွဲချလိုက်တော့မှ.. ကိုယ့်ဆရာက မအိပ်သေးဘူးဗျ... တစ်ခါမှ မစိတ်တဲ့ သူ့ခေါင်းရင်းက လူရှိန်ပုတီးကြီး လည်ပင်းမှာစွပ်လို့  ကျွန်တော့်ကိုလည်း ပုတ်ခပ်ပုတ်ခပ်မျက်လုံးအစုံ နဲ့ ကြည့်နေတာ များ ရီတောင်ရီချင်စရာ.. ရုပ်ကိုက.. ကျွန်တော် အခုပြန်တွေးကြည့်ရင် ပြန်မြင်ယောင်ပြီး အခုရယ်ချင်စိတ်ပေါက်တယ်... ကျွန်တော်လဲ လေသံနဲ့...


" စောစော က မင်းကုတင်ထဲ မည်းမည်းအရိပ်ကြီး ဝင်သွားလို့ငါ စိတ်ပူလို့ ကွ " လို့ လဲပြောရော.. မောင်ကျော်ကြီး က ငေါက်ကနဲ ထပြီး တခစ်ခစ်နဲ့ အသံအုပ်ပြီး ရယ်ပါလေရော... ဒါနဲ့ကျွန်တော်လည်း ဒီကောင်အပများမှီနေသလား... ငါပြောတာ ဘာရယ်စရာပါလို့လဲ ဆိုပြီး တွေးလဲတွေး ကြောက်လဲကြောက်ပေါ့.. နောက် လေသံအုပ်ပြီးမေးတော့မှ..
".. စောစောက အပြင်မှာ မင်းတွေ့တာက ငါကွ.. ငါဘာလို့  အပြင်ထွက်ပြီး တရှုးရှူးလုပ်ရသလဲ ဆိုတော့ အပုပ်နံရလို့  ကုတင်ပတ်ပြီး ရှာရင်းရှုကြည့်နေတာတဲ့... ပြီးမှ အနံ့ က မင်းကုတင်ဘက်ကမှန်းလဲသိရော ငါလည်း လန့်ပြီး စောင်ခေါင်းမြီးခြုံ ပုတီး လည်မှာ ပတ်ပြီး ဘုရားစာရွတ်ပြီး ကြိုးစားပြီးအိပ်ဖို့  လုပ်နေတာ... " တဲ့..


ကျွန်တော်လည်း... " အဲဒီအပုပ်နံ့ .. ငါ့ကုတင်ဘက်က ရတာနဲ့ပဲ အရမ်းကြောက်ရရောလား.. " ဆိုပြီး မေးပြန်တော့မှ ကျော်ကြီး က သူတွေ့လိုက်တဲ့ အကြောင်းအရာကို စ ဆုံး ပြော ပြတာ...
" ညက ဒို့ နှစ်ယောက် ပေါက်ကရပြောပြီး အိပ်ရာ ဝင်တော့ ချက်ခြင်းအိပ်မပျော်သေးတာနဲ့ ဟိုလှိမ့် ဒီလှိမ့် လုပ်နေတုန်း အခန်းဝ တစ်ယောက်ယောက် ဝင်လာသလို စိတ်ထင်မိလို့  မျက်စိ တဝက်လောက် ဖွင့် ကြည့်လိုက်တော့  လူမှလူရိပ်စစ်စစ် .. ဒါပေမယ့် ဝင်လာတဲပုံက လမ်းလျှောက်သလို မဟုတ်ဘဲ ဘုတ်စကိတ် ပေါ် လူတက်စီးလာသလို တောင့်တောင့်ကြီး ရွေ့ လာတာကွ... ထူးခြားတာက အဲဒီအရိပ်က တော်တော်ပုပု သေးသေးလေး... ခန့် မှန်း ငါတို့ ရင်ခေါင်းလောက်ဘဲရှိမယ်ကွ... ပြီးတော့ မင်းနဲ့ငါ့ ခြေရင်းလောက်လဲရောက်ရော ရုတ်တရက်ရပ်နေပြီး ငါ မျက်တောင်တစ်ခါလေး ခတ်မိပါတယ် ပျောက်သွားရော... ငါလည်း ကြောက်တာမှ အသက်တောင်မရှုမိဘူးထင်တာပဲ... ပြီးလဲပြီးရော အပုပ်နံကြီးရလာတာပဲကွာ... နေ့လည်က ရတဲ့အနံ့လိုမျိုးကြီး ရလာလို့ ငါ့ စိတ်ပုတီးကို လည်ပင်းကောက်စွပ် အရိပ်ကြီးက တို့ခြေရင်းမှာ ပျောက်သွားတာဆိုတော့ ငါလဲတုန်နေတဲ့ ဒူးနှစ်ဖက်ကို အနိုင်နိုင်ထိန်းပြီး ခြင်ထောင်ထဲက ကြိုးစားထွက်... ဘေးပတ်လည်ကို လေ့လာ ကြည့်တာနေတာကွ... ဒါနဲ့ မင်းကုတင်ဘက်ဆီ က အပုပ်နံ့ စူးခနဲ တစ်ခါလဲထပ်ရရော ငါလည်း ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ ခြင်ထောင်ထဲ ပြန်ဝင်ပြီး အခုလို ကွေးနေတာ မင်းရောက်လာတဲ့အထိပဲကွ... " ဟု ရှည်လျှားစွာရှင်းပြပြီး ကျွန်တော် နာရီကြည့်လိုက်မိတော့ နံနက် ၃ နာရီ ရှိလေပြီ။


ကျွန်တော်လည်း သူငယ်ချင်းပြောပြသမျှကို ယုံရခက် မယုံရခက် တွေဝေနေပြီး ကိုယ့်ခုတင်ကိုယ်ကြောက်ကြောက်နဲ့ ပြန်အိပ်ရတာပေါ့.. မှေးခနဲ အိပ်ပျော်မယ်ကြံတုန်း ကျွန်တော်သတိထားမိလိုက်တာ ကျွန်တော့်ခေါင်းအုံး အလွန်အမင်း ပျော့ပြောင်းနေခြင်းပါ.. ကျွန်တော်လဲ မသင်္ကာံတာနဲ့ ခေါင်းအုံးအစွန်ဘက်ကို ခေါင်းရွေ့ကြည့်ပေမယ့် ခေါင်းအုံးက မဆုံးနိုင်ဘဲ ခုတင်အစွန်းကို လူသာ ရောက်သွားတယ် ခေါင်းအုံးက အဆုံးဆိုတာမရှိဘူး.. ဒါနဲ့ ဒီဘက်ပြန်လှိမ့်ကြည့်တော့လဲ မဆုံး... သိလိုက်ပါပြီ ... ငါ့ခြင်ထောင်ထဲ ငါမရှိတုန်း ဟိုပုကွကွ အရိပ်ဆိုတာကြီး ဝင်နေပြီဆိုတာကိုပေါ့... ပထမဆုံး သိလိုက်ပြီဆိုတာနဲ့ သတိရမိတာက ထွက်ပြေးဖို့ပေါ့... အားကုန်ထလိုက်တယ်...

ဒါပေမယ့် ခေါင်းက ခေါင်းအုံးနဲ့မခွာနိုင်ဘူး... တစ်ကိုယ်လုံး လှုပ်နိုင်တယ်.. ခေါင်းလုံးဝ မထောင်နိုင်ဘူး ကပ်နေတယ်... နောက်တော့အော်ဖို့ သတိရလာတယ်... ပါးစပ်ဟပြီး ကျော်ကြီးရေ လုပ်ပါဦးဟ လို့  ရင်ခေါင်းသံနဲ့ အသားကုန်အော်ပေမယ့် လည်ခေါင်းကြီးက ပျော့စိစိဖြစ်ပြီးတော့ တစ်ခုခုက ဆုတ်ညှစ်ထားသယောင်ပေါ့... နောက်မှ ဘုရားစာ ရွတ်ဖို့  သတိဝင်လာတာ.. အဲဒီအချိန်မှာ စရွတ်ဖို့စဉ်းစားတာက ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပေါ့... ဒါပေမယ့် အစကို မေ့နေပြန်ရော.. စိတ်ထဲမှာရွတ်နေပြီ.. ပါးစပ်ကြီးက အစ ရှာမရတာ... ဘယ်လိုကြီးလဲ မသိပါဘူးဗျာ.. ခံစားချက်က စိတ်နဲ့ လူမကပ် သလိုလို... ကိုယ်ကိုကိုလဲ အားမရ ဒေါသထွက်လာတယ်.. စိတ်ထဲမှာဖြစ်ပြီး အသံမထွက်တဲ့ ကိုယ့်ကိုယ်ကိုယ်မုန်းလာတယ်.. အဲဒီခံစားချက်ကြီးက စက္ကန့်ပိုင်းအတွင်းအမျိုးမျိုး ဖြစ်နေတာနော်...

 နောက်ထပ်အတွေးက အမေ အဖေ ဆိုပြီး အော်ဖို့  ကြိုးစားမိပြန်ရော.. လုံးဝ အသံ မထွက်ဘူးဗျာ.. ထွက်လာတာက မျက်ရည်တွေနဲ့ လက်မဝက်လောက်ရှိမယ့် ကြက်သီးလုံးကြီးတွေ တစ်ကိုယ်လုံးပဲ.. နောက်ဆုံး ခြေကုန်လက်ပန်းကျလုလုဖြစ်တော့မှ ရုတ်တရက် ပါးစပ်က ထွက်လာတဲ့ စကားလုံးက ကျွန်တော့်ကိုကယ်လိုက်တာ.. ကျွန်တော် အကျယ်ကြီး အော်မိတာက (မြတ်စွာဘုရား ကယ်တော်မူပါ)...တဲ့ ... ဘယ်လောက်တောင်အံသြဖို့ကောင်းသလဲဆို လူက ငေါက်ခနဲ ထိုင်နိုင်သွားတယ်ဗျာ... တစ်ယောက်ထဲ ကြောက်လည်းကြောက် မျက်ရည်တွေလည်းကျမိလို့  ရှက်လဲရှက် ဒေါသကလဲထွက် နဲ့ ပြဿနာဒီလောက်ရှာတဲ့ ခေါင်းအုန်းတွေ့ရောပေါ့ကွာ ဆိုပြီး ခေါင်းရင်းတံခါးမှန်ကို ဖွင့် ခေါင်းအုံးကို မ ပြီး ကော်ရစ်တာကို လွှင့်ပြစ်လိုက်တာ ဖုတ်ဆိုတဲ့ အသံနဲ့ ခေါင်းအုံးက ကော်ရစ်တာကြမ်းပြင်မှာ လိမ့်ခနဲ လျောကျသွားတယ်... ပထမတစ်လိမ့်က ခေါင်းအုံး ပုံ...ဒုတိယတစ်လိမ့်မှာတော့ ကော်ရစ်တာမီးရောင်ဖျော့ဖျော့ အောက်မှာ မြင်လိုက်ရတာကတော့
 ယောဂီရောင် အောက်ခံအကျီကြီးဖြစ်နေတယ်ဗျ... ကျွန်တော်လဲ တံခါးအမြန်ပြန်ပိတ်.. အခန်းထဲရှိရှိသမျှ မီးချောင်းတွေ အကုန်လိုက်ဖွင့်ပြီး ကုတင်ပေါ်မှာထိုင်ပြီးရသမျှတွေ ရွတ်ဖတ်နေလိုက်တာ အခန်းဖော်တွေနိုးလာတဲ့ မနက်ဝေလီဝေလင်းထိပေါ့...

မနက် ၆ နာရီလောက်ရောက်တော့မှ လူတွေနိုးထ လှုပ်ရှားတာ သေချာမှ ကော်ရစ်တာကို အရဲစွန့်ပြီး ညက လွှင့်ပြစ်လိုက်တဲ့ ခေါင်းအုံးကို သွားပြန်ကြည့်တော့ရဲတော့တယ်.... ထူးဆန်းတာနောက်တစ်ခု တွေ့ ပြန်ပါရော... ခေါင်းအုံးဆီကနေ မနေ့ က ကျွန်တော်ရခဲ့ တဲ့ ပုပ်အက်အက် အနံကြီး ထောင်းထောင်းထနေလိုက်တာဗျာ... မနက်စောစောစီးစီး စိတ်ထဲမှာတောင် နဲနဲအော်ကလီဆန်သွားသလိုပဲ.. ဒါပေမယ့် ထူးခြားတာက ကျွန်တော်ကလွဲရင်ဘယ်သူမှ ဒီအနံ့ကို မရကြတာပဲ...နောက်တစ်ခုက ခွဲစိတ်တဲ့နေရာမှာထားတဲ့ ဖွားသီလရှင်အလောင်းမှာလည်း အပေါ်ကလွှမ်းထားတဲ့ ယောဂီရောင် အကျီကလည်း အောက်ကိုလွင့်ကျနေတယ်.. တိုတို ပြောရရင် ဒီခေါင်းအုန်းကို ကျော်ကြီး အကူအညီနဲ့ပဲ ဖွားသီလရှင် အလောင်းရဲ့  ခေါင်းအောက်ပြန်ထည့်ပြီး လှူဒါန်းပါတယ်...

စော်ကား မိတဲ့အတွက်လဲခွင့်လွှတ်ပါလို့ ပြောပြီးကြောက်ကြောက်နဲ့ ခေါင်းကိုအသာမ ခေါင်းအုံးကိုထိုးထည့် ပါးစပ်ကလည်း တောင်းပန် ဇောချွေးလဲနှစ်ယောက်သား ပြန်နေကြပေမယ့် အသက်မဲ့ ဖွားသီလ ခန္ဓာကိုယ်ကြီးကတော့ အေးစက်တောင့်တင်းငြိမ်သက်ပြီး ညက သူမဟုတ်သလိုနဲ့ နောက်လာမယ့် PRATICAL group တွေအတွက်အသင့်အနေထားပေါ့ဗျာ....

ဖိုးသူတော် (www.phothutaw.com)
Credit : Htoo Myat

အလုပ်သမားတစ်ဦးအမှန်တကယ်ကြုံခဲ့ရတဲ့ စက်ရုံက သရဲမ


ဒီအဖြစ်အပျက်တွေကတော့ ကျနော်ကိုယ်တွေ့ကြုံရတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းအရာတွေအားလုံးကတော့ ကျနော် အလုပ်လုပ်ခဲ့တဲ့ ရွှေပြည်သာက ငါးပုဇွန် cold store စက်ရုံမှာ ဖြစ်ခဲ့တာတွေပါ။ ကျနော်ကိုယ်တွေ့မကြုံရတာပဲရှိတာပါ။ ကျနော့်အနားမှာတင်ကပ်ကပ်ပြီးဖြစ်သွားတာတွေပါ။ အဲ့ဒိစက်ရုံက ခုထိရှိသေးတဲ့အတွက်ကြောင့် အမည် လိပ်စာတွေကိုတော့တပ်မရေးတော့ပါဘူး။ အဖြစ်အပျက်တွေက ဒီလိုပါ………။
၁- စက်ရုံမှာ ငါးခေါင်းခုတ်တဲ့အခန်းရှိပါတယ်။ ကျနော်တို့ခုစားနေကြတဲ့ ကိုရီးယားကင်တွေလုပ်ဖို့ ငါးတွေမကြိတ်ခင်မှာ ငါးကိုခေါင်းဖြတ်တဲ့အခန်းပါ။

အဲ့ဒါကို ကျနော်တို့ခုတ်ခန်းလို့ခေါ်ပါတယ်။ အဲ့ဒိခုတ်ခန်းကထွက်တဲ့ ခေါင်းမပါတဲ့ငါးတွေကို စက်ထဲတစ်ခါတည်းထည့်ပြီး အကြေးခွံချွတ်တဲ့ စက်ကချွတ်.. ကြိတ်တဲ့စက်ကကြိတ်ပါတယ်.. သဘောကတော့ခေါင်းခုတ်တာကလွဲလို့ finished goods ထွက်တဲ့အထိ အားလုံးက automatic machine ကိုပဲသုံးပါတယ် (ဗဟုသုတအနေနဲ့ပါ)
အဲ့ဒိခုတ်ခန်းမှာက လူတွေအများကြီးခေါင်းခုတ်နေကြပါတယ် မိန်းကလေးတွေများပါတယ်.. အဲ့ဒိထဲမှာ ကောင်မလေးတစ်ယောက် ငါးခုတ်နေပါတယ်.. သူတို့ကကျွမ်းကျင်လုပ်သားတွေဆိုတော့ အရမ်းမြန်ပါတယ် သူ့ဟာနဲ့သူ timing မှန်မှန်ခုတ်နေတာပါ.. အဲ့ဒိမှာ သူ့တံတောင်ကို နောက်ကတစ်ယောက်ယောက်ကလှမ်းလှမ်းဆွဲတယ်လို့ခံစားရပါတယ်.. ပထမ တစ်ချက်နှစ်ချက်တုန်းက သူစိတ်ထင်လို့ထင်ပြီးလှည့်မကြည့်မိပါဘူး.. နောက်တော့ လူစတယ်ထင်ပြီးလှည့်ကြည့်လိုက်ပါတယ်.. အဲ့ဒိမှာသူတွေ့လိုက်ပြီး တစ်ခါတည်းကိုမေ့သွားပါတယ်. နောက်တစ်ပါတ်လောက်ဖျားလို့ အလုပ်တောင်မဆင်းနိုင်တော့ပါဘူး.. … သူမြင်လိုက်ရတာဘာလဲသိချင်လား… မျက်နှာကြီးတဲ့..အဲ့ဒိမျက်နှာမှာ.. မျက်စိတွေ နှာခေါင်းတွေပါးစပ်တွေမပါတဲ့ မျက်နှာပြောင်ချောချောကြီးနဲ့တဲ့
၂- စက်ရုံမှာ canteen ရှိပါတယ်.. အဲ့ဒိ canteen ရဲ့အပေါ်ထပ်မှာ ညတာဝန်ကျတဲ့ သူတွေနားတဲ့ဝန်ထမ်းနားနေဆောင်ရှိပါတယ်.။ တစ်ရက် ညနေမှာပါ.. ညပိုင်းတာဝန်ဆက်ကျတဲ့ engineer department က ယောက်ျားတစ်ယောက်က အပေါ်မှာ ခဏတက်နှပ်မယ်ဆိုပြီးတက်ခဲ့ပါတယ်… ဒါပေမယ့် မနှပ်လိုက်ရပဲ ခဏနေတော့ ဒရောသောပါးပြေးဆင်းလာရပါတယ်.. ဘာဖြစ်တာလဲမေးကြည့်တော့… မျက်နှာကျပ်မှာ တဲ့ ကားယားကြီး ဆံပင်ဖားလျားကြီးနဲ့ကပ်နေတာတွေ့လို့တဲ့……။


၃- ဒီတစ်ခေါက်ကစက်ရုံးမှူးပါ… သူက ကျနော်တို့နဲ့လည်း ရင်းနှီးပါတယ်.. သူပြန်ပြောတာက…. သူတစ်ရက် စက်ရုံမှာ တာဝန်နဲ့ညအိပ်ရပါတယ်။သူက စက်ရုံက ရာထူးကြီးတဲ့သူဆိုတော့ canteen အပေါ်ထပ်ကအခန်းထဲမှာမအိပ်ရပါဘူး.. office building ပေါ်ကအခန်းထဲမှာအိပ်ရပါတယ်.. အဲ့ဒိ Office building မှာက M.D room, director rooms, account department, meeting room, ထမင်းစားခန်းစသည့်အခန်းတွေအပြင် ရုံးကတာဝန်ရှိသူတွေအတွက် master bedroom ၂ ခန်းလည်းရှိပါသေးတယ်.. သူက အဲ့ဒိ master bedroom နှစ်ခန်းထဲက တစ်ခန်းမှာ ၀င်အိပ်ပါတယ်… ညဖက် အပေါ့သွားချင်လို့နိုးလာပါတယ်. အခန်းထဲမှာသွားလို့ရပေမယ့် သူက မသွားပဲနဲ့ အပြင်က အခန်းတွေပါလျှောက်စစ်မယ်ဆိုပြီးအပြင်က toilet ကိုထွက်လာပါတယ် toilet က သူအိပ်တဲ့အခန်းနဲ့ဆိုရင် ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ်ပါ.. အဲ..ကြားက director ခန်းတစ်ခန်းက ပွင့်နေပါတယ် ဒါနဲ့သူပိတ်လိုက်ပြီး အိမ်သာဆက်သွားပါတယ် အိမ်သာက ပြန်လာတော့ သူပိတ်ခဲ့တဲ့တံခါးကပဲထပ်ပွင့်နေပါတယ်.. အဲ့ဒိအခန်းက အမြဲပိတ်ထားတာပါ.. director က overseas ကမို့လို့ပါ.. ။ ဒါနဲ့သူလည်းကြောက်ပြီး ခြံဝက လုံခြုံရေး အခန်းမှာသွားအိပ်မယ်ဆိုပြီး ဆောင်ကြီးခေါင်းမြီးခြုံပြီးဆင်းလာပါတယ် (ဆောင်းရာသီပါ)။

အဲ့ဒါ့ကို အထားနပ်နေတဲ့လုံခြုံရေးမှူးက ဂိတ်ကနေပြီး ရုံးပေါ်က မဲမဲကြီးဆင်းလာတယ်ပေါ့.. သရဲထင်ပြီးဓါတ်မီးနဲ့ထိုးပြီးလေးခွနဲ့ ချိန်ထားပါတယ်.. အဲ့ဒါစက်ရုံမှူးကလည်း သရဲရန်ထက် လေးခွကိုပိုကြောက်ပြီး.. ဦး.. ကျနော် မောင်…… ပါဆိုပြီး တစ်ညပြီးသွားပြန်ပါတယ်…
၎- လုံခြုံရေးမှူး အဖိုးကြီး အသက် ၅၀ ခန့် ကတော့တကယ့်ကို သတ်တိကောင်းသူပါ..သူလို့သာကျနော်တို့တွေကြုံရရင် အဲ့ဒိစက်ရုံမှာလုပ်ရဲမှာမဟုတ်ပါဘူး…..ဒီလိုပါ..
အဲ့ဒိရွှေပြည်သာက စက်ရုံက ချောင်ကျတာကြောင့် ညဖက်ဆိုရင်အရမ်းလူပြတ်ပါတယ်.. မီးပျက်တဲ့ညတွေဆိုရင် ပါတ်ဝန်းကျင်တစ်ခုလုံးက ဘာမှကိုမမြင်ရအောင်ပိန်းပိတ်အောင်မှောင်ပါတယ်… တစ်ည…. စက်ရုံရဲ့ ခြံထောင့်က ခွေးတွေက အရမ်းကိုအူးနေပါတယ်.. လုံးခြုံရေးမှူးအဖိုးကြီးကလည်း သူခိုးကပ်တယ်ထင်ပြီး အဲ့ဒိခွေးတွေအူတဲ့ခြံထောင့်ကိုသွားပါတယ်… အဲ့ဒိမှာ လူရိပ်တစ်ခုကိုတွေ့လိုက်ပါတယ်. ဒါနဲ့ တစ်ဖက်က ဓါတ်မီး တစ်ဖတ်က ဒုတ်ကိုကိုင်ပြီ ဆက်ချဉ်းကပ်သွားပါတယ် ဓါတ်မီးတော့မဖွင့်ပါဘူး.. သူခိုးပြေးသွားမှာဆိုးလို့ပါ.. သူက အမောင်ထဲမှာ ကျင့်သားရနေတော့ အဲ့ဒိအရိပ်ကိုတော့မြင်နေရတုန်းပါပဲ သူလည်းသတိနဲ့ ဖြည်းဖြည်းချင်းအသံမကြားအောင်ချဉ်းကပ်သွားပါတယ်.အနီးရောက်တော့သိပ်မ
သင်္ကာတာနဲ့ ဓါတ်မီးဖွင့်ကြည့်လိုက်တဲ့အခါမှာ သူတွေ့လိုက်ရတာကတော့.. ခေါင်းကြီးက ဘေးတိုက် ၉၀ ဒီကရီထိဇတ်ကြိုးကျနေတဲ့ သရဲမကိုတွေ့လိုက်ရတာပါပဲ…………..
နောက်တစ်ခါ ကျတော့ သူ ညဘက်မီးပျက်တဲ့ရက်မှာ စက်ရုံဝင်းထဲ လျှောက်စစ်နေတုန်း မိန်းမ ရေးချိုးခန်းအိမ်သာဆောင်နံရံထဲက လက်တစ်ဖက်ထွက်လာပြီးသူ့ဆီက တောင်းသလိုပုံစံမျိုးကိုတွေ့ရပါတယ် အဲ့ဒိလက်တစ်ဖက်ကတော့ ကျနော်တို့သာမမြင်ဘူးတာ..သူ့အတွက်ကတော့ ရိုးနေပြီဆိုပဲ…
အဲ့ဒိ မိန်းမ ရေချိုးခန်းကလည်းအရမ်းကိုခြောက်ပါတယ်လို့ပြောပါတယ်. ဒါပေမယ့်ကျနော့်ကိုသေချာ ပြန်ပြောပြတဲ့သူမရှိတဲ့အတွက်ကြောင့်မရေးပြတော့ပါဘူး..။
၅- ဒီတစ်ခါကျတော့.. ကျနော့် အလုပ်လုပ်တဲ့ office building အပေါ်ထပ် account department ပါ.ကျနော်က အဲ့ဒိမှာ တစ်ယောက်တည်းသောယောက်ျားလေးပါ. Account department မှာက စုစုပေါင်းကျနော်အပါအ၀င် ၈ ယောက်လောက်ရှိပါတယ်.. အဲ့ဒိမှာ..တစ်နေ့ ကျနော်တို့တွေစုပြီးတော်ကီပြစ်ကျပါတယ်.. အခန်းက hall ခန်းမို့လို့ ကိုယ့် computer ရှေ့ကိုယ်ထိုင်ပြီးလှမ်းလှမ်းပြီးလေပြစ်နေကြတာပါ..လူကြီးတွေကလည်းရုံးစောစောဆင်းသွား
ပါတယ် ကျနော်တို့ အတွက်တော့ ပွဲတော်ကြီးပေါ့.. အဲ့လိုနဲ့ လေပြစ်နေတုန်း စက်ရုံက သရဲမအကြောင်းရောက်သွားပါတယ်.. အဲ့ဒိမှာ ကျနော် ဘေး ကအစ်မတစ်ယောက်သူက ဒေါင့်ဆုံးမှာ ထိုင်တာပါ.. သူလည်းစကားဝင်ပြောပါတယ် ပြောနေရင်းနဲ့ သူအရမ်းကိုကျပ်သီးတွေထလာပြီး အဲ့ဒိဒေါင့်ကနေပြေးလာပြီးအလယ်မှာလာထိုင်ပါတယ်.ဘာလို့လဲအစ်မလို့မေးတော့.. ငါလည်းပြောနေရင်းနဲ့အရမ်းကြောက်လာလို့ ဒီကိုပြေးလာတဲ့.. ပြီးတော့သူ့လက်က မွေးညှင်းနုနုလေးတွေက ထောင်နေပါတယ်.. အဲ့ဒါနဲ့ တစ်ပြိုင်နက်.. ကျနော်တို့တစ်ခန်းလုံးကျောထဲကစိမ့်ကနဲ့ဖြစ်သွားပြီး..ကျနော်တို့အားလုံးရဲ လက်က မွေးညှင်းတွေဟာ ထောင်လာပါတယ်… ကျနော့်စိတ်ထင်.. အခန်းထဲကိုဝင်လာလားမှမသိတာနော်…ကျနော်ကြားဖူးတာက သရဲ ပြိတာတွေက လူနားရောက်လို့ရှိရင် လူက အလိုလို ကျောထဲက စိမ့်လာပြီး ကျပ်သိမ်းမွေးညှင်းတွေပါတွေထတယ်ဆိုတာကို.. အဲ့ဒါနဲ့ အဲ့ဒိမှာပဲ ကျနော်တို့စကားဆက်မပြောရဲကြတော့ပဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေပါတယ်.. ခဏနေတော့ စောစောက ထောင်နေတဲ့လက်ကမွေးညှင်းတွေက နဂိုပုံမှန်အတိုင်းပြန်ဖြစ်သွားပါတယ်…။

အဲ့ဒါက အဲ့မှာမပြီးသေးပါဘူး.. အဲ့နေ့ရုံးဆင်းတော့ ကျနော်တို့အားလုံးတူတူဆင်းကြပါတယ်.အမြဲလည်းတူတူပဲဆင်းနေကြပါ.အုပ်စုလိုက်ကြီးဆင်းတာပေါ့.. ကျနော့်ကနောက်ဆုံးမရောက်ခင်ရှေ့ကဆင်းပါတယ်.ကျနော့်နောက်မှာ အစ်မတစ်ယောက်ပဲရှိပါတော့တယ်…. သူက ကျနော့်နောက်နားကနေပြီးတော့ အမလေး ဆိုပြီးအော်လိုက်ပါတယ်..ကျနော်အပါအ၀င် ကျနော့်ရှေ့က အစ်မတွေလည်းအားလုံးကြားပါတယ်.ဘာဖြစ်တာလဲမေးတော့.သူက မဖြေပဲ တံခါးကိုမြန်မြန်ပိတ်ပြီး ဆင်းမယ်ဆင်းမယ် ဆိုပြီးနောက်ဆုံးကလူက ရှေ့ဆုံးလူကိုကျော်ပြီးသုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားပါတယ်.. ဒါနဲ့ကျနော်တို့လည်း ဘာဖြစ်တာလဲ ပေါ့ဆိုပြီးသူ့နောက်ကနေ လိုက်ဆင်းသွားပါတယ်.. ferry ပေါ်ရောက်မှသူကပြန်ပြောပြပါတယ်.. ငါ့အိပ်ကိုနောက်ကနေလှမ်းဆွဲလို့တဲ့ငါတောင်နောက်လှန်ကျမလိုဖြစ်သွားရတယ်တဲ့… အဲ့လို…သရဲမက ကျီစားတာ….
ကျနော်တို့အခန်းကလူတွေတော်တော်များများ..ကျနော်ကလွဲလို့ အားလုံးလိုလို နံမည်အခေါ်ခံရပါတယ်..သူက နံမည်လည်းခေါ်တက်ပါတယ်… သူခေါ်တဲ့ အသံကြားပြီးအခန်းထဲကိုယောင်တောင်တောင်နဲ့ပြန်ပြန်ဝင်လာတဲ့သူတွေလည်းစက်ရုံမှာ
မနည်းတော့ပါဘူး.နံမည်ခေါ်တာကတော့.. ကျနော်တို့အတွက်ရိုးတောင်နေပါပြီ….။

တစ်ခါတုန်းကလည်း.. မနက် ferry ရောက်တဲ့အချိန် မနက် ၉နာရီ ၀န်းကျင်ပေါ့.. အခန်းထဲက မိန်းကလေးတွေအားလုံး အိမ်သာသွားကြပါတယ် ကျနော်နဲ့ နောက်အစ်မတစ်ယောက်ကတော့ အခန်းထဲမှာ air con ဖွင့် computer ဖွင့် ဖုံသုတ်ဘာလုပ်ညာလုပ်နဲ့ကျန်ခဲ့ပါတယ်.. အဲ့နေ့က ရုံးက ကလေးအမေတစ်ယောက်က သူ့ သုံးနှစ်အရွယ်ကလေးလေးခေါ်ခဲ့ပါတယ်. အိမ်သာသွားတဲ့ အုပ်စုထဲမှာ အဲ့ကလေးလေးလဲပါသွားပါတယ်.. .. ခဏနေတော့ အားလုံး ၀ရုံးသုံးကားနဲ့ပြန်ရောက်လာကြပါတယ်.အခန်းထဲမှာကျန်တဲ့ကျနော်တို့က ဇဝေဇ၀ါနဲ့ဟာဘာဖြစ်လာကြတာလဲပေါ့… အိမ်သာထဲမှာ တဲ့ သရဲမထိုင်နေတာတွေ့လို့တဲ့..ဟင်ကျနော်လည်းကြောင်သွားပါတယ်..ဘယ်လိုဖြစ်တာလဲပေါ့
အိမ်သာက နှစ်ခန်းပါတယ်။ တစ်ခန်းက ရိုးရိုး.တစ်ခန်းက ဗိုလ်ထိုင်ပါ။ အဲ့မှာ ကလေ အမေက သူ့ကလေးကိုသမီးအပေါ့သွားမယ်ဆိုသွားလေလို့ပြောပါတယ်…သူကမသွားပဲ.ဟိုမှာအစ်မ
တစ်ယောက်ထိုင်နေတယ်အမေရဲ့ဘယ်လိုသွားမလဲလို့ပြန်ပြောပါတယ်..ဒါနဲ့ အပြင်မှာရှိတဲ့သူတွေအားလုံးကလည်း တံခါးဖွင့်ထားတဲ့အိမ်သာကိုပြိုင်တူကြည့်လိုက်ပါတယ်.ဘယ်သူမှမရှိပါ.. ကလေးကိုဘယ်မှာလဲလို့မေးတော့..ဟိုမှာလေ. အမေရဲ့ မျက်နှာမှာ ပေါင်ဒါတွေအများကြီးနဲ့ အစ်မကြီးတစ်ယောက်ထိုင်နေတယ်ဆိုပြီးလက်ညိုးပါထိုးပြပါတယ်..ဒါနဲ့ အိမ်သာသွားချင်တဲ့သူတွေတောင်ဆက်မသွားနိုင်တော့ပဲ ပြန်ပြေးလာခဲ့ကြတာပါ..
 နေ့တစ်ဝက်လောက်ဘယ်သူမှ အိမ်သာမသွားရဲတော့ပါ။
ဒါတောင်ကျနော် အလုပ်သင်ဝင်တုန်း လေးငါးလလောက်အတွင်းမှာဖြစ်ခဲ့တာတွေပါ.ကျနော်မသိတဲ့
ဇာတ်လမ်းတွေလည်းအများကြီးရှိပါသေးတယ်။

ကျနော်ပြောချင်တာက.. သရဲ တစေ ဆိုတာသူ့ဟာသူရှိနေတာပါ.နေရာတိုင်းမှာရှိနေနိုင်ပါတယ်..သူတို့နေချင်သလိုနေနိုင်ပါတယ် ကိုယ့်ဘက်က အရမ်းကြီးကြောက်စရာမလိုပါဘူး။ သူတို့ကလည်း စတာနောက်တာကလွဲလို့ လူကိုလည်း အနတရယ်မပြုပါဘူး.. မြင်လိုက်ရတဲ့သူတွေသာ.မြင်ရတာပါ..ကျနော်ကတော့ အဲ့ဒိစက်ရုံမှာလုပ်နေတဲ့ကာလပါတ်လုံး မျက်မြင် ချောင်းသာမှာလို မတွေ့ခဲ့ဘူးပါဘူး။ ကျနော့်နာမည်လည်းအခေါ်မခံရပါဘူး။ အနံ့နဲ့လည်းအခြောက်မခံရပါဘူး။ ရုံးမှာ စောင့်အိပ်တဲ့ညတွေတုန်းကလည်း ဘာမှကိုအခြောက်မခံရပါဘူး..။ကြည့်ရတာသရဲမက သူ့ထက်ရုပ်ပိုဆိုးတဲ့ကျနော့်ကိုမြင်ပြီးဝေးဝေးကရှောင်သွားတာလားမသိဘူးနော် ဒီထဲမှာသာလျှောက်ပြောနေတာ..ခုလည်း ညည ဒီပေတဖက်ပြီး..ဓါတ်လှေခါးစီးတာတောင်စိတ်မသန့်ချင်တော့ ဘူး :D
ဇာတ်ကြောင်းပြန်လည်မျှဝေပေးသော Member ကို Htet Paing အား အက်ဒမင်များအားလုံးမှ ကျေးဇူး အထူးပင် တင်ရှိပါသည်။

Newmyanmarpyi

လူနှင့် သရဲကြားက ထူးဆန်းအံ့သြဖွယ် ခင်မင်မှု (ဖြစ်ရပ်မှန်)


သူ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်မသိပါ.. ကျွန်တော့်ရဲ့ အနီးအနား ဝန်းကျင်မှာတော့ သူဟာ အရိပ်တစ်ခုအနေနဲ့ ရှိနေတယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိနေပါတယ်… တစ်ခါတလေ အသံပေး အရိပ်ပြတတ်တဲ့ သူ့ကို ကျွန်တော် ရုတ်တရက် တွေ့လိုက် ကြားလိုက်ရရင် ကြောက်စိတ်ဝင်မိပေမယ့် ဒီထက်ပိုပြီး ထူးခြားမှု မပြတဲ့သူ့ကို တစ်ခါတရံ သတိရနေမိသလိုလို… ဒီလိုအတွေး စိတ်ထဲဝင်လာရင် သူ့အတွက် ဆုတောင်းပေးမိ ပါတယ်…

ဒါပေမယ့် သူဒီနေရာဝန်းကျင်ကနေ စွန့်ခွာသွားမှာကိုတော့ကျွန်တော် တစ်ကယ်မလိုလားပါဘူး.. နှစ်ပေါင်းများစွာ နေခဲ့တဲ့ဒီနေရာလေးကို စွန့်ခွာသွားဖို့ အတွက်သူလဲဝန်လေးမှာပေါ့.. ဒီနေရာကိုသူပိုင်ပါတယ်… သူကကျွန်တော့်ရဲ့ အမည်လဲမသိ လူကောင်မပေါ်တဲ့ ခုလက်ရှိ ကျနော်နေနေတဲ့ အခန်းရဲ့ အိမ်ရှင်လေးလို့ ထင်ပါတယ်…

ဘာကြောင့်လဲ မေးရင် ကျွန်တော် အခုလက်ရှိနေတဲ့ အခန်းလေးက အရင်က လူသူ မနေတဲ့ ဂိုဒေါင် အဟောင်းလေး တစ်ခုပါ.. ဂိုဒေါင်သက်တမ်းကလည်း ကျွန်တော့် အသက်ထက် ထက်ဝက် မက ကြီးတယ်လို့ အိမ်ရှင်အဖွားကြီး ကပြောပါတယ်.. ကျွန်တော်နဲ့ ရေစက်ပါတဲ့ဒီဂိုဒေါင်လေးက လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကျနော် စရောက် ကတည်းက အလုပ်ရှာရင်း လစဉ် ပုံမှန် လာရှင်းဖြစ်ခဲ့တယ်… ဟောင်းအို နေတဲ့ဂိုဒေါင်ဘေးမှာလဲ လေးထပ်တိုက် အမြင့်သာသာ ရှိတဲ့ယူကလစ်ပင် တစ်ပင် ရှိတယ်လေ… မနှစ်က အိမ်ရှင်အဖွားက အပင်ကြီး မြင့်လာလို့ ခုတ်ပေးပါဆိုလာတယ်...

ဒါနဲ့ ကျွန်တော်လဲ အပင်ကို ဂိုဒေါင် အပေါ်ကနေ တက်ပြီး စခုတ်ပါတယ်.. စိတ်ထဲမှာ ထစ်နေလို့ အပင်ကို မတက်ခင် တောင်းပန်ရှိခိုးပြီး ခုတ်ပေမယ့် ကျွန်တော် ခုတ်နေတုန်းမှာ ရုတ်တရက် တစ်ယောက်ယောက်က တွန်းချသလို ခံစားရပြီး မထင်မှတ် ပဲ အပင်ပေါ်ကနေ ပြုတ်ကျတယ်… လေးထပ်အမြင့်ဆိုတော့ အောက်မှာ သွေးမထွက် မလှုပ်နိုင်တဲ့ ကျနော့်ကို အားလုံးကသေပြီးလို့ကို ထင်ခဲ့တယ်… ဒါပေမယ့် အမြင့်ပေါ်ကနေ အတားအဆီး မရှိ ကျလာတဲ့ကျနော် သွေးတစ်စက်မှ မထွက်ပဲ ခြေထောက် သာကျိုးသွားတယ်… အကုန်လုံးက အံ့သြကြတယ်...

ကျွန်တော်ကိုယ်တိုင်အံ့သြတယ်.. အပင်ပေါ်ကနေ တစ်ယောက်ယောက်က တွန်းချသလိုခံစားရတယ်.. အောက်ရောက်တော့လဲ အင်းဂတေကိုင်ထားတဲ့ ကြမ်းပြင် နေရာက ကျွန်တော့်အတွက် တစ်ယောက်ယောက်က တစ်ခုခုခံပေးထားသလို ခံစားရတာကိုပါ… မှောက်လဲ ကျတာ ခြေကားလက်ကားနဲ့ ကျပြီးတော့ ညာဘက်ခြေထောက်က ကျိုးသွားခဲ့တယ်.. တစ်ခုသိလိုက်တာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ဒီအပင်ကို ခုတ်တာ မကြိုက်ဖူး ဆိုတာကို သိလိုက်ရတယ်… ဒါကြောင့် သုံးလလောက် နားပြီး ခြေထောက် ပြန်ကောင်းလာတော့လဲ ဒီအပင်ကို ထပ်ခုတ်ဖို့ စိတ်မကူးတော့ပဲ လာရှင်းပေးနေကြ အလုပ်ကိုတောင် နားလိုက်မိတယ်…

ရေစက်ကမကုန်ဘူးထင်ပါတယ်… ကျွန်တော်လည်း နောက်ပိုင်းကျတော့ တစ်ယောက်တည်း နေချင်စိတ်ကပေါ်တယ်… (အရင်ကတော့ စုပြီးနေတာ ပြဿနာ အမျိုးမျိုးကြောင့်ပါ)… ဒါကြောင့် တစ်ယောက်တည်း နေလို့ရနိုင်မယ့် တိုက်ခန်းကျဉ်းကျဉ်းလေး ကိုလိုက်ရှာတယ်လေ.. ဈေးသက်သက်သာသာနဲ့ တစ်ယောက်တည်း တစ်ခန်းနေရမယ့် နေရာမျိုး.. ဒီလို နိုင်ငံမှာ တစ်ယောက်တည်း နေဖို့က မဖြစ်နိုင်ပေမယ့် ရလိုရညားတော့ အားလုံးကိုမေးထား ပြောထားတယ်… တစ်နေ့တော့ အဖွားက စကားမစပ်ပဲ ဖုန်းဆက်ပြီး ခုဘာတွေလုပ်နေလဲ သူဆီလာတွေပါဦးဆိုတော့ ကျနော် သွားတွေ့ခဲ့ပြီး ကျနော် အခန်းရှာနေကြောင်းပါ ပြောဖြစ်လိုက်တယ်… အဲဒီမှာ အိမ်ရှင်အဖွားက ကျွန်တော်နေချင်တယ် ဆိုရင် ဒီဂိုဒေါင်လေးကို ပြင်ပြီးလာနေလို့ ရကြောင်း.. ပြင်စရိတ်ကို ကျွန်တော်ပေးရမှာ ဖြစ်ကြောင်း.. အခန်းခကိုတော့ သူယူမှာမဟုတ်ကြောင်း… တစ်ခုရှိတာက ဒီနေရာမှာ တစ်ယောက်ယောက် ရှိနေကြောင်း..မကြောက်တတ်ရင်နေလို့ ရကြောင်း ပြောလာတယ်လေ...

နဂိုကလည်း တစ်ယောက်ထည်း နေချင်သူ ဆိုတော့ အချိန်မဆိုင်းချင်ပဲ အဖွားကို နေမယ်ပြောပြီး တစ်လအတွင်း အခန်းဖြစ်အောင် ပြင်လိုက်တယ်လေ.. မကြောက်ဖူးဆိုပေမယ့် အိမ်ရှင်အဖွားကိုယ်တိုင် ပြောထားဖူးတဲ့အခံလဲရှိ ကိုယ်တိုင်လဲ တွေ့ကြုံခံစားဖူးထားတော့ နည်းနည်းလန့် တာပေါ့လေ… ဒါပေမယ့် နောက်ဆုံးတော့ အခန်းလေးကို စိတ်ကြိုက်ပြင်ပြီး အိမ်ပြောင်းလာခဲ့တော့တယ်…

ကျနော် အခန်းပြောင်းတဲ့ ညမှာပဲ သူ့ကို စတွေ့ တယ်… ကြိုတင် ဆုံးဖြတ်ပြီးသားဆိုတော့ ကြိုဆိုတဲ့သဘောလို့ စိတ်ထဲမှတ်ထားလိုက်မိတယ်… သူ ကလူလိုပါပဲ… အရိပ်လိုလို ဘာလိုလို စိတ်ထဲက သိတာပဲရှိတယ်… ကိုယ်လုံးကိုယ်ထည်မမြင်ရတဲ့ မဲမဲကြီးပါ..အထီးအမ မသဲကွဲပေမယ့် ဟန်ပန်က အသက်(၅၀) သာသာ လူကြီးတစ်ယောက် ပုံစံမျိုးပါ… ညဘက်အလုပ်က ပြန်လာတာမို့ မှောင်မှောင်မဲမဲ မှာ ဆိုင်ကယ်မီးထိုးပြီး ဝင်လာတဲ့အချိန်မှာ မည်းမည်းအရိပ်ကြီးကိုတွေ့ လိုက်ရတဲ့ကျနော့်ရဲ့ ပထမဆုံးညက တော်တော်ကို တုန်လှုပ်မိတယ်… အဲဒီ ပထမဆုံးညက ဆိုအိပ်လို့ လဲမရဘူး.. အခန်းထဲ ကြောက်ကြောက်နဲ့ ဝင်ပြီးတော့ အပြင်လည်းမထွက်ရဲဖူး.. ဒါပေမယ့် သူရှိနေလား တကယ်များလား ဆိုတဲ့ အတွေးနဲ့လဲ ထွက်ကြည့်ချင် နေတယ်လေ.. ဘာမှမလှုပ်ရှားပေမဲ့ သူဒီအနီး အနားမှာရှိနေမှာ သေချာတာကိုတော့ ခံစားမိတယ်...

ဒီလိုနဲ့ နောက်နေ့ တွေမှာ ကျနော် အခန်းမှာ ပရိတ်ကြီး(၁၁)သုတ် တရားခွေကိုဖွင့်ပြီး မေတ္တာပို့ အမျှဝေပါတယ်… သူကြားအောင်လည်း အင်္ဂလိပ်လို တစ်မျိုး မြန်မာလို တစ်ဖုံ ဂရိလို တတ်သလောက် မှတ်သလောက်လေးနဲ့... “ဒါကနင့်နေရာပါ.. ငါ့ကိုပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. နင့်ကိုလဲ ငါမမောင်းထုတ်ပါဘူး.. ငါကို လဲကြောက်အောင်လန့် အောင်မလုပ်ပါနဲ့ နင်နေသာသလိုနေပါ” ဆိုပြီးအမြဲပြောတယ်လေ… သူကြားအောင်လဲ မေတ္တာပို့ အမျှဝေတဲ့ အလုပ်ကို ပိုလုပ်ဖြစ်ပါတယ်…

နောက်ပိုင်းတွေမှာ ကျနော် အိမ်အပြန် နောက်ကျတဲ့ နေတွေမှာဆို သူ့ကို ကျွန်တော့် တံခါးဝမှာရပ်စောင့်နေတာမျိုးကို ကျွန်တော့်ဆိုင်ကယ်မီးရောင်နဲ့ လှမ်းမြင်ရလေ့ရှိတယ်.. ကျနော်က ခပ်တည်တည်နဲ့ (စိတ်ထဲကတော့ ကြောက်မိတာပေါ့) “စောင့်နေတာလား… ကျေးဇူးတင်ပါတယ်” လို့ ဆိုလိုက်ရင် အရိပ်ကပြောက်သွားတယ်...

တစ်ခါတုန်းကဆို ညဘက် ကျနော် အလုပ်လုပ်တာကို သိတဲ့သူခိုးက ကျနော့် အခန်းကို ဝင်မယ်ကြံတော့ ငယ်သံပါအောင် အော်ပြေးတာ အိမ်ရှင်အဖွားက ပြန်ပြောပြလို့ သိရတယ်… ဘာကြောင့် အော်ပြေးသွားမှန်း မသိပေမယ့် ကျနော်ကတော့ သူကြောင့်လို့ ထင်မိပါတယ်…

ညနက်မှ အိပ်တတ်တဲ့ ကျွန်တော်က သူ့ ရဲ့ အရိပ်လိုလို စိတ်ထဲက တွေ့ရင် ကြောက်ကြောက်နဲ့ စကား လှမ်းပြောတတ်လာတယ်.. တစ်ခါတစ်လေ အခန်းဝမှာ ရစ်သီရစ်သီ လုပ်နေတတ်တယ် လို့ထင်မိပြန်တယ်… ဒါပေမယ့် စည်းကျော်ပြီးတော့ အိမ်ထဲထိ ဝင်လာနှောက်ယှက် တာမျိုးတော့မကြုံဖူးဘူး…

တစ်ခါတစ်ရံ သူပျင်းလို့ရှိရင် ကျနော်ရဲ့ စာကြည့်မီးချောင်း ကိုစသလိုလို နဲ့ မှိတ်တာမျိုး လုပ်တတ်တယ်လေ.. ပထမတော့ မီးချောင်းကဖြစ်တာပါလို့ ထင်ပေမယ့် နောက်ကျတော့ မရည်ရွယ်ပဲနဲ့ “မလုပ်ပါနဲ့ ကွာ..စာလုပ်နေလို့ ပါ..ပြန်ဖွင့်ပေးပါ” လို့ ညင်ညင်သာသာ ပြောလိုက်ရင်တော့မီးက အလိုလို ပြန်ပွင့်လာတယ်… အမြဲမဟုတ်ပေမယ့် လာလာစတတ်တယ်လို့ ထင်မိတယ်…

တစ်ခုရှိတာက ကျွန်တော်ညနက် အိပ်တာကိုတော့သဘောကျပုံမပေါ်ဘူး.. မီးရောင်ကြောင့် လို့ထင်ပါတယ်… မီးလင်းတာမျိုးတွေ့ ရင်အပြင်ကနေ အသံတစ်မျိုးမဟုတ် တစ်မျိုးကြားရတတ်တယ်.. မီးပိတ်ပြီးသာ ငြိမ်နေလိုက်ရင်တော့ အသံလဲအလိုလို ပျောက်သွားတတ်တယ်… နောက်ပိုင်း ကျနော်လဲ နေသားကျသွားတယ် ထင်ပါတယ်… သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ကျွန်တော်လဲလုံခြုံနေသလို ခံစားမိတယ်… (ကျနော်ညဘက် အလုပ်သွားတုန်း ကျနော်ဆီမှာ လာအိပ်လာစားကြတဲ့ ဧည့်သည် သဘောင်္သားနှစ်ယောက်က တော့ တစ်ညမှာ ကောင်းကောင်း ပညာပြခံလိုက်ရပါတယ်… နောက်နေ့ကစလို့ ကျနော့်အခန်းကို ကျနော်မရှိပဲ အလည်မလာကျသလို ညဘက်ကို လုံးဝ အိပ်ဖို့ ငြင်းဆန်သွားပါတယ်)...

ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့ကိုလဲ မမောင်းထုတ်ရက်ဘူး… ကျွန်တော့်ကြောင့် သူထွက်သွားမှာ ကိုလည်းမလိုလားဖူး… နှစ်နှစ်နီးပါးနေလာတဲ့ ဒီနေလေးကို ကျွန်တော်ချစ်တယ်ဆိုရင် နှစ်ပေါင်းများစွာနေလာတဲ့သူ့ အတွက်ကိုယ်ချင်းစာမိပါတယ်… ဒါပေမယ့် သူ့ကို ကျွတ်လွတ်တဲ့ ဘဝကိုလဲရစေချင်ပါတယ်… သူကြားနိုင်အောင်လို့ မေတ္တာပို့ အမျှဝေဆဲပါ… စိတ်အနှောက်အယှက် တစ်စုံတစ်ရာမှမပေးပဲ ကျွန်တော့်ကို နေခွင့်ပေးထားတဲ့အတွက် ကိုလည်းကျေးဇူးတင်မိတယ်...

အခုတော့သူဟာ ကျွန်တော့်အတွက်အဖော်ကောင်းလေးပါ… သူ ရှိနေတဲ့အတွက်လည်း ကျွန်တော်ဘယ်လို မှမခံစားရပါဘူး.. အရင်ဘဝက ပါလာတဲ့ရေစက်လို့ ပဲသတ်မှတ်လိုက်ပါတယ်… သူ့ကို ကျွတ်ရာ လွတ်ရာကိုလဲ ရောက်စေချင်ပါတယ်… အခုတစ်လော အလုပ်နဲ့ နေ့နေ့ ညည နပန်းလုံးနေတဲ့ကျွန်တော်ဟာ ဒီည အလုပ်နောက်ကျလို့ ညဥ့်နက်မှပြန်ရောက်လာတော့ သူကြိုနေတာကို တွေလိုက်ရတယ်…

အိမ်ရှင် အဖွားပြောပုံ အရဆိုရင် ဒီတစ်ယောက်က အိမ်ရှင်အဖွားရဲ့ အဖေဖြစ်နိုင်တယ်… ကျနော်နေတဲ့ ဂိုဒေါင်မှာပဲ သူအမြဲနေတယ်… ထမင်းစားချိန်နဲ့ အိပ်ချိန်ပဲ ပြန်တက်လာပြီး ဒီဂိုဒေါင်မှာ ရေဒီယိုတစ်လုံး နဲ့ အလုပ်ရှုတ်နေတတ်သလို နွေမှာ အရိပ်ရအောင် ဂိုဒေါင်ဘေးမှာ အပင်စိုက်ခဲ့တယ် ဆိုပါတယ်… ဘာကိုစွဲလမ်းပြီး ဘယ်လိုဆုံးတယ်ဆိုတာတော့ မသိပါဘူး… ဘဝမှာ သူ့ နဲ့ ကျနော်အတွက် အမှတ်တရဖြစ်သလို ဒီဂိုဒေါင် အခန်းလေးထဲမှာ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေရတဲ့ အတွက်လဲ ကျေနပ်ပီတိဖြစ်ပါတယ်…..။ ။ ။
( စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်း မဟုတ်ပါ )


Newmyanmarpyi

လူကြိုက်အများဆုံး